ဒီကနေ့ ရုရှားနိုင်ငံအနောက်ဘက်၊ မော်စကိုမြို့တော်ရဲ့ တောင်ဘက် မိုင်
၃၇၀ အကွာမှာရှိတဲ့ Belgorod ဒေသမှာ Antonov-148 အမျိုးအစား ရုရှားလုပ်
အမောင်းသင်လေယာဉ် ပျက်ကျသွားပြီးတော့ လေယာဉ်ဝန်ထမ်း ၄ ဦးနဲ့အတူ
လေယာဉ်အမောင်းသင်နေသူ မြန်မာနိုင်ငံသား ၂ ဦး၊ အားလုံး ၆
ဦးသေဆုံးသွားခဲ့တယ်လို့ မော်စကိုမြို့တော်က ရုရှားနိုင်ငံရဲ့
အရေးပေါ်အခြေအနေများ ကိုင်တွယ်ဖြေရှင်းရေး ၀န်ကြီဌာနက ပြောကြားလိုက်ကြောင်း
ရုရှားအစိုးရသတင်းမှာ ဖော်ပြထားပါတယ်။
Saturday, March 5, 2011
Friday, March 4, 2011
သတင်းခေါင်းစဉ်များကပြောသော သတင်းဌာနများ၏ အတွင်းသရုပ်
သတင်းခေါင်းစဉ် တွေကိုဖတ်လိုက်တာနဲ့ ဒီသတင်းဌာန ဟာ ဘယ်သူကို ကိုယ်စားပြုတယ် ဘာကို ဦးတည်နေတယ်ဆိုတာသိသာပါတယ် သခင်အားရ ကျွန်ပါးဝ သတင်းဌာန တွေအများကြီးထဲက ဒီနေ့တော့ ထိုင်းနိုင်ငံအခြေစိုက် ဧရာဝတီ သတင်းဌာန ရဲ့ မတ်လ ၄ ရက်နေ့ ပင်မစာမျက်နှာက သတင်းခေါင်းစဉ်တွေ ကို ကြည့်ကြရအောင်ပါ......လက်ရှိအစိုးရကို အပြစ်တင် အပုတ်ချ ဒေါ်စုကြည် ၊ အမေရိကန်နဲ့ ၊ လက်နက်ကိုင် သောင်းကျန်သူတွေကို အမွှန်းတင် ထားတဲ့ ကျွန်စော်နံတဲ့ သတင်းဌာန ဖြစ်ကြောင်း အထင်းသား ပေါ်နေပါတယ်..
- မြန်မာမူးယစ် နှိမ်နင်းမှု ပေါ့လျော့ဟု အမေရိကန်ပြော
-ယာယီနိုင်ငံကူး လက်မှတ်ဖြင့် မြန်မာပြည်ပြန်သူများ ငွေညှစ်ခံရ
-ကလေးစစ်သား စုဆောင်းမှုများ ဆက်လက်တိုးမြင့်ဆဲ
-အင်းစိန် ဗုံးကွဲမှု ဂယက် နိုင်ငံရေး အကျဉ်းသားဟောင်းများကို ရိုက်ခတ်
-နေပြည်တော် ဆောက်လုပ်ရေး လုပ်သားများ ခေါင်းပုံဖြတ်ခံနေရ
-ကဒါဖီ သင်ခန်းစာနှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ
-ပင်လုံကဲ့သို့ ညီလာခ့တစ်ခု ကျင်းပသင့်
-တိုက်လေယာဉ် ပထမအသုတ် မတ်လအတွင်းရောက်မည်
-အရေးကြီးပြီ သွေးနီးကြစို့
-အကျဉ်းထောင်ထဲက ရွှေရတု ဇာဂနာ
ဒီသတင်းဌာနကိုဦးဆောင်နေသူဟာ.. ငွေကြေးမလိမ့်တပတ်မှုနဲ့ နာမည်ပျက်ရှိသူဖြစ်ပြီး အထောက်အပံ့ တွေဖြတ်တောက်ခဲ့ တဲ့အဖွဲ့အစည်းတွေကို မထောက်ပံ့တော့တဲ့အခါ အ မနာပ ပြောဆိုတတ်သူ ဖြစ်တာကြောင့် လက်ရှိထောက်ပံ့နေသော အဖွဲ့ အစည်းများကလဲ ဆက်လက် ထောက်ပံ့ရေး ပြန်လည်စဉ်းစားနေတာကြောင့် လောလောဆယ် ပုံနှိပ်ထုတ်ဝေ တဲ့ သတင်းဂျာနယ်ကို ရပ်ဆိုင်းထားရပြီး ၀န်ထမ်းများလည်းလျော့ချကာ ရပ်တည်ရေး အတော်ကြိုးစားနေ ရတယ်လို့လည်း ပြောဆိုမှုများ ရှိကြောင်း သတင်းရရှိပါတယ်။
