Saturday, December 31, 2011
အထူးပါမစ်ယာဉ်မျိုးစုံ ၇၄၇၆ စီး အခွန်စည်းကြပ်ပေးပြီး ပါမစ်နှင့်မကိုက်ညီသော ယာဉ် ၇၁ စီးအား တားဆီးထားကြောင်း အကောက်ခွန်ဦးစီးဌာနမှသတင်းထုတ်ပြန်
၃၀.၁၂.၂၀၁၁ ရက်နေ့တွင်အကောက်ခွန်ဦးစီးဌာနက စည်းကြပ်ပေးခဲ့သော အထူးပါမစ်ကား
အရေအတွက်.မှာ လူစီးယာဉ် (၃၈၃)စီးရှိကြောင်း၊ ၃၀.၁၂.၂၀၁၁ ထိစည်းကြပ်ပေးခဲ့
သည့် အရေအတွက်မှာလူစီးကား(၇၃၇၆)စီး၊ဘတ်စ်(၂၇)စီး၊ကုန်တင်ယာဉ်(၇၃)စီးစုစုပေါင်း (၇၄၇၆)စီး ရှိခဲ့ပြီး ပါမစ်နှင့်မကိုက်ညီသောကား (၇၁)စီးအားတားဆီးထားကြောင်း သိရှိရသည်။
ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပမည့်နေ့ရက် သတ်မှတ်ကြေညာခြင်း
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာချက်အမှတ် (၆၁/၂၀၁၁)ကို ဒီဇင်ဘာ (၂၉)ရက်စွဲဖြင့် ထုတ်ပြန် ကြေညာ လိုက်သည်။အဆိုပါကြေညာချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည် -
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
နေပြည်တော်
ကြေညာချက်အမှတ် (၆၁/၂၀၁၁)
၁၃၇၃ ခုနစ်၊ ပြာသိုလဆန်း ၅ ရက်
(၂၀၁၁ ခုနှစ်။ ဒီဇင်ဘာလ ၂၉ ရက်)
လွှတ်တော်အသီးသီးတွင် လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေသော မဲဆန္ဒနယ်များအတွက်
ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပမည့်နေ့ရက် သတ်မှတ်ကြေညာခြင်း
ပြည်ထောင်စု
ရွေးကောက်ပွဲ ကော်မရှင်သည် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥပဒေ ပုဒ်မ ၈
ပါ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ သက်ဆိုင်ရာ
လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၃၄ (ဂ)နှင့် နည်းဥပဒေ ၁၆ (က)တို့ အရ ၁၃၇၃
ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် (၂၀၁၂ ခုနှစ်၊ ဧပြီလ ၁ ရက်) တနင်္ဂနွေနေ့တွင်
လွှတ်တော် ကိုယ်စားလှယ် နေရာလစ်လပ်နေသည့် အောက်ပါ မဲဆန္ဒနယ်များ အတွက်
ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပ ပြုလုပ် မည်ဖြစ်ကြောင်း သတ်မှတ်
ကြေညာလိုက်သည် -
Friday, December 30, 2011
လေးစားထိုက်တဲ့ သားကောင်းတစ်ဦး ( သို့ ) ဦးကြည်ဝင်း
မီးလောင်တယ်လို့ မီးသတ်က သတင်းရရချင်း သူ့ကိုအကြောင်းကြား ၊ သူကအိပ်ယာကချက်ချင်းထ ၊ မျက်နှာသစ် ယူနီဖေါင်းဝတ် ပြီးတာနဲ့ ကိုယ့်ကားကို ကိုယ်မောင်းသွားရင်တောင် ဒီလောက်အချိန်တိုလေးအတွင်းမှာ အခင်းဖြစ်တဲ့နေရာကို မရောက်နိုင်ပါဘူး ၊ ပြည်သူတွေ အိပ်နေချိန်မှာ မီးလောင်ရင် တော့ဒုက္ခပါဘဲ ငါစောင့်နေမယ် မအိပ်ဘူးဆိုတဲ့ စိတ်ထားမျိုးရှိတဲ့ တိုင်းဦးစီးမှူးကြီးပါဘဲ ၊ တိုင်းပြည်အတွက် အားထားရတဲ့ နိုင်ငံ့ဝန်ထမ်းကြီးပါဘဲ ၊ လူထုအပေါ်သိပ်ကိုတာဝန်ကျေတဲ့ ပြည်သူ့ သားကောင်းကြီးပါဘဲ ။ ဦးကြည်ဝင်းသာ ကျန်းမာရေးအရ တာဝန်ဆက်ပြီးထမ်းဆောင်နိုင်ဘို့ အခြေအနေပေးလို့ သူသာ ရန်ကုန်တိုင်း မီးသတ်ဦးစီးမှူးကြီး ဆက်ဖြစ်နေဦးမယ်ဆိုရင် ရန်ကုန်တိုင်းက ပြည်သူတွေဟာ မီးလောင်ရင် တို့ဦးကြည်ဝင်းရှိတယ်ကွ ဆိုပြီး အားကိုးလောက်တဲ့ ခေါင်းဆောင်ကောင်း တစ်ယောက်ပါဘဲ ၊ မချီးကျူးပဲ နေကို မနေနိုင်ဘူးဗျာ ....။
မီးလောင်ပြီး ၂ရက်လောက်နေမှရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်အကြောင်း သတင်းတွေမှာဝေေ၀ဆာဆာ ဖေါ်ပြကြတယ် ၊ ကောင်းပါတယ် ထင်ရှားတဲ့ခေါင်းဆောင်တစ်ယောက်ပေဘဲ ...ဖေါ်ပြရမှာပေါ့ ၊ အနုပညာရှင်တွေလာတဲ့သတင်းတွေကို အများအပြားဖေါ်ပြကြတယ် ၊ ကောင်းတာပါဘဲ ပြည်သူချစ်သော အနုပညာရှင်တွေကိုး....၊ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ဟီးရိုးကြီး ဦးကြည်ဝင်းအကြောင်းကိုတော့ ချန်မထားကောင်းဘူးထင်တယ်ဗျာ ၊ ကံသီလို့ အသက်ဘေးက လွတ်ခဲ့ပေမယ့် သူနားတွေ ကောင်းကောင်း မကြားရတော့ဘူး ၊ သူ့လက်တွေခြေထောက်တွေ မှာ ဒဏ်ရာတွေအပြည့်နဲ့ဖြစ်သွားပြီ စိတ်မကောင်းဘူးဗျာ...
