xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar

Sunday, October 9, 2011

သတင်းခေတ်ရဲ့ အရှင်သခင်ဖြစ်ဖို့





သတင်းအချက်အလက်နှင့် နည်းပညာအရေးပါသောခေတ်

ကျွန်တော်တို့တစ်တွေဟာ ၂၁ ရာစုကြီးကိုဖြတ်သန်းနေကြတဲ့ လူ သားတွေပါ။ ဒီရာစုကိုပဲ သတင်း အချက်အလက်နဲ့ နည်းပညာခေတ် -IT လို့ကင်းပွန်းတပ် ကြပြန်တယ်။ ပညာခေတ်-Kowledge Age လို့လဲ ပြောကြပြန်ပါတယ်။ ဒီခေတ်ကြီးမှာ သတင်းအချက်အလက် နည်းပညာ ရပ်တွေဟာ တစ်ဟုန်ထိုး တိုးတက် လာတဲ့အတွက် သတင်းတွေကလဲ လျင်မြန်လိုက်ပါဘိ။ ဒီသတင်းတွေ ကြောင့်ပဲ လူတစ်ဦးချင်းစီအပေါ်မှာ ရော၊ အဖွဲ့အစည်း တစ်ခုခုအပေါ်မှာ ရောသက်ရောက်လာတဲ့ အကျိုးသက် ရောက်မှုကလဲ မြန်မှမြန်ပါပဲ။ ကုန် ကုန်ပြောရရင်တော့ သတင်းအချက် အလက်ဟာ လူ့အဖွဲ့အစည်းတစ်ခုလုံး အပေါ် လွှမ်းခြုံပြီးပြောင်းလဲဖြစ်ပျက် လာတဲ့အတွက် ကမ္ဘာ့ရွာခေတ်၊ ဂလို ဘယ်လိုက်ဇေးရှင်း-Globalization လို့ ထပ်ပြီးကင်းပွန်းတပ်လိုက်တာ အားလုံးလဲ သိပြီးသားဖြစ်ပါတယ်။ 


ခေတ်ရဲ့သားကောင်တွေ

ဒီလိုမြန်ဆန်လွန်းလှတဲ့ သတင်း နဲ့ နည်းပညာခေတ်ကြီးမှာ ပညာ အခြေခံ ရှိကြတဲ့ လူသားတွေကတော့ သတင်းရဲ့ ထောက်ကူအား-Leverage ကိုရယူနိုင်ကြပြီး နေ့ချင်းညချင်း တိုးတက်ကြီးပွားပြီး အောင်လံလွှင့် ထူနိုင်ကြပေမယ့် ပညာအခြေခံနည်း ကြတဲ့ လူသန်းပေါင်း များစွာကတော့ ခေတ်ရဲ့သားကောင်အဖြစ်နဲ့ အသက် ရှင်နေထိုင်ကြရပါတယ်။ ဒါကြောင့် လဲ ပညာခေတ်ဆိုတာ ပိုပေါ်လွင်လာ တာပေါ့။  အဲဒီတော့ ဒီခေတ်ကြီးမှာ သတင်း ကြောင့် ထောက်ကူအား မရနိုင်ရင် တောင် သတင်းရဲ့ သားကောင် ဖြစ် မသွားဖို့တော့ အရေးကြီးပါတယ်။ 


ခေတ်ရဲ့သားကောင်မဖြစ်စေဘို့ ပညာအရေးပါ

သတင်းခေတ်ကြီးမှာ သတင်း ရဲ့သားကောင် ဖြစ်မသွားဖို့အတွက် ပထမဆုံး သိ သင့် တာကတော့ သတင်းဘာကြောင့် ကိုယ့်ဆီကို ရောက်လာတာလဲ ဆိုတဲ့အကြောင်း ရင်းပါ။ သတင်းဆိုတဲ့ Information တစ်ခု ကိုယ့်ဆီကို ရောက်လာတာ ဟာ သတင်းပို့သူ Sender ကတစ် ဆင့် သတင်းဆက်ကြောင်း- Channel တစ်ခုကို အသုံးပြုပြီး ကျွန်တော် တို့ဆီ ရောက်လာတာပါ။ ကျွန်တော် တို့က သတင်းလက်ခံသူ-receiver တွေပေါ့။ သတင်းပို့သူကနေ သတင်း လက်ခံတဲ့ သူဆီကို ရောက်ရှိအောင် လုပ်ဆောင်တဲ့လုပ် ငန်းစဉ်-Process ကိုတော့ ဆက်သွယ်ရေး-Communication လို့ခေါ်ပါတယ်။ ဒီခေတ်ကြီးမှာ သတင်းအချက် အလက်ပေါင်း မြောက်မြားစွာဟာ အင်တာနက်ကပဲဖြစ်ဖြစ် မီဒီယာတွေ ဖြစ်ကြတဲ့ ရုပ်သံဌာနတွေ၊ စာအုပ် စာပေတွေ၊ သတင်းဂျာနယ်တွေ၊ မဂ္ဂ ဇင်းစာစောင် တွေကနေပဲဖြစ်ဖြစ် အချိန်တိုအတွင်းမှာ အမျိုးစုံ၊ အရောင် စုံ ဝင်ရောက်လာနေကြတာဟာ အားလုံးလဲသိပြီးသား၊ ကြုံနေပြီးသားပါ။ ဒီနေရာမှာ သတင်းလက်ခံသူတွေ အနေနဲ့ ခေတ်ရဲ့ အရှင်သခင်-Master ဖြစ်ဖို့ အခွင့်အသာဆုံး နေရာက တော့ အင်တာနက် စာမျက်နှာတွေ ဖြစ်သလို ခေတ်ရဲ့သားကောင်-Victim ဖြစ်သွားဖို့ တွန်းအားပေးတဲ့ နေရာ ဟာလဲ အင် တာနက်စာမျက်နှာတွေ ပါပဲ။ ဘာကြောင့်လဲဆိုတော့ မြန် လွန်း၊ လွတ်လပ်လွန်းတဲ့ အတွက် ကြောင့်ပါ။ ခလုတ် တစ်ချက်နှိပ်ရုံနဲ့ ကမ္ဘာတစ်ဝန်း အကုန်ရောက်နိုင် တယ်လေ။ ဒါကြောင့် အင်တာနက် ရဲ့ အားသာချက်တွေကို ရယူနိုင်ကြ ဖို့ ပညာဟာ သိပ်ကို အရေးပါလာ ပါတယ်။ 


 သတင်းဖန်တီးပို့လွှတ်သူရဲ့ ရည်ရွယ်ချက်တွေ

သတင်းတစ်ခု ဖြစ်ပေါ်လာတဲ့အ ခါ ဒီသတင်းကို ပို့လွှတ်သူဟာ ရည်ရွယ်ချက် လေးရပ်နဲ့ ပို့လွှတ်တတ် ကြပါတယ်။ ပထမဆုံးရည်ရွယ်ချက် ကတော့ Control ထိန်းချုပ်ချင်တဲ့ အတွက်ပါ။ နောက်ဒုတိယအချက်က တော့ Inspiration လှုံ့ဆော်အားပေး ချင်လို့ပါ။ တတိယ ရည်ရွယ်ချက်က တော့ Emotional Expression စိတ်ခံစားချက်ကို ဖော်ပြချင်လို့ပါ။ နောက်ဆုံးတစ်ချက်ကတော့ Circulation ပျံ့နှံ့ရောက် စေချင်တဲ့အတွက် ပါ။ ဒီရည်ရွယ်ချက်တွေကိုကြည့်ရင် သတင်းပို့ လွှတ် သူဟာ ဘယ် လောက် အရေးကြီးတယ်။ လူ့အဖွဲ့ အစည်းအတွက်ရော လူတစ်ဦး တစ် ယောက်အတွက်ရော ဘယ်လောက် အန္တရာယ် ပြုနိုင်တယ်ဆိုတာ သိမြင် နိုင်ကြမယ်ထင်ပါတယ်။ ဒါကြောင့် အကြောင်းရင်းကိုသိ အောင် ကြိုးစားကြစေချင်ပါတယ်။ 

