xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar

Saturday, March 12, 2011

မြန်မာ့ ကာကွယ်ရေးအသုံးစရိတ် တကယ်ပဲများနေပြီလား

ယခုတစ်လော မြန်မာ့နိုင်ငံရေး လောကတွင်ရေပန်းစားနေသော ကိစ္စတစ်ခုကိုပြပါဆိုလျှင် ဘတ်ဂျက်ခွဲဝေ သုံးစွဲမှုနှင့် ပတ်သက်၍ ကာကွယ်ရေးအသုံးစရိတ်များလွန်းတယ် ကျန်းမာရေးနဲ့ ပညာရေးပေါင်းရင် ၅% ကျော်ပဲ သုံး ထားတာဆိုတော့ အနာဂတ်နိုင်ငံတော်အတွက် ရင်လေးစရာပဲ နိုင်ငံကြီးတွေမှာတောင် ဒီလောက် မသုံးဘူး အစရှိသဖြင့် ဝေဖန်ပြောဆိုမှုများပင် ဖြစ်ပါသည်။
အထက်ပါကိစ္စနှင့်ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာနမှ အငြိမ်းစား အရာရှိကြီးတစ်ဦးလဲဖြစ် ကာကွယ်ရေးဝန်ကြီးဌာန ကောင်စီတွင် ၀ယ်ယူရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ဘူးသူ ဗိုလိမှုးကြီးဟောင်းတစ်ဦးအား Voice Of Myanmar မှသဘောထား မေးမြန်း စုံစမ်းခဲ့ရာ..၄င်းက " ခုဘတ်ဂျက်မှာ ဖေါ်ပြထားတဲ့ အမေရိကန်ဒေါ်လာ သန်း၂၀၀၀ ကျော်ဆိုတာ နိုင်ငံတခုရဲ့ ကာကွယ်ရေးစရိတ် အနေနဲ့ များလှတယ်လို့မဆိုသာပါဘူး ..နောက်ပြီး ရာခိုင်နှုန်းတွေနဲ့ စကားပြောမယ့်အစား ငွေပမာဏ နဲ့ ပြောရင် ပိုသင့်တော်မယ် ဥပမာဆိုကြပါစို့ အမေရိကန်ပြည်ထောင်စုက သူ့ဘတ်ဂျက်မှာ ၁၇% ကို ကာကွယ်ရေး အသုံးစရိတ်အဖြစ်သုံးတယ် % နှုန်းနဲ့ဆိုရင်တော့ နည်းနေတယ်လို့ထင်စရာပေါ့ တကယ်တော့ သူ့ ၁၇% ဟာ တစ်ကမ္ဘာလုံး စစ်အသုံးစရိတ်ရဲ့ ထက်ဝက်ကျော် ပမာဏဖြစ်တယ် ၊ နောက်အိမ်နီးချင်းနိုင်ငံတစ်ခု ဖြစ်တဲ့ တရုတ်ဆိုရင် ၂၀၁၁ မှာကာကွယ်ရေးအသုံးစရိတ်ကို ယွမ်ငွေ ၆၀၁.၁ ဘီလျံ ဒေါ်လာနဲ့တွက်မယ်ဆိုရင် ၉၂ ဘီလျံလောက် သုံးမယ်လို့ကြေငြာထားတယ် ..ဒါဥပမာပြောတာပါ နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံတော့ တိုက်ရိုက်နှိုင်းယှဉ်လို့ ဘယ်ရနိုင်ပါ့မလဲ ကျားကြီး ချေရာကြီး ဆိုသလို သူ့အခြေအနေနဲ့သူပေါ့..ပြောချင်တာက မြန်မာနိုင်ငံက ၂ ဘီလျံဆိုတာ မများလှ ဘူးဆိုတာကို ပြောချင်တာပါ.."ဟု လက်ရှိဘက်ဂျက်ခွဲဝေမှုအပေါ် သုံးသပ်ပြောဆိုသွားပါသည် ။
ခုပြည်တွင်းမှာ ပြောဆိုနေကြတာတစ်ခုက အိမ်နီးချင်းနိုင်ငံတွေနဲ့ယှဉ်ရင် မြန်မာနိုင်ငံ ရဲ့ ပညာရေးကျန်းမာရေး ကဏ္ဍတွေဟာ နိမ့်ကျနေတယ် ဒါကြောင့် ဒီကဏ္ဍတွေမှာ အမှီလိုက်ဘို့ဆိုရင် ဒီထက်ပိုပြီးသုံးဘို့ လိုတယ်လို့ ပြောဆိုနေတာတွေလဲရှိတော့ ဒီအပေါ် အန်ကယ့် အမြင်ကလေး ပြောပြပေးပါဦးဟု မေးမြန်းရာ ၄င်းက " ခု ပေါ်လာမယ့် အစိုးရသစ်မှာ ၀န်ကြီးဌာန ၃၄ ခုရှိတယ် ဘယ်ဟာမှ အရေးမကြီးတာမပါပါဘူး အားလုံးဟာသူ့နေရာနဲ့သူ  အရေးကြီးနေကြတာပါပဲ ကျန်းမာရေး ပညာရေးမှ မဟုတ်ပါဘူး ခန္ဓာကိုယ် တစ်ခုမှာလိုပေါ့ဗျာ ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ လက် ၊ ခြေထောက် မျက်လုံး နား အစရှိသဖြင့်ပေါ့ဗျာ သူ့နေရာနဲ့ သူ မရှိမဖြစ် အရေးကြီးတာတွေကြီးပါပဲ ဒါပေမယ့် ဦးခေါင်းက ပိုအရေးကြီးတယ်ဆိုရင် ပိုမှန်မယ်  ကာကွယ်ရေးဆိုတာဒီသဘောပါပဲ နိုင်ငံတစ်ခုရဲ့ အသက်လို့ဆိုနိုင်တဲ့ အချုပ်အခြာအာဏာ တည်တံ့ ဘို့အတွက် သူက ပိုပြီးအရေးကြီးတယ်လို့ တွေးလိုက်ရင် အဖြေမှန်နဲ့ ပိုနီးစပ်မယ်"
၎င်းက ဆက်လက်ပြောကြားရာတွင်