ဘယ်သတင်းမီဒီယာမှမရေးတဲ့ ဦးကြည်ဝင်းအကြောင်းကို လူငယ်တစ်ဦးဖြစ်တဲ့ ချမ်းငြိမ်းဝင်းကတော့ ရေးတယ်ဗျာ .. သူ့ရေးသားချက်တွေမှာ ဦးကြည်ဝင်းရဲ့ ခေါင်းဆောင်မှုတွေ ၊စွန့်လွှတ်အနစ်နာခံမှုတွေ ပါနေပါတယ် ... ကိုချမ်းငြိမ်းဝင်းရဲ့ ဖေါ်ပြချက် အပြည့်အစုံကို ဖေါ်ပြလိုက်ပါတယ် .....။
ဒေါက်တာဆိတ်ဖွား
မီးငြီးမ်းသွားပြီလား မိုးလင်းသွားပြီလားတဲ့။ သူအဲဒီလိုအော်နေတဲ့အချိန်မှာ
ကျွန်တော်သူ့ဘေးမှာ ရှိနေတယ်။ ကယောင်ကတမ်းအော်တာနဲ့မတူပဲ သူ့အသံဟာ
စေတနာအပြည့်တာဝန်ယူမှု အပြည့်နဲ့လို့ခံစားရတယ်ဗျာ။
အရမ်းကိုထိခိုက်ကြေကွဲရပါတယ်။ ဒါဏ်ရာရတဲ့အထဲမှာ
ရန်ကုန်မီးသတ် တိုင်းမှုးဉီးကြည်ဝင်းလည်းပါတယ်။ နားစည်တစ်ဖက်ပေါက်သွားတယ်။
လက်တွှေခြေထောက်တွေမှာလည်း ဒါဏ်ရာတွေအပြည့်။
သူ့ရဲ့ခေါင်းဆောင်စိတ်ဓာတ်ကအင်မတန်လေးစားဖို့ကောင်းပါတယ်။ဒါဏ်ရာရရချင်း
သူ့တပည့်တွေကစိုးရိမ်ပြီး ဆေးရုံပို့ဖို့စီစဉ်ပေးခဲ့တယ်။ဒါပေမယ့်ကား
မလောက်လို့ သူငြင်းခဲ့တယ်။
အဲဒီအချိန်မှာသူ့မိသားစုကသတင်းရလို့ဆေးရုံရောက်နှင့်နေပြီ။သူက
သူ့တပည့်တွေ အကုန် ဉီးစားပေးပြီး ဆေးရုံရောက်အောင်စီစဉ်ပေးတယ်။
သူကျတော့နောက်ဆုံးကားနဲ့မှလိုက်ခဲ့တယ်။ ကားပေါ်တက်တဲ့အထိ ကျန်ခဲ့
တဲ့မီးသတ်တွေကို စနစ်တကျညွှန်ကြားပြီး မီးငြိမ်းသတ်နိုင်ဖို့
အားပေးစကားတွေပြောခဲ့တယ်။သူ့တပည့်တွေကသူ့ကိုကြည့်ပြီးမျက်ရည်တွေဝဲလို့။အဲဒီလိုအနစ်နာခံ တတ်တဲ့ခေါင်းဆောင်တွေ
ကျွန်တော်တို့တိုင်းပြည်မှာရှိပါတယ်ဗျာ။
သူ့အကြောင်းကိုဘယ်သူမှ မရေးကြသေးလို့ အားလုံးသိအောင်ဝေမျှလိုက်ပါတယ်ခင်ဗျာ။
Chan Nyein Win ၏ facebook မှ
Thursday, December 29, 2011
နိုင်ငံရေးတင်းမာမှုတွေဖြစ်အောင် ရန်စပေးခြင်းနဲ. ဒေသအတွင်းက လက်နက်အပြိုင် တပ်ဆင်မှု
အင်အားကြီးနိုင်ငံတွေက ဒေသအတွင်းမှာ လွှမ်းမိုးမှုတွေကြီးအောင်
ထိမ်းချုပ်မှုတွေ ရှိအောင် အားထုတ်လာတာနဲ.အမျှ ဒေသတွင်းက
နိုင်ငံငယ်လေးတွေမှာ လက်နက်ပြိုင်ဆိုင်မှု-Arms Race တွေ ဖြစ်လာရတတ်ပါသည်။
လုံခြုံရေးအကြောင်းပြချက်တွေ စစ်ရေး ခြိမ်းခြောက်မှု တွေမြင့်လာတော့
စစ်အသုံးစရိတ် စစ်စရိတ် ကာကွယ်ရေး စရိတ်တွေ တိုးသုံးရပါတော့သည်။
ဒီလိုဖြစ်လာရင်
ဘယ်သူတွေ အကျိုးအမြတ်ဖြစ်စေပြန်ပါလဲ။ အင်အားကြီးနိုင်ငံကြီးတွေပဲ
လက်နက်အသစ်အဆန်းတွေကို ရောင်းခွင့်ရပြန်တာ မဟုတ်ပါလား။ ဒီတော့
ဒါမျိုးဖြစ်အောင်ပဲ တမင်ဖန်တီးပြီး အင်အားကြီးနိုင်ငံကြီးတွေကပဲ
ကစားနေသလို ယူဆနိုင်ပါသည်။
အာရှဖိစိဖိတ်ဒေသမှာ
တရုတ်နဲ.အမေရိကန်တွေ လွမ်းမိုးဖို. အားပြိုင်လာတဲ့အခါ ဗီယက်နမ်၊
ဖိလစ်ပိုင်၊ ထိုင်း စတဲ့နိုင်ငံတွေမှာ စစ်သုံးစရိတ်တွေ
မြင့်လာဖို.ရှိပြီး စစ်တပ်နဲ. စစ်လက်နက် အသစ်တွေ ခေတ်မှီဖို.
လုပ်ရမည်လို. အဲဒီနိုင်ငံတွေ၏ စစ်ဦးစီးချုပ်တွေက ထုတ်ပြောလာပါ သည်။
တရုတ်နဲ.
ထိုင်ဝမ်အကြား နိုင်ငံရေးတင်းမာမှုတွေ မြင့်လာရင် ထိုင်ဝမ်တွေဟာ
အမေရိကန် တွေဆီက ဒေါ်လာဘီလျံ အကုန်ခံပြီး တိုက်လေယာဉ်အသစ်တွေ ခေတ်မှီ
လက်နက်တွေ ထပ်ပြီး ၀ယ်ရပါသည်။ ထို.အတူ မြောက်ကိုရီးယားအစိုးရနဲ.
