xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar

Monday, September 5, 2011

ဒေါ်အောင်ဆန်းစုကြည်အတွက် စိန်ခေါ်မှုအသစ်များ

ရက်တစ်ရာကျော် အထိ သွေးအေးနေခဲ့သော မြန်မာ့ နိုင်ငံရေးဟာ ပြီးခဲ့တဲ့ သြဂုတ်လ အတွင်းမှာ အရှိန်အဟုန် ကောင်းကောင်းနဲ့ လှုပ်ရှား လာခဲ့ပါတယ်။ အဓိကကတော့ အစိုးရသစ်နဲ့ ဒေါ်အောင်ဆန်းစုကြည် ကြားမှာ တွေ့ဆုံ ဆွေးနွေးမှုတွေ အရှိန်ရလာပြီး သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံတဲ့ အဆင့်ကို ရောက်ရှိ လာတာပဲ ဖြစ်ပါတယ်။
ဒီအချိန်ဟာ မြန်မာ့နိုင်ငံရေးရဲ့ အဓိက အင်အားစု နှစ်ခုဟာ ဆုံမှတ် တစ်ခုပေါ်မှာ ရောက်လာပြီး အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး လမ်းကြောင်းပေါ်ကို ဦးတည်နေပြီလို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် ရှေ့ခရီးမှာ စိန်ခေါ်မှုတွေ အများကြီး ရင်ဆိုင် ရဦးမှာ ဖြစ်ပါတယ်။ ဒီစိန်ခေါ်မှုတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်ရမယ့် စိန်ခေါ်မှုက ပိုအရေးကြီးတယ်လို့ ထင်ရပါတယ်။ အရင်တုံးကတော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တပ်မတော်ဘက်က အယူအဆ ပြင်းထန်နေမှု၊ သံသယ ဖြစ်မှုတွေကို ကျော်လွှားပြီး စေ့စပ်ရေး စားပွဲဝိုင်းပေါ်ကို ဆွဲခေါ်နိုင်ဖို့က အရေးအကြီးဆုံး စိန်ခေါ်မှု ဖြစ်ခဲ့ပါတယ်။
အခုအချိန်မှာတော့ အစိုးရသစ်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကို အသိအမှတ် ပြုခဲ့ပြီး ဒေါ်အောင်ဆန်း စုကြည် အပါအ၀င် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံ နိုင်သေးသူတွေနဲ့ ဘုံရပ်တည်ချက်ကို ရှာဖွေ အလုပ်လုပ်နိုင်ဖို့ အတွက် အသင့်ရှိတယ် ဆိုတာကို လူသိရှင်ကြား ထုတ်ဖော် ပြောဆိုလာပြီး လက်တွေ့လည်း အကောင် အထည် ဖော်နေပြီ ဖြစ်တဲ့အတွက် ဒီစိန်ခေါ်မှုကို ကျော်လွှား နိုင်ခဲ့ပြီလို့ ဆိုနိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ဒီတွေ့ဆုံမှုတွေနဲ့ ပတ်သက်ပြီး ကျေနပ်တယ်။ သမ္မတသစ်ဟာ ပြုပြင် ပြောင်းလဲမှုကို အမှန်တကယ် လိုလားတယ်လို့ သူထင်တဲ့ အကြောင်း ပြောကြားထားပြီး ဖြစ်ပါတယ်။
ဒါ့ကြောင့် ဒေါ်အောင်ဆန်းစုကြည် ဒီတစ်ခါ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုဟာ အပြင်က မဟုတ်ဘဲ ကိုယ့်အတွင်းထဲက လာမယ့် စိန်ခေါ်မှုလို့ ဆိုနိုင်ပါတယ်။ ပြီးတော့ အဲဒီစိန်ခေါ်မှုဟာ ပြည်တွင်း၊ ပြည်ပရှိ ဒီမိုကရေစီ လှုပ်ရှားသူများနဲ့ လက်နက်ကိုင် တိုက်ခိုက်ဆဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဆိုတဲ့ နေရာနှစ်ခုကနေ ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။

ရုရှားအကူအညီဖြင့်တည်ဆောက်သော အီရန်၏ ပထမဆုံးနျူဓါတ်အားပေးစက်ရုံ စတင်လည်ပတ်

 
ရုရှားနိုင်ငံ၏အကူအညီဖြင့်တည်ဆောက်ထားသော အီရန် နိုင်ငံ၏ ပထမဆုံးသော နျူကလိယ စွမ်းအင်သုံး လျှပ်စစ် ဓါတ်အားပေး စက်ရုံမှာ  စတင် လည်နေပြီ ဖြစ်သည်ဟု အီရန်မှပြောကြားလိုက်သည်။ အီရန်နိုင်ငံ တောင်ပိုင်းရှိ Bushehr  မြို့တွင် ရှိသည့်  ယင်းစက်ရုံမှာ လွန်ခဲ့သော စနေနေ့က နိုင်ငံ၏ ပင်မ လျှပ်စစ် ဓါတ်အားလိုင်း နှင့် စတင် ဆက်သွယ်ခဲ့ကြောင်း တနင်္ဂနွေနေ့တွင် အီရန်နျူကလီးယား စွမ်းအင်အဖွဲ့အစည်းမှ ထုတ်ပြန် ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း NHK သတင်းဌာနကဖေါ်ပြလိုက်သည်။

အီရန် နိုင်ငံမှ ပြောကြားရာတွင် ယခုစက်ရုံမှာ လောလောဆယ်တွင် လျှပ်စစ်ဓါတ်အား အကန့်အသတ်ဖြင့်သာ ထုတ်ပေးဦး မည် ဖြစ်ပြီး ဘေးအန္တရာယ် ကင်းရှင်းရေး ပုံမှန် စစ်ဆေးမှုများ ပြီးစီးမှသာ အပြည့်အဝ လည်ပတ်မည် ဖြစ်ကြောင်း ပြောခဲ့သည်။ယင်းသို့ စစ်ဆေးမှုများကို ယခုနှစ်ကုန်တွင် အပြီးသတ်မည် ဖြစ်ပြီး နှစ်ကုန်ပိုင်းတွင် စွမ်းအင်ပြည့် လည်ပတ်မည် ဖြစ်သည်။ 

