Sunday, February 13, 2011

နိုင်ငံတော်သမ္မတ က နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ အပါအ၀င် အဖွဲ့ဝင် ကိုးဦး၏ အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်း

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌ အပါအ၀င် အဖွဲ့ဝင်ကိုးဦး၏ အမည်စာရင်းကို ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းခဲ့ကြောင်း သိရှိရပါသည်။
၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပသော ပြည် ထောင်စုလွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော်သမ္မတက ယင်းအမည်စာရင်းကို တင်သွင်းခဲ့ခြင်းဖြစ်ပါသည်။
ထိုသို့ အမည်စာရင်းတင်သွင်းခဲ့ရာတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌမှာ ဦးသိန်းစိုး ဖြစ်ပါသည်။
နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးကို ဥက္ကဋ္ဌ အပါအ၀င် အဖွဲ့ဝင် ကိုးဦးအဖြစ် ဖွဲ့စည်းမည်ဖြစ်ရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ရွေးချယ်ထားသည့် အဖွဲ့ဝင်သုံးဦး မှာ ဦးသိန်းစိုး၊ ဒေါက်တာတင်အောင်အေးနှင့် ဒေါ်ခင်လှမြင့်တို့ ဖြစ်ပါသည်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က ရွေးချယ်ထားသည့် အဖွဲ့ဝင်သုံးဦးမှာ ဦးထွန်းကြည်၊ ဦးစိုးသိန်း၊ ဦးခင်ထွန်းတို့ဖြစ်ပြီး အမျိုးသား လွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ထား သည့် အဖွဲ့ဝင်သုံးဦးမှာ ဦးဆန်းမြင့်၊ ဦးမြင့်ကြိုင်နှင့် ဒေါ်မိမိရီတို့ဖြစ်ကြောင်း သတင်းရရှိပါသည် ။


အဆိုပါ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးက နိုင်ငံတော်ရဲ့ တရားစီရင်ရေးဆိုင်ရာ ရုံးများထဲမှ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ဆိုင်သော ကိစ္စများ၊ အငြင်းပွားမှု များ ကို သာ ဖြေရှင်း ပေးသွားမည့် အဖွဲ့တစ်ခု ဖြစ်ပါသည် ။  နိုင်ငံ တော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက် များနှင့် ပတ်သက်၍ အဓိပ္ပာယ်ဖွင့်ဆိုမှုများ၊ လွှတ်တော်များမှ ပြဋ္ဌာန်းသည့် ဥပဒေ များသည် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်မှု ရှိ၊ မရှိကိုလည်း စိစစ်ပေးမည်ဖြစ်ပါသည် ၄င်းအပြင် အုပ်ချုပ်မှုဆိုင်ရာ အာ ဏာပိုင်မျေား၏ ဆောင်ရွက်ချက် များသည်  ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်မှု ရှိ၊ မရှိကိုလည်း စိစစ်ပေးမည်ဖြစ် ကြောင်းနှင့်  နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးရဲ့လုပ်ငန်းတာဝန် အသေးစိတ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၂၂ မှာ ပြဋ္ဌာန်းထား ကြောင်း သိရှိရပါသည် ။