xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar

Thursday, March 17, 2011

ဘယ်သူမပြုမိမိမှု

မြန်မာပြည်မှာနေတုန်းက အစိုးရကိုတော်လှန်သည်။
အမျိုးမျိုးမကောင်းပြောသည် ၊ အစိုးရဘာလုပ်လုပ်ကန့်ကွက်သည်။မဟုတ်တာအကုန်လုပ်ပြီး ဆက်နေလို့လဲမဖြစ်၊ဘာဆက်လုပ်ရမှန်းမသိတဲ့အဆုံး  နယ်စပ်သို့ထွက်ပြေးသည်။
နယ်စပ်ဒေသအသီးသီးတွင် အစိုးရဆန့်ကျင်ရေး အမျိုးမျိုးဆက်လုပ်ကြသည်။
ဒီမိုကရေစီသူရဲကောင်းကြီးများ အမည်ခံယူသည် ။
မြန်မာပြည်မကောင်းပြော ဒီမိုကရေစီဘန်းပြ ဒုက္ခသည်ခံယူ ပြည်ပသို့ နည်းအမျိုးမျိုးနှင့် ခိုလှုံကာ မိမိဘ၀ ရပ်တည်ရေး ဆောင်ရွက်ကြသည် ။
ဂျပန်ရောက်တော့ ဂျပန်ရောက်အောင်အမျိုးမျိုးမစတော်မူလိုက် ကြသော ကျေးဇူးရှင်ကြီးများ အလိုကြ အားကြိုး မာန်တက်လုပ်ကြသည် ။
နေ့အမျိုးမျိုး အထိမ်းအမှတ်အမျိုးမျိုးလုပ်ကာ သံရုံးရှေ့ ဆန္ဒပြကြသည် ။
မြန်မာသံရုံးရှေ့တွင်သာမက မြန်မာမိတ်ဆွေ နိုင်ငံများ၏သံရုံးများ ၊ ကုလရုံးများ ကိုပါမကျန် ဒုက္ခအမျိုးမျိုးပေးကြသည်။
သံရုံးရှေ့ အော်ဆဲကြသည်။ကြိမ်းမောင်းကြသည်။ ဂျပန်ရဲများလဲကောင်းကောင်းမနေရရှာ။
တစ်ကြိမ်မဟုတ် ၊ နှစ်ကြိမ်မဟုတ် အကြိမ်ကြိမ် ဆောင်ရွက်ခဲ့ကြသည် ။ဒုက္ခပေးမှုအပေါင်း သရဖူဆောင်းခဲ့ကြသည် ။ 
ဘယ်မှာနေလို့နေမှန်းမသိ ၊ အသိလဲပေးမထား ၊ ဘယ်တုန်းကရောက်နေလို့ရောက်နေမှန်းလဲမသိ ၊ ဘာလုပ်လို့ လုပ်နေမှန်းလဲမသိ ၊ ဘာအခွန်မှလဲတစ်ခါမှလာမဆောင် ..ထိုထိုသော ပုဂ္ဂိုလ် တော်ကြီးများက ခု ငလျင်လှုပ်တော့ သံရုံးကဘာမှမကူဘူး ၊ အခွန်ကောက်ဘို့ပဲသိတယ် လို့ ဆိုကြပြန်လေသည်။
အချို့ သံရုံးသို့မဆက်သွယ်လျင် မဖြစ်၍ ဆက်သွယ်နေရသူများကလည်း ပေးထားတဲ့လိပ်စာကတခြား နေ တာကတခြား  ။
သူခိုးက လူပြန်ဟစ်တယ်ဆိုသောစကားပုံကို ဤ နေရာတွင်မသုံးလျင် အခြားနေရာတွင်သုံးရန်မမြင် ။
ခက်တော့ခက်ချေပြီ.......


