Tuesday, June 21, 2011

လွှတ်တော်အထူးအစည်းအဝေးများ ကျင်းပမည်

ပထမအကြိမ် လွှတ်တော် အထူးအစည်းအဝေးများ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် မကြာမီ ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များ၏ ပြောကြားချက် အရ သိရှိရပါသည်။

ပထမအကြိမ် လွှတ်တော် အထူးအစည်းအဝေးများကို ဇွန်လ ၂၉ ရက်နေ့နှင့် ၃၀ ရက်နေ့များတွင် ကျင်းပမည်ဖြစ်ကြောင်းကို တက်ရောက်ရန် ဖိတ်စာလက်ခံရရှိခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များ က ပြောကြားပါသည်။

လွှတ်တော် အထူးအစည်းအဝေးကို နံနက် ၁၀ နာရီတွင် စတင် ကျင်းပမည်ဖြစ်ကြောင်းနှင့် အထူး အစည်းအဝေး အကြောင်းအရာများနှင့် မူ မသိရှိရသေးကြောင်းနှင့် ဖိတ်စာ တွင်လည်း မပါရှိကြောင်း ဖိတ်စာ လက်ခံရရှိသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ ပြောကြားချက် ကိုကိုးကား၍ ပြည်တွင်းထုတ် Eleven Media ၏ အင်တာနက်စာမျက်နှာတွင်ဖေါ်ပြထားပါသည် ။


 အခြားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးကမူ " ခုလောလောဆယ် ပြည်နယ်နဲ့ တိုင်းဒေသကြီး ၀န်ကြီးချုပ်တွေ နေပြည်တော်မှာ နိုင်ငံတော်သမ္မတကြီးရဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ရဲနွမ်းပါးမှု လျော့ကျရေး အစည်းဝေးတက်နေကြတယ် ကျွန်တော်ထင်တာတော့ ခုခေါ်တဲ့ လွတ်တော်အထူးအစည်းဝေးဟာ ဒီကိစ္စနဲ့ ပတ်သက်လိမ့်မယ်ထင်တယ်  " ဟု ၄င်း၏ အမြင်ကို ပြောကြားသွားပါသည်။

Voice Of Myanmar