Thursday, May 19, 2011

ဤခရီးများ ရိုးသားကြပါရဲ့လား

မစ္စတာ ဗီဂျေး နမ်ဘီယား
 
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က မြန်မာနိုင်ငံဆိုင်ရာ အကြံပေး ပုဂ္ဂိုလ်အဖြစ် ယာယီ တာဝန်ပေးအပ်ထားတဲ့ မစ္စတာ ဗီဂျေး နမ်ဘီယား (Vijay Nambiar) ဟာ မေလ ၁၁ ရက်နေ့ ကနေ ၁၃ ရက်နေ့အထိ မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပြီး သုံးရက်ကြာ ဒီခရီးစဉ် အတွင်းမှာ အစိုးရတာဝန်ရှိပုဂ္ဂိုလ်များအပြင် ဒေါ်စုကြည်အပါဝင် တရားဝင်ဖွဲ့စည်းထားတဲ့နိုင်ငံရေး ပါတီများနဲ့ပါ တွေ့ဆုံခဲ့ပါတယ် ။ ထူးခြားတာကတော့ အစိုးရတာဝန်ရှိသူများ တရားဝင်နိုင်ငံရေးအဖွဲ့များနဲ့ တွေ့ဆုံရာမှာ လူအများရှေ့မှာ တွေ့ဆုံခဲ့သော် လည်း ဒေါ်စုကြည်ကို တွေ့ဆုံရာမှာတော့ နှစ်ဦးတည်းသီးသန့် တွေ့ဆုံခဲ့တဲ့အပြင် အချိန်အားဖြင့်လည်း အများနဲ့ တွေ့ဆုံချိန်ထက်ပိုပြီး ကြာတာကို သတိပြုမိပါတယ် ။ ယခင်တစ်ခေါက်လာတုန်းကလည်း ခုလိုသီးသန့် တွေ့ဆုံခဲ့ပါတယ်။


ဂျိုးဇက် ယွန်း (Joseph Yun)
 
ဒါကတော့ နောက်တစ်ယောက်ပါ အမေရိကန်ပြည်ထောင်စု အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက် ယွန်း (Joseph Yun) ဟာမေလ ၁၇ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ မြန်မာနိုင်ငံကို ရောက်နေပြန်ပါပြီ ၊ သူကလည်း အစိုးရတာဝန်ရှိသူတွေအပြင် ဒေါ်စုကြည်အပါအ၀င် တရားဝင်ဖွဲ့ထားတဲ့နိုင်ငံရေး ပါတီများမှ တာဝန်ရှိသူများ ၊ စီးပွားရေးအဖွဲ့ အစည်းများမှ တာဝန်ရှိသူများ နဲ့တွေ့ဆုံဘို့စီစဉ်ထားပါတယ် ၊ ထူးခြားတာလားတိုက်ဆိုင်တာလားတော့မသိပါဘူး သူကလည်းဒေါ်စုကြည်နဲ့ နှစ်ဦးတည်း သီးသန့် တွေ့ပါဦးမယ် ၊ အရင်တစ်ခေါက်လာတုန်းကလည်း ဒီလိုဘဲ နှစ်ဦးတည်း သီးသန့် တွေ့ဆုံခဲ့ပါသေးတယ် ။


