Thursday, March 8, 2012

၈၈ ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်နှင့် NLD အမတ်လောင်း အိမ်ထောင်သည် ဒေါ်စန္ဒာမင်းတို့ ပုဂံတွင် တစ်ခန်းတည်း တည်းခိုခဲ့သည့်သတင်း အင်တာနက်ပေါ်တွင်ပျံ့နှံ့

 
၈၈ ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်နှင့် ဇမ္ဗူသီရိမြို့နယ် NLD အမတ်လောင်း အိမ်ထောင်သည် ဒေါ်စန္ဒာမင်းတို့ ပုဂံတွင် တစ်ခန်းတည်း တည်းခိုခဲ့ကြသည့်သတင်းများ အင်တာနက်ပေါ်တွင် ပျံ့နှံ့ထွက်ပေါ်လျှက်ရှိပါသည် ။

ကိုဌေးကြွယ် နဲ့ ဒေါ်စန္ဒာမင်းတို့သည် ပုဂံမြို့ Bagan Hotel , River View အခန်းအမှတ် ၂၁၁ မှာ ၈-၂-၁၂ ရက်နေ့မှ ၁၀-၂-၁၂ ရက်နေ့အထိ တစ်ခန်းတည်းအတူတည်းခိုနေထိုင်ခဲ့ကြောင်း အဆိုပါသတင်းများအရသိရှိရပါသည် ။ဇမ္ဗူသီရိမြို့နယ် NLD အမတ်လောင်း  ဒေါ်စန္ဒာမင်း ဟာအိမ်ထောင်သည်တစ်ဦးဖြစ်ပြီး သူမ၏အမျိုးသားမှာ ဗိုလ်ကြီးဟောင်း မောင်မောင် ဆိုသူဖြစ်ကြောင်းလည်း သိရှိရပါသည် ။