Saturday, June 11, 2011

အီကိုလိုင် ရောဂါပိုးကြောင့် EU မှဟင်းသီးဟင်းရွက် တင်သွင်းမှု ပိတ်ပင်ထားခြင်းအား ရုရှားပြန်လည်ရုပ်သိမ်း


European Commission President Jose Manuel Barroso (R), Russian President Dmitry Medvedev (C) and EU President Herman Van Rompuy (L) attend a press conference after the end of Russia-European Union (EU) talks in Nizhny Novgorod, Russia, on June 10, 2011.
 

လူတွေကို သေစေခဲ့တဲ့ အီးကိုလိုင် (E.Coli) ရောဂါ ပြန့်ပွားမှုကြောင့် EU ဥရောပသမဂ္ဂက ဟင်းသီးဟင်းရွက် တင်ပို့မှုကို ယာယီအားဖြင့် တားမြစ်ခဲ့တာကို ရုရှားနိုင်ငံက ပြန်လည် ရုပ်သိမ်းလိုက်ကြောင်းသတင်းရရှိပါတယ် ။

ရုရှားသမ္မတ ဒီမီထရီ မက်ဗီဒက်ဗ် (Dmitry Medvedev) နဲ့ ဥရောပသမဂ္ဂ ကော်မရှင် အကြီးအကဲတို့ဟာ ရုရှားအလယ်ပိုင်း မြို့ကြီး နစ်ဇ်နီ နော့ဗ်ဂိုရော့ဒ် (Nizhny Novgorod) မှာ ၂ ရက်ကြာ ဆွေးနွေးခဲ့အပြီး ရုရှားနဲ့ ဥရောပတို့က ပူးတွဲ ကြေညာချက်ထုတ်ပြီး အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

 
ဒီသဘောတူညီချက်ကြောင့် ဥရောပသမဂ္ဂဘက်ကလည်း ရုရှားကိုပို့မယ့် ဟင်းသီးဟင်းရွက်တွေအပေါ် လုံခြုံစိတ်ချမှုအတွက် အာမခံပေးရမှာ ဖြစ်ပါတယ်။ ရုရှားဟာ ဥရောပသမဂ္ဂက ဟင်းသီးဟင်းရွက်တွေ အများဆုံး တင်သွင်းတဲ့ နိုင်ငံများထဲက တစ်နိုင်ငံဖြစ်ပါတယ် ။