အဆိုပါစက်ရုံအတွက်ရုရှားနိုင်ငံမှ နျူကလိယ လောင်စာတောင့်များနှင့် အသုံးပြုပြီး စွမ်းအင်တောင့်များကို တာဝန်ယူ သွားမည် ဖြစ်သည်ဟု ၎င်းတို့မှ ပြောသည်။ အီရန် နိုင်ငံက၎င်းတို့ အနေဖြင့် နောက်ထပ် နျူကလီးယားစက်ရုံပေါင်း ၂၀ အထိ ထပ်မံ တည်ဆောက်ဦးမည် ဖြစ်ကာ ယူရေနီယံ သန့်စင်ရေး လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်သည်ဟု ပြောကြားလိုက်သည်။

ဖျက်ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှု အမေရိကန်မအောင်မြင်



အမေရိကန် ပြည်ထောင်စု ဒုံးခွင်း ဒုံးစနစ်အတွက် တီထွင် ထုတ်လုပ်ခဲ့တဲ့ အဆင့်မြင့် ဖျက်ဒုံးကျည် တစ်ခုကို ပထမဆုံးအကြိမ် စမ်းသပ် ပစ်လွှတ်ခဲ့ရာမှာ ပစ်မှတ်ကို ထိမှန်ခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။ အဆိုပါ SM-3 Block1B ဖျက်ဒုံးကျည်ကို ဟာဝိုင်အီကျွန်း အနီး ပစိဖိတ် သမုဒ္ဒရာ အထက်မှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က စမ်းသပ် ပစ်လွှတ်ခဲ့တာ ဖြစ်ကြောင်း အမေရိ ကန် ကာကွယ်ရေး ၀န်ကြီးဌာနက ပြောကြား ခဲ့ပါတယ်။

အဆိုပါ ဖျက်ဒုံးကျည်ဟာ ပစ်မှတ်ကို အတည်ပြုနိုင်ဖို့ အဆင့်မြင့် ဒီဇိုင်းနဲ့ ထုတ်လုပ်ထားပြီး အမေရိကန် ရေတပ် သင်္ဘော တစ်စင်းကနေ ပစ်လွှတ်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ ဒုံးကျည်ကို ကာဝါအီကျွန်းရှိ ရေတပ် လေ့ကျင့်ရေး ပစ်ကွင်း တစ်ခုကနေ ပစ်လွှတ်ခဲ့တဲ့ ပဲ့ထိန်း ဒုံးကျည် တစ်ခုကို ကြားဖြတ် ဖျက်ဆီးဖို့ ပစ်လွှတ်ခဲ့တာ ဖြစ်ပြီး ပစ်မှတ် ဒုံးကျည်ကို မဖျက်ဆီးနိုင်ခဲ့ဘူးလို့ သိရပါတယ်။ အဲ့ဒီလို ဖျက်ဒုံးကျည် စမ်း သပ် ပစ်လွှတ်မှု မအောင်မြင်ခဲ့ရတဲ့ အကြောင်းကို အသေးစိတ် စုံစမ်း စစ်ဆေး သွားမှာ ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေး ၀န်ကြီးဌာနက ပြောကြား ခဲ့ပါတယ်။

ဘွဲ့ဖြူလက်နက်အန္တရာယ်


အကျင့်ပျက်ခြစားမှုပပျောက်ရေးနဲ့ တရားရေးမဏ္ဍိုင်ကြံ့ခိုင်ရေးကို အထူးအလေးထား ဆောင်ရွက်ခြင်းမပြု ဘဲနဲ့ ဒီမိုကရေစီတည်ဆောက်ရေးလုပ်ငန်းများ အောင်မြင်မှုမရနိုင်ကြောင်း အစိုးရတာဝန်ရှိပုဂ္ဂိုလ်များ က နေ့စဉ်နှင့်အမျှ ထုတ်ဖော်ပြောကြားနေကြတာများကို စာနယ်ဇင်းတွေမှာ အခုတလော မပြတ် ဖတ်ရှုနေရတယ်။

ကြောက်စရာချောက်ကြီး

ဒီပြောကြားချက်များဟာ သွေးထွက်အောင်မှန်တဲ့ စကားများဖြစ်တယ်။ တစ်ပါတီ တစ်ဖွဲ့တစ်စည်း အာဏာရှင်စနစ်ကြီး သက်ဆိုးရှည်ခဲ့လေတော့ နိုင်ငံအိမ်ကြီးကို ထောက်မထားတဲ့ တိုင်ကြီးလေးလုံး မဏ္ဍိုင်ကြီးလေးခုစလုံးဟာ အတွင်းလှိုက်စားတဲ့ ခြပုန်းတွေလက်ချက်ကြောင့် မြင်မကောင်း ရှုမကောင်းဖြစ်အောင်ကို ယိုင်နဲ့နေတာ တွေ့ရတယ်။ မငြိမ်မသက်ဖြစ်မှုတွေနဲ့ ဆူပူအုံကြွ မှုတွေရဲ့ ရေခံမြေခံဖြစ်တဲ့ ဆင်းရဲချမ်းသာကွာဟမှု ဒါမှမဟုတ် အပယ်ခံနဲ့ အခွင့်ထူးခံ ကွာဟမှုချောက်ကြီး ကလည်း ကြောက်စရာကောင်းလောက်အောင် နက်ရှိုင်းလာခဲ့တယ်။ အင်မတန်အန္တရာယ်ကြီး တဲ့ ချောက်ကြီးဖြစ်တယ်။