မြန်မာ့ဂြိုဟ်တု လွှတ်တင်ရေး ကော်မတီများ ဖွဲ့စည်းပြီး

တရုတ်နိုင်ငံမှ လူမဲ့ဂြိုလ်တုတစ်ခု လွှတ်တင်နေစဉ်

နိုင်ငံတော်၏ ဆက်သွယ်ရေးနှင့် ပြန်ကြားရေးကဏ္ဍအား စွမ်းဆောင်ရည်မြှင့်တင်နိုင်ရန်အတွက်  နိုင်ငံတော်ပိုင် ဆက်သွယ်ရေးဂြိုဟ်တု  လွှတ်တင်ရေး    ဗဟိုကော်မတီ နှင့် လုပ်ငန်းကော်မတီအား   ဖွဲ့စည်းပြီးဖြစ်ကြောင်း ၂ဝ၁၁ ခုနှစ်    ဇန်နဝါရီ ၁၅ရက်နေ့စွဲပါ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီအမိန့်ကြော်ငြာ စာအမှတ် ၁၁/၂ဝ၁၁ တွင် ဖော်ပြပါရှိသည်။ အဆိုပါ ဗဟိုကော်မတီတွင် အဖွဲ့ဝင် ၅ ဦးပါရှိကာ နာယက အဖြစ် အတွင်းရေးမှူး(၁)၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ၊ ဥက္ကဋ္ဌအဖြစ် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနဝန်ကြီးတို့မှ ဆောင်ရွက်မည်ဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေး ဝန်ကြီးဌာနတို့မှ တာ ဝန်ရှိသူများ ပါဝင်သည်။
ယင်းကော်မတီအနေဖြင့် နိုင်ငံတော်ပိုင် ဆက်သွယ်ရေးဂြိုဟ်တု လွှတ်တင်ရေးဆိုင်ရာ မူဝါဒများ ချမှတ်ပေးခြင်း၊ ဂြိုဟ်တုလွှတ်တင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာများ၊ စာချုပ်စာတမ်းများ အတည် ပြုနိုင်ရေးလမ်းညွှန် ဆောင်ရွက်ခြင်းနှင့် အာကာသဆိုင်ရာနည်းပညာများ ရရှိပြန့်ပွားနိုင်ရေး လမ်းညွှန်ဆောင်ရွက်ခြင်းများကို လုပ် ဆောင်မည်ဖြစ်သည်။
လုပ်ငန်းကော်မတီတွင် အဖွဲ့ဝင် ၇ ဦးပါဝင်ပြီး ဥက္ကဋ္ဌအဖြစ် ဆက်သွယ်ရေးညွှန်ကြားရေးမှူး၊ ဆက် သွယ်ရေး ညွှန်ကြားရေးမှူးရုံး၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အတွင်းရေးမှူးအဖြစ် ဦးဆောင်ညွှန်ကြားရေးမှူး၊ မြန်မာ့ဆက် သွယ်ရေးလုပ်ငန်း၊ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနတို့မှ တာဝန်ယူကာ သိပ္ပံနှင့်နည်းပညာဝန် ကြီးဌာန၊ အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနများမှ တာဝန်ရှိသူများ ပါဝင်သည်။
အဆိုပါ ကော်မတီ၏လုပ်ငန်း တာဝန်များမှာ

အထူးစီးပွားရေးဇုန်ဥပဒေ အလုပ်အကိုင်များသာမက အဆင့်မြင့်နည်းပညာများ ပေါ်ပေါက် လာစေမည်

