xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: တိုင်းပြည်အတွက်အရေးကြီးပြီ ၊ သွေးနီးကြစို့

Sunday, April 17, 2011

တိုင်းပြည်အတွက်အရေးကြီးပြီ ၊ သွေးနီးကြစို့

လစ်ဗျားနိုင်ငံတွင် ကဒါဖီဦးဆောင်သော အစိုးရတပ်များနှင့် သူပုန်တို့အကြားမြို့ကြီး အတော်များများ တွင် ပြင်းထန်သော တိုက်ပွဲများဖြစ်ပွားကာ နှစ်ဘက်တပ်ဖွဲ့များ အပါအ၀င် အပြစ်မဲ့ပြည်သူ အမြောက်အများ သေဆုံးကာ စီးပွားရေး ၊ လူမှုရေး ၊ လူမှုရေး ၊ ကျန်းမာရေး ၊ ပညာရေးအစရှိသော အခြေအနေ အမျိုးမျိုး ပျက်စီးယိုယွင်းကာ အတိဒုက္ခ ရောက်နေပြီး ပြည်သူအများ ကျီးလန့်စာစား ဘ၀မျိုးသို့ ရောက်ရှိနေကြပါသည် ။
ထိုသို့ဖြစ်ပေါ်နေချိန်တွင် ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးတို့သည် လစ်ဗျား ပြည်သူတို့၏ အသက်အိုးအိမ်ကို ကာကွယ်ရန် တာဝန်ရှိလှပေရာ အစိုးရနှင့် အတိုက်အခံတို့အကြား ပြေလည်အောင် ဖြေရှင်းပေးရမည့်အစား သူပုန်တို့ဘက်မှ တစ်ဘက်သတ် ၀င်ပါ၍ အစိုးရတပ်များကို တိုက်ခိုက်လေတော့သည် ။ ထိုသို့တိုက်ခိုက်နိုင်ရန်လည်း ကုလသမဂ္ဂက တရားဝင် ခွင့်ပြုပေးခဲ့လေသည် ။

ပထမအဆင့်အနေဖြင့် အနောက်အုပ်စုနိုင်ငံများသည် အစိုးရကိုတော်လှန်နေသော သူပုန်တပ်ဖွဲ့များကို အင်အားကြီးလာအောင် နောက်ကွယ်မှ လူသားချင်းစာနာ၊ လူ့အခွင့်အရေး စသော ခေါင်းစဉ် အမျိုးမျိုးဖြင့် ထောက်ပံကာ အင်အားကြီးထွားလာအောင်လုပ်ပေးပြီး အိမ်ကြက် ချင်း အိုးမဲသုတ် ကာ တိုက်ခိုင်းလိုက်လေတော့သည် ။ အောက်က ပုံတွေကိုကြည့်ပါ လစ်ဗျားမှာ အစက ဒီလိုအင်အားတောင့်တင်းတဲ့ သူပုန်မျိုး မရှိပါ ။


 
ဒါကတော့ အဂျဒါဘိုင်ယာမြို့ကိုဖြတ်လာနေတဲ့ လစ်ဗျားသူပုန်ယာဉ်တန်းတခုပါ

 
A rebel soldier celebrates as his comrades fire a rocket barrage toward troops loyal to Libyan leader Moammar Gadhafi outside Ajdabiyah. 


 
ဒါကတော့ လစ်ဗျားသူပုန်တစ်ယောက် multiple-barrel rocket launcher တခုရှေ့မှာအနားယူနေတဲ့ပုံပါ  Ajdabiya မြို့ အပြင်ဘက်မှာပါ 
 