Thursday, March 3, 2011
သူများ ယောင်လို့ ယောင်
ခုတလော သတင်းတွေမှာခေတ်စားနေတဲ့ အာရပ်ကမ္ဘာ ကလူထုလှုပ်ရှား မှုတွေ ကိုအားကျပြီး မြန်မာ့ လူစွမ်း ကောင်းကြီးများကလည်း အားကျမခံ အင်တာနက်ပေါ်မှာ လှုပ်ရှားနေကြပြန်ပါပြီ..သူများက စပယ် တော်လှန်ရေးဆိုတော့ သူတို့က..ဘာတဲ့...နှင်းဆီတော်လှန်ရေးဆိုလားပဲ..ဟာဟ ..ဒီကြားထဲ သူတို့ရဲ့ မဟာ နှင်းဆီ တော်လှန်ရေးကြီးရဲ့ LOGO မှာ သူတို့ကိုယ်တိုင် မီးအကြိမ်ကြိမ် ရှို့ခဲ့တဲ့ အလံကြီးကလဲပါသေးဗျား...
ဟော...ဒီမှာနောက်တစ်ခုဗျား.. ထမီချုံထဲက လက်သီးပုန်း တံဆိပ်နဲ့ JUST DO IT ဆိုလားပဲ ..သူတို့ကတော့ လိုဂို ဆွဲပြီး နက်ပေါ်တင်ပြီးရင် တာဝန်ကျေသွားပြီ..ကျန်တာ ပြည်သူတွေဆက်လုပ်ပေါ့..ဒီ သဘောပေါ့လေ...ထွက်ပါလိမ့်မယ် ပြည်သူက ..
ဒါတွေနဲ့ ချိန်ကိုက်ပြီး NLD ရုံးချုပ်မှာ ဗဟိုကော်မတီ အဖွဲ့ဝင်တွေနဲ့ NLD တိုင်းနဲ့ပြည်နယ် ၁၃ ခုက
စည်းရုံးရေး အဖွဲ့ဝင်တွေဟာ ဒီကနေ့ မတ်လ ၃ ရက်နေ့ကစလို့ မတ်လ ၁၈ ရက်နေ့ထိ
အလှည့်ကျ တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်မှာဖြစ်ပြီး ဒီကနေ့ ပထမဆုံးနေ့မှာ
ရန်ကုန်တိုင်း တာဝန်ခံ စည်းရုံးရေးမှူးတွေ၊ ရန်ကုန်တိုင်း အတွင်းက
မြို့နယ်တာဝန်ခံ စည်းရုံးရေးမှူးတွေနဲ့ ဆွေးနွေးပွဲ စခဲ့ပါတယ်။
ကမ္ဘာကျော်အနောက်မျှော် မယ်တော်ကြီး ဒေါ်အောင်ဆန်းစုကြည်က ကိုယ်ယူထားတဲ့ တာဝန်ကို
မကျေဘူးဆိုရင်လည်း လူထုကို အားနာစရာ ကောင်းတယ် တခါ NLD ပါတီဟာ လှုပ်ရှားသင့်သလောက် မလှုပ်ရှား၊
လုပ်သင့်သလောက် မလုပ်သလို တက်ကြွသင့်သလောက်လည်း တက်ကြွတာ မတွေ့ရဘူးလို့
ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်သွားပါတယ်။ ဒါလူထုကို မြှောက်ပေးလိုက်တာပါ တခုခု ဖြစ်ရင်တော့ ငါမပါဘူးဆိုပြီး လုပ်လို့ရအောင် စကားကိုရွေးသုံး သွားတာတွေ့ရပါတယ် ...လူထုကတော့ထွက်လာမှာမဟုတ်ဘူး ထွက်လာမယ့် ခင်ဗျားတို့ကိုပဲ လူထုက စောင့်နေတယ်ခွေးမောင်းသလိုမောင်းထုတ်ဘို့...