ထားဝယ်ဆိပ်ကမ်း လုပ်ငန်းခွင်တစ်ခု

အထူးစီးပွားရေးဇုန် (အက်စ်အီးဇက်) ဥပဒေသည် အလုပ်အကိုင်အခွင့် အလမ်းသာမက အဆင့်မြင့်နည်းပညာများ ပေါ်ပေါက်လာရန် အား ပေးခြင်းကြောင့် နိုင်ငံသားများအတွက် အကျိုးရှိမည်ဖြစ်ကြောင်း ပြည်တွင်းစီးပွားရေး ပညာရှင်များနှင့် လုပ်ငန်းရှင်များက သုံးသပ် ပြောကြားသည်။
"အက်စ်အီးဇက် အကောင်အထည် ပေါ်လာမယ်ဆိုရင် ဖွံ့ဖြိုးပြီး နိုင်ငံတွေကနေ အဆင့်မြင့်နည်းပညာလုပ်ငန်းတွေ ပေါ်ထွက်လာမယ်။ အလုပ်သမားအခွင့် အရေးနဲ့ပတ်သက်တာကို မြန်မာနိုင်ငံမှာ ပြဋ္ဌာန်း ထားတဲ့ ဥပဒေများနဲ့အညီ ခံစားခွင့်ရှိလာမယ်" ဟု ငွေကြေးပညာရှင် ဦးဟန်ထွန်း(အခွန်)က ပြောသည်။
အဆိုပါဥပဒေတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၊ အထူးသဖြင့် ကျွမ်းကျင်မှု မလိုအပ်သော လုပ်ငန်းများတွင် နိုင်ငံသားများကို ခေါ်ယူခန့်ထားရမည်ဟု ပါရှိသည်။
ထိုသို့ခန့်ထားရာတွင် ပထမငါးနှစ်တွင် နိုင်ငံသားခန့်ထားမှု ၂၅ ရာခိုင်နှုန်း၊ ဒုတိယငါးနှစ်တွင် ၅၀ ရာခိုင်နှုန်းနှင့် တတိယငါးနှစ်တွင် ၇၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ခန့်ထားရမည် ဖြစ်သည်။
ထို့အတွက် မြန်မာနိုင်ငံတွင် နိုင်ငံတကာနှင့်ချိတ်ဆက်ထားသည့် ဘဏ်လုပ်ငန်းစနစ်များ၊ အပြည့်အ၀ပြိုင်ဆိုင်မှုရှိသည့် ရင်းနှီးမြှုပ်နှံ မှုဈေးကွက်နှင့် စတော့ဈေးကွက်များ လိုအပ်ကြောင်း ၎င်းက ဆိုသည်။