မြန်မာ့လူ့အခွင့်အရေးကော်မရှင် တိုင်တန်းချက်များလက်ခံ

၁။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ နိုင်ငံသားများ၏ မူလ အခွင့်အရေးများ မြှင့်တင်ရေးနှင့် ကာကွယ်ရေးတို့ကို ဆောင်ရွက်နိုင်ရန် အလို့ငှာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ဖွဲ့စည်း၍ ၄င်းကော်မရှင်ရုံးကို ရန်ကုန်မြို့ လှိုင်မြို့နယ် ပြည်လမ်း အမှတ်(၂၇)တွင် ဖွင့်လှစ်ထားရှိပြီး ဖြစ်ပါသည်။
၂။ နိုင်ငံသားတစ်ဦးသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလ အခွင့်အရေးကို ဖောက်ဖျက်ခံရပါက အောက်ဖော်ပြပါ အချက်အလက်များ ပြည့်စုံစွာ ဖော်ပြလျက် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သို့ တိုင်တန်းနိုင်ပါသည်-
(က)
တိုင်တန်းသူ၏အမည်၊ နေရပ်လိပ်စာနှင့် ဆက်သွယ်ရန် လိပ်စာ အပြည့်အစုံ (ဖုန်း၊ ဖက်စ်နှင့် e-mail တို့ ရှိပါလျှင် ထည့်သွင်း ဖော်ပြပါရန်)၊
(ခ)
တိုင်တန်းသူသည် မည်ကဲ့သို့ မူလအခွင့်အရေး ဖောက်ဖျက်ခံရသည်ကို အချက်အလက်များ ပြည့်စုံစွာ ဖော်ပြရန်၊
(ဂ)
တိုင်တန်းဖော်ပြချက်သည် မှန်ကန်စွာ ရေးသားဖော်ပြခြင်း ဖြစ်ကြောင်း ၀န်ခံချက်ပြု၍ လက်မှတ် ရေးထိုးရန်။
၃။ တိုင်တန်းချက်ကို တိုင်တန်းသူ၏ နိုင်ငံသား စိစစ်ရေးကတ် မိတ္တူ ပူးတွဲလျက် အတွင်းရေးမှူး၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အမှတ်(၂၇) ပြည်လမ်း လှိုင်မြို့နယ် ရန်ကုန်မြို့သို့ လိပ်မူ၍ မှတ်ပုံတင်စာဖြင့် ဖြစ်စေ၊ ကော်မရှင်ရုံးသို့ လာရောက်၍ ဖြစ်စေ ပေးပို့နိုင်ပါသည်။
၎။ ကော်မရှင် အနေဖြင့် ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ရန် အတွက် အထက်ဖော်ပြပါ အပိုဒ် ၂(က)၊ (ခ)နှင့် (ဂ)တို့တွင် ဖော်ပြပါရှိသည့် အချက်များကို ပြည့်စုံစွာ ဖော်ပြရန် လိုအပ်ပါသည်။
၅။ တရားရုံး တစ်ရပ်ရပ်သို့ အမှုဖွင့် တိုင်တန်းထားပြီး အမှုများ၊ တရားရုံး တစ်ရပ်ရပ်က စစ်ဆေးဆဲ အမှုများနှင့် တရားရုံး တစ်ရပ်ရပ်က ဆုံးဖြတ်ချက် ချမှတ်ထားပြီးသော အမှုများနှင့် စပ်လျဉ်းသည့် ကိစ္စရပ် များသည် ဤကြော်ငြာစာတွင် အကျုံးဝင်ခြင်း မရှိပါ။

Saturday, October 8, 2011

မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ တရုတ် အကျိုးစီးပွားများ

အခုအချိန်မှာ မြန်မာနိုင်ငံဘက်က မြစ်ဆုံဆည် စီမံကိန်းကို ရပ်ဆိုင်းထား လိုက်တာနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံဘက် ဘယ်လို တုန့်ပြန် လာနိုင်သလဲ ဆိုတာ အမျိုးမျိုး မှန်းဆနေ ကြပါတယ်။ မြစ်ဆုံကိစ္စကို ဘယ်လို တုန့်ပြန်မလဲ ဆိုတာဟာ နောက်ထပ် မြန်မာနိုင်ငံထဲမှာ တရုတ်အတွက် ဘာအကျိုး စီးပွားတွေ ရှိနေသေးသလဲ၊ အဲဒါတွေက သူ့နိုင်ငံအတွက် ဘယ်လောက် အရေးကြီးသလဲ ဆိုတဲ့ အချက် ပေါ်မှာလည်း မူတည်ပါတယ်။ ဒီတော့ မြန်မာနိုင်ငံ အပေါ်မှာ ရှိနေတဲ့ တရုတ်ရဲ့ ရည်မှန်းချက်တွေ၊ အကျိုးစီးပွား တွေက ဘာတွေ ဖြစ်နိုင်သလဲ။
 
စွမ်းအင် ( ရေနံနဲ့ ဓာတ်ငွေ့ပိုက်လိုင်း၊ ရေအားလျှပ်စစ်)
 
၂၀၁၀ ဇွန်လက စပြီး တရုတ်ဘက်က ကျောက်ဖြူ-ကူမင်း ရေနံပိုက်လိုင်းနဲ့ ဓာတ်ငွေ့ ပိုက်လိုင်းကို စတည်ဆောက် နေပြီ။ ဒီ ပိုက်လိုင်း ပြီးသွားရင် မလက္ကာ ရေလက်ကြားကို မှီခိုနေရတဲ့ တရုတ်အတွက် အတော် စိတ်သက်သာရာ ရမယ်။ အခု တရုတ်အတွက် ရေနံ ၈၀% ကို အရှေ့အလယ်ပိုင်းနဲ့ အာဖရိကနေယူနေရပြီး အဲဒါအားလုံးဟာ မလက္ကာ ရေလက်ကြားကို ဖြတ်ပြီး သယ်နေရတာ ဖြစ်တယ်။ မလက္ကာ ရေလက်ကြားက အကြမ်းဖက်မှု၊ ပင်လယ် ဒါးမြတိုက်မှုတွေကြောင့် ပိတ်သွား နိုင်သလို အမေရိကန်နဲ့ ပဋိပက္ခ ပြင်းထန်ချိန်မှာ အမေရိကန်ဘက် ကလည်းအချိန်မရွေး ပိတ်လို့ရတယ်။ နောက်ဆုံး တောင်တရုတ် ပင်လယ် ဋိပက္ခကြောင့် အာဆီယံ နိုင်ငံတွေနဲ့ ပဋိပက္ခ ဖြစ်ခဲ့ရင်တောင် အာဆီယံ နိုင်ငံတွေက ပိတ်ထားလို့ ရတဲ့နေရာ မျိုး ဖြစ်တယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံက ဖြတ်သွားတဲ့ ရေနံပိုက်လိုင်းဟာ မလက္ကာ ရေလက်ကြားကို လုံးလုံး မှီခိုနေရတဲ့ အခြေအနေကို သက်သာစေမှာ ဖြစ်တယ်။ ဒါဟာ တရုတ်အတွက် မဟာဗျူဟာ စီမံကိန်းပဲ။ 
 