ဝရဇိန်
အာရပ်ကမ္ဘာ အုံကြွမှု၊ ၀ိကီလိခ်နဲ့ အမေရိကန်
မျက်မှောက်
ကာလတွင် ကမ္ဘာပေါ်ရှိ နိုင်ငံအများစု စိတ်ဝင်တစား စောင့်ကြည့်နေသော
အခြေအနေမှာ အာရပ်ကမ္ဘာတွင် ဖြစ်ပေါ် နေသော ဆန္ဒပြမှုများပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့ ကမ္ဘာကြီးမှာ ဖြစ်ပျက်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊
ဘာသာရေး စတဲ့ အရေးပေါင်း မြောက်မြားစွာဟာ တစ်နှစ်ထက် တစ်နှစ် ကာလတစ်ခုနဲ့
တစ်ခု မရိုးရအောင် ဖြစ်ပေါ် ပြောင်းလဲနေတာကို လေ့လာ တွေ့ရှိကြရမှာ
ဖြစ်ပါတယ်။
အဲဒီလို
ပြောင်းလဲမှုတွေကလည်း ဒေသတစ်ခုနဲ့ တစ်ခု နိုင်ငံတစ်နိုင်ငံမှ
တစ်နိုင်ငံသို့ ကူးစက် ပျံ့နှံ့တတ်တဲ့ သဘော သဘာဝလည်း ရှိပါတယ်။
ကျွန်တော်တို့ ကမ္ဘာကြီးမှာ ၁၈ ရာစု နောက်ပိုင်း ကာလများမှ စပြီး
ပြောင်းလဲလာတဲ့ ဖြစ်စဉ် အမျိုးမျိုးမှာ အကြောင်းတရား
အကျိုးတရားတွေနဲ့ နောက်ကွယ်က ဖန်တီးထားမှုတွေ လှည့်ဖြားမှုတွေ အမျိုးမျိုး
ရှိနေတယ် ဆိုတာကို သေသေ ချာချာ စောင့်ကြည့် လေ့လာနေတဲ့ သုတေသန ပညာရှင်တွေက
ထင်မြင်ချက်တွေနဲ့ ကမ္ဘာကြီးကို ချပြမှုတွေ ရှိနေခဲ့ပါတယ်။
ယနေ့
အာရပ် ကမ္ဘာမှာ ဖြစ်ပေါ်နေတဲ့ လူထု အုံကြွမှုတွေကို လေ့လာကြည့်ကြမယ် ဆိုရင်
အဓိက တရားခံတွေဟာ ဘယ်သူတွေလဲ ဘာကြောင့် ဒီလို ဖြစ်ပေါ်ရတာလဲ ဆိုတဲ့
မေးခွန်းတွေ အစီအရီ ပေါ်လာမှာ သေချာပါတယ်။ သုံးသပ်သူ အချို့ကတော့ အခုလို
အကြမ်းဖက်မှုတွေ ဖြစ်ပေါ်ခဲ့တဲ့ တူနီးရှား၊ အာရပ်၊ အယ်လ်ဂျီးရီးယား၊ ယီမင်၊
လစ်ဗျား၊ ဘာရိန်း စတဲ့ နိုင်ငံတွေဟာ အစိုးရရဲ့ ဖိနှိပ်မှုတွေကြောင့် ဒီလို
လူထု အုံကြွမှုတွေ ဖြစ်တယ်လို့ ယေဘူယျအားဖြင့် ပြောဆိုနေကြ တာပါ။
Wednesday, March 2, 2011
ရန်ကုန်မြစ်ကြောင်းပြုပြင်ခြင်းလုပ်ငန်းများ တရုတ်ကုမ္ပဏီက ဆောင်ရွက်မည်
တန်ချိန် သုံး သောင်းခွဲရှိ
ပင်လယ်ကူးသင်္ဘောများ အလွယ် တကူဝင်ရောက်နိုင်ရေးအတွက် ရန်ကုန်မြစ်ဝ မှ
၄၈ကီလိုမီတာ(မိုင် ၃၀)အထိ သောင်တူး ဖော်ခြင်းနှင့်မြစ်ကြောင်း
ဖွံ့ဖြိုးရေးလုပ်ငန်း များကို တရုတ်ကုမ္ပဏီမှ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း
သိရသည်။