Friday, March 11, 2011

ပြည်သူ့ လွှတ်တော်မှာ ပြည်သူ့ စစ်မှုထမ်း ဥပဒေ ကိစ္စမေး

ဒီကနေ့(မတ်လ ၁၁) ကျင်းပတဲ့ ပြည်သူ့ လွှတ်တော်မှာလည်း မေးခွန်းတွေ မေးဖြေနဲ့ အဆို တင်သွင်းတာတွေ ဆက်လုပ်ခဲ့ ပါတယ်။
မေးခွန်းများ မေးရာမှာ မူဆယ် ကိုယ်စားလှယ် စိုင်းဘိုးအောင်က ရှမ်းပြည်နယ်က ဆေးကျောင်းသားတွေ နီးတဲ့ မန္တလေး ဆေး တက္ကသိုလ်မှာ မတက်ရဘဲ မကွေးမှာ တက်ရောက် နေရတဲ့ ကိစ္စကို မေးမြန်းခဲ့ပါတယ်။ ဒီမေးခွန်းကို ကျန်းမာရေး ၀န်ကြီး ဦးကျော်မြင့်က ပြန်ဖြေရာမှာ ၂၀၀၁ ခုနှစ် မတိုင်ခင်အထိ ရန်ကုန်မှာ ဆေးတက္ကသိုလ် ၂ ခု၊ မန္တလေးမှာ ဆေးတက္ကသိုလ် ၁ ခု ရှိခဲ့ပြီး မြန်မာပြည် အောက်ပိုင်းက ရန်ကုန်မှာ၊ အထက်ပိုင်းက မန္တလေးမှာ တက်ခဲ့ရကြောင်း၊ ကျောင်းသား စုစုပေါင်း ၅၅၀ ပဲ လက်ခံခဲ့ကြောင်း၊ ၂၀၀၁ ခုနှစ်မှာ မကွေး ဆေးတက္ကသိုလ် ဖွင့်ပြီးတဲ့နောက် ကျောင်း တစ်ကျောင်းမှာ ၆၀၀ ဆီ လက်ခံခဲ့ကြောင်း၊ ရန်ကုန်တိုင်းက ရန်ကုန်မှာ၊ မန္တလေးတိုင်းက မန္တလေးမှာ တက်ပြီး ကျန်ဒေသတွေက ကျောင်းသားတွေ ကတော့ မကွေးမှာ တက်ဖို့ သတ်မှတ် ထားကြောင်း၊ အခုအထိတော့ အဲဒီ အစီအစဉ်တိုင်းပဲ ဆက်လက် ဆောင်ရွက်မှာ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။
မူဆယ် ကိုယ်စားလှယ် ဦးစိုင်းဘိုးအောင် ကပဲ အိမ်နီးချင်း နိုင်ငံတွေမှာ တစ်သောင်းလောက် ပေးရတဲ့ လက်ကိုင်ဖုန်းက ဘာဖြစ်လို့ ငါးသိန်း ဖြစ်နေ ရတာလဲလို့ မေးပါတယ်။ ဒါကို ဦးသိန်းဇော်က ဖြေတဲ့အခါ တယ်လီဖုန်း ဆက်သွယ်မှု စနစ်သစ်ကို စပြီး ထူထောင်တဲ့ အချိန်မှာ အခြေခံ အဆောက်အအုံတွေ အတွက် ငွေအများကြီး သုံးရတယ်၊ ဒါပေမယ့် သုံးနိုင်တဲ့လိုင်းက နည်းသေးတော့ လိုင်း တစ်ခုခြင်း အပေါ် ကုန်ကျစရိတ် များတယ်။ လိုင်းတွေ များလာရင် ဈေး တစ်ဖြေးဖြေး ကျလာမယ်။ အခု ဆိုအရင်က ၁၅ သိန်း ပေးခဲ့ ရပေမယ့် ငါးသိန်းအထိ ကျလာပြီ ဖြစ်တယ်၊ ထပ်ပြီးကျဖို့ အတွက် လုပ်နေပါတယ်လို့ ဖြေသွားပါတယ်။
စမ်းချောင်း ကိုယ်စားလှယ် ဦးစိုးဝင်း ကတော့ ပြည်သူ့ စစ်မှုထမ်း ဥပဒေ အသက်ဝင်ခြင်း ရှိ၊ မရှိနဲ့ ဥပဒေ အသက်ဝင် လာရင် စစ်မှုထမ်း ဆင့်ခေါ်မှုကို ဘယ်လို လုပ်မလဲလို့ မေးပါတယ်။ ဒီအမေးကို ရှေ့နေချုပ် ဦးအေးမောင်က

တိုကျိုနှင့် မိုင် ၂၄၀ အကွာ ပစ္စဖိတ်ပင်လယ်ဗဟိုပြု ပြင်းအား ရစ်ချတာစကေး ၈.၈ ရှိ အလွန်အင်အားပြင်းသော ငလျင်လှုပ်

ယနေ့ သောကြာ၊ တိုကျိုအချိန် နေ့လည် ၂နာရီ ၄၆ အချိန်က တိုကျိုနှင့် မိုင် ၂၄၀ အကွာ ပစ္စဖိတ်ပင်လယ်ပြင် မိုင် ၂၀ အနက်တွင် ပြင်းအား ၈.၈ ရှိသည့် ငလျင်လှုပ်ပြီး ပေ ၂၀ ကျော် လှိုင်းများ ဂျပန်ကမ်းခြေ နေရာ Onahama city in Fukushima prefecture တွင် ဖုံးလွှမ်းသွားသည်ကို ယခုသတင်းရေးနေသည့် အချိန် တိုကျိုအချိန် ညနေ ၅ နာရီတွင် တွေ့နေရသည်။ မီးလောင်မှုများ ဖြစ်ပွားနေပြီး  အရေးပေါ်ကယ်ဆယ်ရေးများ  လောလောဆယ် ပြုလုပ်နိုင်ခြင်းမရှိသေးပေ။


အင်န်အိပ်ခ်ျကေ ဂျပန်ရုပ်သံက ဝေဟင်မှ တိုက်ရိုက်သတင်းထုတ်လွှင့်နေသည်ကို တွေ့နေရသည်။ အပျက်အစီး အသေအပျောက်များ သတင်းမထုတ်နိုင်သေးပေ။ တိုကျိုတွင် အိမ်ပေါင်း ၄ သန်း လျှပ်စစ်မီး ပြတ်တောက်နေသည်ဟု ဆိုသည်။



ထိုပင်လယ်ရေအောက် ငလျင်ကြောင့် ဆူနာမီလှိုင်းကြီးများ ကမ်းခြေသို့ တိုက်ခိုက်မည် ဖြစ်ရာ အမေရိကန်ပြည်ထောင်စု၏ ဟာဝိုင်အီကျွန်းနှင့် အနောက်ခြမ်းကမ်းခြေ ကယ်လီဖိုးနီးယား၊ ဆန်ဖရန်ဘေးတို့အထိ လှိုင်းများ တက်လာနိုင်ကြောင်း ခန့်မှန်းပြောဆိုမှုများ ရှိနေသည်။

