Wednesday, November 30, 2011

ဟီလာရီကလင်တန် နေပြည်တော်သို့ရောက်ရှိ

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် ယနေ့ညနေ ၄နာရီ ၂၀ ခန့်တွင် နေပြည်တော်လေဆိပ်သို့ အထူးလေယာဉ်ဖြင့်ရောက်ရှိလာရာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမျိုးမြင့် လာရောက်ကြိုဆိုခဲ့ကြောင်း သိရှိရသည်။
 

      အမေရိကန်အစိုးရ၏ နှစ် ၅၀ အတွင်း  မြန်မာနိုင်ငံသို့ လာရောက်သော အဆင့်မြင့်ဆုံး အရာရှိဖြစ်ပြီး သူမနှင့်အတူထင်ရှားသည့်ပြည်ပ သတင်းဌာနများမှ သတင်းထောက် ၁၅ ဦးပါဝင်ပြီး၊ သူမအပါအ၀င် အဖွဲ့ဝင် စုစုပေါင်း ၄၄ ဦးပါဝင်လာပြီး အဆိုပါခရီးစဉ်သို့ပြည်တွင်းပြည်ပ သတင်းထောက် ၁၅၀ ၀န်းကျင်ခန့်လာရောက် သတင်းရယူနေကြကြောင်း သိရှိရပါသည်။
 သူမသည် နေပြည်တော်ရှိ သင်္ဂဟ ဟိုတယ်တွင် နေထိုင်လျက်ရှိပြီး မနက်ဖြန်တွင် မြန်မာအစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁ ရက်တွင် ရန်ကုန်မြို့သို့ ရောက်ရှိမည်ဖြစ်ပြီး၊  ရွှေတိဂုံစေတီတော်သို့ သွားရောက်ဖူးမြော်မည်ဖြစ် သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီဇင်ဘာ ၂ ရက်တွင် တွေ့ဆုံမည်ဖြစ်ပြီး ထိုနေ့ညနေတွင် မြန်မာနိုင်ငံမှ ထွက်ခွာမည်ဖြစ်ကြောင်း သတင်းရရှိသည်။