ဒေသအတွင်းမှာ တင်းမာမှုတွေ ဖြစ်လာတိုင်း တောင်ကိုးရီယားနဲ. ဂျပန်တို.ဟာ
အမေရိကန်တွေဆီကနေ ကာကွယ်ရေး လိုအပ်ချက်အရ အကူအညီတွေ ရဖို. ငွေတွေ
ထပ်သုံးရတာတွေလဲ ရှိပါသည်။
လေးစားထိုက်သည့်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး (သို့မဟုတ်) "မီးငြိမ်းသွားပြီလား၊ မိုးလင်းပြီလား"
တာမွေမြို့နယ်
မီးသတ်တပ်ဖွဲ့ဝင် ဒုတပ်ကြပ် သီဟမျိုးမှာ ပေါက်ကွဲမှုကြောင့်
ဒဏ်ရာအပြင်းအထန် ရရှိခဲ့၍ ရန်ကုန်ဆေးရုံကြီး ဦးနှောက်နှင့်
အာရုံကြောဌာနတွင် ခွဲစိတ်ကုသမှုခံယူပြီးနောက် သတိလစ်မေ့မျောနေဆဲဖြစ်ကြောင်း
သတင်းရရှိသည်။
ဆေးရုံသို့ကိုယ်တိုင်သွားရောက်
ကူညီလှူဒါန်းခဲ့သူများက ဒုတပ်ကြပ် သီဟမျိုးမှာ ၁၀ နာရီကျော်ကြာ
သတိလစ်မေ့မျောနေရာမှ ယနေ့ညနေ ၃ နာရီ ၂၀ မိနစ်ဝန်းကျင်တွင် ယောင်ရမ်း၍
စကားတစ်ခွန်းပြောသည်ကို တွေ့ရကြောင်း ပြန်လည်ပြောပြသည်။
"မီးငြိမ်းသွားပြီလား၊ မိုးလင်းပြီလား" ဟု
အရေးပေါ်ခွဲစိတ်မှုပြုလုပ်ပြီးနောက် ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ် ပြင်းထန်စွာ
တုန်ယင်နေ၍ မိသားစုဝင်များက ဖိထားသည့်ကြားမှ ဒုတပ်ကြပ် သီဟမျိုးက
ယောင်ရမ်းပြောဆိုခဲ့ခြင်းဖြစ်သည်။
ကိုယ်တိုင်သတိလစ်နေမေ့မျောနေသော်လည်း မီးလောင်မှုအတွက် ရတက်မအေးနိုင်ဘဲ ၁၀
နာရီကျော်အတွင်း ၎င်း၏ပြောစကားကြောင့် များစွာ စိတ်မကောင်းဝမ်းနည်းရကြောင်း
ကိုယ်တိုင် သွားရောက်ကြည့်ရှုလှူဒါန်းသော အလှူရှင်တစ်ဦးကပြောသည်။
(7 Days သတင်းဂျာနယ်မှ )
ရန်ကုန်မြို့ မီးလောင်ပေါက်ကွဲမှု၏ နောက်ဆက်တွဲသတင်း
သေဆုံးဒဏ်ရာရရှိသွားကြသော လုပ်ဖေါ်ကိုင်ဘက် တပ်ဖွဲ့ ၀င်များကို စိုးရိမ်တကြီးဖြင့် ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနသို့ အပြေးအလွှားရောက်ရှိလာရှာသော မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး
ဗဟိုမီးသတ်၏
နေ့စဉ်အစီရင်ခံစာဖော်ပြချက် ။ ။ (၂၉.၁၂.၂၀၁၁) ရက်နေ့၊
(၀၁း၄၀)နာရီအချိန်ခန့်တွင် မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်၊
မေတ္တာမွန်ဝင်း၊ မေတ္တာမွန်ဂိုဒေါင်တွင် မီးလောင်မှုဖြစ်ပွားကြောင်း
ဖုန်းအမှတ် (၀၉၇၃၀၅၃၇၀၇) သတင်းပေးပို့သဖြင့် (၀၁း၄၅)နာရီအချိန် သတင်းရ၊
(၀၁း၄၆)နာရီ မီးသတ်ယာဉ် ၅၇ စီး၊ အထောက်အကူပြုယာဉ် ၁၃ စီး၊ အုပ်ချုပ်မှုယာဉ်
၁၀ စီးထွက်။ (၀၄း၃၀)နာရီ မီးထိန်း၊ (၀၆း၄၅)နာရီမီးငြိမ်း၊မီးလောင်မှုကြောင့်
သေဆုံးသူ မီးသတ်တပ်ဖွဲ့ဝင် ၅ ဦးအပါအ၀င် ကျား(၁၂)ဦး၊ မ(၅)ဦး
စုစုပေါင်းသေဆုံးသူ (၁၇)ဦး၊ ထိခိုက်ဒဏ်ရာရသူ မီးသတ်တပ်ဖွဲ့ဝင်
(၃၃)ဦးအပါအ၀င် ကျား(၆၅)ဦး၊မ(၁၆)ဦး၊စုစုပေါင်း (၈၁)ဦးအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တင်ပို့ထားရှိ။ မီးဘေးဒုက္ခသည်အိမ်ထောင်စု(၁၄၈)စုမှ ကျား(၄၇၅)ဦး၊မ(၅၂၁)ဦး၊စုစုပေါင်း(၉၉၆)ဦးအား မဟာဝိဇယဘုန်းကြီးကျောင်း၊ အ.မ.က(၂၀)နှင့် အ.မ.က(၂၄)ကျောင်းများတွင် ကယ်ဆယ်ရေးစခန်း များဖွင့်လှစ်ထားရှိ။ မီးလောင်မှုတွင် သန္စေတပ်ဖွဲ့ဝင်(၅၆၄)ဦး၊ အရန်တပ်ဖွဲ့ဝင်(၁၈၂)ဦး၊ တိုင်းကြက်ခြေနီ(၁၃၀)ဦးတို့ဖြင့် မီးငြိမ်းသတ်ဆောင်ရွက်ခဲ့၊ နောက်ဆက်တွဲသတင်းရရှိပါက ဆက်လက်ပေးပို့သွားမည်။
မင်္ဂလာတောင်ညွန့်မီးလောင်ပေါက်ကွဲမှုတွင် တိုင်းပြည်အတွက် အသက်ပေးလှူသွားကြသော မီးသတ်တပ်ဖွဲ့ဝင် ၅ ဦး၏ရုပ်အလောင်းများကို
ယနေ့ညနေ ၅ နာရီတွင် ရေဝေး သုသာန်တွင် အခမ်းအနားဖြင့်
သင်္ဂြိုဟ်သွားမည်ဖြစ်ကြောင်းနှင့် အလေးပြုခြင်း၊ အမှတ်တရပန်းခွေချခြင်းများ ကို မွန်းလွဲ ၃း၃၀တွင် စတင်ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Wednesday, December 28, 2011
ပြင်းထန်သောမီးလောင်ပေါက်ကွဲမှုတစ်ခု ရန်ကုန်မြို့တွင်ဖြစ်ပွား
ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာတောင်ညွှန့်မြို့နယ် စက်ဆန်း ကူးတို့ဆိပ် ရပ်ကွက်အတွင်းရှိ မေတ္တာမွန် ဂိုဒေါင်အတွင်း ပြင်းထန်စွာ ပေါက်ကွဲမှု တစ်ခု ယနေ့ နံနက် ၂ နာရီ ခန့်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည် ။
အဆိုပါပေါက်ကွဲမှုမှာ အနီးတစ်ဝိုက်ရှိအဆောက်အဦများ ငလျင်လှုပ်သကဲ့သို့ တုန်ခါသွားပြီး မှန်များကွဲကျခဲ့သည်အထိ ပြင်းထန်ကြောင်းနှင့် မြောက်ဒဂုံမှပင် အဆိုပါ ပေါက်ကွဲသံကို အကျယ်ကြီးကြား၇ကြောင်း ဒေသခံများကပြောကြားပါသည် ။