နောက်တစ်ခါ ရခိုင်ကမ်းလွန်က ရတဲ့ သဘာဝဓာတ်ငွေ့ဟာ တရုတ် အနောက်တောင်ဘက် ပြည်နယ်တွေ အတွက်အရေးကြီးတယ်။ အဲဒီ ဓာတ်ငွေ့တွေကို ၂၀၁၃ ခုနှစ်မှာပို့ပြီဆိုရင် တရုတ်ဟာ ထိုင်းကို ကျော်တက်ပြီး မြန်မာနိုင်ငံရဲ့ အကြီးဆုံး ဓာတ်ငွေ့ ဖောက်သယ် နိုင်ငံဖြစ်လာမယ်။ 
 
ရေအားလျှပ်စစ်ကတော့ နောက်ထပ် တရုတ်အတွက် အရေးကြီးတဲ့ အကျိုးစီးပွား ဖြစ်တယ်။ မြန်မာနိုင်ငံက ရေအရင်းအမြစ်ရဲ့ ၃% နီးပါးကိုပဲ ရေအားလျှပ်စစ် အတွက်ထုတ်ပြီး သုံးရသေးတယ်။ တရုတ်နိုင်ငံရဲ့ လျှပ်စစ် စွမ်းအင် လိုအပ်ချက် အများစုက ကျောက်မီးသွေးက ရနေတာ ဖြစ်ပြီး အဲဒီ ကျောက်မီးသွေးသိုက် တွေက ကုန်ခမ်းတော့မှာ ဖြစ်တယ်။ ဒီတော့ မြန်မာနိုင်ငံက ရေအားလျှပ်စစ် ကိုသာ ယူနိုင်ရင် မကုန်ခမ်းနိုင်တဲ့ စွမ်းအင် အရင်းအမြစ်ကို ရမှာ ဖြစ်တဲ့အပြင် ကျောက်မီးသွေး စက်ရုံတွေကြောင့် ဖြစ်တဲ့ လေထုနဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေ ကိုလည်း လျှော့ချနိုင်မှာ ဖြစ်တယ်။ 
 
အနောက်ဘက်ထွက်ပေါက်
 
မော်စီတုံး လက်ထက်ထဲက တရုတ် မဟာဗျူဟာ သမားတွေက တရုတ်ဟာ ပင်လယ် တစ်ခုထဲကို အားကိုး နေရတဲ့ ဘဝကနေ ပင်လယ်နှစ်ခု ပိုင်တဲ့ ဘဝရောက်အောင် လုပ်ရမယ်လို့ စဉ်းစားခဲ့ကြ တယ်လို့ ဆိုတယ်။ ပင်လယ်တစ်ခု ဆိုတာက ပစိဖိတ် သမုဒ္ဒရာဘက်ကိုပဲ မျက်နှာမူနေရတဲ့ဘ၀ကနေ ပင်လယ်နှစ်ခုအဖြစ် အိန္ဒိယ သမုဒ္ဒရာ ဘက်ကိုပါ မျက်နှာ မူနိုင်ရမယ်။ ဒါမှာ အမေရိကန်နဲ့ ဂျပန် ရေတပ်ရဲ့ ပိတ်ဆို့ခြင်း ကနေ ထွက်ပေါက် ရမယ်လို့ ဆိုတာ ဖြစ်တယ်။ ဒါ့ကြောင့်လည်း အရင်တုံးက ဗမာပြည် ကွန်မြူနစ် ပါတီကို ငွေ၊ ပစ္စည်း၊ လူပုံပြီး ထောက်ခံခဲ့တာ ဖြစ်ပြီး ဗကပတွေ အလုပ် မဖြစ်နိုင်မှန်း သိတော့မှ နဝတဘက် ကိုလုံးလုံး မျက်နှာမူပြီး ပူးပေါင်း ကူညီလာတာ ဖြစ်တယ် သုံးသပ်မယ် ဆိုရင် သုံးသပ်လို့ ရတယ်။ ၁၉၈၈ နောက်ပိုင်း အနောက် နိုင်ငံတွေက မြန်မာကို ပိတ်ဆို့ထာားတဲ့ အတွက်လည်း တရုတ်တို့ မဟာဗျူဟာ အကောင်အထည် ဖော်ရတာ ပိုပြီး လွယ်သွားတာလည်း ဖြစ်နိုင်တယ်။ 

Thursday, October 6, 2011

မြစ်ဆုံဆည်စီမံကိန်းကိစ္စ CPI ဥက္ကဌ မစ္စတာလူကျိကျိုးနှင့် China Daily သတင်းစာတို့၏ အင်တာဗျူး ဘာသာပြန်

( မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို တာဝန်ယူတည်ဆောက်နေတဲ့ တရုတ် လျှပ်စစ်ဓါတ်အား ရင်းနှီးမြှုတ်နှံမှုကော်ပိုရေးရှင်း CPI ဥက္ကဌ မစ္စတာ လူကျိကျိုး နဲ့ CHINA DAILY သတင်းဌာနတို့ရဲ့ အင်တာဗျူး ဘာသာပြန်ဖြစ်ပါတယ် ၊ အသေးစိတ်ဖတ်ရှုနိုင်ရန်ပုံပေါ်သို့နှိပ်ပါ )
 

Voice Of Myanmar

မြန်မာကို ကူညီဖို့ အချိန်ကြပြီ

(အောက်တိုဘာ ၄ ရက်နေ့ထုတ် New York Time သတင်းစာပါ သန့်မြင့်ဦးရဲ့ In Myanmar Seize the Moment ဆောင်းပါး ဆီလျော်အောင် ဘာသာ ပြန်ထားပါတယ်။ သန့်မြင့်ဦးဟာ သမိုင်းပညာရှင်နဲ့ ကုလသမဂ္ဂ အရာရှိဟောင်း ဖြစ်ပြီး အတွင်းရေးမှူးချုပ် ဦးသန့်ရဲ့ မြေး ဖြစ်ပါတယ်။)

တရုတ်နဲ့ အိန္ဒိယ ကြားညပ်နေတဲ့ မြန်မာနိုင်ငံမှာ ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်း ပြီးချိန်ကစလို့ ပထမဆုံးအကြိမ် အဖြစ် အရေးအကြီးဆုံး နိုင်ငံရေး အပြောင်း အလဲတွေ ဖြစ်လာနေပါပြီ။ လာမယ့် ရက်သတ္တပတ် အနည်းငယ် အတွင်းမှာ အိုဘားမား အစိုးရအနေနဲ့ အဲဒီ အပြောင်း အလဲတွေကနေ အာရှတိုက်ရဲ့ နောက်ဆုံး ဒီမိုကရေစီ ပြောင်းလဲမှုကြီး ဖြစ်လာအောင် လုပ်ပေးနိုင်ဖို့ အခွင့်အလမ်း ရှိပါတယ်။