 



Thursday, March 10, 2011

အမျိုးသား လွှတ်တော် အစည်းအဝေးတွင် သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာများ ဆွေးနွေး

ဒီကနေ့ (မတ်လ ၁၀ ရက်)ကျင်းပတဲ့ အမျိုးသား လွှတ်တော် အစည်းအဝေးမှာ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ကိစ္စတွေကို ကိုယ်စားလှယ် များက မေးသွားပါတယ်။
ရခိုင် မဲဆန္ဒနယ် (၆) ကိုယ်စားလှယ် ဦးခင်မောင်လတ်က ကမ္ဘာကြီး ပူနွေး လာမှုကြောင့် ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာတာ၊ မုန်တိုင်းတွေ များလာတာကို ကာကွယ်ဖို့ အတွက် ကမ်းရိုးတန်း ဒေသများမှာ ဒီရေတား တမံတွေ ဆောက်ပေးဖို့ အစီအစဉ် ရှိ မရှိ မေးပါတယ်။ အဲဒီမေးခွန်းကို စိုက်ပျိုးရေး ၀န်ကြီး ဦးဌေးဦးက လက်ရှိ အချိန်မှာ မြန်မာ့ ကမ်းရိုးတန်း တစ်လျှောက် ရေတားတမံ တစ်ထောင့်တစ်ရာကျော် ဆောက်လုပ်ထားကြောင်း၊ နာဂစ်တုန်းက ပျက်စီးသွားတဲ့ ရေတားတမံများရဲ့ ၆၃ % ကို ပြန်ပြင်ပြီးပြီ ဖြစ်ကြောင်း ဖြေကြားပြီး ဂီရိတုန်းက ပျက်စီးခဲ့တဲ့ ရခိုင် ပြည်နယ်က ရေတားတမံတွေ အခြေအနေ ကိုတော့ တစ်မြို့နယ်ချင်း အသေးစိတ် ရှင်းပြ သွားပါတယ်။ ဆက်ပြီးတော့လည်း ဒေသ အခြေအနေ အလိုက် လိုအပ်တဲ့ ပုံစံထုတ်ပြီး ဆောင်ရွက် သွားမယ်လို့ ပြောသွားပါတယ်။
ကချင် မဲဆန္ဒနယ်(၈) ကိုယ်စားလှယ် ဦးမြအုန်းက ဖားကန့်ဒေသမှာ ကျောက်စိမ်း လုပ်ကွက်တွေကြောင့် ဥရုချောင်း ရေလမ်း ပျက်စီးပြီး ရေကြီးတဲ့ အန္တရာယ်နဲ့ ရင်ဆိုင် နေရတာကို ဘယ်လိုလုပ်ဖို့ အစီအစဉ် ရှိသလဲလို့ မေးခဲ့ပါတယ်။ သတ္တုတွင်း ၀န်ကြီး ဦးအုန်းမြင့်က မြစ်ချောင်းများနဲ့ သဘာဝ ပတ်ဝန်းကျင်ကို ကာကွယ်ဖို့ အတွက် ရေ အရင်းအမြစ်နဲ့ မြစ်ချောင်းများ ထိန်းသိမ်းရေး ဥပဒေကို ၂၀၀၆ ခုနှစ်တွင် ထုတ်ပြန်ထားတဲ့ အကြောင်း၊ ဖားကန့်မှာ ကျောက်စိမ်းတွင်း များက မြေစာ စွန့်ပစ်ရာမှာ မြစ်ချောင်းကို မထိခိုက်ဖို့ တားမြစ် ထားကြောင်းနဲ့ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလက စပြီး ဥရုချောင်း ရေလမ်း ထိန်းသိမ်းရေး အတွက် လိုအပ်တဲ့ တိုင်းတာမှုတွေ လုပ်နေပြီ ဖြစ်ကြောင်း ဖြေကြား သွားပါတယ်။ သူ့ ဖြေကြားချက် ထဲမှာ ဥရုချောင်းကို မထိခိုက်စေဖို့ အတွက် လုပ်ဆောင်ရမယ့် အချက် ၁၅ ချက်ကိုလည်း အသေးစိတ် ရှင်းပြ သွားပါတယ်။ အဲဒီထဲမှာ ဥရုချောင်းနဲ့ ပေသုံးရာအတွင်း ကျောက်မျက်တူးခွင့် ပိတ်ပင်မယ်၊ ချောင်းနဲ့ ချောင်းကမ်းပါးမှာ ရွှေတူးခွင့် မပြုဘူး။ ကျောက်စိမ်း တူးခဲ့တဲ့ နေရာတွေကို လုပ်ငန်းပြီးရင် ကုမ္ပဏီက မြေပြန်ဖို့ပြီး သစ်ပင် စိုက်ပေးရမယ်၊ ဥရုချောင်း အတွင်း ဖို့ချထားတဲ့ မြေစာများနဲ့ ကျောက်များ ကိုလည်း ပြန်လည် ရှင်းလင်းမယ် ဆိုတဲ့ အချက်များလည်း ပါဝင်ပါတယ်။
ကချင် မဲဆန္ဒနယ် (၁၁)က ဦးစံထွန်း ကတော့ ရွှေကူမြို့နယ် ထဲမှာ ၂၀၀၂ ခုနှစ်က စဆောက်ပြီး အခုထိ မပြီးသေးတဲ့ ဆည်တစ်ခု အကြောင်း မေးခဲ့ပြီး ရန်ကုန် မဲဆန္ဒနယ် (၄) က လယ်ယာမြေ ကိစ္စများကို မေးမြန်းပါတယ်။ အဲဒါတွေ ကိုတော့ ဦးဌေးဦး ကပဲ ပြန်ဖြေကြား ခဲ့ပါတယ်။

