xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ၀ီကီလိခ်
Showing posts with label ၀ီကီလိခ်. Show all posts
Showing posts with label ၀ီကီလိခ်. Show all posts

Tuesday, October 25, 2011

လျှို့ဝှက်သတင်းများ ထုတ်လွင့်မှု ရပ်နားတော့မည့် Wikileaks

Wikileaks ဝက်ဆိုက်ကို ထူထောင်သူ Julian Assange

အင်တာနက် လောကအတွင်းတွင် လျှို့ဝှက်သတင်းများ ဖောက်ချမှုဖြင့် နာမည် ထင်ရှား လှသည့် Wikileaks ဝက်ဆိုက်ကို ထူထောင်သူ Julian Assange မှာ၎င်း၏ လျှို့ဝှက်ချက်များ ထုတ်ဖော်နေမှုကို ရပ်ဆိုင်းတော့မည် ဖြစ်ကြောင်း တနင်္လာနေ့က ပြောကြားလိုက်ကာ ၎င်းတို့ ဝက်ဆိုက်၏ ဘဏ္ဍာရေး ကိစ္စရပ်များ ပြန်လည် အခြေတည် နိုင်ရန် ယခုလို ပြုလုပ်မည် ဟု ကြေငြာ ရခြင်း ဖြစ်ကြောင်း ပြောကြား လိုက်သည်။ 



အမေရိကန် လျှို့ဝှက်ဌာနများမှ ထောင်ပေါင်း များစွာသော သတင်း အချက်အလက်များကို ဖွင့်ချခဲ့ပြီးနောက် wikileaks မှာ ငွေရေး ကြေးရေးနှင့် ဆိုင်သည့် လုပ်ငန်းကြီးများ ဖြစ်သည့် MasterCard နှင့်  PayPal တို့မှ အမည်ပျက် စာရင်း သွင်းခံလိုက်ရကာ ၎င်းတို့၏ ရပ်တည်ရေးမှာလည်း ယိုင်နဲ့လာခဲ့ရသည်။

Monday, April 25, 2011

အမေရိကန်တပ်သား ၀ီကီလိခ်သို့ သတင်းပေးဟုစွပ်စွဲခံရ လူ့အခွင့်ရေးချိုးဖေါက်စစ်ကြောမှုများရှိနေဟုသိရ

နာမည်ကျော် လျှို့ဝှက် သတင်းများ ဖွင့်ချသည့် Wikileaks သို့ သတင်း ပေါက်ကြား စေသူဟု စွပ်စွဲကာ ဖမ်းဆီး ထိန်းသိမ်းထားသော အမေရိကန်တပ်ဖွဲ့ ဝင်တစ်ဦးကို ဆက်ဆံပြုမူပုံနှင့် ပတ်သက်၍ ဝေဖန်မှုများ ခံထားရသော အိုဘားမား အစိုးရသည်  အဆိုပါတပ်သား ဘရက်ဒလီမန် နင်းကို ဗာဂျီးနီးယား ပြည်နယ် ကွမ်တီကို ဒေသ ရေတပ်စစ် စခန်းတစ်ခုတွင် ထိန်းသိမ်းထားရာမှ ကန်ဆက်စစ်အခြေစိုက် ဖော့လီဗန်ဝေါ့ရှိထောင်သို့ ရွှေ့လိုက်ကြောင်း ပင်တဂွန် အထွေထွေ ကောင်စီမှ အရာရှိ ဂျက်ဂျွန်ဆင်ကပြောကြားချက်ကို ကိုးကား၍ ရိုက်တာသတင်းကဖေါ်ပြလိုက်ပါသည်။
ဘရက်ဒလီမန်နင်းကို အရေးကြီး သော သံတမန်ရေးနှင့် စစ်ရေးအချက် အလက်များ ပေါက်ကြားစေခြင်း မသင်္ကာ မှုဖြင့် ထိန်းသိမ်း စစ်ဆေးနေခြင်းဖြစ်သည်။  အသက် ၂၃ နှစ်အရွယ် အဆိုပါ တပ်သားကို လူ့အခွင့်အရေးချိုးဖောက် စစ်ကြောမှုများရှိနေကြောင်း ၎င်း၏ ရှေ့နေများက ကန့်ကွက်ထားသည်။ အခန်းကျဉ်းလေးထဲတွင် ပိတ်လှောင်ထား ခြင်း၊ အဝတ်အစား မပါဘဲအိပ်စေခြင်း၊ မကြာခဏ လာနှိုးခြင်းများရှိကြောင်း ရှေ့နေများက ဆိုသည်။ ယင်းကဲ့သို့ အကြိမ်အနည်းငယ်သာ လုပ်ခဲ့ကြောင်း ပင်တဂွန်က ၀န်ခံပြောဆိုထားသည်။