အိုဘားမားအနေနဲ့ မြန်မာအစိုးရထဲက သဘောထား တင်းမာသူတွေက အခု အပြောင်း အလဲတွေကို နောက်ပြန်လှည့် သွားအောင် မလုပ်နိုင်ခင်မှာ အခု ဖြစ်နေတဲ့ အပြောင်းအလဲတွေကို ကြိုဆိုကြောင်း လူသိရှင်ကြား ထုတ်ပြောသင့်ပြီး လက်တွေ့လည်း အကူ အညီ ပေးသင့်တယ်။

လွန်ခဲ့တဲ့ ခြောက်လ လောက်တုံးက ဆိုရင် အခုလို အကောင်းမြင်နိုင်ဖို့ အတော် ခက်ပါတယ်။ အဲဒီတုံးက ရွေးကောက်ပွဲတော့ လုပ်နိုင်ပါရဲ့၊ ဒါပေမယ့် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ဘူး ဆိုပြီး ကျယ်ကျယ် ပြန့်ပြန့် ကန့်ကွက် ခဲ့ကြတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနားယူသွားပြီး စစ်အစိုးရ နေရာမှာ ဗိုလ်ချုပ်ဟောင်းတွေ ပါတဲ့ အခြေခံ ဥပဒေအရ ဖွဲ့စည်းတဲ့ အစိုးရ ပေါ်လာ ပေမယ့်လည်း လူနည်းနည်း လောက်ကပဲ သေးငယ်တဲ့ အပြောင်းအလဲတွေ ရှိနိုင်လိမ့်မယ်လို့ မျှော်လင့် ခဲ့ကြတယ်။
ဒါပေမယ့် ဗိုလ်ချုပ်ကြီးဟောင်း တစ်ဦးဖြစ်တဲ့ သမ္မတ ဦးသိန်းစိန်က လူတိုင်းကို အံ့အား သင့်အောင် လုပ်ပြခဲ့တယ်။ သူရဲ့ ရာထူး လက်ခံ မိန့်ခွန်းမှာ သမ္မတက ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး၊ လက်နက်ကိုင် ပဋိပက္ခများ အဆုံးသတ်ရေးနဲ့ နိုင်ငံရေးအရ ပြန်လည် သင့်မြတ်ရေးတို့ကို အားတက် သရော ပြောခဲ့တယ်။ ဇွန်လ ရောက်တော့ ဆင်းရဲသူ အများစုပါတဲ့ ပင်စင်စားတွေရဲ့ လစာကို အများကြီး တိုးပေးခဲ့တယ်။ အခွန်တွေကို လျှော့ချပြီး လက်ဝါးရိုက်ပြီး ပေါင်းစားနေတဲ့ ကုန်သွယ်ရေး အုပ်စုတွေကို ဖျက်သိမ်းခဲ့တယ်။ ပညာရှင်တွေ၊ စီးပွားရေး သမားတွေနဲ့ တိုင်ပင်ပြီး ဘဏ်ဥပဒေနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေတွေကို ပြင်ဆင်ဖို့ လုပ်နေတယ်၊ ငွေကြေး လဲလှယ်နှုန်းကိုလည်း ပြင်ဖို့ လုပ်နေတယ်။ စစ်တပ်က အရပ်သား ပညာရှင်တွေ စကားကို ဘယ်တော့မှ နားမထောင်ခဲ့တဲ့ နိုင်ငံမှာ အဲဒီလို တိုင်ပင်ပြီး လုပ်တယ် ဆိုတာကကို အင်မတန် ကြီးမားတဲ့ ပြောင်းလဲမှုကြီးပဲ။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်နေ့ အာဇာနည်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ကို ထောက်ခံသူ ထောင်ပေါင်း များစွာဟာ နှစ်ပေါင်းများစွာ အတွင်း ဥပဒေနဲ့အညီ အေးအေး ဆေးဆေး ချီတက် အလေးပြုခွင့် ရခဲ့တယ်။ ဂျာနယ်တွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတွေကို ဖော်ပြခွင့် ရလာတယ်။ မျက်နှာဖုံး တင်လို့ ရလာတယ်။

သြဂုတ်လ ကျတော့ လွှတ်တော် အစည်းအဝေးတွေမှာ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့၊ ကျေးလက် ဒေသတွေမှာ အသေးစား ငွေချေး လုပ်ငန်းတွေ လုပ်ဖို့၊ အလုပ်သမား အဖွဲ့အစည်းတွေ တရားဝင်ဖွဲ့ဖို့ ဆိုတဲ့ အရေးကြီးတဲ့ ကိစ္စတွေကို ဆွေးနွေး လာကြတယ်။ အင်တာနက်ကို ထိန်းချုပ်ထားမှုတွေ ဖယ်ရှားပေးခဲ့တယ်။ သြဂုတ်လ ၁၈ ရက်နေ့ လူမှု အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံတဲ့ အချိန်မှာ သမ္မတက တိုက်ခိုက်နေတဲ့ တိုင်းရင်းသား အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့နဲ့ ပြည်ပရောက် မြန်မာတွေ ပြန်လာဖို့ ဖိတ်ခေါ်ခဲ့တယ်။ နောက်နေ့ကျတော့ သမ္မတဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နှစ်ယောက်ထဲ နှစ်နာရီကျော် တွေ့ဆုံ ဆွေးနွေးခဲ့တယ်။

Wednesday, October 5, 2011

နိုင်ငံပိုင်မီဒီယာများအပေါ် ဒေါက်တာဆိတ်ဖွား၏အမြင်



သမ္မတကြီးဦးသိန်းစိန်ဦးဆောင်သော မြန်မာအစိုးရသစ်လက်ထက်တွင် အပြောင်းအလဲ များစွာကို အကောင်းဘက်သို့ ဦးတည်သောအရွေ့ဖြစ်အောင် ကြိုးစားလုပ်ဆောင်နေသည်မှာ ထင်သာမြင်သာရှိပြီး အပြုသဘောဆောင်သည်မှာ အငြင်းပွားဖွယ်မရှိပါ ။အချို့သံသယဖြင့်စောင့်ကြည့်ဦး မည်ဟု ပြောဆိုမှု များရှိသော်လည်း အချိန်ကြာလာသည်နှင့်အမျှ အပြောင်းအလဲများသည် တဖြည်းဖြည်းရုပ်လုံးပေါ် လာပြီဖြစ်၍ အဆိုပါသံသယများသည်လည်း လျော့ပါးတန်သလောက် လျော့ပါးလာ သည့်အခြေအနေမျိုးဖြစ်လေသည်  ။ နှစ်ပေါင်းများစွာအယုံအကြည်ကင်းမဲ့နေရာမှ ဤမျှသောအချိန်တို အတွင်းတွင် ယခုလောက် ယုံကြည်မှုရရှိလာခြင်းဆိုသည်မှာ ပင်အပေါင်းလက္ခဏာ သဘောပင်ဖြစ်ပြီး သံသယရှိသူများကိုလည်း အပြစ်မတင်ထိုက်ပါပေ ။