တောမီးလောင်သလို


အခုတလော တောမီးလောင်သလို တစ်နေရာက တစ်နေရာကို ရုတ်တရက် ချက်ချင်း ကူးစက်ပျံ့နှံ့သွားတဲ့ အရှေ့အလယ်ပိုင်းဒေသက တော်လှန်ရေးမုန်တိုင်းကြီးကို ကြည့်ပြီး ကောင်းကောင်းကြီး သင်ခန်းစာယူသင့်တယ်။ အရှေ့အလယ်ပိုင်းဒေသက နိုင်ငံအားလုံးလိုလိုဟာ မူလက အင်မတန်ဆင်းရဲကြတယ်။ စာတတ်မြောက်မှုရာနှုန်းလည်း အင်မတန်နိမ့်ကျတယ်။ ခြောက်ဆယ်ခုနှစ်များ အတွင်းရောက်မှ ရေနံတွင်းတွေ ရှာဖွေတွေ့ရှိပြီး လူရာဝင်လာကြတာမြန်တယ်။ လူချမ်းသာတွေ အများကြီး ပေါ်ထွက်လာခဲ့တယ်။ အဲဒီနိုင်ငံတွေရဲ့ နိုင်ငံရေးစနစ်က အာဏာရှင်စနစ်ဖြစ်တယ်။ တချို့နိုင်ငံတွေမှာ ဘုရင်တွေ၊ ပဒေသရာဇ်တွေ အုပ်ချုပ်ပြီး တချို့နိုင်ငံတွေကျတော့ စစ်တပ်က အာဏာသိမ်းပြီး အုပ်ချုပ်နေကြတာ ဖြစ်တယ်။ ဒေသတစ်ခုလုံးမှာ ဒီမိုကရေစီနိုင်ငံလို့ လက်ညှိုးထိုးပြစရာဆိုလို့ အစ္စရေးနိုင်ငံ တစ်ခုပဲရှိတယ်။

ရေနံဝင်ငွေတွေ


ရေနံဝင်ငွေ ဒလဟောလှိမ့်ဝင်လာပေမယ့် တိုင်းပြည်ရဲ့ လူဦးရေအများစုက ဆင်းရဲမြဲ ဆင်းရဲနေကြတယ်။ ဘာကြောင့်လဲဆိုတော့ ရသမျရေနံဝင်ငွေတွေဟာ ဘုရင်တွေ၊ ဆူလတန်တွေရှိတ်တွေနဲ့ ဆက်ဒမ်ဟူစိန်လို၊ ကဒတ်ဖီလို အာဏာရှင်တွေရဲ့ နိုင်ငံခြားက ဘဏ်စာရင်းတွေထဲပဲ စီးဝင်သွားကြတာကိုး။ အရှေ့အလယ်ပိုင်းဒေသနိုင်ငံတွေရဲ့ ချမ်းသာသမျှတွေဟာ အဲဒီနိုင်ငံတွေရဲ့ ၁၀ ရာခိုင်နှုန်းလောက်သာရှိတဲ့ ကုဋေကြွယ်သူဌေးကြီးများရဲ့ လက်ထဲမှာ ၇၀ ရာခိုင်နှုန်း လောက်ရှိနေပြီးကျန် ၃၀ ရာခိုင်နှုန်းလောက်ကိုသာ ၉၀ ရာခိုင်နှုန်းလောက်ရှိတဲ့ တိုင်းပြည်သူပြည်သူသားများက လှည့်ပတ်သုံးစွဲနေရ တာဖြစ်တယ်လို့ ပညာရှင်များက ထောက်ပြကြတယ်။

ထားဝယ်ရေနက်ဆိပ်ကမ်း ကမ္ဘာ့အကြီးဆုံး စက်မှုဇုန် ဖြစ်လာ နိုင်ကြောင်း အီရန် မီဒီယာက သုံးသပ်



မြန်မာနိုင်ငံ တောင်ပိုင်း ထား ၀ယ်မြို့တွင် စတင် အကောင်အထည် ဖော်နေပြီ ဖြစ်သည့် ထားဝယ်ရေ နက်ဆိပ်ကမ်း စီမံကိန်းသည် အင်ဒို ချိုင်းနား ကျွန်းဆွယ်သို့ တံခါးပေါက် တစ်ခု အသွင်ဖြစ်လာနိုင်သကဲ့သို့ ကမ္ဘာ့အကြီးဆုံး စက်မှုဇုန်ကြီးအဖြစ် မှတ်တမ်း ၀င်နိုင်ကြောင်း အီရန်နိုင်ငံ အခြေစိုက် မီဒီယာ တစ်ခုဖြစ်သည့် Press TV က ရေးသားဖေါ်ပြချက်ကို ပြည်တွင်းထုတ် Myanmar Post သတင်းဂျာနယ်က ဖေါ်ပြလိုက်ပါသည် ။

အဆိုပါ စီမံကိန်းတွင်ပါဝင်သည့် စတုရန်း ကီလိုမီတာ ၂၅၀ ကျော် ရှည်လျားသော ရေနက်ဆိပ်ကမ်း တစ်ခုကို ထားဝယ်မြို့ တွင် တည် ဆောက် နေပြီဖြစ်ကြောင်း၊ အီတာ လျံ-ထိုင်း ကုမ္ပဏီက ထိုင်းနိုင်ငံရှိ ကျွမ်းကျင် အင်ဂျင်နီယာများ စုစည်း ၍ အဆိုပါ စီမံကိန်းကို ၁၀ နှစ်ကြာ အကောင် အထည် ဖော်မည်ဖြစ်ကြောင်း၊ အမေရိကန် ဒေါ်လာရှစ်ဘီလျံသုံးစွဲ မည့် ယင်း စီမံကိန်းတွင် ရေနက်ဆိပ် ကမ်း ၀န်ဆောင်မှုများ၊ ရေနံချက်စက် ရုံနှင့် ဧရာမ စက်မှုဇုန်ကြီးတစ်ခု ပါဝင် မည်ဖြစ်ကြောင်း၊ ထိုစီမံကိန်း၏ ပထ၀ီ နိုင်ငံရေးနှင့် ပထ၀ီ စီးပွားရေး ဆိုင်ရာ အနေအထားအရ အလုပ်အ ကိုင် အခွင့်အလမ်းသစ် ၁,၀၀,၀၀၀ ဖန်တီးနိုင်မည်ဖြစ်ကြောင်း၊ သို့ရာတွင်  စီမံကိန်း တစ်လျှောက်ရှိ လူနေအိမ် အချို့ကို ပြောင်းရွှေ့ ဖယ်ရှားရမည် ဖြစ်သည့် အတွက် လူ့အခွင့်အရေး ဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်လာ နိုင်ကြောင်း အီတာလျံ- ထိုင်းကုမ္ပဏီ ဒါရိုက်တာက Press TV သို့ ပြော ကြားပါသည်။ 

