Saturday, January 15, 2011

သြော်...အမေရိကန်...အမေရိကန် ( ၃ )

ငွေကြေးထောက်ပံ့နေသော အမေရိကန်အစိုးရနှင့်အထောက်အပံ့ခံအတိုက်အခံတို့ဘ၀သရုပ်ဖေါ်ပုံ
အမေရိကန် အစိုးရက မြန်မာနိုင်ငံအတွက် ၂၀၁၁ ဘဏ္ဍာရေးနှစ်မှာ သုံးစွဲဖို့ အမေရိကန် ဒေါ်လာ(၃၆.၈၅)သန်း လျာထားပြီး အောက်ပါ ခေါင်းစဉ်တွေနဲ့သုံးမယ်လို့ဆိုပါတယ်..
(၁) Economic Support Fund ခေါင်းစဉ်နဲ့ ကရင်ဒုက္ခသည်များကို ထောက်ပံ့ရန်
(၂) မြန်မာပြည်အတွင်း ဒီမိုကရေစီထွန်းကားရေး ဆောင်ရွက်ရန်
(၃) ပြည်တွင်းမှ အချိန်နဲ့ တစ်ပြေးညီ တိကျမှန်ကန်သော သတင်းများ ရရှိရေး ဆောင်ရွက်ရန်၊
(၄) မြန်မာပြည်တွင်းရှိ ဂျာနယ်သမားများ၏အဆင့်အတန်း မြှင့်တင်ရန်၊
(၅) မြန်မာပြည်တွင်းရှိ သတင်းနှင့်ဂျာနယ်များအနေဖြင့် အင်တာနက်အသုံးပြုကာ လုံခြုံစွာသတင်းရယူပြီး
     အချိန်နှင့်တပြေးညီ သတင်းများဖြန့်ချိနိုင်ရေး။....ဆိုတဲ့အချက်တွေပါတဲ့ဗျား

ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် အမေရိကန်အစိုးရရဲ့ ထောက်ပံ့တဲ့ ခေါင်းစဉ်တွေဟာ တကယ် လိုအပ်နေတဲ့ မြန်မာ နိုင်ငံသူ နိုင်ငံသားတွေအတွက် ထိမိတဲ့ အကျိုးသက်ရောက်မှု မရှိဘဲ ဒေါ်စုကြည်တို့လို နိုင်ငံတော်အစိုးရကို ထော်လော် ကန့်လန့် လုပ်နေတဲ့ အဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်ချက်တွေကို မြန်မာပြည်သူများကြားနဲ့ တစ်ကမ္ဘာလုံးက သိအောင် ၀ါဒဖြန့်တဲ့ လုပ်ငန်းတွေ အောင်မြင် တွင်ကျယ်လာရေး လုပ်ဆောင်နေတာ ထင်ထင်ရှားရှား တွေ့မြင်နိုင်ပါတယ်။ ဒါကြောင့် ဒုတိယပင်လုံဆိုတာနဲ့ အမေရိကန်ရဲ့ မြန်မာ့အရေး ထောက်ပံ့မှုတွေဟာ အဆက်အစပ်ရှိရှိ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ လုပ်ရပ်တွေ သာ ဖြစ်ပါကြောင်း ။