ဘယ်တုန်းကရောက်လာမှန်းမသိ ဘာလုပ်နေမှန်းမသိ ဘယ်မှာနေမှန်းမသိ သူများကို သံရုံးက ဘယ်လိုများ ကူရပါမည်နည်း ...မည်သူမပြုမိမိမှုပါပေတကား.....။

တိုကျိုမြို့ရှိ မြန်မာသံရုံးက ကောင်စစ်ဆိုင်ရာကိစ္စရပ်များ ကူညီဆောင်ရွက်ပေးလျက်ရှိ

ဂျပန်နိုင်ငံ၌ မတ်လ (၁၁)ရက်တွင် ဖြစ်ပေါ်ခဲ့သော ငလျင်သည် ဂျပန်နိုင်ငံသမိုင်းတွင် နှစ်ပေါင်း (၁၄၀)အတွင်း အပြင်းထန်ဆုံး ငလျင်ဖြစ်သည်။ အဆိုပါ ငလျင်ကြောင့် တိုကျိုမြို့ရှိ မြန်မာသံရုံး ငါးထပ် အဆောက်အဦမှာ ကွဲအက်မှု ရှိခဲ့ပြီး အနည်းငယ် ပျက်စီးခဲ့ရာ အန္တရာယ် မရှိစေရန် တတိယထပ်မှ ရုံးခန်းများကို ဒုတိယထပ်သို့ ပြောင်းရွှေ့ခဲ့ရသည့် အတွက် ထိုနေ့က နေ့တစ်ဝက်ခန့် ရုံးပိတ်ခဲ့ရကြောင်း၊ ဤရက်များတွင် ပိတ်ရက်မရှိ သံရုံးကို ဖွင့်လှစ်ထားပြီး ဂျပန်နိုင်ငံရှိ မြန်မာနိုင်ငံသားများ အားလုံး၏ ကောင်စစ်ဆိုင်ရာ ကိစ္စရပ်များကို ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ဂျပန်နိုင်ငံမှ လောလောဆယ် ပြန်လည် ထွက်ခွာလိုသည့် မြန်မာနိုင်ငံသားများကိုလည်း ကူညီဆောင်ရွက် ပေးလျက်ရှိပြီး ငလျင် ဘေးဒဏ်နှင့် နောက်ဆက်တွဲ ဖြစ်စဉ်များကြောင့် အန္တရာယ် မကျရောက်စေရန်အတွက် ဆက်လက်၍ ကူညီပေးသွားမည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက မတ် ၁၇ ရက်စွဲဖြင့် သတင်းတစ်ရပ် ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိသည်။

Wednesday, March 16, 2011

FIFA ဥက္ကဌ ၏ခရီးစဉ် မှတ်တမ်းဓါတ်ပုံများ





ဂျပန်နျူကလီးယားစက်ရုံ ပေါက်ကွဲမှုကြောင့် မြန်မာနိုင်ငံတွင် အက်စစ်မိုး လုံးဝရွာသွန်းမည်မဟုတ်