မကြာသေးမီက အဆို ပါ စီမံကိန်း တွင်ပါဝင်သည့် မြန်မာ- ထိုင်းအဝေးပြေး လမ်းမတစ်ခု တည် ဆောက်ခြင်း နှင့်စပ်လျဉ်း၍ မြန်မာ့ တပ်မတော်နှင့် ကရင် အမျိုးသား အဖွဲ့ချုပ်(KNU)အကြား တိုက်ပွဲ များ ပေါ်ပေါက်ခဲ့ သော်လည်း စီမံကိန်းပြီး ဆုံးသည် အထိ ဆက်လက်ဆောင် ရွက်မည်ဖြစ်ကြောင်း အီတာလျံ-ထိုင်းကုမ္ပဏီက ကြေညာခဲ့သည်။

Sunday, September 4, 2011

ဒေါ်အောင်ဆန်းစုကြည်၏ အင်တာဗျူးနှင့် ဆောင်းပါးများ ထုတ်ဝေခွင့်ရရှိလာခြင်းအပေါ် ပြည်တွင်းပြည်ပမှကြိုဆို

ယခုအပတ် ပြည်တွင်းထုတ်ဂျာနယ်အချို့တွင် ဒေါ်အောင်ဆန်းစုကြည် ၏ကိုယ်တိုင်ရေး ဆောင်းပါးများ အပြင် အင်တာဗျုးများ လည်း ထုတ်ဝေခွင့်ရရှိခဲ့ကြောင်းသတင်းရရှိပါသည် ။

ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ်ကလွတ်မြောက်လာပြီးနောက် သတင်းဂျာနယ် အများအပြား က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမေးမြန်းခန်းများကို ပြုလုပ်၍ စာပေစိစစ်ရေးသို့ တင်ပြခဲ့သော်လည်း ခွင့်ပြုချက်မရရှိခဲ့ပဲ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်နှင့်ဒေါ်အောင်ဆန်းစုကြည်တွေ့ ဆုံပြီးနောက်ပိုင်းတွင် ယခုကဲ့သို့ ဖေါ်ပြခွင့်ရလာတာဖြစ်ကြောင်းလဲသိရပါတယ် ။

ယခုကဲ့သို့ဖေါ်ပြခွင့်ပြုခြင်းကို ပြည်တွင်းပြည်ပ စာနယ်ဇင်းလောကသားများကကြိုဆိုလိုက်ကြပြီး ဆက်လက်ဖေါ်ပြနိုင်ရေးအတွက် မျှော်လင့် တောင်းဆိုမှုများလည်းရှိကြောင်းသိရပါတယ် ။

ယခုလ ၄ရက်နေ့ထုတ် The Messenger News Journal မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်တာဗျုး ပါဝင်လာပြီး နှစ်ပေါင်း ၂၀အတွင်း ဘယ်ဂျာနယ်မှာမှဖေါ်ပြနိုင်ခြင်းမရှိသေးတဲ့ အင်တာဗျုးတစ်ခုကို သူတို့ဂျာနယ်ကပထမဆုံး ဖေါ်ပြနိုင်ပြီဖြစ်ကြောင်း သူရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာဂုဏ်ယူစွာ ဖေါ်ပြထား တာတွေ့ရပါတယ် ။


အလားတူပင် သူမ၏သားနှင့်ပုဂံအပန်းဖြေခရီးအကြောင်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ရေးသားထားတဲ့ " အပန်းဖြေနားရက်များ" အမည်ရှိဆောင်းပါးကိုလည်း လာမည့်အင်္ဂါနေ့ထုတ် ပြည်သူ့ခေတ်ဂျာနယ်တွင် အဖြတ်အတောက်မရှိဖေါ်ပြခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရပါသည် ။ ထူးခြားသည်မှာ အဆိုပါဂျာနယ်တွင်ပင် ယခင်အစိုးရလက်ထက်က အစိုးရကို ဆက်တိုက်ဆိုသလို အတိုက်အခံပြုခဲ့တဲ့ NLD ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးဝင်းတင်၏ " သခင်အောင် ဆန်းရေးခဲ့သော နိုင်ငံရေးဆောင်းပါး တစ်ပုဒ် " အမည်ရှိဆောင်းပါးလည်း ပါဝင်လာမှာဖြစ်ကြောင်းသိရှိရပါသည် ။

မိန်းခလေးများအထူးသတိပြုစရာသတင်းတစ်ပုဒ်

စိတ်ကြွပီကေကျွေးပြီး အဝတ်မဲ့ ဓာတ်ပုံရိုက်ယူကာ အင်တာနက်ပေါ်တင်မည်ဟု ပြော၍ ငွေသိန်း ၅ဝဝ ခန့် ခြိမ်းခြောက်ရယူမှု ပြည်မြို့တွင် ဖြစ်ပွား