ရော့ကက်လောင်ချာတင် ပစ်ကပ်ကားတွေနဲ့အတူတွေ့နေရတဲ့လစ်ဗျား သူပုန်တွေပါ

 
လက်နက်အပြည့်အစုံနဲ့ လစ်ဗျားသူပုန်တွေပါ 

 
အစိုးရတပ်ရှိမယ်ထင်တဲ့နေရာတွေကို ဒီလိုမှန်းပစ်နေတာပါ ပဲ့ထိန်းပါတဲ့ ဒုံးတွေ မဟုတ်ပါဘူး မကောင်းသူထိပ် ကောင်းသူထိပ်ဆိုတာလိုပါဘဲ
ဒီတော့ ခုလို အနောက်အုပ်စုအထောက်အပံ့နဲ့ အင်အားကြီးလာတဲ့သူပုန်တွေကို အစိုးရက နှိမ်နင်းရပါတယ် ဒီလောက် အင်အားကြီးနေတဲ့သူပုန်တွေကို အစိုးရက မောင်းပြန်သေနတ်လေး နဲ့နှိမ်နင်းနေလို့ ဘယ်ရနိုင်ပါ့မလဲ ဒီတော့ သူ့မှာရှိတဲ့ ရဟတ်ယာဉ်တွေ တိုက်လေယာဉ်တွေသုံးပြီး  နှိမ်နင်းပါတယ် တနေ့ကို  လေယာဉ်လေးတစ်စီးစီလောက်နဲ့ ၂ကြီမ် ၃ ကြိမ်လောက် နှိမ်နင်းပါတယ် ။

ဒီမှာတင် အမေရိကန်ဦးဆောင်တဲ့ နေတိုးတပ်တွေဟာ သူတို့တိတ်တိတ်ပုန်းထောက်ပံ့နေတဲ့ သူပုန်တွေကို ကဒါဖီက လေယာဉ်တွေနဲ့ နှိမ်နင်းရပါ့မလား ၊ ပစ်ရပါ့မလားဆိုပြီးတော့ ကုလသမဂ္ဂ ရဲ့ ဆုံးဖြတ်ချက်ယူပြီး ပြောင်ကျကျ ၀င်တိုက်ပါတော့တယ် ၊ ကုလသမဂ္ဂ ကလဲ အမေရိကန်ဘာလုပ်လုပ် ခွင့်ပြုပါတယ် UN လို့မခေါ်ဘဲ US အမည်ပြောင်းရမလို ဖြစ်နေပါပြီ ၊ ဒီတော့ဘာလုပ်ကြ သလဲဆိုရင် .....အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကလင်တန်ဟာ သူပုန်ခေါင်းဆောင်တွေနဲ့ တွေ့ပါတယ် ခပ်ပြောင်ပြောင်ပါဘဲ ၊ နေတိုးတပ်မှူးတွေနဲ့ သူပုန်တွေတွေ့ပြီး လေကြောင်းကပစ်ရမဲ့ ပစ်မှတ်တွေရွေးပါတယ် ပြီးတော့ ဒီပစ်မှတ်တွေကို လေယာဉ်တွေနဲ့ နေ့စဉ်ခေါက်ရေ ရာနဲ့ချီပြီး ပစ်ပါတယ် ။

ဒါ ..လစ်ဗျားအစိုးရတပ်တွေကိုတိုက်ဘို့ပျံတက်သွားတဲ့ နေတိုးရဲ့လေယာဉ်တွေပါ

 
ဒါကတော့ ဗြိတိသျှတို့ရဲ့ တော်နေဒိုး GR-4 လေယာဉ်တစ်စီး လစ်ဗျားကိုတိုက်ဘို့ထွက်ခွာနေပုံပါ
 

လေယာဉ်နဲ့အားမရလို့ တစ်လုံးကို ဒေါ်လာ ၁ သန်းနီးပါးတန်တဲ့ ခရုဇ် ဒုံးကျဉ်တွေနဲ့ ရာပေါင်းများစွာ ပစ်ခတ်ခဲ့ကြသေးတယ်
 

သုံးတဲ့လက်နက်တွေဟာ ဘယ်လောက်ပြင်းထန်သလဲဆိုရင် တစ်ချက်ထဲမှန်တဲ့ ကဒါဖီရဲ့ နေအိမ်ဟာ  ခုလို မြေပြင်မှာပုံကျသွားပါတယ်