မီဒီယာကဏ္ဍလည်းပါ 

ထိုသို့သောပြုပြင်ပြောင်းလဲရေးဆောင်ရွက်ရာတွင် မီဒီယာကဏ္ဍတွင်လည်း အရေးပါသော အပြောင်းအလဲများကိုပြုလုပ်လာသည်ကိုတွေ့ခဲ့ရပေသည်  ။တင်းကြပ်သောစာပေစီစစ်ရေးသည် မထင်ရလောက်အောင်ပင် လိုက်လျောဖြေလျော့မှုများပြုလုပ်လာသည် ။ အချို့ဂျာနယ်များကို စီစစ်ရေးပင်မလိုတော့ပဲ ထုတ်ဝေပြီးမှ စီစစ်ရေးကို တင်ပြရသည့်အခြေအနေမျိုးရောက်လာလေ၏ ။စီစစ်ရေးသို့ တင်ပြပြီးမှထုတ်ဝေခွင့်၇သော ဂျာနယ်များနှင့်စာများသည်လည်း အတော်အတန်လွတ်လပ်စွာ ရေးသားလာနိုင်သည်ကိုတွေ့ရလေသည် ။ ဒေါ်အောင်ဆန်းစုကြည်၏လှုပ်ရှားမှု သတင်းများ ၊ သူမနှင့်အင်တာဗျုးများ ၊ ဆောင်းပါးများကို အဖြတ်အတောက်မရှိသလောက် နီးပါးဖေါ်ပြခွင့်ရရှိလာခြင်း ၊ NLD မှဦးဝင်းတင်၏ စာအုပ်များတစ်အုပ်ပြီးတစ်အုပ် ထုတ်ဝေခွင့်ရရှိလာခြင်းတို့သည် ထင်ရှားသောသာဓကများဖြစ်သည်  ။

ပြည်ထောင်စုဝန်ကြီးကိုပါဝေဖန်လာနိုင်

မြစ်ဆုံဆည်ကိစ္စတွင် အစိုးရနှင့်သဘောထားခြင်းဆန့်ကျင်သည့်အယူအဆများကို တွင်တွင်ကျယ် ကျယ် ဖေါ်ပြခွင့်ရလာသည် ၊ အလားတူပင်အစိုးရနှင့်သဘောထားမတူ ဆန့်ကျင်ဘက် အသွင်ဆောင်သော ဟောပြောပွဲများ ၊ အလုပ်ရုံဆွေးနွေးပွဲများကျင်းပခွင့် ရလာလေ၏ ၊ ဖေါ်ထုတ်ခွင့်ရလာလေ၏ ၊ ထိုကိစ္စတွင် ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်း၏ သတင်းစာရှင်းလင်းပွဲတစ်ခု တွင်  ဖြေကြားချက်မှ အားနည်းသည်များကိုကောက်နှုတ်ကာ အဆိုပါပြည်ထောင်စု ၀န်ကြီးအား ပြင်းပြင်း ထန်ထန် ဝေဖန်သည့်သတင်းဖေါ်ပြချက်များ ၊ ဆောင်းပါးရေးသားချက်များကို အကန့်အသတ်မရှိဖေါ်ပြလာလေ၏ ၊ဖေါ်ပြခွင့်လည်းရရှိလာလေ၏ ၊ အဆိုပါသတင်းဖေါ်ပြချက်များ၏ အကျိုးဆက်ကြောင့်ပင် နောက်ဆုံးတွင် မြစ်ဆုံရေကာတာကြီးကို မိမိတို့ အစိုးရလက်ထက်တွင် ဆက်လက်တည်ဆောက်ခြင်းမပြုပဲ ရပ်ဆိုင်ထားတော့မည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတမှ ကြေငြာရသည်အထိ ဖြစ်ခဲ့လေသည်  ။

ပုဂ္ဂလိက မီဒီယာများခေါင်းထောင်လာ 

ဆိုလိုသည်မှာ နိုင်ငံတော်မှပြောင်းလဲ ကျင့်သုံးလာသော စာပေနှင့်စာနယ်ဇင်းဆိုင်ရာမူများကြောင့် ပုဂ္ဂလိက မီဒီယာကဏ္ဍသည် အတော်ပင်တိုးတက်ပြောင်းလဲလာလေ၏ ၊ နိုင်ငံရေးနှင့်ပတ်သက်သောဂျာနယ် အတော်များများ ပေါ်ပေါက်လာခဲ့လေသည် ။ ပြည်သူများလည်းသတင်းများကို အချိန်နှင့်တပြေးညီသိခွင့်ရလာလေ၏ ၊ သတင်းနှင့်စာနယ်ဇင်း ဆိုင်ရာလွတ်လပ်မှုနှင့်အတူ ဘေးထွက် ဆိုးကျိုးများလည်း ကျွဲကူးရေပါဆိုသလိုပင် ပါလာလေ၏ ပြည်သူလူထုနှင့် အစိုးရအကြား ထင်ယောင်ထင်မှား ဖြစ်စေနိုင်သောသတင်းများကို သတင်းအရင်းအမြစ်မသေချာပဲ ဖေါ်ပြလာလေ၏ ၊ အိမ်နီးချင်းနိုင်ငံများနှင့် ပြည်သူများကြားသဘောထားကွဲလွဲနိုင်သည်များကို အထင်နှင့်ရေးသားမှုများ အကြားနှင့်ရေးသားမှုများ ၊ တာဝန်ရှိသူတို့၏ပြောကြားချက်များကို တစ်လွဲကောက်ချက်ချမှုများ ပြုလုပ် လာကြလေ၏ ၊ လွှတ်တော်တွင်းသတင်းရယူရာတွင် အချို့သတင်းမီဒီယာများက အတွေ့အကြုံရှိသူဝါရင့် သတင်းထောက်ကြီးများကိုစေလွှတ်သတင်းရယူမှုမျိုးရှိသော်လည်း အချိုကသောသတင်းမီဒီယာများကမူ လွှတ်တော်ဆိုသောအရာကို မည်သို့အရာမှန်းမသိသူများ ၊ တစ်ခါဘူးမှအတွေ့အကြုံမရှိသူများကို လွှတ်တော်အတွင်းတွင် သတင်းထောက်အဖြစ် သတင်းယူရန်စေလွှတ်သည်များလည်းရှိလေသည် ။လွှတ်တော်များနှင့်အဆက်ပြတ်ခဲ့သည်မို့ အပြစ်မတင်သာသော်လည်း လွှတ်တော်ဟူသောနေရာ ကိုကား လေးစားသမှုရှိသင့်သည် ။

နောက်ကျကျန်နေသော နိုင်ငံပိုင်မီဒီယာများ

နိုင်ငံပိုင်မီဒီယာများ ဆိုသည်မှာ နိုင်ငံပိုင်သတင်းစာများနှင့် ရုပ်မြင်သံကြား ဌာနများကိုဆိုလိုပါသည် ။ ပုဂ္ဂလိက မီဒီယာများက အရှိန်နှင့်ချီတက်နေချိန်တွင် မှန်သည်များလည်းရှိ၏ မှားသည်များလည်းရှိမည်မှာ ဓမ္မတာပင်ဖြစ်သည် ၊ ထိုအမှားအမှန်များကို ချိန်ညှိရန် balance လုပ်ရန် တာဝန်မှာ နိုင်ငံပိုင်မီဒီယာများ၏ တာဝန်သာဖြစ်သည် ။ သတင်းမှန်များကို အချိန်နှင့်တပြေးညီ ဖေါ်ပြ ထုတ်ပြန်ပေးရန် အထူးတာဝန်ရှိလှပေသည် ။ မီဒီယာများသည်  အစိုးရ၏ ပြုပြင်ရန်လိုအပ်နေသည်များ အားနည်းချက်များကိုထောက်ပြရန် ၊ ပြည်သူ့အသံများကိုအစိုးရတာဝန်ရှိသူများသိရှိရေးဆောင်ရွက်ရန် တာဝန် ရှိသကဲ့သို့ အစိုးရ၏အသံကို ၊ အစိုးရ၏အခက်အခဲများကို ၊ အပြောလွယ်သလောက် အလုပ်ခက်နေပုံများကို  အကြောင်းအရာတစ်ခုတွင် အစိုးရ၏ ရှုထောင့်မှ အမြင်ကို ပြည်သူများသိရှိရန် လည်းတာဝန်ရှိလှပေသည် ။ထိုတာဝန်ကိုအဓိကယူရမည့်သူများမှာ နိုင်ငံပိုင်မီဒီယာများပင် ဖြစ်လေသည် ။ဤသို့ဆိုလိုက်သဖြင့် အစိုးရ၏ အနာဂတ်စီမံကိန်းများ ၊ လျှို့ဝှက်ချက်များ ၊ ကုန်သွယ်ရေး ဆိုင်ရာအချက်အလက်များ ၊ စစ်ရေးဆိုင်ရာလျှို့ဝှက်ချက်များ  ကိန်းဂဏန်းများကို ဖေါ်ပြပေးရ မည်ဟုမဆိုလိုပါ ၊ ပြည်သူလူထုသိသင့်သိထိုက်သည့်အပိုင်းများကိုသာ ဆိုလိုပါသည် ။