အခင်းဖြစ်ပွားသည့် ကူးတို့ဆိပ်လမ်းရှိ ဂိုထောင်ဝန်းအတွင်း စုစုပေါင်း ဂိုထောင် ၃၂ လုံးအနက်မှ ဂိုထောင် တစ်လုံးမှ မီးစတင်လောင်ကျွမ်းပြီး ၁၀ မိနစ်ခန့်အကြာတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရပါသည် ။ အဆိုပါ မီးလောင်ပေါက်ကွဲမှုကြောင့် အသေအပျောက် ၁၀ ဦးခန့် ရှိမည်ဖြစ်ပြီး သေဆုံးသူထဲတွင် မီးသတ်တပ်ဖွဲ့ဝင် ၂ ဦးပါဝင်ကြောင်း လည်းသိရပါသည် ။ အခင်းဖြစ်ပွားရာတွင် ရောက်ရှိနေသူ တစ်ဦးက သေဆုံးမှုမှာ ဒီထက်ပိုနိုင်ကြောင်း ပြောကြားပါသည် ။
မီးလောင်ပေါက်ကွဲမှုကြောင့် ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနသို့ ယနေ့ နံနက် ၄ နာရီအထိ ရောက်ရှိလာသော လူနာစုစုပေါင်း ၅၈ ဦးရှိပြီဖြစ်ပြီး သေဆုံးသူ ၁၁ ဦးလည်း ရောက်ရှိလာကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနတာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ 7 Days ၏ facebook စာမျက်နှာတွင် ဖေါ်ပြထားပါသည် ။
မည်သည့်အတွက်ကြောင့် ထိုသို့ မီးလောင်ပေါက်ကွဲမှုဖြစ်ခဲ့ရကြောင်း အတည်ပြုချက်မရရှိသေးပေ ။ ဒုက္ခသည်များအား မင်္ဂလာတောင်ညွန့်မြို့နယ် အ.မ.က (၂၀) ၊ (၂၄)နှင့်ပုသိမ်ညွန့်ခြောက်လမ်းထိပ်ရှိ မဟာဝိဇယာရာမကျောင်းတိုက်တို့တွင် သက်ဆိုင်ရာက အရေးပေါ်ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားကြောင်း သတင်းရရှိပါသည် ။
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ၀ အထူးဒေသ(၂) ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့တို့၏ သဘောတူညီချက်(၆)ချက်
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ၀ အထူးဒေသ(၂)
ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့တို့ ညှိနှိုင်းဆွေးနွေးချက်အရ
အောက်ပါအချက်များကို ၂၀၁၁ခုနှစ် ဒီဇင်ဘာ (၂၆)ရက်နေ့တွင် ပန်ဆန်းမြို့၌
သဘောတူလက်မှတ်ရေးထိုးကြပါသည်။
၁။ ပြည်ထောင်စုအဆင့်
ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့်(၀) အထူးဒေသ(၂)
ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့တို့ ၂၀၁၁ခုနှစ် အောက်တိုဘာ (၁)ရက်နေ့တွင်
လားရှိုးမြို့၌ သဘောတူလက်မှတ်ရေးထိုးခဲ့ကြသော သဘောတူညီချက်များကို ဆက်လက်
အကောင်အထည်ဖော်ကြရန် သဘောတူသည်။
၂။ (၀) အထူးဒေသ(၂) နယ်မြေအတွင်း
မှီတင်းနေထိုင်ကြသော တိုင်ရင်းသားများ၏လူမှု ဘ၀မြင့်မားရေးနှင့်ဒေသတွင်း
စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် ပြည်ထောင်စုအစိုးရမှ
ပါဝင်ပူးပေါင်း ကူညီဆောင်ရွက်ပေးရန် အတွက် နှစ်ဖက်ညှိနှိုင်းပြီး နှစ်တို
နှစ်ရှည် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး စီမံချက်များချမှတ်ဆောင်ရွက်ရန်
သဘောတူသည်။
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ဦးစိုင်းလင်းခေါင်းဆောင်သော အထူးဒေသ(၄) ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တို့ အချက်(၆)ချက်သဘောတူညီ
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် အထူးဒေသ(၄)
ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တို့ ညှိနှိုင်းဆွေးနွေးချက်အရ
အောက်ပါအချက်များကို ၂၀၁၁ခုနှစ် ဒီဇင်ဘာ (၂၇)ရက်နေ့တွင် မိုင်းလားမြို့၌
သဘောတူလက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရှိရပါသည် ။
၁။ ပြည်ထောင်စုအဆင့်
ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် အထူးဒေသ(၄)
ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့တို့ ၂၀၁၁ခုနှစ် အောက်တိုဘာ (၉)ရက်နေ့တွင်
ကျိုင်းတုံမြို့၌ သဘောတူလက်မှတ်ရေးထိုး ခဲ့ကြသော သဘောတူညီချက်များကို ဆက်လက်
အကောင်အထည်ဖော်ကြရန် သဘောတူသည်။
၂။ အထူးဒေသ(၄) နယ်မြေအတွင်း
မှီတင်းနေထိုင်ကြသော တိုင်ရင်းသားများ၏ လူမှုဘ၀မြင့်မားရေးနှင့်ဒေသတွင်း
စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် ပြည်ထောင်စုအစိုးရမှ
ပါဝင်ပူးပေါင်းကူညီဆောင်ရွက်ပေးရန်အတွက် နှစ်ဖက်ညှိနှိုင်းပြီး နှစ်တို
နှစ်ရှည် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်များချမှတ်ဆောင်ရွက်ရန်
သဘောတူသည်။
Tuesday, December 27, 2011
ရန်ကုန်မြို့ နေရာသုံးခုတွင် ဗုံးထောင်ရန် ကြံစည်သူနှစ်ဦးကို ဖမ်းမိ
ရန်ကုန်မြို့ လူစည်ကားသော နေရာသုံးခုတွင် တစ်ပြိုင်နက်တည်း
ဗုံးဖောက်ခွဲရန် ကြံစည်ခဲ့သူနှင့် သက်သေခံပစ္စည်း လက်ဝယ်တွေ့သူ