စိတ်ကြွပီကေကျွေးပြီး ဝတ်လစ်စလစ်ပုံများ ရိုက်ယူကာ ငွေခြိမ်းခြောက်ရယူသည့် အသက် ၂ဝ အရွယ် အမျိုးသမီးတစ်ဦးကို ရဲက ပုဒ်မ ၃၈၆ ဖြင့် ဖမ်းဆီးလိုက် ပြီဖြစ်ကြောင်း ပြည်မြို့ အမှတ် ၂ ရဲစခန်းမှ သိရသည်။
ပြည်မြို့ရှိကွန်ပျူတာ တက္ကသိုလ် ကျောင်းသူ တစ်ဦးကို   ယောက်ျားစိတ်ပေါက်နေ သူ အမျိုးသမီးတစ်ဦးက ပီကေကျွေးကာ အင်္ကျီချွတ်ပြီး ဝတ်လစ် စလစ်ပုံ ရိုက် ယူခြင်းဖြစ်ပြီး ၄င်းဓာတ်ပုံများကို  အင်တာနက်ပေါ်တင်မည်ဟု ခြိမ်းခြောက် ပြီးငွေအကြိမ်ကြိမ် တောင်းခံ ခဲ့ရာ စုစုပေါင်း ကျပ်သိန်း ၅ဝဝ ခန့် ပေးခဲ့ရကြောင်း တရား လိုနှင့် နီးစပ်သူတစ်ဦးကပြောသည်။  ”အစ ကတော့ မသိ ဘူးပေါ့၊  နောက်မှ သူက အဒေါ်ကို ဖွင့်ပြော လိုက်တော့ဖြစ်ရပ်အကုန်းလုံးသိကြ ရတယ်၊ဒါနဲ့ရဲစခန်းကို သြဂုတ်လ ၂၃ ရက်နေ့ က တိုင်ကြားလိုက် ရတယ်” ဟု ၄င်းက တယ်လီဖုန်း ဖြင့် ဆက်သွယ်ပြောသည်။ ယင်း ကိစ္စနှင့်ပတ်သက်၍ ပေါ်ပြူလာနယူးစ် ဂျာနယ်မှ ပြည်မြို့ ရှိ အမှတ် ၂ ရဲစခန်းသို့ ဆက် သွယ် မေးမြန်းခဲ့ရာ တာဝန်ရှိသူတစ်ဦးက ”ဒီအမှုဖြစ်တာ ဟုတ်ပါတယ်၊ တရားခံလို့ ယူဆရတဲ့ သူကိုလည်း ဖမ်းမိထားပါတယ်၊ တရားရုံးကို အမြန်ဆုံးတင်ပို့နိုင်ဖို့အတွက် စီစဉ်နေပါ တယ်”ဟု ပြန်လည် ဖြေကြားခဲ့သည်။ 
ရန်ကုန်မြို့ စမ်းချောင်းနေ တရားခံဟု ယူဆရသူ အမျိုးသမီး ငယ်က ခြိမ်းခြောက်၍ ရယူထား သော ငွေစုစုပေါင်း သိန်း ၅ဝ နှင့် ရန်ကုန်ရိုးမဘဏ်မှမထုတ်ရသေး သည့် ငွေကျပ် ၄၆ သိန်းတို့ အပါအဝင် ခြိမ်းခြောက် ၍ ရထား သောငွေဖြင့် ပင်ဝယ်ယူထားသည့် လတ်ဝတ်ရတနာ ကျပ်သိန်း ၈ဝ ခန့်တို့ကိုတရား လို ကျောင်းသူ ၏ မှတ်ပုံတင်နှင့်အတူ သိမ်းဆည်း ရမိ ခဲ့ကြောင်းကို ပြည်မြို့အမှတ် (၂) ရဲစခန်းမှ စခန်းမှူးဦးဇော်လွင်နှင့် အမှုစစ်ရဲအုပ်ဦးဇော်လှိုင်ထွန်း တို့ထံမှ သိရသည်။”ပြည်မြို့က နွေဦးကံ့ကော် အဆောင်မှာ ဖမ်းမိတယ်။ သူနဲ့အ တူလက်ကိုင်ဖုန်းကိုပါ သိမ်းဆည်းမိ ပါတယ်။ အဲဒီအထဲမှာ အခြားမိန်း ကလေးတွေရဲ့ ဝတ်လစ်စလစ်ပုံ  တွေကိုပါ   တွေ့ခဲ့ရပါတယ်” ဟု ပဲခူးတိုင်းဒေသကြီးမှ ရဲအုပ်ဦးစိုးမင်း ကပြောသည်။ 

အမေရိကန်စီးပွားရေး ခေါင်းပြန်ထောင်လာဖို့လွယ်ပါ့မလား



တစ်ချိန်တစ်ခါက အမေရိကန် ပြည်ထောင်စုကို ကြည့်ပြီး ကမ္ဘာက ရင်သပ်ရှုမောအံ့သြခဲ့ကြရတယ်။ ဘာကြောင့်လဲဆိုတော့ အမေရိကန် နိုင်ငံက နိုင်ငံ တစ်နံတစ်လျား အဝေး ပြေးလမ်းမကြီးတွေ ဖောက်လုပ်ပြခဲ့ တယ်။ ကမ္ဘာပေါ်မှာ အကောင်း တကာ့ အကောင်းဆုံး ပညာရေး စနစ်တွေ ထူထောင်ဖန်ဆင်းပြတယ်။ ပြီးတော့ လူသားကို လကမ္ဘာပေါ် အရောက်ပို့ပေးခဲ့သေးတယ်မဟုတ် လား။ ဒါပေမယ့် အခုတော့ အရင်လို မဟုတ်တော့ဘူး။ ကြွေးတွေပိပြီး ခေါင်းမဖော်နိုင် ဖြစ်နေရှာတယ်။ ကလေးတွေကစားကြတဲ့ ညောင်ပင် တစ္ဆေကစားနည်းကို ပြန်သတိရမိ တယ်။ ညောင်ပင်တစ္ဆေ ဘယ်မှာနေ လဲမေးတော့ ညောင်ကိုင်းမှာနေတယ် တဲ့။ ဘာစားလဲမေးတော့ ညောင်သီး စားသတဲ့။ ဘာရေသောက်လဲ မေး တော့လဲ ညောင်ရေပဲသောက်တယ် တဲ့။ အခုတော့ အမေရိကန်နိုင်ငံလဲ ညောင်ပင်တစ္ဆေလိုပဲ ဖြစ်နေရှာတယ်။ ကြွေးနဲ့နေ ကြွေးနဲ့စား၊ ကြွေးရေ သောက်ပြီးပေါ့။
 