အမေရိကန်နဲ့အပေါင်းအပါတွေကတော့ သူတို့ခုလိုလုပ်တာ အရပ်သားတစ်ယောက်မှ မသေပါဘူး လို့ ပြောနေပါတယ်။ ဒီတော့ ဒေသတွင်းမှာသြဇာကြီးမားတဲ့ အာဖရိက ယူနီယံက ငြိမ်းချမ်းရေး အစီစဉ်တစ်ခု အဆိုပြုပါတယ် တောင်အာဖရိကသမ္မတ ကိုယ်တိုင် လစ်ဗျားကိုသွားပြီး ညှိနှိုင်းပါတယ် ။နှစ်ဘက်နဲ့တွေ့ပါတယ် ။ ကဒါဖီအစိုးရက ဒီငြိမ်းချမ်းရေး အစီအစဉ်ကို လက်ခံပါတယ် ၊ သူပုန်တွေက လက်မခံပါဘူး ၊ ဒီတော့ ကုလသမဂ္ဂနဲ့ နေတိုးက ငြိမ်းချမ်းရေးလက်မခံတဲ့ သူပုန်ဘက်က ဆက်ပါ ပါတယ် ။
 ကဒါဖီအစိုးရ ပြုတ်ကျသည်အထိဆက်တိုက်မယ်လို့ အမေရိကန်နဲ့ ဗြိတိန်က ကြေငြာပါတယ် ။

ဒီပုံကတော့ ဘာလင်မှာလုပ်တဲ့ ကဒါဖီပြုတ်ကျရေးအစည်းဝေးမှာတွေ့ရတဲ့  နေတိုးကနိုင်ငံခြားရေးဝန်ကြီးတွေပါ၊ ဒီအစည်းဝေးမှာ လစ်ဗျားကိုတိုက်ဖို့ နောက်ထပ်လေယာဉ်တွေထပ်ပို့ ဘို့ သဘောတူခဲ့ကြပါတယ်

ဒါတွေကတော့ ကုလသမဂ္ဂ ၊ နေတိုးစစ်အုပ်စု ၊ အမေရိကန် တို့ရဲ့ လစ်ဗျား ပဋိပက္ခမှာ ပါဝင်နေတဲ့ ပုံသဏ္ဍန်ကို တင်ပြထားတာပါ ။ အောက်မှာဆက်လက်တင်ပြမှာကတော့ ဒီ ကုလသမဂ္ဂ ၊ အမေရိကန် နဲ့ အီးယူ (ဒီနေရာမှာ အီးယူဆိုတာကလဲ အားလုံးသိတဲ့အတိုင်း အမေရိကန်ဦးဆောင်တဲ့ စီးပွားရေးအုပ်စုပါ ၊ အမေရိကန်ဦးဆောင်တဲ့ စစ်အုပ်စုကို နေတိုးလို့ခေါ် ပါတယ် ဒီနှစ်ဖွဲ့ဟာ တကယ်တော့ ကုလားကြီးနဲ့ အရာကြီးပါပဲ )တို့ရဲ့ မြန်မာနိုင်ငံအပေါ်လုပ်နေပုံတွေကို တင်ပြသွားမှာပါ ၊ 

(၁) မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်စုကြည်ကို ငြိမ်းချမ်းရေးနိုဘယ်ဆု အပါဝင် ဆုရာကျော်ပေးပြီး ကမ္ဘာမှာ ထင်ရှား ပေါ်ပြူလာ ဖြစ်အောင်လုပ်နေပါတယ်။တနေ့ကထိ ဟီလာရီကလင်တန် က ပေးနေတုန်းပါဘဲ ။
 
(၂) ဒီဒေါ်စုကြည် နေအိမ်အကျယ်ချုပ် ကျနေစဉ်က ဒီအဖွဲ့အစည်းတွေဟာ  သူမလွတ်မြောက်ဘို့ အကြိမ်ကြိမ် ကြိုးစားခဲ့ကြတယ်၊ ကုလအတွင်းရေးမှူးချုပ်ဆိုရင် ဒေါ်စုကြည်နဲ့မတွေ့ရလို့ စိတ်ကောက်ပြီးတောင် ပြန်သွားဘူးတယ် ။
 
(၃) ဒေါ်စုကြည်လွတ်လာတော့ ကုအတွင်းရေးမှူးချုပ်ကြီးက အရင်ဆုံးဖုန်းဆက်တယ် ၊ အမေရိကန်သမ္မတ အိုဘားမားက ကမ္ဘာ့မီဒီယာတွေကနေ ၀မ်းမြောက်ကြောင်း ပြောကြားတယ် ၊ ဟီလာရီကလင်တန်က ပထမ စာရေးတယ် ၊ နောက်ဖုန်းဆက်တယ် ။ 
 
