မြန်မာ – အိန္ဒိယ နယ်စပ် ဒေသ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အတွက်
နိုင်ငံတကာ ကုန်သွယ်မှု ဗဟို ဌာနကြီး (ITC) တစ်ခုကို ယခုနှစ်ကုန်တွင် အပြီး
ဖွင့်လှစ်ရန် အိန္ဒိယ အစိုးရက မျှော်မှန်း ထားသည်။
အဆိုပါ အစီအစဉ် အရ ITC ဖွင့်လှစ်မည့် နေရာသည် ၀ါဇီဟိုမှ အဗန်ကူသို့
ကီလိုမီတာ ၇၀ အကွာ တွင် တည်ရှိပြီး ထိုနေရာ သို့ ခြောက် ကီလိုမီတာ အရှည်ရှိ
လမ်းတစ်ခု သွယ်တန်းရန် သာ လိုအပ်ကြောင်း၊ ထို လမ်းဖောက် လုပ်ရေးတွင် ပထ၀ီ
အနေအထားအရ အခက်အခဲ အချို့ ရှိနေသော် လည်း စီမံကိန်း ပထမ ခြေ လှမ်း အဖြစ်
ITC လျာထား မြေနေရာ တွင် ရဟတ်ယာဉ် ကွင်းတစ်ခု ဆောက် လုပ်ရန် စတင် သတ်မှတ်
နေပြီဖြစ် ကြောင်း၊ ITC အတွက် လျာထားမြေ သည် ဧက ၁,၀၀၀ ထက် မနည်းရန် သတ်မှတ်
ထားကြောင်း၊ ဈေးကွက် မြှင့်တင်ရေး နေရာ များကိုလည်း အဗန် ကူရွာသားများက
တည်ဆောက်ပြီး ဖြစ်ကြောင်း၊ ITC တည်ဆောက်ရန် တင်ပြ ထားသည့် မြေနေရာ သို့
ဖေဖော်ဝါရီ ၂၁ ရက်တွင် ကျွမ်းကျင် ပညာရပ် များ လေ့လာ ခဲ့စဉ်က နှစ်လ၊ သုံးလ
အတွင်း ရဟတ်ယာဉ် ကွင်း တစ်ခု ဆောက်လုပ် လိုကြောင်း ထုတ် ဖော် ပြောကြား
ခဲ့သည်။