ဂျပန်၌ နျူကလီးယားစက်ရုံ ပေါက်ကွဲမှု၏ နောက်ဆက်တွဲအဖြစ် မြန်မာနိုင်ငံ၌ အဆိပ်သင့် အက်စစ်မိုး သက်ရောက် ရွာသွန်းမည်ဆိုသည့် လူထုကြားပျံ့နှံ့နေသောသတင်းမှာ လုံးဝ မဟုတ်မှန်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာ ဦးထွန်းလွင်က ပြော သည်။
အဆိုပါ အက်စစ်မိုး ရွာနိုင်သည်ဟူသော သတင်းများကို ဖုန်း message များမှတစ်ဆင့် လက်ကိုင်ဖုန်းသုံးစွဲသူအချို့ ထံ အမည်မသိသူတစ်ဦးမှ ပေးပို့နေခြင်းဖြစ်ပြီး ထိုဖုန်း message အရ ဂျပန်နိုင်ငံရှိ နျူကလီးယား ဓာတ်အားပေးစက် ရုံသည် ဂျပန်နိုင်ငံ၏ မတ်လ ၁၅ရက် ဒေသစံ တော်ချိန် နံနက် ၇ နာရီအချိန်တွင် ပေါက်ကွဲခဲ့ကာ လေထုနှင့် ရေထုအတွင်း ရေဒီယိုသတ္တုကြွ ဓာတ်ပစ္စည်းများ ပျံ့နှံသွားသည့်အတွက် မတ်လ ၁၅ ရက်နှင့် ၁၆ ရက် နေ့များတွင် အာရှဒေသရှိ နိုင်ငံများ၌ အက်စစ်မိုးများ ရွာသွန်းနိုင်ကြောင်း၊ ထိုအက်စစ်မိုးရေများနှင့် ထိတွေ့ပါက အရေပြားများ လောင်ကျွမ်းပျက်စီး ကာ ကင်ဆာ ရောဂါများ ဖြစ်ပွားခြင်းနှင့် ဆံပင်များကျွတ်ခြင်းတို့ ဖြစ်ပေါ်နိုင်သည့်အတွက် မိုးရွာသွန်းချိန်၌ အပြင်သို့ မထွက်ရန်နှင့် မိုးရေများအား လူ ခန္ဓာကိုယ်နှင့် မထိစေရန် အထူး သတိပြုဖို့ လိုအပ်ကြောင်း၊ အင်္ဂလိပ်ဘာသာဖြင့် ပေးပို့ထားခြင်း ဖြစ်ကြောင်း အဆိုပါဖုန်း message လက်ခံရရှိသူ ရန်ကုန်မြို့ခံတစ်ဦးက ပြောသည်။
မိုးလေဝသပညာရှင် ဒေါက်တာဦးထွန်းလွင်က

အခွင့်အရေးဆိုတာ တစ်ခါပဲရမယ်

မြန်မာ့နိုင်ငံရေးတွင် ယခုတစ်လောပြောကြဆိုကြငြင်းကြ ခုန်ကြရာဝယ် တွေ့ဆုံဆွေးနွေးရေးဟူသော အကြောင်းအရာ သည် တစ်ခုအပါအ၀င်ဖြစ်ပါသည် ။ ပြည်ပအသံလွှင့်ဌာနများအပါအ၀င် ပုဆိန်ရိုး အင်တာနက်စာမျက်နှာများတွင် အဓိက ဖေါ်ပြကြသည်မှာ နိုင်ငံရေးတွင်တွေ့ဆုံဆွေးနွေးရေးသည် အရေးပါလှ ကြောင်း လက်နက်ဖြင့်ဖြေရှင်းသည်ဆိုသည်မှာ မလုပ်ရင်မဖြစ်သည့် နောက်ဆုံးနည်းလမ်း ဖြစ်ကြောင်း  စစ်အစိုးရအနေဖြင့်တွေ့ဆုံဆွေးနွေးရေးကို မလိုလားသည်မှာ ဒီမိုကရေစီ ဖေါ်ဆောင်မှုကို မလိုလား၍ သာဖြစ်ကြောင်း ၄င်းတို့အနေဖြင့် အာဏာကို ဆက်လက်ချုပ်ကိုင်ထား လို၍သာဖြစ်ကြောင်း  ရေးသားဖေါ်ပြမှုအမြောက် အများကို ဖတ်ရှုနေရပါသည် ။
ဒီနေရာမှာမေးစရာရှိလာပါပြီ အစိုးရက ဘယ်သူတွေနဲ့တွေ့ရမှာလည်း တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့လား ဒါမှမဟုတ် ဒေါ်စု ကြည် ဦးဆောင်ပါဝင်တဲ့ NLD နဲ့လား ဘယ်သူတွေနဲ့တွေ့ရမှာလဲ ..တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့တွေ့ ဆုံ ဆွေးနွေးရေးတွေလုပ်လို့  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၁၇)ဖွဲ့နဲ့  အပစ်ရပ်စဲခဲ့တယ် နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးမှာ ဒီအဖွဲ့တွေနဲ့ သဘောထားကွဲလွဲမှုတွေ ရှိလာလို့ အချို့သော အဖွဲ့ တွေနဲ့ ငြိမ်းချမ်းရေး ပျက်ပြားခဲ့တာတွေရှိတယ် ဒီလိုကွဲပြားတာကလဲ ကြားကောင်းအောင်အမျိုးမျိုး ပြောနေပေမယ့် အဓီကကတော့ သေနတ်ဆက်ကိုင်ထားချင် တာပါပဲ အစိုးရက ခွင့်မပြုဘူး သူတို့ကဆက်ကိုင်ထားချင်တယ် ဒီအပေါ်မှာကွဲလွဲတာပါ..ဒေါ်စုကြည်နဲ့ တွေ့ဘို့လိုတယ်ဆိုတာကတော့ အောက်ကပုံတွေကိုကြည့်ပါ 









