Wednesday, March 23, 2011

စီးပွားရေး ဆက်လက်ပိတ်ဆို့ ထားဘို့လိုလားကြောင်း ဒေါ်စုကြည် ပြောကြား


မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတွေက စီးပွားရေးအရ ပိတ်ဆို့ထားတာတွေကို ဆက်ပြီး ထားဖို့ လိုအပ်မှာဖြစ်တဲ့အကြောင်း ဒေါ်စုကြည်က မတ်လ ၂၃ ရက် ဒီကနေ့ ဂျာမနီက သတင်းစာတစောင်နဲ့ မေးမြန်းခန်းမှာ ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ပိတ်ဆို့မှုတွေကို ရုပ်သိမ်းရေး ဥရောပသမဂ္ဂက ပြန်လည် စဉ်းစားမဲ့ အချိန်မှာ ဒေါ်စုကြည်က ခုလို ပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။
 
ဒေါ်စုကြည်က ဂျာမန်သတင်းစာ Franfurter Rundschau နဲ့ မေးမြန်းခန်းမှာ ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးဖို့ ဆိုရင် တိုးတက်မှု အပြောင်းအလဲတခုခု မြင်တွေ့ရဖို့ လို ကြောင်း နိုင်ငံရေး အကျဉ်းသား တွေလွှတ်ပေးဘို့ လိုကြောင်း ခုထိ ထင်ရှားတဲ့တိုးတက်မှုတွေ မရှိသေးတာကြောင့် ပိတ်ဆို့မှုကို ဆက်လက်ထားရှိဘို့ လိုမှာဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ် ။
 

 ဒေါ်စုကြည်နဲ့ တွေ့ဆုံတဲ့ဂျာမန်သတင်းစာဟာအမေရိကန်အခြေစိုက် သတင်းမီဒီယာကြီးများရဲ့ သြဇာလွှမ်းမိုးမှုရှိတဲ့ သတင်းစာတစ်စောင် ဖြစ်  ပြီး လက်ရှိ ဂျာမဏီ အစိုးရဟာ ပိတ်ဆို့အရေးယူရေးကို ရုတ်သိမ်း ဘို့ လိုလားနေချိန်မှာ ဒေါ် စုကြည် အနေ နဲ့ ဂျာမဏီက ဒီလိုသတင်းဌာန တစ်ခုနဲ့ ခုလိုတွေ့ဆုံခဲ့တယ်ဆိုတာ သာမန် တိုက်ဆိုင်မှုမျိုး မဟုတ်ဘဲ အစီအစဉ်ရှိရှိ ဆောင်ရွက်နေတာဖြစ်နိုင်ကြောင်း နိုင်ငံရေး အကဲခတ်များက ပြောဆို သုံးသပ်လျက် ရှိကြောင်းလည်း သတင်းရရှိပါတယ် ။

 
ဒေါ်စုကြည်ဟာ စီးပွားရေးပိတ်ဆို့ မှုနဲ့ ပတ်သက်ပြီး မည်သည့်အခါကမျှတောင်းဆိုခဲ့တာမရှိကြောင်း ယခင်က ငြင်းဆိုလေ့ရှိ ပြီး အစိုးရသတင်းစာများမှ သူမအနေဖြင့် စီးပွားရေးပိတ်ဆို့မှုဆောင်ရွက်ခဲ့ ကြောင်း အထောက်အထားများနဲ့ ထောက်ပြ ပြီး နောက်ပိုင်း ခုလို ပေါ်ပေါ်တင်တင် တောင်းဆိုမှုတွေ လုပ်လာတာ လည်းဖြစ်ကြောင်း သိရပါတယ်။