Monday, September 5, 2011

ထားဝယ်ရေနက်ဆိပ်ကမ်း ကမ္ဘာ့အကြီးဆုံး စက်မှုဇုန် ဖြစ်လာ နိုင်ကြောင်း အီရန် မီဒီယာက သုံးသပ်



မြန်မာနိုင်ငံ တောင်ပိုင်း ထား ၀ယ်မြို့တွင် စတင် အကောင်အထည် ဖော်နေပြီ ဖြစ်သည့် ထားဝယ်ရေ နက်ဆိပ်ကမ်း စီမံကိန်းသည် အင်ဒို ချိုင်းနား ကျွန်းဆွယ်သို့ တံခါးပေါက် တစ်ခု အသွင်ဖြစ်လာနိုင်သကဲ့သို့ ကမ္ဘာ့အကြီးဆုံး စက်မှုဇုန်ကြီးအဖြစ် မှတ်တမ်း ၀င်နိုင်ကြောင်း အီရန်နိုင်ငံ အခြေစိုက် မီဒီယာ တစ်ခုဖြစ်သည့် Press TV က ရေးသားဖေါ်ပြချက်ကို ပြည်တွင်းထုတ် Myanmar Post သတင်းဂျာနယ်က ဖေါ်ပြလိုက်ပါသည် ။

အဆိုပါ စီမံကိန်းတွင်ပါဝင်သည့် စတုရန်း ကီလိုမီတာ ၂၅၀ ကျော် ရှည်လျားသော ရေနက်ဆိပ်ကမ်း တစ်ခုကို ထားဝယ်မြို့ တွင် တည် ဆောက် နေပြီဖြစ်ကြောင်း၊ အီတာ လျံ-ထိုင်း ကုမ္ပဏီက ထိုင်းနိုင်ငံရှိ ကျွမ်းကျင် အင်ဂျင်နီယာများ စုစည်း ၍ အဆိုပါ စီမံကိန်းကို ၁၀ နှစ်ကြာ အကောင် အထည် ဖော်မည်ဖြစ်ကြောင်း၊ အမေရိကန် ဒေါ်လာရှစ်ဘီလျံသုံးစွဲ မည့် ယင်း စီမံကိန်းတွင် ရေနက်ဆိပ် ကမ်း ၀န်ဆောင်မှုများ၊ ရေနံချက်စက် ရုံနှင့် ဧရာမ စက်မှုဇုန်ကြီးတစ်ခု ပါဝင် မည်ဖြစ်ကြောင်း၊ ထိုစီမံကိန်း၏ ပထ၀ီ နိုင်ငံရေးနှင့် ပထ၀ီ စီးပွားရေး ဆိုင်ရာ အနေအထားအရ အလုပ်အ ကိုင် အခွင့်အလမ်းသစ် ၁,၀၀,၀၀၀ ဖန်တီးနိုင်မည်ဖြစ်ကြောင်း၊ သို့ရာတွင်  စီမံကိန်း တစ်လျှောက်ရှိ လူနေအိမ် အချို့ကို ပြောင်းရွှေ့ ဖယ်ရှားရမည် ဖြစ်သည့် အတွက် လူ့အခွင့်အရေး ဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်လာ နိုင်ကြောင်း အီတာလျံ- ထိုင်းကုမ္ပဏီ ဒါရိုက်တာက Press TV သို့ ပြော ကြားပါသည်။ 

မကြာသေးမီက အဆို ပါ စီမံကိန်း တွင်ပါဝင်သည့် မြန်မာ- ထိုင်းအဝေးပြေး လမ်းမတစ်ခု တည် ဆောက်ခြင်း နှင့်စပ်လျဉ်း၍ မြန်မာ့ တပ်မတော်နှင့် ကရင် အမျိုးသား အဖွဲ့ချုပ်(KNU)အကြား တိုက်ပွဲ များ ပေါ်ပေါက်ခဲ့ သော်လည်း စီမံကိန်းပြီး ဆုံးသည် အထိ ဆက်လက်ဆောင် ရွက်မည်ဖြစ်ကြောင်း အီတာလျံ-ထိုင်းကုမ္ပဏီက ကြေညာခဲ့သည်။

အဆိုပါ စီမံကိန်းသည် အရှေ့ အလယ်ပိုင်းနှင့် အာဖရိက နိုင်ငံများ သို့ လမ်းပွင့် သွားစေမည့် ကုန်သွယ် ရေးလမ်းကြောင်း သစ်တစ်ခုဖြစ်ပြီး စီးပွားရေး အခွင့်အလမ်းများစွာ ဖန် တီးနိုင်မည်ဟု အီတာလျံ -ထိုင်း ကုမ္ပဏီက ယုံကြည် ထား ကြောင်းအဆိုပါသတင်းတွင် ဖေါ်ပြထားပါသည် ။