Thursday, June 23, 2011

ကြိုးဖုန်းများလည်း နေ့ချင်းပြီးရနိုင်ပြီ

 မြန်မာတစ်နိုင်ငံလုံးရှိ အော်တိုတယ်လီဖုန်း (ကြိုးဖုန်း)အလုံးရေ သုံးသောင်းခြောက်ထောင်ကျော်ကိုOne Stop Service နေ့ချင်းပြီးလျှောက်ထားနိုင်သည့်စနစ်ဖြင့် စတင် ချထားပေးပြီဖြစ်ကြောင်း မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ သိရ သည်။
 
အဆိုပါအော်တိုတယ်လီဖုန်းများကို မြို့တော်စည်ပင်သာယာနယ်နိမိတ် အတွင်းရှိ မြို့နယ်များတွင် ဖုန်းအလုံးအရေအတွက် ကျန်ရှိသလောက် ကို ဈေးနှုန်းခြောက်သိန်းခွဲ၊ Deposit  ကျပ်ငါးသောင်းနှုန်းဖြင့် ချထားပေး သွားမည်ဖြစ်ပြီး သက်ဆိုင်ရာအိတ်ချိန်းအပိုင်ရုံးများတွင်One Stop Service အနေဖြင့် လျှောက်ထားနိုင်ကြောင်း၊ လမ်း ၄၀ အင်ဂျင် နီယာချုပ်ရုံးတွင်လည်း ပုံမှန်လျှောက် ထားနိုင်ကြောင်း သိရသည်။

    ''ဒီလိုအော်တိုဖုန်း(ကြိုးဖုန်း)တွေ ချထားပေးဖြစ်တာက အများပြည်သူတွေ ဆက်သွယ်ရေး ပိုမိုလွယ်ကူစေဖို့အတွက်နဲ့ ဖုန်းDensity  မြင့်မားစေရေးအတွက် ရည် ရွယ်ပါတယ်။ နောက်ပြီး ဖုန်းကို အရင်လို ဈေးကြီးပေးဝယ်ကိုင်စရာ မလိုတော့ဘဲ သက်သက်သာသာနဲ့ လူတန်းစားမရွေး ကိုင် နိုင်တော့မှာပါ။ အဓိကလိုင်းလက်ကျန် တွေကို ရှိသလောက်ချထားပေးသွားမှာပါ'' ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန် ရှိသူတစ်ဦးက ဆိုသည်။
 
    One Stop Service အနေဖြင့် ချထားပေးမည့် အိတ်ချိန်းများမှာ ဒဂုံ (တောင်/မြောက်)၊ မောင်ထော်လေး၊ တာ မွေ၊ သင်္ဃန်းကျွန်း၊ မရမ်းကုန်း၊ အလုံ၊ ပုဇွန် တောင်၊ မင်္ဂလာဒုံ၊ ဟံသာဝတီ၊ မြောက် ဥက္ကလာ အိတ်ချိန်များဖြစ်ပြီး ၎င်းအိတ်ချိန်းများအတိုင်း အိတ်ချိန်းတစ်ခုလျှင် သုံး ရက်မှ ငါးရက်အထိ ရုံးထိုင်၍ရောင်းချပေး မည်ဖြစ်ကြောင်း သိရသည်။
 
Credit : Yangon Media Group