ထို CCCC TDG.Tianjin Dredging ကုမ္ပဏီအနေဖြင့်
ရန်ကုန်မြစ်ကြောင်း အား ယခင် တန်ချိန်တစ်သောင်းခွဲသင်္ဘော ကြီးများ
ဝင်ထွက်သွားလာနိုင်ရာမှ တန်ချိန် သုံးသောင်းခွဲ ပင်လယ်ကူးသင်္ဘောကြီးများ
အလွယ်တကူသွားလာနိုင်ရန် ပြုပြင်သွားမည် ဖြစ်သည်။
''မြစ်ကြောင်းတစ်ခုပြုပြင်ထိန်း သိမ်းဖို့ဆိုတာ
သောင်တူးဖော်ခြင်းနဲ့ပြုပြင် ခြင်း တွေကို တစ်ပြိုင်နက်ပူးတွဲဆောင်ရွက်
မှသာ အောင်မြင်မှာဖြစ်ပါတယ်။ မြန်မာ နိုင်ငံမှာရှိတဲ့ မြစ်ကြောင်းတွေက
အကွေ့ အကောက်တွေပေါများတဲ့အတွက် ပြုပြင် ထိန်းသိမ်းတဲ့နေရာမှာ
အခက်အခဲတွေရှိ နိုင်ပါတယ်။ အဲဒီအတွက် သက်ဆိုင်ရာ ဌာနတွေနဲ့ပူးပေါင်းပြီး
ရန်ကုန်မြစ်ကြောင်း ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို စီစဉ်တာပါ''ဟု CCCC TDG
Tianjin Dredging, Overseas Business Dept အထွေထွေ မန်နေဂျာ ဖုကျင်းချန်က
ပြောသည်။
ယင်းရန်ကုန်မြစ်ကြောင်း ဖွံ့ဖြိုး တိုးတက်ရေးအတွက်
အဆိုပါကုမ္ပဏီအနေ ဖြင့် ကနဦးဖြစ်နိုင်ဖွယ်ရာ လေ့လာဆန်း စစ်မှုများကို
မကြာခင်စတင်ဆောက်သွား မည်ဖြစ်ကြောင်း သိရသည်။
''ကျွန်တော်တို့အနေနဲ့
ဒီရန်ကုန် မြစ်ကြောင်းမှမဟုတ်ပါဘူး။ မြန်မာနိုင်ငံ အတွင်းက မြစ်ကြောင်းတွေ
ပြုပြင်ချင် တယ်ဆိုရင်လဲ ကူညီပေးဖို့အဆင်သင့်ရှိပါ တယ်။ အဲဒီအတွက်
မြစ်ကြောင်းများ ပြု ပြင်ရေးနဲ့ပတ်သက်ပြီး ဆက်လက်ဆောင် ရွက်ဖို့
သက်ဆိုင်ရာဌာနတွေနဲ့ ဆွေးနွေး နေပါတယ်။ သက်ဆိုင်ရာဌာနက ခွင့်ပြု
မယ်ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ အရေးပါ တဲ့မြစ်ကြောင်းတွေကို
ထိန်းသိမ်းရေးလုပ် ငန်းတွေ ဆက်လက်ဆောင်ရွက်သွားမှာပါ'' ဟု ဖုကျင်းချန်က
ဆိုသည်။
အဆိုပါကုမ္ပဏီသည် ကမ္ဘာ့ အအောင်မြင်ဆုံးကုမ္ပဏီများစာရင်းတွင်
ပါဝင်သော ကုမ္ပဏီတစ်ခုဖြစ်ပြီး ပြည်ပ နိုင်ငံပေါင်း ၇၀ကျော်နှင့်
ဂျပန် JBIC ဘဏ်၏ ကူညီမှု ကြောင့် ထားဝယ် ရေနက် ဆိပ်ကမ်း စီမံကိန်း သို့ ဂျပန်နှင့် ထိုင်းလုပ်ငန်း ရှင်ကြီးများ အလုံးအရင်း ၀င်ရောက် လာဖွယ်ရှိ
ထားဝယ် ရေနက် ဆိပ်ကမ်း စီမံ ကိန်း၌ ပါဝင် ရင်းနှီး မြှုပ်နှံမည့် ဂျပန်
နှင့် ထိုင်း လူမျိုး စီးပွားရေး လုပ်ငန်း ရှင်များ အတွက် လိုအပ် သည့် ဘဏ္ဍာ