အကြွေးဇာတ်လမ်း 
 
  ဒီကနေ့ခေတ် အမေရိကန်နိုင်ငံ ဟာ သူ့ရဲ့ အကြွေးဇာတ်ကို ဘယ်လို စတင် ခင်းကျင်းခဲ့သလဲဆိုတာ အကြမ်းဖျင်းလောက်တော့ သိချင်ကြ မှာပါ။ ၁၉၈ဝ ရွေးကောက်ပွဲမှာ ဂျင်မီ ကာတာကို မဲအပြတ်အသတ်နဲ့ အနိုင် ရပြီး Ronald Reagan သမ္မတဖြစ် လာခဲ့တယ်။ အဲဒီအချိန်အမေရိကန် နိုင်ငံမှာ အစိုးရရဲ့ ဗျူရိုကရေစီ ယန္တရားကြီးကလဲ ကြီးမား၊ အခွန် အတုပ်ကောက်ခံမှုကလဲမြင့်မားနေ တော့ ပြည်သူတွေ ညည်းညူနေကြ တဲ့အချိန်ဖြစ်တယ်။ သမ္မတ ရေဂင်က ဒါတွေအားလုံးဖြတ်ချပစ်မယ်လို့ ကြွေး ကြော်ခဲ့တယ်။ တကယ်လဲ အခွန် အတုပ်တွေကို ဖြတ်ချပစ်ခဲ့တယ်။ ရေဂင်က အခွန်ကို လျှော့ချခဲ့ ပေမယ့် သုံးစွဲမှုကိုတော့ မလျှော့ချ ခဲ့ဘူး။ တစ်ဘက်က အခွန်လျှော့ချ တဲ့အတွက် အစိုးရရဲ့ ဝင်ငွေကျဆင်း သွားတယ်။ အခြားတစ်ဘက်မှာ အသုံးအစွဲကို လျှော့ချခြင်းမရှိတဲ့ အပြင် ပိုတောင်သုံးစွဲလာခဲ့တယ်။ ဒီ တော့ ဒီနှစ်ခုကြားမှာ ကွာဟလာ တယ်။ အကျိုးဆက်က ဘာလဲဆို တော့ ငွေချေးငှားပြီး သုံးစွဲလာရ တယ်။ ရေဂင်လက်ထက်မှာ အမေ ရိကန်နိုင်ငံရဲ့ အမျိုးသား ကြွေးမြီ- National Debt ဟာ ၁၉၈ဝ မှာ အမေရိကန်ဒေါ်လာ ၇၁၂ ဘီလီယံ ရှိခဲ့ရာမှ ၁၉၈၈ ခုနှစ်မှာ အမေရိ ကန်ဒေါ်လာ နှစ်ထရီလီယံအထိ ဖြစ် သွားတယ်။ အဲဒီအချိန်က အမေရိကန်ဟာ စီးပွားရေး သိပ်ကောင်းနေတဲ့အချိန် ဖြစ်လို့ ဒီအကြွေးလောက်ကိုတော့ ဒါ လေးများ စကားထဲတောင်ထည့် မပြောဘူး ဆိုတဲ့အချိန်။ နောက်ပိုင်း ကာလတွေမှာ ရေဂင်ဟာ အခွန်ကို အကြိမ်ကြိမ် အခါခါတိုးမြှင့် ကောက် ခံခဲ့ပေမယ့် ခြုံငုံသုံးသပ်ရင် သူ သမ္မတ ဖြစ်ခါစကထက် အခွန်ဟာ လျော့နည်းကျဆင်းသွားတယ်။ အရင် က GDP ရဲ့ ၂ဝ ရာခိုင်နှုန်းလောက် ရှိနေခဲ့တဲ့ အခွန်အတုပ်ဟာ သူ အိမ် ဖြူတော်နဲ့ ခွဲခွာချိန် ၁၉၈၉ ခုနှစ်မှာ ၁၈ ရာခိုင်နှုန်း ပဲ ရှိတော့တယ်။ ဒါပေမယ့် ရေဂင်လက်ထက်မှာ သုံးစွဲမှုဟာ ထောင်တက်သွားတယ်။ ၁၉၇၁-၂ဝဝ၉ ခုနှစ်များအတွင်း ဘဏ္ဍာငွေ သုံးစွဲမှုဟာ ပျမ်းမျှအား ဖြင့် GDP ရဲ့ ၂ဝ.၆ ရာခိုင်နှုန်းရှိခဲ့ ပေမယ့် ရေဂင်လက်ထက်ကျတော့ ပျမ်းမျှ ၂၂.၄ ရာခိုင်နှုန်းရှိတယ်။ ရေဂင်ဟာ ကဏ္ဍတိုင်းမှာ ငွေကို ရေ လိုသုံးစွဲခဲ့တယ်။ အထူးသဖြင့်တော့ ကာကွယ်ရေး အသုံးစရိတ်ပါ။ ရေဂင်မတိုင်မီ အမေရိကန် သမ္မတတွေဟာ သမ္မတဖြစ်လာရင် ပထမဦးဆုံး နိုင်ငံခြားခရီးစဉ်ကို ဆိုဗီ ယက်ယူနီယံဆီသွားရောက်ပြီး ဆိုဗီ ယက်ခေါင်းဆောင်ကြီးတွေနဲ့ တွေ့ဆုံ တတ်ကြတယ်။ ဒီအစဉ်အလာကို ရေဂင်က ရိုက်ချိုးပစ်ခဲ့တယ်။ ဆိုဗီ ယက်နိုင်ငံဆီ မသွားဘူး။ ကိုယ့်နိုင်ငံ လုံခြုံရေးအတွက် ကိုယ့်ဟာကိုယ် အစီအမံတွေ လုပ်ထားဖို့ပဲလိုတယ် ဆို ပြီး အမေရိကန်နိုင်ငံရဲ့ ကာကွယ်ရေး အသုံးစရိတ်ကို အလွန်အကျွံ ချဲ့ကား သုံးစွဲပစ်ခဲ့တယ်။ Star Wars ဆိုတာ ရေဂင်ခေတ်က ထွက်ပေါ်ခဲ့တဲ့ စီမံကိန်း ဝေါဟာရတစ်ခုပါ။ ရေဂင် လက်ထက်မှာ အမေရိကန်စီးပွားရေး အထူးကောင်းမွန်ခဲ့တဲ့အတွက် သူ့ရဲ့ အသုံးအဖြုန်းတွေကို အမှတ်တမဲ့ ဂရု မထားမိခဲ့ကြဘူး။ ဒါပေမယ့် အဲဒီနောက်ပိုင်း တက်လာတဲ့ အမေရိကန်သမ္မတတိုင်း လိုလိုဟာ အကြွေးနဲ့ နှစ်ပါးသွားကဖို့ စိတ်ကူးပေါက်လာခဲ့ကြတယ်။
 