ထိုင်းဝန်ကြီးချုပ်သစ် မြန်မာနိုင်ငံသို့ရောက်ရှိ



ထိုင်းဝန်ကြီးချုပ်သစ် ယင်းလတ် ရှင်န၀ပ်ဟာ ဒီကနေ့ နေ့လည်ပိုင်းမှာ မြန်မာနိုင်ငံကို ရောက် ရှိနေပြီဖြစ်ပါတယ်။ ထိုင်းဝန်ကြီးချုပ်သစ် အနေနဲ့ ဒီမြန်မာခရီးစဉ်ဟာ ပထမဆုံး တရားဝင် ချစ်ကြည်ရေးခရီးစဉ် ဖြစ်ပါတယ်။

ဒီ ခရီးစဉ်ဟာ အာဆီယံအတွင်းက ၀န်ကြီးချုပ်သစ် တဦးအနေနဲ့ နိုင်ငံချစ်ကြည်ရေးခရီးစဉ်ထွက် မိတ်ဆက်တဲ့ လုပ်ရိုးလုပ်စဉ်လိုဖြစ်နိုင်ပေမယ့် ဒီထက်ပိုတဲ့ ဆွေးနွေးမှုတွေ ရှိနိုင်တယ်လို့ သုံးသပ်မှုများလဲရှိနေပါတယ် ။

သူမရဲ့ခရီးစဉ်ဟာ ၁ ရက်သာ ကြာမြင့်မှာဖြစ်ပြီး နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် အပါအ၀င် ထိပ်တန်းတာဝန်ရှိသူများနဲ့ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ကာ ညပိုင်းတွင် ညစာစားပွဲတက်ရောက်ပြီး ညတွင်းချင်း ဆိုသလို ထိုင်းနိုင်ငံကို ပြန်လည်ထွက်ခွာသွားမှာဖြစ်ကြောင်းလည်းသိရပါတယ် ။

သူမ၏ အကိုဖြစ်သူ သက်ဆင်ရှင်နာဝပ် လက်ထက်တုံးကတော့ မြန်မာ အစိုးရနဲ့ နှစ်နိုင်ငံဆက်ဆံရေးအထူး ကောင်းမွန်ခဲ့ပြီး နောက်ပိုင်းတက်လာတဲ့ဝန်ကြီးချုပ်အဘီဆစ် လက်ထက်မှာတော့ နှစ်နိုင်ငံဆက်ဆံရေးဟာ ပုံမှန်အဆင့်သာရှိတော့တယ်လို့ သုံးသပ်သူများက ဆိုပါတယ် ။

ကမ်းလွန်သယံဇာတ ဘယ်သူပိုင်သလဲ

နေပြည်တော်က လွှတ်တော် အစည်းအဝေးမှာ ရခိုင်အမတ် တစ်ဦးက ကျောက်ဖြူကနေ ၂၅ မိုင်အကွာမှာ ရှိတဲ့ ရွှေ သဘာဝ ဓာတ်ငွေ့ စီမံကိန်းက ရတဲ့ ဓာတ်ငွေ့ကို သုံးပြီး ကျောက်ဖြူကို လျှပ်စစ်မီး ပေးဖို့ ရှိမရှိ မေးတော့ စွမ်းအင်ဝန်ကြီးက အဲဒီလို အစီအစဉ် မရှိဘူး၊ စာချုပ် စည်းကမ်းအတိုင်း ရောင်းရမှာ ဖြစ်တယ်၊ ရခိုင်ပြည်နယ် အတွက် အခု ဆောက်နေတဲ့ ရေအားလျှပ်စစ် စီမံကိန်း သုံးခုကနေ မီးပေးမယ်၊ အခု လိုင်းတွေဆွဲဖို့ ပြင်နေပြီလို့ ဖြေတယ်။ 
 
အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ပြည်တွင်းက CRPP ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ဦးအေးသာအောင်နဲ့ ပြည်ပရောက် ရခိုင်ပညာရှင် တစ်ချို့က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ သူတို့ ဆိုလိုချက် ကတော့ ဒါဟာ ရခိုင်ပြည်နယ်က ထွက်တာဖြစ်လို့ ရခိုင်ပြည်နယ်နဲ့ ဆိုင်တယ်။ သူတို့ပဲ သုံးခွင့်ရှိတယ် ဆိုတဲ့ အချက်ပါပဲ။ 
 
ဒီပြောဆိုချက်များဟာ ပြည်ထောင်စုစနစ် ကျင့်သုံးတဲ့ နိုင်ငံတွေမှာ အမြဲဖြစ်လေ့ရှိတဲ့ ပြည်ထောင်စု အစိုးရ အခွင့်အရေးနဲ့ ပြည်နယ် အခွင့်အရေးကြား အငြင်းပွားမှု ပါဘဲ။ ဒီကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံတကာမှာ ဘယ်လိုရှိသလဲ ဆိုတာကို လေ့လာ တင်ပြချင်ပါတယ်။ 
 
ထုံးစံအတိုင်း ပြည်ထောင်စုစနစ် အပီပြင်ဆုံးလို့ ပြောနိုင်တဲ့ အမေရိကန်ကို ကြည့်ရအောင်။ အမေရိကန်က ကမ်းလွန် ပင်လယ်ပြင်ကနေ အမေရိကန်ရဲ့ ရေနံထုတ်လုပ်မှု ၂၇% နဲ့ ဓာတ်ငွေ့ထုတ်လုပ်မှု ၁၄% ကို ထုတ်လုပ်ပါတယ်။ တကယ်တော့ ဒီထက် အများကြီး ထုတ်လုပ်နိုင်ပါပေမယ့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စရယ်၊ မိမိနိုင်ငံက ရေနံကို အရန်ထားပြီး ပြည်ပက ရေနံကို သုံးမယ်ဆိုတဲ့ မဟာဗျူဟာကြောင့် ဒီလောက်ပဲ ထုတ်တာပါ။ 
 
အဲဒီ ကမ်းလွန် သဘာဝဓာတ်ငွေ့နဲ့ ရေနံတွင်း အများစုဟာ ကယ်လီဖိုးနီးယား၊ လူဝီစီယားနားနဲ့ အလာစကား ပြည်နယ်များရဲ့ ကမ်းလွန်ဒေသမှာ ရှိပါတယ်။ အမေရိကန်ဟာ ၁၈၉၆ ခုနှစ်ကစပြီး ကယ်လီဖိုးနီးယား ကမ်းခြေမှာ ဖောင်တွေပေါ်က တဆင့် ပင်လယ်ကမ်းခြေမှ ရေနံတူးတာ စခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်ထဲက ရေနံတူးဖော်ခွင့်ကို ပြည်ထောင်စု အစိုးရ ပေးမှာလား၊ ပြည်နယ် အစိုးရက ပေးမှာလား ဆိုတာ စကား များခဲ့ကြပါတယ်။ အမေရိကန် အခြေခံဥပဒေ ရေးဆွဲတုန်းက ရေနံလုပ်ငန်း မရှိသေးတော့ ဒီိကိစ္စကို အခြေခံ ဥပဒေထဲမှာ ပြည်ထောင်စု လုပ်ပိုင်ခွင့်လား၊ ပြည်နယ် လုပ်ပိုင်ခွင့်လား ဆိုတာရေး မထားခဲ့ဘူး။

Sunday, October 2, 2011

ဧရာဝတီမှသည်............

မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ သြဂုတ်လ အတွင်းက စလို့ ပြည်သူတွေ အတွင်းမှာ ဝေဖန် ဆန့်ကျင်မှုတွေ ပြင်းထန် လာခဲ့ပါတယ်။ အခုတော့ အစိုးရ သက်တမ်း ခြောက်လ ပြည့်တဲ့နေ့မှာ သမ္မတ ဦးသိန်းစိန်က ပြည်သူတွေ စိတ်ချမ်းမြေ့စေဖို့ အတွက် သူ့အစိုးရ သက်တမ်း ကာလမှာ မြစ်ဆုံဆည်ကို တည်ဆောက်ခြင်း မပြုစေဘဲ ရပ်ဆိုင်းထားပါ့မယ် ဆိုတဲ့ သတင်းကောင်းကို ပေးခဲ့ပါပြီ။ ဒီသတင်းအပေါ် ပြည်သူလူထုက၊ နိုင်ငံရေး၊ စီးပွားရေး၊ စာနယ်ဇင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးစတဲ့ ကဏ္ဍ အသီးသီးက ထင်ရှားသူများက ကြိုဆိုခဲ့ကြသလို သမ္မတသစ် အပေါ် ထောက်ခံမှုလည်း ပေးခဲ့ကြပါတယ်။ ဒါပေမယ့် မြစ်ဆုံဆည် စီမံကိန်းကို ရပ်ဆိုင်းထားဖို့ ဆုံးဖြတ် လိုက်ခြင်းဟာ မြစ်ဆုံ ဆည်ဆောက်ဖို့ ဆုံးဖြတ် ခဲ့သလိုပဲ ရိုက်ခတ်မှု ကြီးမားပါလိမ့်မယ်။ အဲဒီထဲက ဘာတွေက အကောင်းဘက်ကို ဦးတည်ပြီး ဘာတွေက စိန်ခေါ်မှုအဖြစ် ပေါ်လာမလဲ စဉ်းစား ကြည့်ရအောင်

အစိုးရအဖွဲ့အပေါ်ယုံကြည်မှု
ဦးသိန်းစိန်ကို လွှတ်တော်ကနေ သမ္မတအဖြစ် ရွေးချယ်လိုက်တဲ့ အချိန်မှာ အနားယူ သွားတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နောက်ကနေ ဆက်ပြီး ကြိုးကိုင် ထားဦးမှာပဲလို့ လူအများက ယူဆကြတယ်။ အစိုးရကို ဆန့်ကျင်နေတဲ့ အုပ်စုတွေက ပိုပြီး ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြတယ်။
 
ဒါပေမယ့် သမ္မတရာထူး လက်ခံပြီးနောက် လွှတ်တော်ကို ပြောတဲ့ မိန့်ခွန်းနဲ့ အစိုးရအဖွဲ့ဝင်များကို ပြောတဲ့ မိန့်ခွန်းနှစ်ခုဟာ ပြည်သူတွေကို သာမက နိုင်ငံတကာမှာပါ မျှော်လင့်ချက်အချို့ ဖြစ်ပေါ်စေခဲ့ပါတယ်။ အစိုးရသစ် တာဝန် စယူပြီးနောက် လုပ်ဆောင်ချက်များကြောင့် တစ်ဖြေးဖြေးနဲ့ အကောင်း မြင်သူတွေ ပိုများလာတယ်လို့ ဆိုနိုင်ပါတယ်။ မြစ်ဆုံဆည်ကို ရပ်ဆိုင်းထားဖို့ ဆုံးဖြတ် လိုက်ချိန်မှာတော့ လူတွေ မပြောင်းပေမယ့် စနစ် တကယ် ပြောင်းသွားခဲ့ပြီလို့ ယုံကြည်သူတွေ ပိုများလာပြီ ဖြစ်ပါတယ်။ နိုင်ငံရေး အကျဉ်းသား ကိစ္စလို ဖြေရှင်းစရာ ကိစ္စတွေ ကျန်နေသေးပေမယ့် လွှတ်တော်က လွတ်ငြိမ်း ချမ်းသာခွင့် ထုတ်ပြန်ဖို့ သမ္မတကို မေတ္တာ ရပ်ခံခဲ့တာ၊ ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုအပြီး ထုတ်ပြန်ချက်မှာ နိုင်ငံတော် သမ္မတက လွတ်ငြိမ်း ချမ်းသာခွင့် ပေးရန် ဆောင်ရွက်နေတဲ့ ကိစ္စကို ညွှန်းထားတော့ ဒီကိစ္စဟာလည်း မကြာခင် အဖြေ ထွက်လာမယ့် သဘော ဖြစ်ပါတယ်။ ဒီကိစ္စသာ အကောင်အထည် ပေါ်လာပြီဆိုရင် အစိုးရသစ် အပေါ် ပြည်သူတွေရဲ့ ယုံကြည်မှု ပိုလာမှာ အသေအချာ ဖြစ်ပါတယ်။
 
လွှတ်တော်အပေါ် ယုံကြည်မှု
ပထမအကြိမ် လွှတ်တော် အစည်းအဝေးဟာ ကန့်သတ်မှု၊ ချုပ်ချယ်မှုတွေ များလွန်းတဲ့ အတွက် လွှတ်တော် အဆင့်ဆင့် အပေါ် လူထုက ယုံကြည်မှု မရှိသလောက် ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် အဲဒီအချိန်ထဲက အချို့ အကဲခတ်များနဲ့ လွှတ်တော် ကိုယ်စားလှယ် အချို့က ပထမအကြိမ် လွှတ်တော်ဟာ နအဖ အစိုးရက လမ်းပြမြေပုံရဲ့ နောက်ဆုံးအဆင့် အဖြစ် သူတို့ကိုယ်တိုင် ကြီးကြပ် ကျင်းပတာ ဖြစ်တဲ့အတွက် ဒီလို ကန့်သတ်ချက်တွေ ရှိနေတာ ဖြစ်တယ်။ နောက်တစ်ကြိမ် လွှတ်တော် ခေါ်တဲ့အခါ စောင့်ကြည့်ပါ၊ အဲဒီ လွှတ်တော်သာလျှင် အခြေခံဥပဒေနဲ့ အညီ လွှတ်တော် ဥက္ကဌများက တာဝန်ယူပြီး ကျင်းပမှာ ဖြစ်တယ်လို့ ဆိုခဲ့ကြပါတယ်။ အခု ဒုတိယအကြိမ် လွှတ်တော် ကျင်းပတဲ့ အချိန်မှာတော့ ပိုပြီး လွတ်လပ် ပွင့်လင်းလာ၊ ပြောဆို ရဲလာတာကို တွေ့ရသလို တပ်မတော်သား အမတ်တွေ ဘက်မှာလည်း အစိုးရ ၀န်ကြီးတွေ တင်တဲ့ ဥပဒေကြမ်းတွေ အပေါ် ပြင်ဆင်ချက်တွေ တင်တာ၊ ဦးသိန်းညွန့် တင်သွင်းတဲ့ လွတ်ငြိမ်း ချမ်းသာခွင့် အဆိုကို ထောက်ခံ ဆွေးနွေး မဲပေးခဲ့တာတွေ လုပ်လာတာ အားလုံး တွေ့ခဲ့ရပြီး ဖြစ်ပါတယ်။