အမျိုးသားနှစ်ဦးကို ဒီဇင်ဘာလ ၂၁ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။
ဗုံးပေါက်ကွဲခဲ့ပြီးသော
လှည်း တန်းလမ်းဆုံ နေရာအပါအဝင်၊ သမိုင်းလမ်းဆုံ၊ စော်ဘွားကြီးကုန်း လမ်းဆုံ
စသည့် လမ်းဆုံ ၃ ခု တွင် ဗုံးထောင်ရန် ကြံစည်သူဟု ယူဆ ရသော အမျိုးသား ၃
ဦး အနက် ညီအစ်ကိုနှစ်ဦးဖြစ်သူ စိုင်းတင်မင်းကိုနှင့် စိုင်းတင်မင်းထွန်း
တို့ကို အဆိုပါနေ့ရက်က ပဲခူး တိုင်းဒေသကြီး သုံးဆယ်မြို့နှင့်
ရန်ကုန်တိုင်း ဒေသကြီး မြောက်ဥက္ကလာပမြို့နယ်တို့မှ သက်သေခံ ဖောက်ခွဲရေး
ပစ္စည်းများနှင့်အတူ လက်ရ ဖမ်းဆီးရမိခဲ့ကြောင်း အထက်ပါ ရဲတပ်ဖွဲ့မှ
တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
ဇာဂနာ၏ ဖြောင့်ချက်
လူပျက်ဇာဂနာဟာ မြစ်ကြီးနားအကျဉ်းထောင်မှာ
အကျဉ်းကျခံရစဉ်က သူဟာ ဘာသာပြောင်းတော့မှာဖြစ်ကြောင်း ၊ ဘာဖြစ်လို့လဲဆိုတော့
ဒီမှာက ဘုန်းကြီးဆွမ်းကပ်ရင် ဖမ်းလို့ဖြစ်ကြောင်း တစ်ခြားဘာသာမှာ
ဒါမျိုးမရှိကြောင်း ပြောဆိုချက်ကို ကိုးကားပြီးတော့ DVB အသံလွှင့်ဌာနက
ထုတ်လွှင့်ခဲ့ပါတယ် ဒါကိုအားလုံးမှတ်မိကြဦးမှာဖြစ်ပါတယ် ။
ခုအခါမှာတော့
ဇာဂနာက သူဟာ ၂၀၀၇ သံဃာ့အရေးအခင်းမှာ ဘုန်းတော်ကြီးတွေကို
ဆွမ်းကပ်စည်းရုံးပြီး တဖြည်းဖြည်းပါလာအောင် လုပ်ကာ နောက်ဆုံးမှာ
သပိတ်စခန်းဖွင့်သည်အထိ ဆောင်ရွက်ရန်ကြံစည် ခဲ့ကြောင်း DVB သတင်းဌာနကို
ဝန်ခံပြောကြားလိုက်ပါတယ် ။ ဆိုလိုတာကတော့ ၂၀၀၇ ခုနှစ်မှာသူ အဖမ်းခံရတာဟာ
အစိုးရအတိုက်အခံတွေပြောနေသလို ဘုန်းကြီးတွေကို ရိုးရိုးဆွမ်းကပ်လို့မဟုတ်ဘဲ
သံဃာတော်တွေကို နိုင်ငံရေးအရ အသုံးချဘို့ ဆောင်ရွက်ခဲ့လို့ သက်ဆိုင်ရာက
တားဆီးခဲ့တယ်ဆိုတာ မှန်ကန်ကြောင်း ၀န်ခံလိုက်တာလည်းဖြစ်ပါတယ် ။
Monday, December 26, 2011
နာမည်ကျော် Iron Cross တေးဂီတ မိသားစု ဒေါ်အောင်ဆန်းစုကြည်နှင့် သီးခြားတွေ့ဆုံ
နာမည်ကျော် IC တေးဂီတအဖွဲ့က ယနေ့ညနေပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏နေအိမ်တွင် သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ ထိုတွေ့ဆုံမှုတွင် IC အဖွဲ့မှ ၉ ဦးနှင့် ၄င်းတို့၏ မိသားစုဝင်များ ပါဝင်ခဲ့ကြောင်း သတင်းရရှိပါသည် ။
(ဓါတ်ပုံ - IC Facebook )
ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားသောတေးဂီတ အနုပညာရှင်များ နှင့် ၂ကြိမ်တိုင်တွေ့ဆုံပြီးသည်အထိ လာရောက်တွေ့ဆုံခြင်းမရှိသည့် IC အဖွဲ့ကို ဝေဖန်မှုများ ပေါ်ထွက်လာပြီးနောက် ယခုကဲ့သို့ တွေ့ဆုံမှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည် ။
" NLD မှာပညာတတ်မရှိပါဘူး "လို့ ဇာဂနာပြောဆိုခဲ့ကြောင်း ဘန်ကောက်ပို့စ်ဖေါ်ပြ
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD မှာ ပညာတတ်မရှိကြောင်း ဇာဂနာ၏ ပြောဆိုချက်ကို ဒီနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာမှာ ဖေါ်ပြထားတာကို တွေ့ရှိရပါတယ် ။ သူ့ရဲ့ပြောဆိုချက်ကို Bangkok Post က ဖေါ်ပြရာမှာ "Our country has no intellectual people in the political area. For example ... [where] are the intellectual people in the NLD?" လို့ ဖေါ်ပြထားပါတယ် ။
" ကျွန်တော်တို့ နိုင်ငံရဲ့ နိုင်ငံရေးလောကမှာ ပညာတတ်မရှိပါဘူး ဥပမာအနေနဲ့NLD ပါတီပေါ့ဗျာ ဘယ်မလဲပညာတတ် ? " ဆိုပြီးပြောဆိုလိုက်တာဟာ NLD ပါတီကိုသာမက မြန်မာ့နိုင်ငံရေး လောကသားတွေအကုန်လုံး ကို စော်ကား ပြောဆို လိုက်တာ ဖြစ်ကြောင်း ဝေဖန်သံတွေ စတင်ထွက်ပေါ်လာနေပြီဖြစ်ပါတယ် ။ဇာဂနာ၏ ပထမဆုံးပြည်ပခရီးစဉ်မှာပဲ စီးပွားရေးပိတ်ဆို့မှုနဲ့ပတ်သက်ပြီး အငြင်းပွားဘွယ်ရာ ပြောဆို မှုတွေ ပေါ်ပေါက်ခဲ့ပြီး ယခုကဲ့သို့ ပြောဆိုမှုတွေ ထပ်မံထွက်ပေါ်လာတာဖြစ်ပါတယ် ။
ဘန်ကောက်ပို့စ်ရဲ့ မူရင်းသတင်းကို အောက်မှာဖေါ်ပြပေးလိုက်ပါတယ် -
Sunday, December 25, 2011
သံဃာ့မဟာနာယကအဖွဲ့ထံ ရွှေည၀ါဆရာတော်၏ တောင်းပန်လျှောက်ထားလွှာမှ ထူးခြားချက်
နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ထံ ရွှေည၀ါဆရာတော်၏ တောင်းပန်လျှောက်ထားလွှာ ဖြစ်ပါတယ် ၊ထူးခြားချက်တစ်ခုက ဆရာတော်ရဲ့ တောင်းပန်လျှောက်ထားလွှာ ဒုတိယစာမျက်နှာမှာ " ဘုရားတပည့်တော်သည် ပြည်တွင်းပြည်ပ သတင်းမီဒီယာများ၏ သားကောင် မဖြစ်စေရန်လည်း လွန်စွာသတိထား၍ ဖြေကြားနေရပါသည်ဘုရား " လို့ ဖေါ်ပြပါရှိပါတယ် ။ မြန်မာ့နိုင်ငံရေးမှာ ဆရာတော်ကို သားကောင်အဖြစ် မီဒီယာတွေက အသုံးချနေတယ်ဆိုတာကို ဆရာတော်ကိုယ်တိုင် သိရှိတော်မူသွားတဲ့သဘောပါဘဲ ။