ရေး အကူအညီ များကို ဂျပန် အပြည် ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု ဘဏ်
(JBIC)က ပံ့ပိုး ကူညီရန် စီစဉ် လျက် ရှိရာ မြန်မာ့ ရင်းနှီး မြှုပ်နှံမှု
နယ် ပယ်၌ ဂျပန်နှင့် ထိုင်းတို့ ပိုမို ဈေးကွက် ချဲ့ထွင် နိုင်ဖွယ်
ရှိကြောင်း သိရသည်။
အဆိုပါ အစီအစဉ် အရ ထား ၀ယ် ရေနက် ဆိပ်ကမ်း စီမံကိန်း သည် အလွန်ကြီးမား
ကျယ်ပြန့်သည့် အတွက် ရင်းနှီးမြှုပ်နှံမှု ပမာဏ တိုးမြှင့်ရန်
လိုအပ်ကြောင်း၊ သို့ဖြစ်၍ အာဆီယံ ဒေသ တွင်း ငွေကြေး စီးဆင်းမှု အတွက် bond
market (သဘောတူ ဈေး ကွက်)ကို တည်ထောင်ရန် ဂျပန် နိုင်ငံ က ထောက်ခံ
ကြောင်း၊ ထားဝယ် ဒေသ အတွင်း ရေနက် ဆိပ်ကမ်း၊ လမ်းဖောက် လုပ်ခြင်း၊ စွမ်းအင်
စက် ရုံ၊ သံမဏိ စက်ရုံနှင့် ရေနံ ဓာတုစီး ပွားရေး ဇုန်
တည်ထောင်ခြင်းတို့တွင် အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရန် ဂျပန်
ကုမ္ပဏီကြီးများ က စိတ်ဝင်စား လျက် ရှိကြောင်း၊ ဂျပန်နိုင်ငံ အနေဖြင့်
ထိုစီမံကိန်း အတွက် မြန်မာ နိုင်ငံ ၏ အိမ်နီးချင်း ထိုင်း နိုင်ငံနှင့်
ပူးပေါင်း ဆောင်ရွက် မည်ဖြစ်ရာ ပါဝင် မည့် လုပ်ငန်းရှင် များ ဘဏ္ဍာရေး အကူ
အညီ လိုအပ်ပါက ဂျပန် အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု ဘဏ် က အထူး
သီးသန့် စာချုပ် များဖြင့် ငွေကြေး အထောက်အပံ့ ပေးမည်ဖြစ် ကြောင်း သိရသည်။
Tuesday, March 1, 2011
လွှတ်တော် ဥပဒေမူကြမ်း ကော်မတီ ဖွဲ့စည်းမှုနှင့် အနာဂတ် နိုင်ငံရေး
မတ်လ
၁ ရက်နေ့မှာ ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်မှာ လွှတ်တော်
ဥပဒေကြမ်း ကော်မတီတွေ ဖွဲ့စည်းခဲ့ ပါတယ်။ ပြည်သူ့ လွှတ်တော် ဥပဒေကြမ်း
ကော်မတီမှာ ပါတဲ့ စာရင်းကိုတော့ တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ အမျိုးသား
လွှတ်တော် မှာတော့ ပြည်သူ့ လွှတ်တော်မှာ လိုပဲ ပြည်ခိုင်ဖြိုးက ၁၀ နေရာ၊
ကျန်ပါတီတွေက ၅ နေရာနဲ့ ဖွဲ့စည်းထား ပါတယ်။ အမျိုးသား လွှတ်တော် ဥပဒေကြမ်း
ကော်မတီမှာ ပါတဲ့ ကျန်တဲ့ ပါတီငါးခုက အမျိုးသား ဒီမိုကရေစီ အင်အားစု၊
ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုး တိုးတက်ရေး ပါတီ၊ ရခိုင်
တိုင်းရင်းသားများ တိုးတက်ရေး ပါတီ၊ စည်းလုံး ညီညွတ်ရေးနှင့်
ဒီမိုကရေစီပါတီ နဲ့ '၀' ဒီမိုကရက်တစ် ပါတီတို့ ဖြစ်ပါတယ်။ အမျိုးသား
ဒီမိုကရေစီ အင်အားစု ကိုယ်စားလှယ် ကတော့ ဒေါက်တာ မြတ်ဥာဏစိုး ဖြစ်ပါတယ်။
ပြည်သူ့
လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ဥပဒေကြမ်း ကော်မတီ အတွက် အဖွဲ့ဝင်တွေ
ရွေးချယ်ရာမှာ ပညာ အရည်အချင်း (တက်ရောက် အောင်မြင်ခဲ့တဲ့ ဘာသာရပ်)၊
လုပ်ငန်း အတွေ့အကြုံ၊ မဲဆန္ဒနယ် ဒေသ၊ လွှတ်တော်တွင် ပါဝင်သည့် ပါတီများနဲ့
ကျား/မ တို့ကို ထည့်သွင်းစဉ်းစား ရွေးချယ်တာ ဖြစ်တယ်လို့ ရှင်းပြ
သွားပါတယ်။
ဦးရွှေမန်းက ဥပဒေကြမ်း ကောမတီဝင် တွေနဲ့ ဆွေးနွေးတဲ့ အခါမှာ အားလုံးက
ပါတီစွဲ၊ ဒေသစွဲ၊ လူမျိုးစွဲ၊ ဘာသာစွဲ မထားဘဲ ပူးပေါင်း ဆောင်ရွက်မယ်လို့
ကတိပေးတဲ့ အတွက် ၀မ်းသာကြောင်း ထည့်ပြောသွား ပါတယ်။
ဥပဒေကြမ်း
ကော်မတီရဲ့ အခွင့်အရေးနဲ့ လုပ်ပိုင်ခွင့် များကို သတင်းစာများမှာ အသေးစိတ်
ဖော်ပြထား ပါတယ်။ အဓိက တာဝန်ကတော့ လွှတ်တော်ကို တင်သွင်းမယ့် ဥပဒေကြမ်း
များကို စိစစ်ပြီး အကြံပြုချက်များနဲ့ လွှတ်တော်ကို တင်ပြရမှာ ဖြစ်ပါတယ်။ ထူးခြားတာ
ကတော့ ဥပဒေကြမ်း ကော်မတီရဲ့ အကြံပြုချက်ကို လွှတ်တော်ကို တင်ပြတဲ့ အခါ
အများစုရဲ့ သဘောထားနဲ့ ကွဲလွဲတဲ့ အနည်းစုရဲ့ သဘောထား ကိုလည်း ပူးတွဲပြီး
တင်ပြရမှာ ဖြစ်ပါတယ်။ ဒါဟာ အတော် ကောင်းမွန်တဲ့ အချက် ဖြစ်ပါတယ်။
လွှတ်တော်ရေးရာ ကော်မတီများတွင် ပါတီစုံ ပါဝင်လာ
ဒီကနေ့
ပြည်သူ့ လွှတ်တော် အစည်းအဝေးမှာ ပြည်သူ့ လွှတ်တော် ဥပဒေမူကြမ်း ကော်မတီ
အတွက် လျာထားတဲ့ အမည် စာရင်းကို လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက
တင်သွင်းခဲ့ပါတယ်။
ဥပဒေမူကြမ်း
ကော်မတီမှာ အဖွဲ့ဝင် ၁၅ ဦးရှိတဲ့ အနက် ၁၀ နေရာကို ပြည်ခိုင်ဖြိုး ပါတီက
ရယူထားပြီး ကျန်တဲ့ ငါးနေရာ ကိုတော့ ရှမ်းတိုင်းရင်းသား ဒီမိုကရေစီ ပါတီ၊
တစည၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ၊ ချင်း အမျိုးသား ပါတီနဲ့
စည်းလုံး ညီညွတ်ရေးနဲ့ ဒီမိုကရေစီ ပါတီတို့ တစ်နေရာစီ ရရှိ ထားပါတယ်။