ဗိုလ်ချုပ်မှုးကြီးနဲ့ဒေါ်စုကြည် တွေ့ဆုံဆွေးနွေးတိုင်းသာ ဒီမိုကရေစီရရင်၊ မြန်မာပြည်ငြိမ်းချမ်း မယ်ဆိုရင် အလုံးစုံကောင်းသွားမယ်ဆိုရင် မြန်မာပြည်ကြီးဒီမိုကရေစီရတာ ၊ ငြိမ်းချမ်းတာ အလုံစုံကောင်းသွားတာ ကြာလှပြီပေါ့ဗျာ...အခွင့်အရေးဆိုတာတစ်ခါပဲရမယ်ဆိုတဲ့ မြန်မာစကားရှိတယ်လေ..ဒေါ်စုကြည်ဒီအခွင့်အရေး  ( ၃ )ခါ ရခဲ့တယ်...ဘယ်နှစ်ခါ ထပ်ပေးရဦးမှာလဲဗျာ....မျက်နှာချင်းဆိုင်နေတုန်းကတော့ အန်ကယ်တို့သဘောပါ အန်ကယ်တို့လဲ ကောင်းအောင်လုပ် နေတာပဲ ပေါင်းလုပ်ကြတာပေါ့ အစရှိသဖြင့် ရွှမ်းရွှမ်းဝေ အောင် ပြောခဲ့ပြီး ကွယ်တာနဲ့ လုပ်ချင်တာလုပ် ပြောချင်တာပြောလုပ်နေတာဘယ်သူက ၄ခါတော့ အလိမ်ခံပါ့မလဲဗျာ...အစိုးရက ဘာလို့ ဒေါ်စုကြည်ကိုမတွေ့တော့သလဲဆိုတဲ့အဖြေဟာ ဒါပါပဲ ....



ဆူနာမီကြောင့် ထိခိုက် ပျက်စီးသော ဒေသများ၏ ယခင် နှင့် ယခု ဂြိုလ်တု ဓါတ်ပုံများ

၂၀၁၁ မတ်လ ၁၁ ရက်နေ့ နေ့လည်ပိုင်းက ဂျပန်နိုင်ငံတွင် လှုပ်ခတ်သွားသော အင်အားပြင် ငလျင်ကြီးကြောင့် ပစိဖိတ် သမုဒ္ဒရာ အတွင်း ဆူနာမီ ရေလှိုင်းကြီးများ ဖြစ်ပေါ်ခဲ့ရာ ဂျပန်နိုင်ငံ တစ်ဝှမ်း နေရာအတော်များများတွင် အပျက်အစီး အဆုံးအရှံးများခဲ့သည်။ သေဆုံးသောလူ အရေအတွက် စာရင်မှာလည်း မြင့်တက်လျက်ရှိပြီး လက်ရှိအချိန်အထိ ပျက်စီးဆုံးရှုံးမှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၅ ဘီလီယံ ရှိပြီဟု သိရသည်။
ဂျပန်နိုင်ငံအတွင်း ဆူနာမီရေလှိုင်းများကြောင့် အပျက်အစီးများပြားသော ဒေသများ၏ ဂြိုလ်တု ဓါတ်ပုံများကို ဆူနာမီ မဖြစ်ပွားမီ ပုံများနှင့် နှိုင်းယှဉ်ကြည့်နိုင်ရန် ဖော်ပြလိုက်ပါသည်။