ရုရှားအစိုးရ ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု ထပ်မံဖြစ်ပွားပြန်
ရုရှားနိုင်ငံကလွှတ်တော် ရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိတယ် ဆိုပြီး
မကျေမနပ်ဖြစ်နေ တဲ့ သောင်းနဲ့ချီတဲ့လူထုကြီးဟာ ဒီဇင်ဘာလ ၂၄ ရက်မှာ
မော်စကိုမြို့က လမ်းမတွေပေါ်ထွက်ပြီး ဆန္ဒပြခဲ့ကြ ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၎
ရက်နေ့တုန်းက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ
ဝန်ကြီးချုပ် ဗလာဒီမီယာပူတင်ရဲ့ လက်ရှိအာဏာရ ပါတီက အနိုင်ရခဲ့တာကို
မကျေနပ်လို့ ဆန္ဒပြခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ် ။
Saturday, December 24, 2011
Friday, December 23, 2011
NLD နှင့် ရွေးကောက်ပွဲကော်မရှင်တွေ့ဆုံ
ဦးတင်ဦး ၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီတာဝန်ရှိသူများသည် နေပြည်တော်သို့ ယနေ့ နံနက် ၈ နာရီခန့်တွင်ရောက်ရှိလာပြီး နေပြည်တော်ရှိ တော်ဝင်နေပြည်တော် ဟိုတယ်တွင်ခေတ္တ တည်းခိုကာ ၁၀ နာရီတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ သွားရောက်ကာ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေး ဦးဆောင်သော ကော်မရှင် အဖွဲ့ဝင်များနှင့်ပါတီမှတ်ပုံတင်ရေးကိစ္စ တွေ့ဆုံခဲ့ကြောင်း သိရှိရပါသည် ။
Wednesday, December 21, 2011
BOT ဆိုတာနဲ့ ငွေကောက်မယ်ထင်နေတဲ့ Eleven ကသန်းထွဋ်အောင်အတွက် BOT ကကြီးခခွေး
ဒီနေ့ Eleven Media ရဲ့ အွန်လိုင်း စာမျက်နှာမှာ ရန်ကုန်က ခုံးကျော်တံတားတွေကို BOT စနစ်နဲ့ ဆောက်မယ့်သတင်းတွေကို သက်ဆိုင်ရာဝန်ကြီးတွေရဲ့ ပြောကြားချက်အရ သတင်းတွေမှာ ထည့်လိုက်ကြောင်း ဒါကြောင့် Eleven ရဲ့ မဟာပညာရှိ သန်းထွဋ်အောင်က BOT ဆိုတာကြားတာနဲ့ တံတားဖြတ်သန်းခ ကောက်တော့မှာပဲ ဆိုပြီး သူ့ဂျာနယ်မှာ တံတားတွေဆောက်ပြီးငွေကောက်တော့မယ်ဆိုတဲ့ သတင်းရေးလိုက်တာ ခုဝန်ကြီးတွေက သတင်းစာရှင်းလင်းပွဲမှာ ငွေကောက်မယ်ဆိုတာ မမှန်ပါဘူးလို့ပြောလိုက်တော့ မခံမရပ်နိုင်ဖြစ်ပြီး BOT ဆိုတာ ( Build - Operation - Transfer ) ဖြစ်ကြောင်း ဆောက်တဲ့သူက ငွေကောက်မှာဖြစ်ကြောင်း ၀န်ကြီးတွေဟာ ရှေ့နောက်အပြောမညီဘူးဆိုပြီး ရေးလာပါတယ် ။
တကယ်တော့ သန်းထွဋ်အောင်ဟာ သူကိုယ်တိုင် BOT ဆိုတာကိုနားလည်ပုံမရပါဘူး ၊ အဝေးပြေးလမ်းတွေမှာ BOT စနစ်နဲ့ လမ်းဖေါက်တဲ့ကုမ္မဏီတွေဟာ လမ်းအသုံးပြုခကောက်တယ် ၊ ဒီမှာလဲ BOT နဲ့ဆောက်ရင် ငွေကောက်တော့မှာပဲဆိုပြီး ထင်တစ်လုံးနဲ့ ရေးလိုက်တာဖြစ်ပါတယ် ။ BOT ဆိုတာနဲ့ ငွေကောက်မယ်လို့ တရားသေမှတ်ထားလို့မရပါဘူး ။
Tuesday, December 20, 2011
Eleven Media အယ်ဒီတာချုပ် ဝေဖြိုးက EMG ကိုဝေဖန်သူများအား Facebook မှတစ်ဆင့် ရိုင်းပြ မောက်မာစွာတုန့်ပြန် သဖြင့် မကျေနပ်မှုများဖြစ်ပေါ်
Eleven Media မှအယ်ဒီတာချုပ်ဝေဖြိုးက Eleven Media Group နှင့် CEO သန်းထွဋ်အောင် တို့ကို ဝေဖန်သူများအား ၄င်းတို့၏ Facebook စာမျက်နှာမှတစ်တဆင့် ရိုင်းပြမောက်မာစွာ တုန့်ပြန်လာသဖြင့် မကျေနပ်မှုများ ဖြစ်ပေါ်လျှက်ရှိပြီး ၄င်းတို့ကိုဝေဖန်သူများသည် ပေးစာကြွေးစာများ စားနေသူများဖြစ်သည်ဟု ပါဖေါ်ပြထားသဖြင့် Eleven Media အားဆန့်ကျင်သည့် လှုပ်ရှားမှုများပင်ပေါ်ပေါက်လာနိုင်ကြောင်း သုံးသပ်ပြောဆိုနေကြပါသည် ။အောက်တွင် Facebook ပေါ်မှ ပြည်သူအချို့၏ တုန့်ပြန်သံများကို ဖေါ်ပြလိုက်ပါသည် ။
ပဉ္စမ မဏ္ဍိုင်ပြည်သူအား ရိုင်းပြမောက်မာစွာတုန့်ပြန်ခဲ့သည့် Eleven Media မှ ဟိုမရောက်ဒီမရောက် ရှေ့မမီနောက်မမီ အယ်ဒီတာချုပ်ဆိုသူ ဝေဖြိုး
ဖြစ်ပုံက ဒီလိုဗျ ။ Pandora ဆိုတဲ့ ဘော်ဒါက သမိုင်းအမှားအား ကန့်ကွက်ခြင်း ဆိုတဲ့ Note မှာ မြန်မာတိုင်းမ် နဲ့ Eleven က သူဌေးတွေ သမ္မတဖြစ်နိုင်ကြောင်း ကွန်မန့်ရေးပါတယ်။ကျွန်တော်က နောက်ကလိုက်ပြီး Eleven CEO ကိုပဲ သမ္မတအဖြစ် မဲပေးမယ်လို့ပဲ ကွန်မန့်လေးပေးမိပါတယ် ... ဒီလိုကြီးတွေ ဆော်ထားတာ ... ဟီးဟီး ။ နှုတ်သီးကောင်း လျာပါးတို့ ၊ အမိယုတ်သား နှုတ်ကြမ်းတို့ ၊ ကြက်ခေါင်းဆိတ်မခံ တို့ မပြောတော့ပါဘူး ...
