အမေရိကန်စစ်သားအကြောင်းမဲ့ပစ်ခတ်မှုကြောင့် အာဖဂန်ရွာသား ၁၆ ဦးသေဆုံး
အမေရိကန် စစ်သားတဦးက တနင်္ဂနွေနေ့မှာ မြို့တော်ကဘူးတောင်ဘက် ကန်ဒါဟာဒေသမှာရှိတဲ့ အာဖဂန်ရွာ တစ်ရွာထဲဝင်ပြီး အကြောင်းမဲ့ ပစ်သတ်ခဲ့လို့ ကလေးငယ် ၁၁ ဦးအပါအ၀င် အရပ်သား ၁၆ ဦး
ပွဲချင်းပြီး သေဆုံးသွားကြောင်း ဆင်ဟွာသတင်းအရသိရှိရပါတယ်။ဒီသတင်းကို အာဖဂန်နဲ့ အမေရိကန် တာဝန်ရှိသူများကလည်း မှန်ကန်ကြောင်း အတည်ပြုပြောကြားခဲ့ပြီးဖြစ်ပါတယ် ။
အာဖဂန်သမ္မတ ကာဇိုင်းကတော့ ဒီသတ်ဖြတ်မှုဟာ အပြစ်မဲ့ပြည်သူတွေကို တမင်သက်သက် ရည်ရွယ်သတ်ဖြတ်တာ ဖြစ်လို့ ခွင့်လွှတ်နိုင်စရာမရှိဘူးလို့ပြောပါတယ် ။
အာဖဂန်ပြည်သူတွေကတော့ အပြစ်ကျူးလွန်တဲ့စစ်သားကို အများပြည်သူရှေ့မှာ အာဖဂန်ဥပဒေအရ စစ်ဆေးအရေးယူဘို့လိုလားတောင်းဆိုနေပေမယ့် အမေရိကန်တာဝန်ရှိသူတွေကတော့ သူတို့တပ်တွင်း အရေးယူမှုနဲ့ဆောင်ရွက်မည့် ပုံမျိုးပြောဆိုနေတဲ့အတွက် မကျေနပ်မှုတွေ တိုးနေတယ်လို့ ကဘူးကလာသော အခြားသတင်းများအရ သိရှိရပါတယ် ။