မျက်ဖြူဆိုက်တဲ့ဘ၀ရောက်လာ

အမေ ရိကန်နိုင်ငံရဲ့ ဖက်ဒရယ်အဆင့်မှာ သာ ကြွေးနဲ့မကင်းတာ မဟုတ်ဘူး။ ပြည်နယ်၊ မြို့နဲ့ ဒေသန္တရ အစိုးရ တွေလဲ ကြွေးမကင်းကြဘူး။ အိမ် ထောင်စုတစ်ခုမှာ အိမ်ထောင်ဦးစီးက စပြီး သားတွေ၊ သမီးတွေအထိ အကြွေးနဲ့မကင်းကြသလိုပဲပေါ့။ ဒီလို အကြွေးနဲ့ ဆယ်စုနှစ် သုံးခုလောက် နေလာလိုက်တာ အခုတော့ အကြွေး လည်ပင်းခိုက်ပြီး မျက်ဖြူဆိုက်တဲ့ ဘဝရောက်လာတယ်။ ဒီကြားထဲ အမေရိကန်သမ္မတ အချို့က ထိန်းထိန်းသိမ်းသိမ်း လုပ်ခဲ့ ကြပါသေးတယ်။ eorge H.W Gush (ဂျော့ဘုရှ်ရဲ့ဖခင် ၄၁ ဦး မြောက်သမ္မတ)လက်ထက်မှာ အသုံး စရိတ်တွေကိုခြိုးခြံချွေတာသုံးစွဲခဲ့ပြီး သမ္မတ Bill Clinton လက်ထက်မှာြေ<ွကးကင်းသွားတဲ့အပြင် ငွေပိုငွေလျှံ Surplus တွေတောင် ရှိလာခဲ့သေး တယ်။ အဲဒီနောက်ပိုင်း ၂ဝဝ၁ ခုနှစ် မှာ George W. Bush ဟာ အမေရိ ကန်နိုင်ငံရဲ့ ၄၃ ဦးမြောက် သမ္မတ ဖြစ်လာခဲ့တယ်။

Saturday, September 3, 2011

DKBA အား နယ်ခြားစောင့်တပ်အဖြစ် ဖွဲ့စည်းပြီးဖြစ်

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားအစည်းအရုံး DKBA အား နယ်ခြားစောင့်တပ် အဖြစ် ဖွဲ့စည်းပြီးဖြစ် နယ်ခြား စောင့်တပ်ဖွဲ့များ နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်နေကြပြီဖြစ်၊ DKBA ဟူ၍ မရှိတော့ DKBA အမည်ခံပြီး နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ဖျက်ဆီးနေသည့် အဖွဲ့အစည်းအား DKBA အဖွဲ့အစည်းအဖြစ် အသိအမှတ်မပြု
ကရင်ပြည်နယ် ဘားအံမြို့ ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးရေးပါတီ (KSDDP) က သဘောထား ထုတ်ပြန်ချက် တစ်ရပ်ကို ယနေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။ အဆိုပါ သဘောထား ထုတ်ပြန်ချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်-
ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ ဖြိုးတိုးတက်ရေးပါတီ(KSDDP) ၏ သဘောထား ထုတ်ပြန်ကြေညာခြင်း
 
၁။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အတွက် တိုင်းရင်းသား စည်းလုံးညီညွတ်မှု တည်ဆောက်နိုင်ရန် (၁၈-၈-၂ဝ၁၁) ရက်နေ့တွင် ငြိမ်းချမ်းရေးဆွေးနွေးရန် ကြေညာချက် အမှတ် (၁/၂ဝ၁၁)ကို ထုတ်ပြန်ကြေညာ၍ ဖိတ်ခေါ်ခဲ့ပါသည်။ အဆိုပါ ကြေညာချက် အပေါ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် DKBA အနေဖြင့် ရှမ်းပြည်လွတ်မြောက်ရေး တပ်မတော်မှ ခေါင်းဆောင်များနှင့် တွေ့ဆုံပြီး စစ်ရေးအရ အပြန်အလှန် အကူအညီပေးရေး ပူးပေါင်းဆောင်ရွက်ရေး ကိစ္စ ဆွေးနွေးခဲ့ကြကြောင်း၊ DKBA အနေဖြင့် တစ်ဖွဲ့ချင်း ဆွေးနွေးမည် မဟုတ်ဘဲ တပ်ပေါင်းစုအနေဖြင့်သာ ဆွေးနွေးနိုင်မည် ဖြစ်ကြောင်း သဘောထားရှိသည်ဟု သတင်းဌာန တစ်ခုမှ ကြေညာသွားပါသည်။