(၄) ထိုင်းမြန်မာ နယ်စပ် က မြန်မာအစိုးရကို လက်နက်ကိုင်တော်လှန်နေတဲ့ KNU အခြေစိုက်ရာနေရာ အနီးမှာ ကုလရဲ့ ဒုက္ခသည် စခန်းအမည်နဲ့ အင်အားသိန်းချီရှိတဲ့ အင်အားစုကြီးတစ်ခုကို တည်ဆောက်ထားတယ် ။ လူသားချင်းစာနာ ခေါင်းစဉ်အမျိုးမျိုးနဲ့ ထောက်ပံ့ ကျွေးမွေးထားတယ်။
 
(၅) ဒီဒုက္ခသည်စခန်းကို ထိုင်းမှာရှိတဲ့ အမေရိကန်သံအမတ်က အခြားသံအမတ်တွေကိုခေါ်ပြီး ပြီးခဲ့တဲ့နှစ်က သွားရောက်ကြည့်ရှု အားပေးခဲ့တယ် ။လိုအပ်တာတွေကို ကုလခေါင်းစဉ်နဲ့ ထပ်ဖြည့်ပေးပြီး အင်အားခိုင်မာအောင် လုပ်နေတယ် ။
 
(၆)ကုလသမဂ္ဂ ကလူ့အခွင့်ရေးကိုယ်စားလှယ်အမည်ခံထားတဲ့ အမေရိကန်ရဲ့လူ ကင်တားနားဟာ ဒီဒေသကို တနှစ်ထဲမှာ ၃ ကြိမ်သွားပြီး မြန်မာအစိုးရဆန့်ကျင်သူတွေနဲ့ တွေ့တယ် အဲဒီ အစိုးရဆန့်ကျင်သူတွေဆီကရတဲ့ အချက်တွေကိုအခြေခံပြီး ကုလသမဂ္ဂ မှာ အစိုးရရဲ့ လူ့အခွင့်ရေးချိုးဖေါက်မှုတွေ ဆိုပြီးအစီရင်ခံစာတင်တယ် ။ အစိုးရကိုအရေးယူဘို့ အဆိုပြုတယ် ။
 
(၇) အမေရိကန်ဦးဆောင်တဲ့ အီးယူက မြန်မာနိုင်ငံပေါ် စီးပွားရေး ပိတ်ဆို့ထားဘို့ နောက်တနှစ် သက်တမ်းတိုး လိုက်တယ် ။ ဒီနှစ်သက်တမ်းတိုးတဲ့အထဲမှာ မြန်မာခေါင်းဆောင် အချို့ကို သူတို့ဆီလာလို့ ရအောင် အခွင့်ရေးပေးထားသလိုလိုနဲ့ သူတို့လူတွေ မြန်မာပြည်ထဲဝင်ပြီး အတိုက်အခံခေါင်းဆောင်နဲ့ အနီးကပ် လို့ရအောင် အကွက်ဆင်ထားလိုက်သေးတယ် ။
 
(၈) အမေရိကန်က မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ခန့်ပြီး အတိုက်ခံခေါင်းဆောင် နဲ့ တွေ့ဘို့ခြေလှမ်းလာနေတယ် ။အစိုးရကခွင့်မပြုရင် မပြုရကောင်းလားဆိုပြီးပြသနာရှာမယ် ၊ ပြုလိုက်ပြန်ရင်လဲ တိုင်းပြည်ကို အနီးကပ်ပူးသတ်မယ် ။
 
(၉) တစ်ချိန်တည်းမှာပဲ အတိုက်အခံရဲ့ အားတွေဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားအမည်ခံ အစိုးရဆန့်ကျင်သူတွေဆိုတာတွေကို လွှတ်ပေးဘို့ အသံကုန်ဟစ်နေတယ် ၊ ဘန်ကီမွန်းကလဲ ဒီလေသံပဲလိုက်အော်နေတယ် ။

(၁၀) ဒီရက်ပိုင်းမှာပဲ ကင်တားနားက ပြည်ဝင်ခွင့်တောင်းထားပါတယ် ၊ အမေရိကန်အမတ် ၂ ဦးကလည်း ဒေါ်စုကြည်နဲ့ တွေ့ဘို့ ပြည်ဝင်ခွင့်တောင်းနေပါတယ် ။ ဒါလဲခုနလိုပါဘဲ ၀င်ခွင့်မပေးရင် မပေးရကောင်းလားဆိုပြီး ပြဿနာရှာမယ် ၊ ပေးဝင်လိုက်ရင်လဲ လူ့အခွင့်ရေးချိုးဖေါက်တာတွေတွေ့ပြီ ဘာညာဆိုပြီး အတိုက်အခံနဲ့ ပေါင်းကြံမယ် ။