တောမတ်စ် အိုဟေး ကင်တားနား
 
ဒီပုဂ္ဂိုလ်ကတော့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ဆိုတဲ့လူပါ ထိုင်းနိုင်ငံကို မေလ ၁၅ ရက်နေ့ကတည်းက ရောက်ရှိနေပြီး သတင်းတစ်ပတ်ကျော် နေထိုင်ပြီး မြန်မာ အတိုက်အခံ နိုင်ငံရေး အဖွဲ့အစည်းတွေနဲ့ ထိုင်းနိုင်ငံမှာ တွေ့ဆုံနေပါတယ်။ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂမှာ တင်ပြသွားဖို့အတွက် လူ့အခွင့်အရေး အထူးကိုယ်စားလှယ် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံတွင်းကို ၀င်ခွင့်မရသေးတဲ့အတွက် အိမ်နီးချင်း ထိုင်းနိုင်ငံမှာ မြန်မာ့အရေး လှုပ်ရှားသူတွေ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေနဲ့ တွေ့ဆုံပြီး အချက်အလက်တွေကို စုဆောင်းနေတယ်လို့ဆိုပါတယ် ။ သူဟာ မနှစ်က တစ်နှစ်ထဲမှာဘဲ ထိုင်းနိုင်ငံကို အခုလို ခရီးစဉ်မျိုး ၃ကြိမ်လာရောက်ခဲ့ပြီး မြန်မာအစိုးရကိုလက်နက်ကိုင်တော်လှန်နေသူများအပါအ၀င် အစိုးရဆန့်ကျင်သူများနဲ့ တွေ့ဆုံပြီး အစိုးရကိုအရေးယူဘို့အဆိုတစ်ခုကို ကုလသမဂ္ဂ ကို တင်သွင်းခဲ့သူဖြစ်ပါတယ် ။

ဒီ အမေရိကန်ကိုယ်စားလှယ်နဲ့ ကုလသမဂ္ဂအရေခြုံ ထားတဲ့ အမေရိကန်လိုလားသူတွေ မှာတူညီတဲ့ အချက်တွေ ရှိပါတယ် -

- လတ်တလောအနေနဲ့ မြန်မာအစိုးရရဲ့ အကျဉ်းသား ၁၄၆၀၀ ကျော်လွတ်ပေးတဲ့ လွတ်ငြိမ်းချမ်းသာခွင့်  အမိန့်ကို စိတ်ပျက်မိတယ်လို့ တညီတညွတ်တည်း ၊ တစ်လေသံတည်းမှတ်ချက်ပြုထားသူများဖြစ်ကြပါတယ် ။

- အမေရိကန်နဲ့အီးယူရဲ့ မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ပိတ်ဆို့ထားမှုများကို ချွင်းချက် မ ရှိ ထောက်ခံ အားပေးနေသူများဖြစ်ကြပါတယ်။
 
- မြန်မာနိုင်ငံကို ကုလသမဂ္ဂ ကတရားဝင်အတည်ပြုထားတဲ့ Myanmar ဆိုတဲ့ အမည်ကို ကုလ ကိုယ်စားလှယ်တော်ကြီးတွေ ကိုတိုင် သုံးနှုံးခေါ်ဝေါ်ခြင်းမရှိဘဲ ၊ မြန်မာအစိုးရအတိုက်အခံများ ၊ အစိုးရဆန့်ကျင်သူများသုံးသည့် Burma ဆိုသောအမည်ကိုသာ တညီတစ်ညွတ်တည်း သုံးစွဲကြ သူများဖြစ်ကြပါတယ်။

- အစိုးရဆန့်ကျင်သူများ ၊ အတိုက်အခံများ ပြည်ပနိုင်ငံအသီးသီးတွင်ကျင်းပသည့် အခမ်းအနားများ ကို ကိုယ်တိုင်တက်ရောက်ချီးမြှင့်ခြင်း ၊ ထိုအဖွဲ့အစည်းများနှင့် မကြာခဏဆိုသလို စဉ်ဆက်မပြတ် ထိတွေ့ဆက်ဆံနေသူများဖြစ်ကြပါတယ် ။

- မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့်တောင်းခံရာတွင် ဒေါ်စုကြည်နှင့်ပါ သီးသန့်တွေ့ဆုံခွင့်ကိုပါ ပူးတွဲတောင်းလေ့ရှိပြီး ဒေါ်စုကြည်နှင့်တွေ့ဆုံခွင့်မရပါက မြန်မာပြည်သို့ မလာရောက်ကြ သူများ ဖြစ်ကြပါသည် ။


