Thursday, July 14, 2011

ဒီလိုလုပ်ရင် ၊ ဒီလိုတိုင်

(ဒီသတင်းလေးကတော့ ၂၀၁၁ ခုနှစ်၊ ဇွန်လ (၂၃) ရက်နေ့ထုတ်၊ ပြည်သူ့ခေတ် ဂျာနယ်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ အဓမ္မ လုပ်အားပေး ခိုင်းစေမှုနဲ့ ပတ်သက်ပြီး ဘယ်လိုတိုင်ပါ ဆိုတာကို ဂျာနယ် စာမျက်နှာပေါ်မှာ တင်ထားလို့ ဖြန့်ဝေ ပေးလိုက်ပါတယ်။ တင်ခွင့်ရတာကလည်း အံ့ဖွယ်ပါပဲ။ )
မြန်မာနိုင်ငံသား တစ်ဦး အနေဖြင့် အဓမ္မခိုင်းစေမှုနဲ့ ကလေးစစ်သား စုဆောင်းခံရပါက သက်ဆိုင်ရာ အာဏာပိုင် အဆင့်ဆင့်အပြင် ရန်ကုန် ကုန်သည်ကြီးများ ဟိုတယ်မှ ရုံးခန်း ဖွင့်လှစ်ထားတဲ့ အပြည်ပြည် ဆိုင်ရာ အလုပ်သမား ရေးရာ အဖွဲ့ ILO ကိုလည်း တိုင်ကြား နိုင်ကြောင်း ၎င်းတို့ ထုတ်ဝေ ဖြန့်ဖြူးထားတဲ့ လက်ကမ်း စာစောင်ပါ ဖော်ပြချက်အရ သိရပါ တယ်။ အဆိုပါ လက်ကမ်း စာစောင်ပါ ဖော်ပြချက်တွေကတော့ ‘အဓမ္မခိုင်းစေမှု ဆိုသည်မှာ အဘယ်နည်း’
အဓမ္မခိုင်းစေမှု ဆိုသည်မှာ လူတစ်ဦး တစ်ယောက်အား အလုပ်တစ်ခုကို ထိုသူ မပြုလုပ်ပါက (သို့မဟုတ်) မလိုက်နာပါက တစ်စုံတစ်ရာ အပြစ်ပေးခံရမည် ဟူသော ခြိမ်းခြောက်မှုကြောင့် ထိုသူ၏ ဆန္ဒမပါဘဲ ဥပဒေနဲ့ ဆန့်ကျင်၍ ခိုင်းစေသော အလုပ်မျိုးကို ခေါ်ပါသည်။ မြန်မာနိုင်ငံ၏ တည်ဆဲ ဥပဒေ၊ အမိန့် ညွှန်ကြားချက်များသည် အဓမ္မခိုင်းစေမှု ကျင့်သုံးခြင်းကို လည်းကောင်း၊ အသက် ၁၈ နှစ်အောက် ကလေး သူငယ်များအား တပ်မတော် အတွင်းသို့ စုဆောင်းမှုကို လည်းကောင်း တားမြစ်ထားပါသည်။
မည်ကဲ့သို့ တိုင်ကြား နိုင်ပါသနည်း
သင်တိုင်ကြားနိုင်သော နည်းလမ်းများစွာ ရှိပါသည်။ အကယ်၍ အခြေအနေပေးပါက သင့်အနေနှင့် ပဏာမ တိုင်ကြားမှုကို ရပ်ကွက်/ ကျေးရွာ၊ မြို့နယ် (သို့မဟုတ်) ခရိုင်အဆင့်ရှိ သင်၏ ဒေသခံ အုပ်ချုပ်ရေး အဖွဲ့အစည်းများမှ တဆင့် တိုင်ကြားနိုင် ပါသည်။ (သို့မဟုတ်) နီးစပ်ရာ တပ်သားသစ် စုဆောင်းရေး စခန်းများတွင် စုံစမ်းမှု ပြုလုပ် နိုင်ပါသည်။ အထက်ပါ နည်းလမ်းသည် အဆင်မပြေပါက (သို့မဟုတ်) မနှစ်သက်ပါက အိုင်အယ်လ်အို ဆက်သွယ်ရေးအရာရှိထံ ဆက်သွယ် တိုင်ကြား နိုင်ပါသည်။
ဆက်သွယ်ရေး အရာရှိ
အပြည်ပြည်ဆိုင်ရာ အလုပ်သမား ရေးရာအဖွဲ့ (အိုင်အယ်လ်အို) အခန်းအမှတ် ၁၂၁၂-၁၂၂၀၊ ၁၂ထပ် ကုန်သည်ကြီးများ ဟိုတယ်၊ အမှတ် (၂၂၃)၊ ဆူးလေဘုရားလမ်း၊ ရန်ကုန်မြို့။ ဖုန်း (၁၀) ၂၄၂၃၉၃၊ (၁၀) ၂၄၂၈၁၁။ ဖက်စ် (၀၁) ၂၄၂၅၉၄၊ အီးမေးလ်-yangon@ilo.org ဆိုပြီး ဖော်ပြထားပါတယ်။