တပ်မတော် ကိုယ်စားလှယ် တွေတော့ မပါဘူးလို့ သိရပါတယ်။
၂၀၁၀နိုင်ငံခြားခရီးသည်ဝင်ရောက်မှု သမိုင်းတစ်လျောက် စံချိန်တင်
၂၀၁၀ ပြည့်နှစ်တစ်နှစ်လုံး မြန်မာ နိုင်ငံသို့
နိုင်ငံခြားဧည့်သည်အ၀င်မှာ စံချိန်တင် မြင့်တက်ခဲ့ကြောင်း ဟိုတယ်နှင့်
ခရီးသွားလာရေး လုပ်ငန်း ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသော စာရင်းဇယားအရ
သိရှိရပြီး ယခုနှစ်တွင်လည်း ကမ္ဘာလှည့်ခရီးသည်အ၀င်
ပိုမိုတိုးတက် လာနိုင်ကြောင်းသိရသည်။
စာရင်းအရ ၂၀၁၀ တစ်နှစ်လုံးတွင် နိုင်ငံခြားခရီးသွားဧည့်သည်
စုစုပေါင်း ၂၉၅,၁၇၄ ဦးသည် ရန်ကုန်မှတစ်ဆင့် ၀င်ရောက်ခဲ့ရာ ၂၀၀၉
တစ်နှစ်လုံး ဧည့်သည်အ၀င်နှင့် နှိုင်းယှဉ်ပါက ၂၉ ဒသမ ၈ ရာခိုင်နှုန်း
မြင့်တက်သွားသည်ကို တွေ့ရှိရသည်။ ထို့ပြင် ၂၀၁၀ တစ်နှစ် လုံးအတွင်း
နယ်စပ်မှဝင်ရောက်သော နိုင်ငံခြား ခရီးသွားဧည့်သည် အရေ အတွက် ၁၂,၀၆၂ ဦးနှင့်
ထပ်ပေါင်းလိုက်ပါက တစ်နှစ်လုံးအနေဖြင့်
နိုင်ငံခြား၊၊ခရီးသွားဧည့်သည်အ၀င်မှာ ၃၀၇,၂၃၆ ဦးဖြစ်ပြီး မြန်မာ့ခရီးသွား
သမိုင်းတစ်လျှောက် ဧည့်သည်အ၀င် အများဆုံးနှစ် ဖြစ်သည်။
အင်းစိန် ဗုံးပေါက်ကွဲမှု တရားခံအား ရဲတပ်ဖွဲ့ ဖမ်းဆီးမိ
ဖေဖော်ဝါရီလ၂၇
ရက်နေ့ညက အင်းစိန်ကမ်းနားလမ်း၊ အောင်ဇေယျ အိမ်ယာဝင်း အတွင်းမှာ
ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှု တရားခံကို ဖမ်းမိပြီလို့
အစိုးရမီဒီယာများမှာ ဖော်ပြထားပါတယ် ။
အဲဒီ
ဗုံးပေါက်ကွဲမှုမှာ ဒဏ်ရာရသူ ရှစ်ဦးရှိပြီး အဲဒီအထဲက ဇော်မင်းသန်း (၂၆)
နှစ်ရဲ့ အောင်ဇေယျ အိမ်ယာမှာရှိတဲ့ အခန်း ကို ၀င်ရှာတဲ့အခါ
ဒီတိုနေတာခြောက်ခု၊ အသင့်ဆင်ပြီးသား ဗုံးတစ်လုံးကို တွေ့ခဲ့တယ်လို့
ဓာတ်ပုံတွေနဲ့ အတူဖော်ပြ သွားပါတယ်။
ဇော်မင်းသန်း ကတော့ ဘယ်ခြေထောက် ကျိုးကြေသွားပြီး ညာဘက်ခြေထောက်လည်း စုတ်ပြတ်သွားတယ်။ အခြေအနေ စိုးရိမ်ရတယ်လို့ ဖော်ပြထားပါတယ်။
အခု
ဖမ်းမိထားတဲ့ ဇော်မင်းသန်း ကတော့ ဘယ်အဖွဲ့အစည်း ကလည်းဆိုတာ ဖော်ပြ
မထားပါဘူး။ အခြားသတင်း များအရ တရားခံဟာ အခုထိ သတိမရ သေးဘူးလို့သိရပါတယ်။
Subscribe to:
Posts (Atom)