Arahama in Sendai jpg
Arahama in Sendai
Arahama in Sendai1 jpg
Fujitsuka in Sendai
Fujitsuka in Sendai jpg

Tuesday, March 15, 2011

ဗြိတိသျှ ပါလီမန်ထဲကမေးခွန်းများ

ဗြိတိသျှပါလီမန် အဆောက်အဦ
ပြည်ထောင်စုလွှတ်တော် ကျင်းပတဲ့အခါ မေးခွန်းများ မေးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မီဒီယာ တစ်ချို့ မေးခွန်းကို ကြိုတင်ပြရတာ ဒီမိုကရေစီ မကျဘူး၊ ဖြေတာတွေက မတိကျဘူး စသည်ဖြင့် ဝေဖန်တာတွေ ရှိပါတယ်။ စာဖတ်သူ တစ်ယောက်ကတော့ တစ်ခြား ဒီမိုကရေစီ နိုင်ငံတွေမှာရော လွှတ်တော်မှာ မေးခွန်း မေးတဲ့အခါ ကြိုတင်ရသလား ဘယ်လို အချက်တွေကို လိုက်နာ ရသလဲ သိချင်တယ်လို့ မေးလာပါတယ်။ ဒါကြောင့် လေ့လာမိသမျှ ဝေငှ ပေးလိုက်ပါတယ်။
ပထမဆုံး လွှတ်တော် မေးခွန်း ဆိုတာရဲ့ သဘော သဘာဝကို ပြောရရင် လွှတ်တော် ကိုယ်စားလှယ် များက သူတို့ သိချင်တဲ့၊ ဒါမှ မဟုတ် မဲဆန္ဒရှင်တွေ သိချင်တဲ့၊ သိသင်တဲ့ အချက်အလက် များကို အစိုးရ အဖွဲ့ကို မေးမြန်းခြင်းပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် အစိုးရ အဖွဲ့က ၀န်ကြီးတွေ အနေနဲ့ အချက်အလက် အပြည့်အစုံနဲ့ ဖြေကြားဖို့ လိုပါတယ်။ ဒီအတွက် အစိုးရအဖွဲ့ကို ပြင်ဆင်ချိန်ပေးတဲ့ ကြိုတင်ပြဖို့ လိုပါတယ်။ ဒါပေမယ့် အရေးပေါ် ကိစ္စတွေမှာ မေးခွန်းမေးတဲ့ အခါမှာတော့ လွှတ်တော် အကြီးအမှူး လုပ်သူက သီးခြား ခွင့်ပြုပေး နိုင်ပါတယ်။ နောက်ပြီး အဲဒီမေးခွန်းကို မေးခွင့် ပြု၊မပြု ဆိုတာလည်း လွှတ်တော် အကြီးအမှူးရဲ့ ဆုံးဖြတ်ချက်ပဲ ဖြစ်ပါတယ်။ တစ်ချို့ နိုင်ငံတွေ မှာတော့ ဘယ်လို မေးခွန်းမျိုး ဆိုရင် ခွင့်ကို ခွင့်ပြုရမယ်လို့ သတ်မှတ်တာလည်း ရှိပါတယ်။ (ဥပမာ။ ဘတ်ဂျက်ကိစ္စ မေးခွန်းများ)
တစ်ခြား နိုင်ငံတွေမှာ လွှတ်တော် မေးခွန်းနဲ့ ပတ်သက်ပြီး ကျင့်သုံးတဲ့ အခြေအနေတွေကို ပြောတဲ့ အခါမှာတော့ ပါလီမန် စနစ်ရဲ့ ဘိုးအေဖြစ်တဲ့ ဗြိတိသျှ ပါလီမန်ရဲ့ House of Common လို့ခေါ်တဲ့ အောက်လွှတ်တော် အကြောင်းကိုပဲ ပြောချင်ပါတယ်။