လွှတ်တော်တွင်း အမေးအဖြေများ

ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ မေးခွန်းတွေ မေးခဲ့သလို အဆိုတွေကို ဆွေးနွေးတာ၊ မဲခွဲ အတည်ပြု တာတွေလည်း လုပ်ခဲ့ပါတယ်။
လမ်းမတော် ကိုယ်စားလှယ် ဦးခင်မောင်ဝင်းက ဦးသောင်းထွန်း ရေးတဲ့ ပြစ်မှုဆိုင်ရာ စာအုပ်တစ်အုပ်ကို ၂၀၁၀ထဲက စာပေ စိစစ်ရေးကို တင်ထားတာ အခုထိ ဘာ့ကြောင့် ထုတ်ဝေခွင့် မပေးတာလည်းလို့ မေးတဲ့ မေးခွန်းကို ပြန်ကြားရေး ၀န်ကြီး ဦးကျော်ဆန်းက အဲဒီ စာအုပ်ဟာ ပညာရပ်ဆိုင်ရာ စာအုပ်ဖြစ်တဲ့ အတွက် တရားရုံးချုပ်နဲ့ ရှေ့နေချုပ်ရုံးရဲ့ ထင်မြင် ယူဆချက်ကို တောင်းခံထားဆဲ ဖြစ်တဲ့ အကြောင်း ဖြေကြား သွားပါတယ်။ အလားတူပဲ လသာ ကိုယ်စားလှယ် ဦးကြည်မြင့် က ရုပ်မြင်သံကြား ကနေ နားမကြား၊ စကား မပြောနိုင်သူများ အတွက် Sign Language နဲ့ ထုတ်လွှင့်ဖို့ အစီအစဉ် ရှိ မရှိ မေးမြန်းရာမှာ တော့ ဦးကျော်ဆန်းကပဲ ဒီကနေ့ ရုပ်သံ၊ စာနယ်ဇင်း ထုတ်ဝေမှု အခြေအနေများကို ရှင်းပြပြီး မြန်မာနိုင်ငံမှာ ဆွံ့အ နားမကြားသူ တစ်သိန်း လေးသောင်းကျော် ရှိတယ်လို့ ခန့်မှန်းထားပြီး အဲဒီထဲက သုံးရာကျော်ပဲ Sign Language တတ်သေးတယ်။ ဒီ ဘာသာရပ်ကို တိုးချဲ့ သင်ကြားပြီးရင် ထုတ်လွှင့် ပေးနိုင်ဖို့ လူမှုဝန်ထမ်းနဲ့ ပူးပေါင်း ဆောင်ရွက် နေပါတယ်လို့ ဖြေကြား သွားပါတယ်။
နမ့်ခမ်း ကိုယ်စားလှယ် ဦးစိုင်းကျော်အုန်း ကတော့ ၀န်ထမ်းတွေနဲ့ ပင်စင်စားတွေကို လစာတိုးပေးဖို့ အစီအစဉ် ရှိ မရှိ မေးတာကိုတော့ ဘဏ္ဍာရေး ၀န်ကြီး ဦးလှထွန်းက ငွေကြေး ဖောင်းပွမှုနှုန်း၊ နိုင်ငံတွင်း လှည့်ပတ် သုံးစွဲငွေ ပမာဏ၊ ဂျီဒီပီနဲ့ ပတ်ဝန်းကျင် နိုင်ငံများရဲ့ ငွေကြေး အခြေအနေ၊ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်မှုကို အခြေခံ သုံးသပ်ပြီး သင့်လျော်သော အချိန်မှာ ဆောင်ရွက် ပေးမယ်လို့ ဖြေကြား သွားပါတယ်။ ပေး၊ မပေး အတိအကျ ပြောမသွားပါဘူး။