ဒါတွေကိုအားလုံးခြုံပြီးကြည့်လိုက်ရင် ဒီလူတွေဟာ မြန်မာပြည်အကျိုးကို လိုလားသူများမဟုတ်ကြဘူး ၊ အစိုးရဆန့်ကျင်သူများ ၊ အတိုက်အခံများနှင့် စိတ်တူကိုယ်တူရှိကြသူများ  ၊ မြန်မာအစိုးရ၏ နိုင်ငံရေးအရ အမှားကို စောင့်နေသူများ ၊ ရှာနေသူများ၊ လက်ရှိအစိုးရပြုတ်ကျပြီး ၄င်းတို့လိုလားတဲ့အစိုးရတစ်ရပ် ပေါ်ပေါက်လာရေး နေ့စဉ်အားထုတ်နေသူများ သာဖြစ်တယ် ဆိုတာပေါ်လွင်နေပါတယ်။
မြန်မာပြည်ကိုလာတယ်ဆိုတာ ကလည်း မြန်မာပြည်အကျိုး ၊ တိုင်းသူပြည်သားလူအများ၏ အကျိုးအတွက်မဟုတ်ဘဲ ဒေါ်စုကြည်နဲ့တွေ့ပြီး တိုင်းပြည်ဖျက်မယ့်အကြံတွေကို စည်းဝါးရိုက် တိုင်ပင် ၊ ပြည်တွင်းနဲ့ ပြည်ပ ချိန်ကိုက်ဆောင်ရွက်မှုတွေလုပ်ဘို့ ၊ ကုလသမဂ္ဂနဲ့ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စု တွေနဲ့ ပြည်တွင်းအတိုက်အခံတွေ ဟန်ချက်ညီဆောင်ရွက်ဘို့ဆိုတာ ထင်ရှားနေပါတယ် ။

အစိုးရသစ်တက်လာပြီးတဲ့နောက် အခုလို ခြေလှမ်းတွေဆောင်ရွက်လာနိုင်ကြောင်း စာရေးသူအနေဖြင့် တိုင်းပြည်အတွက်အရေးကြီးပြီ သွေးနီးကြပါစို့ ဆောင်းပါးဖြင့် ဤ ဘလော့တွင် တင်ပြပြီးဖြစ်ပါသည် ။ 

မြန်မာမျိုးချစ်လူငယ်အပေါင်းတို့ သင့်တိုင်းပြည်ကို အီရတ်လို၊ အိုင်ဗရီကို့စ်လို၊ လစ်ဗျားလို အဖြစ်ခံလိုပါသလား၊ ပြည်သူပြည်သား အမြောက်အများ  သေကြေတာကိုသင် မြင်လိုပါသလား ၊ အမေရိကန်နဲ့ အနောက်စစ်အုပ်စုရဲ့ အသုံးချခံဖြစ်လိုပါသလား ၊ သင့်တိုင်းပြည်ကို စစ်တလင်း အဖြစ်ခံလိုပါသလား အနောက်အုပ်စုနဲ့ ပြည်တွင်းပုဆိန်ရိုးတွေရဲ့ လှည့်ကွက်ထဲမှာ မြန်မာမျိုးချစ်လူငယ် တို့ အညံ့ခံကြတော့မလား ?????????????
ဒီလိုအဖြစ်တွေမကြုံချင်ဘူးဆိုရင် တိုင်းပြည်ထဲက ပုဆိန်ရိုး ဒေါ်စုကြည်နဲ့ NLD ကို ရတဲ့နည်းနဲ့ ချေမှုန်းကြပါ ၊ သင့်တဲ့နည်းနဲ့ ရှင်းပစ်ကြပါ ၊ ဒေါ်စုကြည်နဲ့ လက်ဝေခံ ဘယ်အဖွဲ့ကိုမဆို တိုက်ထုတ်ကြပါ ၊  အမေရိကန်နဲ့ အနောက်အုပ်စုကတော့ သူတို့လုပ်စရာရှိတာလုပ်နေပါပြီ မြန်မာတွေ လက်နှေးနေရမယ့် အချိန်မဟုတ်တော့ ကြောင်းထပ်မံတိုက်တွန်းအပ်ပါသည်။
ဝရဇိန်