Monday, March 14, 2011

ကောလဟာလ သတင်းတစ်ခုအတွက် သတင်းဓါတ်ပုံ

မြန်မာ့အတိုက်အခံတွေကတော့ ဘာမှလုပ်စရာမရှိရင် မဟုတ်တဲ့ သတင်းတွေလုပ်မယ် ဖြန့်မယ် ဒါပဲ လုပ်တတ်သလား တော့ မပြောတတ်ဘူး တကယ့် ကျားဆိုရင်တော့ ဘယ်သူမှ ထွက်လာတော့မှာ မဟုတ်ဘူး ခုနောက်ဆုံးကောလဟာလက ဖိုးလပြည့် နဲ့ရန်ဖြစ်တာ ရဲလေးသေပြီ စိုင်းစိုင်းနဲ့ အာဇာနည် အတွင်းလူနာ အဖြစ် ကုသနေရတယ် ဆိုတဲ့ ကောလဟာလပါ တစ်ခါလာလဲ ဖိုးလပြည့် တစ်ခါလာလည်း ဖိုးလပြည့်နဲ့ မရိုးသေးဘူးလားဗျာ အသစ်လေးဘာလေးလုပ်ကြပါဦး.......


ဒီပုံကတော့ အတွင်းဒဏ်ရာရသွားတယ်ဆိုတဲ့ စိုင်းစိုင်း ၊ အာဇာနည်နဲ့ ဖိုးလပြည့် ပုံပါ ပုံမှာတော့ အတွင်းဒဏ်ရာမတွေ့ ရဘူး မမြင်ရတဲ့နေရာမှာ ရှိရင်တော့မသိဘူး အဲဒီနေရာမှာအတွင်းဒဏ် ရာ ရနေတာကို သိနေတယ်ဆိုရင်တော့ ဒီအတိုက်အခံတွေရဲ့ နှမတွေဆီက ရတာ ဖြစ်မယ်ထင်တယ် ကျွန်တော်တို့တော့ သတင်းမရသေးဘူး...ရရင်ထပ်ပြောမယ်ဗျာ...


