Sunday, May 8, 2011

အိုစမာဘင်လာဒင် ဗီဒီယိုအချို့ အမေရိကန်ထုတ်ပြန်


အိုစမာ ဘင်လာဒင် (Osama Bin Laden) နေထိုင်ရာ အိမ်ဝင်းကို အမေရိကန် အထူးတပ်ဖွဲ့က ၀င်ရောက်စီးနင်းစဉ် သိမ်းဆည်းခဲ့တဲ့ ဗွီဒီယို အခွေတွေထဲက ဘင်လာဒင်ကိုအကြမ်းဖက်သမား အသွင်ဆောင်စေမယ့် ဗီဒီယို တချို့ကို အမေရိကန် ပြည်ထောင်စုက အများပြည်သူသို့ ထုတ်ပြန်ခဲ့ပါတယ် ။

ဒီထဲကတစ်ခုမှာတော့ ဘင်လာဒင်ဟာ ကြမ်းပြင်မှာ စောင်ခြုံထိုင်ပြီး ရုပ်မြင်သံကြား ကြည့်ရာမှာ Remote Control နဲ့ Channel လိုင်းတွေ တခုပြီးတခုပြောင်း၊ နောက်ဆုံး သူ့အကြောင်း သတင်းပြနေတာကို ရှာတွေ့ပြီး သေသေချာချာ ကြည့်နေတာ တွေ့ရပါတယ်။ (ပုံ)

အမေရိကန်တာဝန်ရှိသူတစ်ဦးကတော့ ဒီတစ်ကြိမ်သိမ်းဆီးရမိတဲ့ အထောက်အထားတွေဟာ အယ်လ်ခိုက်ဒါ အဖွဲ့နဲ့ပတ်သက်ပြီး တနေရာတည်းမှာ အများဆုံး ရရှိလိုက်တာဖြစ်တယ်လို့ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ မြန်မာနိုင်ငံအပါအ၀င် ၄င်းတို့အစိုးရနဲ့နိုင်ငံရေးအရ သဘောထား တူညီမှုမရှိတဲ့နိုင်ငံငယ်တွေကို လက်နက်ကိုင်တော်လှန်နေတဲ့ တော်လှန်ရေးအင်အားစုများအား ယုံကြည်ချက်ကြောင့် တိုက်ပွဲဝင်နေသူများဟု သုံးနှုံးကာ ဘက်ပေါင်းစုံမှ ထောက်ပံ့မှု များပြုလုပ်နေသော်လည်း ၄င်းတို့အစိုးရကို လက်နက်ကိုင်တော်လှန်နေသူများကိုမူ ထိုသို့သဘောထားလေ့မရှိကြောင်း ဒီဖြစ်ရပ်က သက်သေခံနေတယ်လို့ ပြောဆိုသုံးသပ်လျှက်ရှိကြောင်း သတင်းရရှိပါတယ်။

Voice Of Myanmar