တရုတ်ပညာရှိ သုခမိန်ကြီး “တိန်းတီ”က ပြောဖူးတယ်။ “မသိဘဲ သိသည်ထင်ခြင်းသည်
မသိမှု၏ အဆုံးစွန်တည်း၊ ယုတ်မာသည်ကို မြတ်သည်။
ထင်ခြင်းသည် ယုတ်မာမှု၏ အဆုံးစွန်တည်း”ပါတဲ့။ မသိတဲ့သူတွေ၊
တစ်စိတ်တစ်ပိုင်း လောက်သာ သိတဲ့သူတွေဟာ သူတို့ကိုယ်သူတို့ အလွန်သိ၊
အလွန်တတ်တယ်လို့ တစ်ခါတစ်ခါ ထင်တတ်ကြပါတယ်။ စွန်ကို ရောက်နေတဲ့ သူတွေလို့
ပြောရင်ရပါလိမ့်မယ်။
မသိတာကို သိတယ်ထင်တာ၊ နည်းနည်းကလေး သိတာကို အများကြီး သိတယ်ထင်တာ၊
ရိုးတိုးရိပ်တိပ် သိတာကို ရှင်းရှင်းလင်းလင်း သိတယ်လို့ ထင်နေတာဟာ
အလွန်ဆိုးပါတယ်။ လုံးဝမသိတာဟာ အန္တရယ်မရှိပေမယ့် မသိသလိုလို သိသလိုလိုတွေက
အလွန်အန္တရယ်ကြီးပါတယ်။ ရိုးသားတဲ့စိတ်ကို အခြေခြံပီး တစ်စိတ်တစ်ပိုင်းပဲ
သိရင်တစ်စိတ်ပဲ သိပါတယ်။ ဆက်ပြီးတော့ လေ့လာရဦးမယ်လို့ ၀န်ခံတတ်တဲ့
သူတွေဟာ တကယ်ပဲ သမာသမတ်ကျတယ်။ တည်ကြည်တယ်လို့လည်း ပြောနိုင်ပါလိမ့်မယ်။
