Thursday, March 24, 2011

မြန်မာနိုင်ငံ ရှမ်းပြည်အရှေ့ပိုင်း တာလေမြို့အနီး ပြင်းအား ၆.၈ မဂ္ဂနီကျု့ ရှိ မြေငလျင် တစ်ခုလှုပ်

မြန်မာနိုင်ငံ ရှမ်းပြည်နယ် အရှေ့ပိုင်း တာလေမြို့ အနီး (မြောက်လတ္တီကျု့ ၂၀.၉၄၉ နှင့် အရှေ့လောင်ဂျီကျု့၉၉.၉၄၉) ကို ဗဟိုပြု၍ ပြင်းအား ၆.၈ မဂ္ဂနီကျု့ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း သိရှိရပါသည် ။
 အဆိုပါငလျင်သည် ဒေသစံတော်ချိန် ည ၈နာရီ ၂၅ မိနစ်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ပျက်စီးမှု သတင်းများ မရရှိသေးကြောင်း သတင်းရရှိပါသည် ။