တရားစွဲခံရမှာ အလွန်ကြောက်လို့ပါ။
အဲဒါသာ ကြည့်တော့ဗျာ။ တရားစွဲမယ် တကဲကဲနဲ့။ အဟုတ်နော် သူတို့က အစွဲကြမ်းတယ်။ တရားရေးနဲ့ ပိုင်ပုံရတယ်။ ကြောက်ပါတယ်ဗျာ။ ထိုင် ကန်တော့ဆိုလည်း ကန်တော့ပါ့မယ်။
ဒါပေမယ့် အဝေဖန်မခံနိုင်ရင်တော့ မီဒီယာ မလုပ်စားတာပဲကောင်းပါတယ်။ သူတို့ကို ဝေဖန်ရင် ပြည်သူမဟုတ်တော့ဘူး ( နိုင်ငံခြားသားတွေ ဖြစ်သွားပြီ ) .... သူတို့ပြောမှပဲ ကိုယ်မှတ်ပုံတင် ကိုယ်ပြန်ကြည့်မိတော့တယ်။ ပြည်သူ့အသံစစ်စစ် ဆိုတော့ မခက်ပေဘူးလားဗျာ .....း))
စာအုပ်ထုတ်တာကော၊ Billboard ထောင်တာကော ၊ လူထုစိန်ဝင်းရဲ့ ဖားဆောင်းပါးတွေကိုရော နောက်ဆို ဖတ်ရုံပဲ ဖတ်ပါတော့မယ် .... စာနယ်ဇင်းကျင့်ဝတ်အရ ဝေဖန်ရင် ပုဂ္ဂိုလ်ရေးဆိုပြီး ခေါင်းစဉ် တပ်သွားမှာစိုးလို့ပါ။ ဒဏ်ရာများက ဗရပွနဲ့ ဆိုတော့လည်း ဟိုနားထိလည်း နာ၊ ဒီနား ထိလည်း နာ ပေါ့လေ။
သမိုင်းအမှားအား ကန့်ကွက်ခြင်း ဆောင်းပါးနဲ့ အပေါ်က အနီဝိုင်းထားတဲ့ သတင်းစာဖြတ်ပိုင်းကြီးကို ဆက်စပ်မူမရှိဘူးလို့ ထင်လို့ ပြောမိပါတယ်။ ဒုက္ခ။ ဟုတ်တယ်လေဗျာ။ သူတို့ ဆရာ ၈၈ မှာ ပါ မပါ ဘယ်သူက ရိုက်စစ်နေလို့လည်း။ Self Promotion ၊ Self Patronizing ကိုတော့ မြင်တတ် သိတတ် ပြောတတ်ပါတယ်။ လုပ်ရင်လည်း မသိမသာလေး လုပ်တတ်ဖို့က မီဒီယာပညာရပ် တခုပါ။ အတင်း အဓမ္မ ကတော့ပြည်သူကို ပေါ်ပေါ်တင်တင် ခွံမကြွေးနဲ့ပေါ့ဗျာ ....
Eleven Media က ထိုင်းဝန်ကြီးချုပ်အား ဆဲဆိုသည့် comments များ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာတွင်ဖေါ်ပြ ၊ နှစ်နိုင်ငံချစ်ကြည်ရေးထိခိုက်နိုင်၍ နိုင်ငံတော်သမ္မတထံ တိုင်ကြားမည်၊ မိတ္တူကို ထိုင်းဝန်ကြီးချုပ်ရုံးသို့ပေးပို့မည်
ပြည်တွင်းထုတ်ဂျာနယ်တစ်ခုဖြစ်သော Eleven Media ၏ Facebook စာမျက်နှာတွင် မြန်မာ-တရုတ် ချစ်ကြည်ရေး ၊ မြန်မာ- ထိုင်း ချစ်ကြည်ရေးနှင့် နိုင်ငံတော်အစိုးရကိုအကြည်ညိုပျက်စေမည့် comment များအား အစဉ်တစိုက် ဖေါ်ပြလျှက်ရှိရာ လတ်တလောအနေဖြင့် ထိုင်းဝန်ကြီးချုပ် ယင်းလတ်ရှင်နာဝပ်ထရာအား ဆဲဆိုထားသည့် comments များအား ဖေါ်ပြထားသည်ကို တွေ့ရှိရပါသည် ။
အဆိုပါလုပ်ရပ်သည် နှစ်နိုင်ငံချစ်ကြည်ရေးကို များစွာထိခိုက်စေနိုင်ပါသဖြင့် ယခုကဲ့သို့မဆင်မခြင် ဖေါ်ပြမှုများကို အရေးယူပေးပါရန် နိုင်ငံတော်သမ္မတကြီးထံ လိပ်မူ၍ ထိုင်းဝန်ကြီးချုပ်ရုံးသို့ မိတ္တူပေးပို့ကာ တိုင်ကြားရန် ပြည်သူအချို့က စီစဉ်နေကြောင်း သိရှိရပါသည် ။
Monday, December 19, 2011
Sunday, December 18, 2011
အမိန့်ထုတ်တိုင်းသာ ချက်ချင်းဖြစ်မယ်ဆိုပါရင်
ဒါတကယ်မရပ်ချင်လို့ဖြစ်မှာပါ ၊ သမ္မတက ပရိယာယ်သုံးတာနေမှာပါ .. တကယ်ရပ်ချင်စိတ်ရှိရင် ရပ်ရမှာပေါ့ ၊ လွယ်ပါတယ်ကွာ ဆိုပြီး စေဒကတက်ချင်တဲ့သူတွေ ရှိရင် ခင်ဗျားတို့ စစ်တွေဘာတွေရပ်ဘို့ အသာထားလို့ အပေါ့သွားလို့အရှိန်ရနေတုန်းလေးပဲ ဦးနှောက်ကနေချက်ချင်းရပ်လို့ခိုင်းကြည့်စမ်းပါ ရပ်မလားလို့ .....။
ကိုယ့်ခန္ဓာ တစ်ခုတည်းမှာတောင် ကိုယ်လုပ်တိုင်းမဖြစ်တာ လူတွေအများကြီးပါဝင်တဲ့ လူ့အဖွဲ့အစည်းမှာ ချက်ချင်းမဖြစ်ရကောင်းလားဆိုပြီး အပြစ်တင်နေမယ်ဆိုရင်တော့ .....
ကိုယ့်ခန္ဓာ တစ်ခုတည်းမှာတောင် ကိုယ်လုပ်တိုင်းမဖြစ်တာ လူတွေအများကြီးပါဝင်တဲ့ လူ့အဖွဲ့အစည်းမှာ ချက်ချင်းမဖြစ်ရကောင်းလားဆိုပြီး အပြစ်တင်နေမယ်ဆိုရင်တော့ .....
