Monday, May 16, 2011

မြန်မာအစိုးရသစ် လွတ်ငြိမ်းချမ်းသာခွင့်ကြေငြာ

သမ္မတဦးသိန်းစိန် ခေါင်းဆောင်တဲ့ မြန်မာအစိုးရသစ်ဟာ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်တစ်ရပ်ကို ယနေ့ ထုတ်ပြန်ကြေငြာလိုက်ကြောင်း သတင်းရရှိပါတယ်၊ အဆိုပါအမိန့်ကို သမ္မတ၏ အမိန့်အမှတ် ၂၈ ဖြင့် လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့တာဖြစ်ပြီး အဆိုပါအမိန့်တွင် -

မေလ ၁၇ ရက် မတိုင်မီ ကျူးလွန်ခဲ့သော ပြစ်မှု တခုခုနှင့် စပ်လျဉ်း၍ ပြစ်ဒဏ်ချမှတ်ခြင်း ခံရပြီးပါက ယင်းကဲ့သို့ ကျခံနေရသော ပြစ်ဒဏ် အသီးသီးကို အောက်ပါအတိုင်း လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်သည်။

(က) သေဒဏ်ချမှတ်စေခြင်း ခံရသူများအတွက် ထောင်ဒဏ် တသက်သို့ လည်းကောင်း၊


(ခ) ထောင်ဒဏ် ကျခံနေရသူများသည် ယင်းတို့အပေါ် သတ်မှတ်ထားသော ထောင်ဒဏ်ကို သာမန်ရရှိပြီးသော လျှော့ပေါ့ရက်များအပြင် ၁ နှစ် ထပ်မံ လျှော့ပေါ့ ရရှိစေရန်လည်းကောင်း လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်သည် ဟု ဖေါ်ပြပါရှိကြောင်းသတင်းရရှိပါသည် ။


Voice Of Myanmar