မြန်မာနိုင်ငံက နှင်းခဲပျော်ချိန်

(Time Magazine 31-8-2011 The Slow Thaw of Burma's Notorious Military Junta ဆောင်းပါးကို ဆီလျော်အောင် ဘာသာ ပြန်ဆို တင်ပြ လိုက်ပါတယ်။)
လျှို့လျှို့ ၀ှက်ဝှက် လုပ်ဆောင်တတ်တဲ့ စစ်ဗိုလ်တွေကို မြန်မာနိုင်ငံကို ခပ်ကြမ်းကြမ်း ကိုင်တွယ် အုပ်ချုပ် လာခဲ့တာ ရာစုနှစ် တစ်ဝက်ကျော်လောက် ရှိခဲ့ပါပြီ။ ဒါပေမယ့် အခုတစ်လော ဖြစ်ရပ်တွေကြောင့် မြန်မာနိုင်ငံကို စောင့်ကြည့် နေသူတွေ အတွက် အပြောင်းအလဲတွေ လာနေပြီလားလို့ တွေးဆစရာ ဖြစ်လာပါတယ်။ ပြီးခဲ့တဲ့နှစ်ကုန်က အကျဉ်းချ ထားရာကနေ လွတ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သြဂုတ်လ အတွင်းမှာ ရန်ကုန်မြို့ ပြင်ပကို ပထမဆုံး ခရီးထွက်ခဲ့ရာမှာ ၂၀၀၃ တုံးကလို အစိုးရ လူကြမ်းတွေက ကြိုဆိုတာ မခံရဘဲ လူထုကြီးက သောင်းသောင်း ဖျဖျ ကြိုတာပဲ ခံခဲ့ရပါတယ်။ နောက်တစ်ကြိမ် ခရီး ထွက်တော့ နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ တစ်နာရီကျော် ဆွေးနွေးဖို့ ဖြစ်ခဲ့ပြီး အဲဒီခရီးစဉ် အပြီးမှာတော့ သူက ပျော်ရွှင်ပြီး စိတ်ကျေနပ်မှု ရှိတယ်လို့ ပြောပြခဲ့ပါတယ်။
ဒီတော့ ကမ္ဘာပေါ်မှာ သက်တမ်း အကြာဆုံး စစ်အစိုးရဟာ အပြောင်းအလဲဘက်ကို ခြေလှမ်းလေးတွေ စလှမ်း နေပြီလားလို့ မေးစရာ ဖြစ်လာတယ်။ မြန်မာ့အရေး ကျွမ်းကျင်သူတွေ ထဲမှာတော့ အမြင် အမျိုးမျိုး ရှိကြတယ်။ သြစတေးလျနိုင်ငံ Griffith Universityက သုတေသီ Andrew Selth ကတော့ ဒီမိုကရေစီကို ကျင့်သုံးမယ် ဆိုတဲ့ ခိုင်မာတဲ့ သက်သေပြချက်တွေတော့ မတွေ့ရသေးဘူး၊ ဒါပေမယ့် အစိုးရသစ်ဟာ လူတွေ မမျှော်လင့်ထားတဲ့ ကိစ္စတွေမှာ ပျော့ပျော့ ပြောင်းပြောင်း လုပ်လာတာ ကတော့ အမှန်ပဲလို့ ပြောပါတယ်။
အခု အောက်ပါမှာ ဒီမိုကရေစီရေး အတွက် ပြုပြင် ပြောင်းလဲနေပြီလို့ ပြောနိုင်တဲ့ အချက်ငါးချက်နဲ့ သတိပြုဖို့ လိုသေးတဲ့ အချက် ငါးချက်ကို ဖော်ပြထားပါတယ်။
ကောင်းသတင်းများ
၁။ သမ္မတသစ်။ သမ္မတသစ် ဦးသိန်းစိန်ဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ရွေးချယ် တာဝန်ပေးခဲ့တာ ဖြစ်ပေမယ့် သူဟာ အာဏာရှင်တော့ မဟုတ်ဘူး။ မြန်မာနိုင်ငံမှာ တာဝန် ထမ်းဆောင်ခဲ့တဲ့ ကုလသမဂ္ဂ အရာရှိဟောင်း ရစ်ချတ်ဟိုဆေး ကတော့ သမ္မတဟာ ပျော့ပြောင်းပြီး ချဉ်းကပ်ဖို့ လွယ်ကူတဲ့သူ ဖြစ်တယ်။ သူမှာ ပုဂ္ဂိုလ်ရေး အကျိုးစီးပွား မရှိဘူး၊ အပြောင်း အလဲလုပ်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်၊ သူက အကြံဉာဏ်တွေကို တက်တက်ကြွကြွတောင်းခံတတ်ပြီး သူကို ဘယ်အကြောင်း အရာကို မဆို ပွင့်ပွင့် လင်းလင်း ပြောနိုင်တယ်လို့ အချက် ပြထားတယ်ဟု ပြောပြတယ်။ ဒီတော့ ဦးသိန်းစိန်ဟာ တောင်အာဖရိက သမ္မတ ဒီကလတ် ( နယ်လ်ဆင်မန်ဒဲလားနှင့် တွေ့ဆုံ ဆွေးနွေးပြီး အသားအရောင် ခွဲခြားမှု ဖျက်သိမ်းရေး စတင်ခဲ့သူ) လို့ ဆိုနိုင်ပြီး ဒေါ်အောင်ဆန်းစုကြည် ကတော့ မန်ဒဲလားပေါ့။