Wednesday, February 23, 2011

ရော့စ် ဒန်ကလီအား ယနေ့ရုံးထုတ်စစ်ဆေးမည်

ရန်ကုန်မြို့၊ အင်းစိန် အကျဉ်းထောင်တွင် ရောက်ရှိနေသော သြစတေးလျနိုင်ငံသား Mr.Ross Stmiling Dunkley အား (၂၄၊၂၊၂ဝ၁၁)ရက်တွင် ရန်ကုန်၊ ကမာရွတ်မြို့နယ် တရားရုံး၌ ရုံးတင်စစ်ဆေးမည်ဟု သိရှိရသည်။
ရန်ကုန်၊ ကမာရွတ်မြို့နယ် (၁)ရပ်ကွက်၊ အင်းယားလမ်း၊ အမှတ်(၂၆) A ၊ဦးဒေးဗစ်ကရင် ပိုင်ဆိုင်သည့် နေအိမ်တွင် ယာယီနေထိုင်သူ သြစတေးလျ နိုင်ငံသား Mr.RossStmilingDunkley (အသက်၄၅)နှစ် နိုင်ငံကူးလက်မှတ် (PP No. E 2084955 / 12.2.2008 MJ/ SNV) Myanmar Consol Dated MediaLtd. အမှုဆောင်၊ အရာရှိချုပ်သည် ရန်ကုန်မြို့၊ သိမ်ကြီးဈေးအနီး တွေ့ရှိရသည့် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပ မြို့နယ်ရှိ မ....(၂၈)နှစ် တစ်ညလျှင် ကျပ် (၄ဝဝဝဝ)နှုန်းဖြင့် ညလုံးပေါက် ပျော်ပါးရန် ယင်းနေထိုင်ရာ အဆိုပါ အင်းယားလမ်းနေအိမ်သို့ ခေါ်ဆောင်ခဲ့ပြီး ပျော်ပါးခဲ့ကြောင်း၊ ထိုသို့ ပျော်ပါးပြီးနောက် မနက်ဖက်(၁၈၊၁၊၂ဝ၁၁) ရက် နံနက်ပိုင်းတွင် မ....မှ သူမ နေအိမ်သို့ပြန်လို၍ ကြိုတင်ညှိနှိုင်း သဘောတူညီရရှိထားသည့် လိင်ပျော်ပါးဆက်ဆံခ ကျပ်(၄ဝဝဝဝ)အား တောင်းဆိုခဲ့ရာ ယင်းနိုင်ငံခြားသားမှ မပေးဘဲ၊ မ....အားထပ်မံ၍ ဆေးပြား(၁)ပြားရှူခဲ့ရပြီး အိပ်ပျော် သွားခဲ့ကြောင်း၊ သူမအိပ်ရာမှနိုးလာသောအခါ ယင်းနိုင်ငံခြားသား နေအိမ်တွင်မရှိသည့်အတွက် စားပွဲအတွင်းမှာ ကြိုတင်ညှိနှိုင်း၍ ၄င်းသဘောတူညီမှုရရှိသည့် လိင်ဆက်ဆံပျော်ပါးခ ငွေကျပ်(၄ဝဝဝဝ)ကို ယူဆောင်၍ နေအိမ်သို့ ပြန်လာခဲ့ကြောင်း၊ ထိုနေ့ညပိုင်းတွင်
မ....သည် ရန်ကုန်မြို့၊ သိမ်ကြီးဈေးအောက်ဘက် ရွှေတိဂုံဘုရားလမ်းပေါ်ရှိ ညဈေးကွက်တွင် ပုံမုန်အတိုင်း ပြန်လည်လှုပ်ရှားနေသည်တွင် ယင်းနိုင်ငံခြားသားသည် ထပ်မံရောက်ရှိလာခဲ့ပြီး သူမအားဆံပင်ဆွဲ၍ ကားပေါ်သို့ တင်ဆောင်ကာ ယင်းယာယီနေထိုင်ရာ အင်းယားလမ်းရှိ နေအိမ်သို့ ထပ်မံခေါ်ဆောင် သွားခဲ့ပြန်ကြောင်း၊ သူမသည် ညသန်းခေါင်ကျော် ဇန်နဝါရီ(၁၉)ရက်၊ ည(၁၂)နာရီ (၄၅)မိနစ်အချိန်တွင် ပြန်မည်ဟု ပြောဆိုရာ ပြန်ခွင့်မပြုဘဲ သူမ၏ဆံပင်ကို ဆောင့်ဆွဲ၍ အုတ်နံရံကုတင်များနှင့် ဆောင့်တိုက်ကာ လည်ပင်းညှစ်ပြီး နေအိမ်ပြင်ပသို့ တွန်းထုတ်ခဲ့သဖြင့် နံနက် (၉)နာရီအချိန်တွင် နီးစပ်ရာ ကမာရွတ်ရဲစခန်းသို့ သွားရောက်တိုင်ကြားခဲ့ရကြောင်း၊ ကမာရွတ်ရဲစခန်းမှ ရန်ကုန်အထွေထွေရောဂါကု ဆေးရုံကြီးလိုက်ပို့ရာ အတွင်းလူနာ အဖြစ် ကုသပေးခဲ့ကြောင်း ကြားသိရသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ကမာရွတ်ရဲစခန်း၌ (၂ဝ၁၁) ဇန်နဝါရီ (၂ဝ)ရက်တွင် နံနက် (၃)နာရီတွင် ယင်းနိုင်ငံခြားသားအား ပ(၂၃၊၂ဝ၁၁)ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၃၂၅၊၃၅၄၊၃၄၂)ဖြင့် လည်းကောင်း၊ ပ(၂၄၊၂ဝ၁၁) လဝက အက်(၁၃၊၁)ဖြင့် လည်းကောင်း အမှုဖွင့်အရေးယူခဲ့ကြောင်း ဖေဖော်ဝါရီ(၂၄)ရက်တွင် ကမာရွတ်တရားရုံး၌ ယင်းအမှုကို စစ်ဆေးကြားနာမည် ဖြစ်ကြောင်း သိရှိရသည်။ ယင်းနိုင်ငံခြားသားအား ရန်ကုန် အင်းစိန် အကျဉ်းထောင်တွင် ချုပ်နှောင်ထားကြောင်းလည်း သိရှိရသည်။
Credit: လျှပ်တပျက်