သင်ရော တပ်မတော်ချစ်သောအတိုက်အခံဖြစ်ပါရဲ့လား

ယခုတစ်လောအပြောများနေသည့်ကိစ္စတစ်ခုမှာ အီဂျစ်တပ်မတော် ကဆန္ဒပြ  ပြည်သူလူထုနှင့် ပူးပေါင်းကာ နိုင်ငံကို နှစ်ရှည်အုပ်ချုပ်ခဲ့သော သမ္မတ မူဘာရက် နှုတ်ထွက်ရေး တွင် တက်ကြွစွာ ဆောင်ရွက် မှု ကို အကြောင်းပြု၍ မြန်မာ့တပ်မတော် သားများအား ပြည်သူနှင့်မပူးပေါင်းပဲ လက်ရှိအစိုးရ ဘက်မှ ရပ်တည် ခဲ့သည်ဟုဆိုကာ စွပ်စွဲ  ပြစ်တင် ပြောဆိုမှုများပင်ဖြစ်ပါသည် ။
အဆိုပါကိစ္စနှင့်ပတ်သက်၍ Voice Of Myanmar မှ စစ်မှုထမ်းဆောင် နေသော တပ်မတော်အရာရှိအချို့ နှင့် စစ်မှုထမ်းဟောင်းအရာရှိအချို့ အားသဘောထားမေးမြန်း ခဲ့ပါသည်။
စစ်မှုထမ်းဟောင်း ဗိုလ်မှုးတစ်ဦးက " ဒီနေရာမှာကျွန်တော်က ခင်ဗျားတို့ကို မေးခွန်းလေးတစ်ခု ပြန်မေးချင် တယ် လက်ရှိပြည်တွင်းပြည်ပက အတိုက်အခံအမည်ခံပြီး တပ်မတော်အစိုးရကိုဆန့်ကျင်နေတဲ့ သူတွေက ရော တပ်မတော်ချစ်သော အတိုက်အခံဖြစ်ရဲ့လားဆိုတာပါပဲ ဒီမေးခွန်းကို ကိုယ့်ကို ကိုယ် အရင်မေးကြည့်စေချင်တယ် ...နောက်ပြီး ဒီအတိုက်အခံဆိုတဲ့ပုဂ္ဂိုလ်တွေ ကလည်း ကျွန်တော့ အမြင်တော့ ပြည် သူလူထုတစ်ရပ်လုံးကို ကိုယ်စားပြုနေတယ်လို့ ကျွန်တော်တော့မထင်ဘူး ..ဒါ ကျွန်တော့် အမြင်ကိုပြောတာပါ ..."
ရန်ကုန်မြို့ တွင် လုံခြုံရေးတာဝန်ယူနေသော ဗိုလ်ကြီးတစ်ဥိးကမူ " ခင်ဗျားမေးတာကျွန်တော်မရှင်းဘူး ကျွန်တော်တို့တပ်မတော်သားတွေက ခုရော ပြည်သူဘက်က မရပ်လို့ ဘယ်သူ့ဘက်ကရပ်နေလို့လဲဗျာ ခုဆိုရင် ကျွန်တော်ဒီမှာ လုံခြုံရေးတာဝန်ယူနေတယ် ဟိုမှာ(လမ်းသွားလမ်းလာ များကိုညွှန်ပြလျှက်) မိဘ ပြည်သူတွေ အေးအေးဆေးဆေး သွားလာလှုပ်ရှားနေတယ် ကျွန်တော်တို့ ဘာမှမလုပ်ဘူး ဒီပြည်သူတွေ ခုလိုအေးချမ်းစွာ လှုပ်ရှားနေထိုင်နေတာကို နှောက်ယှက်လာရင် ဥပဒေအရ အရေးယူရမယ် 
မယူလို့မရဘူး ယူကိုယူရမယ် ဒါကျွန်တော်ပြည်သူ့ဘက်က ရပ်တည်နေတာဘဲလေ..ဒီလိုပဲ ကျွန်တော်မြင်တယ် "
အခြား အမည်မဖေါ်လိုသူအရာရှိငယ်တစ်ဦးကမူ