ဒါတွေအားလုံးကိုကြည့်လိုက်ရင် ကုလသမဂ္ဂ ၊ အမေရိကန် ၊ အီးယူတွေဟာ မြန်မာအစိုးရရဲ့ နိုင်ငံရေးအရ အမှားကိုစောင့်နေတယ် ၊ ဒေါ်စုကြည်ကို ကီးပလေယာ(Key Player) ထားပြီး တိုင်းပြည်ကို လစ်ဗျားလို ၊ အိုင်ဗရီကို့စ်လို လုပ်မလို့ ကြံနေတယ်ဆိုတာသိသာတယ် ။ အခြေနေပေးတာနဲ့ နယ်စပ်က အင်အားစုကြီးကိုသုံးပြီး အစိုးရကိုဖြုတ်ချ ၊ ဒေါ်စုကြည်ဦးဆောင်တဲ့ သူတို့ကိုလိုလားတဲ့အစိုးရတင်ဘို့ ကြံနေတယ်ဆိုတာ လယ်ပြင်မှာဆင်သွားသလို ရှင်းနေတယ် ၊ မလုပ်ဘူးလို့မပြောနဲ့ အိုင်ဗရီကို့စ်မှာ မနေ့တနေ့ကပဲ ဒီပုံစံနဲ့ တစ်ပုံစံတည်းလုပ်ပြီးသွားပြီ ၊ သမ္မတကိုလဲဖြုတ်ချလိုက်ပြီ သူတို့နဲ့အလွမ်းသင့်တဲ့သူကိုလဲ တင်လိုက်ပြီ ၊သူတို့တင်ချင်တဲ့သူလဲတင်ပြီးရော သမ္မတဟောင်း လက်ထက်က ပိတ်ဆို့ထားတဲ့စီးပွားရေးလဲ ပြန်ဖွင့်ပေးလိုက်ပြီ။

မြန်မာမျိုးချစ်လူငယ်အပေါင်းတို့ သင့်တိုင်းပြည်ကို အိုင်ဗရီကို့စ်လို၊ လစ်ဗျားလို အဖြစ်ခံလိုပါသလား၊ ပြည်သူပြည်သား အမြောက်အများ  သေကြေတာကို မြင်လိုပါသလား ၊ အမေရိကန်နဲ့ အနောက်စစ်အုပ်စုရဲ့ အသုံးချခံဖြစ်လိုပါသလား သင့်တိုင်းပြည်ကို စစ်တလင်း အဖြစ်ခံလိုပါသလား အနောက်အုပ်စုရဲ့ လှည့်ကွက်ထဲမှာ မြန်မာတို့ အညံ့ခံကြတော့မလား ?????????????

ဒီလိုအဖြစ်တွေမကြုံချင်ဘူးဆိုရင် တိုင်းပြည်ထဲက ပုဆိန်ရိုး ဒေါ်စုကြည်နဲ့ NLD ကို ရတဲ့နည်းနဲ့ ချေမှုန်းကြပါ ၊ သင့်တဲ့နည်းနဲ့ ရှင်းပစ်ကြပါ ၊ ဒေါ်စုကြည်နဲ့ လက်ဝေခံ ဘယ်အဖွဲ့ကိုမဆို တိုက်ထုတ်ကြပါလို့ တိုက်တွန်းပါတယ် ။  

ဝရဇိန်
(တိုင်းပြည်အတွက် အရေးကြီးနေပါပြီ..သွေးနီးကြပါစို့ ..ဒီစာကို ရသလောက်ဖြန့်ပေးကြပါ ..သင့်ရနည်းနဲ့ မျိုးချစ်လူငယ်တို့လက် အရောက်ပို့ကြပါ ၊ မြန်နိုင်သမျှမြန် များနိုင်သမျှများအောင် ဖြန့်ဝေပေးကြပါရန် မျိုးချစ်လူငယ်အပေါင်းတို့အား တိုက်တွန်းအပ်ပါသည်)