Sunday, March 13, 2011

အကြိတ်အနယ်မေးကြဖြေကြတဲ့ အမျိုးသားလွှတ်တော်

လွှတ်တော် အစည်းအဝေးတွေမှ မေးကြ၊ ဖြေကြ၊ အဆို တင်သွင်းကြတာ တွေဟာ အချိန် ကြာလာတဲ့အမျှ အရှိန်ရ လာတာကို တွေ့ရပါတယ်။ ဒီကနေ့ လုပ်ခဲ့တဲ့ အမျိုးသားလွှတ်တော် အစည်းအဝေး ကတော့ အတော်ကို အကြိတ်အနယ် ပြောခဲ့ ကြတယ်လို့ ဆိုပါတယ်။
မေးခွန်းတွေ မှာတော့ ချင်းပြည်နယ်က ကိုယ်စားလှယ် နှစ်ဦးဖြစ်တဲ့ ဦးဇုန်လှယ်ထန်းနဲ့ ဦးစတီဗင်သာဘိတ် တို့ ချင်းပြည်နယ် တောင်ပိုင်းနဲ့ မြောက်ပိုင်းမှာ ကောလိပ်နှစ်ခု ဖွင့်ပေးလို့ ရမရနဲ့၊ အစိုးရ ကျောင်းတွေမှာ တိုင်းရင်းသား ဘာသာစကား သင်ခွင့် ရှိမရှိ၊ မေးခဲ့တယ်။ အလားတူပဲ မွန်ပြည်နယ် ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ ဒေါက်တာ ဗညားအောင်မိုး ကလည်း တိုင်းရင်းသား လူမျိုးများ၏ ပညာရေး ဌာနများ ဖွဲ့စည်းပေးရန် သင့်မသင့် မေးခဲ့ပါတယ်။
ဒီမေးခွန်းကို ဖြေကြားရာမှာ ပညာရေးဝန်ကြီး ဒေါက်တာချမ်းငြိမ်းက တက္ကသိုလ် ကောလိပ်များ ဖွင့်လှစ်ရာမှာ တက်ရောက် နိုင်တဲ့ ဒေသ လူဦးရေ၊ လမ်းပန်း ဆက်သွယ်မှု၊ နှစ်စဉ် တက္ကသိုလ် တက်နိုင်ဖို့ တက္ကသိုလ်ဝင် စာမေးပွဲ အောင်တဲ့ အရေအတွက် များကို မူတည်ပြီး ဖွင့်လှစ်တာ ဖြစ်ကြောင်း၊ ယခုအစိုးရ လက်ထက်မှာ မိမိဒေသနဲ့ အနီးဆုံး နေရာတွေမှာ အဆင့်မြင့် ပညာများ ဆည်ပူးနိုင်ဖို့ အတွက် တက္ကသိုလ် ကောလိပ်တွေကို တိုးချဲ့ဖွင့်လှစ် ပေးခဲ့ကြောင်း၊ ချင်းပြည်နယ် မြောက်ပိုင်းက ကျောင်းသားများ အတွက် ကလေးမြို့နဲ့ တောင်ပိုင်းက ကျောင်းသားများ အတွက် ပခုက္ကူမြို့မှာ တက်ရောက် နိုင်ကြောင်း၊ အဝေးသင် တက္ကသိုလ်လည်း တက်ရောက်ခွင့် ရှိကြောင်း ဖြေကြားခဲ့ပါတယ်။ အစိုးရ ကျောင်းတွေမှာ တိုင်းရင်းသား ဘာသာနဲ့ သင်ကြားဖို့ ကိစ္စနဲ့ ပတ်သက်လို့တော့ တိုင်းနဲ့ပြည်နယ် တွေမှာ တိုင်းရင်းသား ပေါင်းစုံ စုစည်း နေထိုင်နေပြီး အတန်းတစ်တန်း မှာတောင် လူမျိုးပေါင်းစုံ စုစည်းနေကြတယ်။ တစ်ချို့ လူမျိုးစုတွေ ကျတော့ ချင်းပြည်နယ်မှာ လိုပဲ ဒေသကို လိုက်ပြီး စကားကွဲပြား နေတယ်။ ဒါ့ကြောင့် သင်ရိုးညွှန်းတန်းကို အများသုံး ဘာသာဖြစ်တဲ့ မြန်မာစာနဲ့ပဲ ရေးဆွဲ သင်ကြားရတာ ဖြစ်တယ်။ တိုင်းရင်းသား စာပေ တစ်ခုချင်းနဲ့ ရေးဆွဲဖို့ မဖြစ်နိုင်ဘူး။ ဒါပေမယ့် ကျောင်းပြင်ပ ပညာရေး အနေနဲ့ တိုင်းရင်းသား စာပေကို သင်ကြားပေးမယ် ဆိုရင်တော့ အကူအညီ ပေးသွားမယ်လို့ ဖြေကြား သွားပါတယ်။ နောက်ပြီး ပညာရေး ၀န်ကြီးဌာနရဲ့ လက်အောက်မှာ တိုင်းရင်းသား လူမျိုးအလိုက် ပညာရေး ဌာနများ ဖွဲ့စည်းပေးဖို့ အစီအစဉ် မရှိဘူး။ ပြည်နယ်၊ တိုင်းဒေသကြီး အစိုးရများ၊ လွှတ်တော်များ အနေနဲ့ မိမိတို့ တိုင်းရင်းသား ဘာသာစကား ဖွံ့ဖြိုး တိုးတက်ရေး အတွက် လုပ်ဆောင်နိုင်ခွင့် ပေးထားပြီး ဖြစ်လို့ မိမိတို့ ဒေသ အစီအစဉ်နဲ့ပဲ လုပ်ရမှာ ဖြစ်တယ်လို့ ဖြေကြားသွားပါတယ်။

နိုင်ငံတော်ကို ပြောင်းလဲချင်တာလား သူတို့ ဘဝ ကို ပြောင်းလဲချင်တာလား

ငယ်ငယ်တုန်းက မစုကြည်
v
v
v
ကြီးလာတော့ အဲရစ်စုကြည်

v
v
v

v
v
v

v
v