Wednesday, March 9, 2011

တောင်ကိုရီးယား – အမေရိကန် ပူးတွဲစစ်ရေး လေ့ကျင့်မှု ဆန့်ကျင်ကန့်ကွက်မှုများ ကြုံရ


ဆိုလ်း – March 5, 2011
တောင်ကိုရီးယား နိုင်ငံနှင့် အမေရိကန် နိုင်ငံတို့အကြား တနင်္လာနေ့က စတင်သည့် လျှို့ဝှက်အမည် “Key Resolve” နှင့် “Foal Eagle” ဟု အမည်ပေးထားသော ပူးတွဲလေ့ကျင့်မှု ၂ခုသည့် မြောက်ကိုရီးယား နိုင်ငံဘယ်မှာလည်းကောင်း၊ တောင်ကိုရီးယား ပြည်တွင်းမှလည်းကောင်း ၊ အမျိုးမျိုးသော ကန့်ကွက်နှောင့်ယှက်မှုများ ကြုံတွေ့နေရကြောင်း သိရသည်။
အဆိုပါ စစ်ရေးလေ့ကျင်မှုကို တောင်ကိုရီးယားနိုင်ငံ ဆိုလ်းမြို့တော်တွင် မတ်လ ၅ ရက်နေ့က ဆန့်ကျင် ဆန္ဒပြကြရာ တောင်ကိုရီးယား နိုင်ငံသူ နိုင်ငံသား အများအပြား ပါဝင်ပြီး ကန့်ကွက် ဆန္ဒပြကြပုံများကို မြင်တွေ့ရသည်။

ထူးဖောင်းဒေရှင်းက စီစဉ်သော ပူတာအိုမြို့၌ ပြုလုပ်သည့် I.Cအဖွဲ့၏ အခမဲ့ဖျော်ဖြေပွဲ

ထူးဖောင်းဒေရှင်းက စီစဉ်သော ပူတာအိုမြို့၌ ပြုလုပ်သည့်I.Cအဖွဲ့၏ အခမဲ့ဖျော်ဖြေပွဲ ကို ဖေဖော်ဝါရီ ၁၈ ရက်နှင့် ၂ဝ ရက်နေ့တို့တွင် ၂ နေရာခွဲ ကျင်းပခဲ့သည်။
၁၈ ရက်နေ့က ကောင်းမှုလုံဘုရား၌ ပြုလုပ်သော ပထမဖျော်ဖြေပွဲတွင် ပူတာအိုမြို့နှင့် မချမ်းဘော့မြို့များမှ ပရိသတ်များအပြင် အနီးအနားရှိ ကျေးရွာများမှ ပရိသတ်အများ အပြား လာရောက်အားပေးခဲ့ပြီး လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဝိုင်ဝိုင်း၊ လင်းလင်း၊ ဆုန်သင်းပါရ်နှင့် ခင်ဘုဏ်းတို့က ပရိသတ် အကြိုက်သီချင်းများဖြင့် ဖျော်ဖြေခဲ့သည်။ ၂ဝ ရက်နေ့တွင် ပူတာအိုမြို့၊ မြို့နယ်အားကစားကွင်းတွင် ပြုလုပ်သော ဒုတိယပွဲတွင် အထက်ပါ အဆိုတော်များအပြင် Lလွန်းဝါနှင့် Nကိုင်ရာတို့ပါ လာရောက်ဖျော်ဖြေ ခဲ့ကြပြီး ပူတာအိုခရိုင်အတွင်းရှိ ကျေးရွာများမှ ပရိသတ်များပါ အားကစားကွင်း အပြည့် လာရောက်အားပေးခဲ့ကြ သည်။
”ဒီမှာက ကျွန်တော်တို့ တစ်သက်တာ ဒီလိုစတေ့ခ်ျရှိုးပွဲကြီးမျိုး တစ်ခါမှ မကြည့်ဖူးဘူး။ အရင်ကလည်း ရှိခဲ့တယ်လို့ မကြားဖူးဘူး။ IC အဖွဲ့ရဲ့ စတေ့ခ်ျ ရှိုးကြည့်ချင်တာ လွန်ခဲ့တဲ့နှစ် ၂ဝ ကတည်းကပါ။ အဲဒါကြောင့် ကောင်းမှုလုံပွဲရော၊ ပူတာအိုပွဲရော နှစ်ပွဲစလုံး အားပေးခဲ့တယ်” ဟု ပူတာအို မြို့ခံတစ်ဦးက ပြောသည်။
အခမဲ့ ဖျော်ဖြေပွဲဖြစ်မြောက်ရေးအတွက် တာဝန်ယူစီစဉ်ခဲ့သည့် ထူးဖောင်ဒေးရှင်းသည် ကားလမ်းပေါက်သော ကျေးရွာများမှ ပရိသတ်များ ရှိုးပွဲလာ ရောက်ကြည့်ရှု နိုင်ရန် ကား ၅ စီးဖြင့် ကြို/ပို့ လုပ်ပေးခဲ့ကြောင်း သိရသည်။
ယင်းဖျော်ဖြေပွဲနှင့် ပတ်သက်၍ အဆိုတော် လေးဖြူကလည်း ”ပရိသတ်က ထင်တောင် ထင်မထားဘူး။ သိပ်ဝေးလို့ ကျွန်တော်တို့ သီချင်းတွေရမှ ရပါ့မလားလို့ ထင်တာ။