ဒေါက်တာဆိတ်ဖွား
Saturday, December 17, 2011
သန်းထွဋ်အောင်သို့ သတိပေးချက်
၈၈ မျိုးဆက်ကျောင်းသားတွေ ထောင်တွေကျတဲ့သူကျ ၊ နယ်စပ်တွေနဲ့ပြည်ပနိုင်ငံတွေထွက်သူထွက် လုပ်ခဲ့ကြရင်း သမိုင်းတစ်ခုကို အရင်းအနှီးကြီးကြီး ပေးဆပ်ခဲ့ကြရတယ် ၊ ဒီလိုဖြစ်ခဲ့တာဟာ တစ်ချိန်က နာမည်ကျော် ထောက်လှမ်းရေးတပ်တွေကြောင့်ဆိုတာ မီလိုက်သူတွေသိလိုက်ကြတယ် ။ မမီတဲ့သူတွေကလည်း ကြားဘူးခဲ့ကြတယ် ။
ဒီနေ့နာမည်ကြီးနေတဲ့ Eleven Media က CEO သန်းထွဋ်အောင်ကတော့ ကိုယ်နဲ့လုပ်ဖေါ်ကိုင်ဘက်တွေကို နှိမ်နင်းခဲ့ပါတယ်ဆိုတဲ့ ထောက်လှမ်းရေးကိုမှ အရှက်မရှိ ကပ်ရပ်ပေါင်းပြီး ဂျာနယ်ထုတ်တယ် ၊ သန်းကြွယ်သူဌေးကြီးလုပ်နေတယ် ၊ ဒီလိုကောင်မျိုးက သစ္စာတွေ ၊သမိုင်းတွေ လာပြီးပြောနေတာ ခွေးပါးစပ်က နတ်စကားထွက်နေသလိုပါဘဲ ။သိပ်စိတ်ပျက်ဘို့ကောင်းတယ် ၊ ကိုယ့်အကြောင်းကိုယ်သိရင် အေးအေးနေပါ ၊ ဒါနောက်ဆုံးသတိပေးတာပါဘဲ ။
မင်းဖေါ်ကောင်လုပ်လို့ ထောင်ထဲဝင်သွားရတဲ့သူတွေအများကြီးရှိတယ်ဆိုတာ ဘယ်သူမှမသိတော့ဘူး လို့ထင်နေလား သန်းထွဋ်အောင် .... ဟား.....ဟား....ဟား......ဒီလောက်ဆိုရင် ကိုယ်ဘယ်သူဆိုတာ မင်းသိနေလောက်ပါပြီ....ဆင်ဆင်ခြင်ခြင်နေပါမောင်ရင်....။
ဒေါက်တာဆိတ်ဖွား
သံဃာ့မဟာနာယကအဖွဲ့ကို အပြစ်တင်လိုသူများဖတ်ရန်
ရွှေည၀ါဆရာတော်နှင့်ပတ်သက်၍ အတိုက်အခံတို့ပြစ်တင်ပြောဆိုဝေဖန်ကာ ငရဲယူခဲ့ကြ ကုန်သော နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ ဥက္ကဌ ဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိ တော်ကို ဖတ်ရှုတော်မူကြပါကုန် ။ မသိဘဲနဲ့အပြစ်တင်နေကြတော့ အကုသိုလ်က နည်းနေလို့အ၀ိစိ သွားရတာနှေးနေတယ် ထင်နေသူများ ခုလိုသိပြီးတော့မှ အပြစ်တင်တော့ အ၀ိစိ မြန်မြန်ရောက်တာပေါ့ ။
Friday, December 16, 2011
စိတ်ပျက်မိတယ် Eleven Media ရယ်.....
'မီးဟုန်းဟုန်းတောက်မည့် မြန်မာပြည်'ဆောင်းပါးအား လက်ရှိနိုင်ငံတော်အစိုးရ၏ အဖွဲ့အစည်း တစ်ခုဖြစ်သော
ပြည်ထောင်စု ရာထူးဝန်အဖွဲ့က မှတ်တမ်းအဖြစ် သိမ်းဆည်းထားရန်
လိုအပ်နေပါကြောင်း၊ လက်ဝယ်ရှိသူအား ထိုက်တန်စွာ
ဂုဏ်ပြုချီးမြှင့်မည့်အကြောင်း ၂-၁၂-၂၀၁၁ နေ့ထုတ်
နိုင်ငံပိုင် သတင်းစာများတွင် အထက်ပါအတိုင်း အသိပေးကြေညာခဲ့ပါသည်။
ထိုသတင်းစာကြော်ငြာချက်ကြောင့်ပင် အဆိုပါဆောင်းပါးအား လူအများစိတ်ဝင်စားခဲ့ကြပါသည် ။ ထိုသို့စိတ်ဝင်စားခဲ့ကြသော မီးဟုန်းဟုန်းတောက်မည့်မြန်မာပြည်ဆောင်းပါးကို ယခုအပတ်ထုတ် မြန်မာ တိုင်းမ် သတင်းဂျာနယ်က "၎င်း လက်ကမ်းစာစောင်သည် ယခုလက်ရှိ နိုင်ငံရေးအနေအထားနှင့် မည်သို့မျှ
မပတ်သက်ကြောင်းနှင့် မည်သည့်ရည်ရွယ်ချက်သဘောမျှ မပါရှိဘဲ တစ်ခေတ်တစ်ခါက
အခြေအနေတစ်ရပ်အား ဗဟုသုတရစေလိုသောဆန္ဒနှင့် စာဖတ်ပရိသတ်အတွက် မြစ်ကြီးနား
မြို့ခံ တစ်ဦး၏ အကူအညီဖြင့် ဖော်ပြပေးလိုက်ပါသည်။" ဟုဆိုကာ ဖေါ်ပြလာ သဖြင့် အော်...တို့သိချင်နေတဲ့ဆောင်းပါးက ဒါပါလား ဆိုပြီးသိခွင့်ရလေသဖြင့် မြန်မာတိုင်းမ် ကို ကျေးဇူးတင်ရလေသည် ။
ဤဖြစ်စဉ်သည် ရိုးရိုးသာဖြစ်သည် ။ သို့သော် Eleven Media မှ CEO ဆိုသူ သန်းထွဋ်အောင်အဖို့ကား အဆန်းကြီး ဖြစ်နေလေ၏ ။ ထိုဆောင်းပါးသည် သမိုင်းအမှားကိုဖေါ်ပြနေသည်ဟု ဆိုပြန်လေ၏ ။ထို့အပြင် မြန်မာတိုင်းမ်ကလည်း တမင်ရည်ရွယ်ချက်ရှိရှိဖြင့် ထည့်သည်ဟူ၍ စွပ်စွဲကာ Eleven ၏ဖေ့စ်ဘုတ်စာမျက်နှာတွင် မနေနိုင်မထိုင်နိုင်ဖေါ်ပြ လာလေ၏ ။ ပို၍ရယ်စရာကောင်းသည်မှာ တစ်သက်လုံးအစိုးရသတင်းစာကို အစိုးရအာဘော်တွေ ၊ မမှန်ဘူး ၊ လိမ်နေတာ စသည်ဖြင့် စွပ်စွဲခဲ့သူက ယခုအခါတွင်မူ အစိုးရသတင်းစာသည် သမိုင်းမှန်များဖြစ်သည်ဟု ဆိုကာ ၊ အဆိုပါသတင်းစာများကို ကိုးကား၍ ဖေါ်ပြလာခြင်းပင်ဖြစ်သည် ။အံ့ဖွယ်အရူးပါတကား ။
သန်းထွဋ်အောင်၏ အဆိုပါဖေါ်ပြချက်အောက်တွင် Eleven Media ၏အယ်ဒီတာချုပ် လူတတ်ကြီးဝေဖြိုး၏ ဟာသ မှတ်ချက်တစ်ခုကိုလည်း အောက်ပါအတိုင်း ဖတ်ရှုနိုင်ပါသည် ။