Friday, December 24, 2010

အမေရိကန်လေတပ် ၀ီကီလိခ် ပိတ်ပင်

အမေရိကန်လေတပ်က ၀န်ထမ်းတွေကို ၀ီကီလိခ်က ဖော်ကောင်လုပ်ထားတဲ့ အမေရိကန် စစ်ရေးနဲ့ သံတမန်ရေး လျှို့ဝှက်သတင်း တွေ ကို ပုံနှိပ်ထုတ်ဝေခဲ့တဲ့ သတင်းမီဒီယာ ၂၅ ခုရဲ့ ၀က်ဘ်ဆိုက်တွေကို ၀င်ရောက်အသုံးမပြုဖို့ ပိတ်ပင်လိုက်တယ်လို့ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက ဒီဇင်ဘာလ ၂၂ ရက်နေ့က ပြော ကြားခဲ့ပါတယ်။
ဒီလို ပိတ်ပင်လိုက်တယ်ဆိုတာဟာ ကေဘယ်အွန်လိုင်းတွေမှာလည်း သတင်းတွေ လွှင့်တင်ထားတဲ့ နယူးယော့ခ်တိုင်း(မ်)၊ ဂါးဒီးယန်း သတင်းစာနဲ့ Der Speigel အပါအ၀င် သတင်း ၀က်ဘ်ဆိုက်တွေကို ကွန်ပျူတာအသုံးပြုသူ လေတပ်ဝန်ထမ်းတွေ အသုံးပြုလို့ မရအောင် ရည်ရွယ်တာပါလို့ အမေရိကန်စစ်ဌာနချုပ် ပင်တဂွန် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဒေးဗ်လာ ပန်က အေအက်ဖ်ပီကို ပြောကြားခဲ့ပါတယ်။

Tuesday, December 21, 2010

ဝီကီလိခ် ဆိုတာမိတ်ဆွေပါ





အခုတလော ကမ္ဘာ့နိုင်ငံအတော်များများက အစိုးရတွေနဲ့ မီဒီယာလောကကြီးတစ်ခုလုံး ရင်တမမနဲ့ စောင့်ကြည့်နေကြရတဲ့ဖြစ်ရပ်ကြီးတစ်ခု ပေါ်ထွက်လာခဲ့တယ်။ အမေရိကန်အစိုးရရဲ့ လျှို့ဝှက်စာရွက်စာတမ်းတွေကို '၀ီကီလိခ်' ဆိုတဲ့ အွန်လိုင်းမီဒီယာတစ်ခုက ဖွင့်ချဖော်ထုတ်နေတဲ့ကိစ္စဖြစ်တယ်။

ဝီကီလိခ်မှ ထိပ်တန်းဖော်ပြမှုများ


စတော့ဟုမ်း - ခရာတွတ်၍အသိပေးသော ၀က်ဘ်ဆိုက် ၀ီကီလိခ်သည် တိုတောင်းသည့် အချိန်ကာလ အတွင်း (ယခုရက် သတ္တပတ်အတွင်း) ထုတ်ဖော်ပြလိုက်သည့် သံတမန်ကြေးနန်း ၂၅၀,၀၀၀ အနက်မီးမောင်း ထိုးခံရ သည့် မှတ်တမ်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။

Friday, December 17, 2010

WikiLeaks ဆိုသည်မှာ



ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဆူနာမီပြီး လျှင် အကြီးဆုံးဟုဆိုရမည့် ငလျင်ကြီး တစ်ခု ဖြစ်ခဲ့သည်။ ထိုငလျင်က မြေ ပေါ်တွင်မဟုတ်၊ မိုးပေါ်တွင်ဖြစ်ခဲ့သည် မို့ အားလုံးအတွက် ထူးဆန်းနေသည်။


အထူးသဖြင့် ငလျင်ဗဟိုချက်က အမေရိကန် နိုင်ငံရေးနဲ့ သံတမန်အသိုင်းအ၀ိုင်းကို အကြီးအကျယ်အထိနာစေခဲ့ခြင်းဖြစ်သည်။ အမေရိကန် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ လုံခြုံရေး၊ သံတမန်ရေး လျှို့ဝှက်ချက် လေးပုံတစ်ပုံကျော် ဖောက်ချ လိုက်တဲ့ ၀ိကိလိခ်စ် (WikiLeaks) အွန်လိုင်း ငလျင်ကြီးပင်။