Saturday, October 1, 2011

နိုင်ငံတော် သမ္မတက လွှတ်တော်သို့ပေးပို့သောသ၀ဏ်လွှာ

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ယနေ့ ကျင်းပလျက်ရှိသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယ ပုံမှန် အစည်းအဝေးနှင့် ပထမအကြိမ် အမျိုးသား လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေးတို့သို့ သက်ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌများ လိပ်မူလျက် သဝဏ်လွှာပေးပို့ခဲ့သည်။ ယနေ့ပေးပို့သည့် သဝဏ်လွှာ အပြည့်အစုံမှာ အောက်ပါ အတိုင်းဖြစ်သည်- 
 

၁။ ပထမအကြိမ် အမျိုးသား လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးကို ပြည်သူတို့၏ အကျိုးငှာ အားသွန် ခွန်စိုက် ကျင်းပ ပြုလုပ်နေသည့် ဥက္ကဋ္ဌကြီးနှင့်တကွ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေရန် ဆုတောင်း မေတ္တာပို့သအပ်ပါသည်။
 
၂။ တစ်ချိန်တည်း၌ပင် မိမိတို့ ပြည်ထောင်စု အစိုးရ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များအနေနှင့်လည်း ကောင်းမွန်သော အုပ်ချုပ်ရေး၊ သန့်ရှင်းသော အစိုးရ ဖြစ်ပေါ်ရေး၊ ဒီမိုကရေစီ ကျင့်စဉ်များ ထွန်းကားရေး၊ တရားဥပဒေ စိုးမိုးရေး၊ စီးပွားရေး ပြုပြင် ပြောင်းလဲရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို ဟန်ချက်ညီစွာ ဆောင်ရွက်လျက် ရှိပါသည်။
 
၃။ တိုင်းရင်းသား ပြည်သူအပေါင်းတို့၏ တူညီသော မျှော်မှန်းချက်သည် နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးနှင့် နိုင်ငံတော် ခေတ်မီ ဖွံ့ဖြိုးရေးတို့ ဖြစ်ပါသည်။ ပြည်ထောင်စု အစိုးရသည် တိုင်းရင်းသား ပြည်သူတို့၏ ဆန္ဒနှင့်အညီ နိုင်ငံတော် တည်ငြိမ် အေးချမ်းရေး အတွက် ဥပဒေပြင်ပသို့ ရောက်ရှိနေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား ထာဝရ ငြိမ်းချမ်းရေး ရရှိရန် ဆက်သွယ် ကမ်းလှမ်း ဖိတ်ခေါ် ဆောင်ရွက်ခဲ့ရာ ယခုအခါ အထူးဒေသ(၂) "ဝ" အဖွဲ့နှင့် အထူးဒေသ (၄) အဖွဲ့တို့သည် ပြည်နယ်အဆင့် သဘော တူညီချက်များ ရရှိခဲ့ပြီး ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲများပင် စတင် ဆောင်ရွက်လျက် ရှိနေပြီ ဖြစ်ပါသည်။ အချို့အဖွဲ့များ သည်လည်း ပြည်နယ် အစိုးရများထံ ငြိမ်းချမ်းရေး ရယူရန် ဆက်သွယ် ဆောင်ရွက်မှုများ ရှိနေပါသည်။
 
၎။ တစ်ချိန်တည်း၌ပင် အကြောင်း အမျိုးမျိုးကြောင့် ပြည်ပသို့ ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသား တိုင်းရင်းသား များလည်း ကိုယ့်နိုင်ငံ၊ ကိုယ့်ဒေသသို့ ပြန်လာလိုပါက ပြန်လာနိုင်ရန် စိစစ်လက်ခံခဲ့ရာ တစ်ချို့ ပြန်လာနေကြပြီ ဖြစ်ပါသည်။ အကျဉ်းသားများ လွှတ်ပေးရေး ကိစ္စများကိုလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အပ်နှင်းထားသည့် အခွင့်အာဏာ အတွင်းမှ ဆောင်ရွက် ပေးသွားမည် ဖြစ်ပါသည်။ အမျိုးသား အကျိုးစီးပွား အတွက် ထိုသို့ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေချိန်တွင် ပါတီအချို့နှင့် အင်အားစု အချို့တို့သည် အစိုးရ အခက်အခဲ အကျပ်အတည်း တွေ့အောင်၊ တည်ငြိမ် အေးချမ်းမှု ပျက်ပြားအောင် ကြံရွယ်၍ လှုပ်ရှား လုပ်ဆောင်မှုများ ပြုလုပ်နေကြသည်ကို စိတ်မချမ်းမြေ့ဖွယ် တွေ့ရှိနေရပါသည်။
 
၅။ တိုင်းပြည် ခေတ်မီဖွံ့ဖြိုးရေး အတွက် စိုက်ပျိုးရေးကို အရှိန်အဟုန်မပျက် တိုးတက်အောင် ဆောင်ရွက်ရင်း စက်မှုနိုင်ငံ ထူထောင်နိုင်ရန် ရည်ရွယ်၍ ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါသည်။ ထိုသို့ ကြိုးပမ်း ဆောင်ရွက်ရာတွင် စက်မှုနိုင်ငံ ထူထောင်နိုင်ရန် လျှပ်စစ်စွမ်းအင် လိုအပ်ချက်သည် အဓိကကျပါသည်။ လျှပ်စစ်စွမ်းအင် ရရှိနိုင်သည့် နည်းလမ်းများ အနက် အဏုမြူစွမ်းအင် ထုတ်လုပ် သုံးစွဲရေးမှာ ကမ္ဘာ့ဖြစ်စဉ်များ အရ အန္တရာယ် ကြီးမားလှသည့်အပြင် ငွေကြေး မပြည့်စုံမှု၊ နိုင်ငံရေးအရ၊ အများသူငါ လက်မခံမှုတို့ကြောင့် မိမိတို့နိုင်ငံ အတွက် မဖြစ်နိုင်သောကိစ္စ ဖြစ်ပါသည်။ ကျောက်မီးသွေးဖြင့် လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရန် ကျောက်မီးသွေး သယံဇာတမှာလည်း တစ်နိုင်ငံလုံး အတွက် လုံလောက်မှု မရှိသည်ကို ကိုယ်စားလှယ်တော်ကြီးများ အသိပင် ဖြစ်ပါသည်။
 
၆။ မြန်မာ့ပင်လယ်ပြင်မှ သဘာဝ ဓာတ်ငွေ့ ထွက်ရှိသော်လည်း ပြည်ပ အရင်းအနှီးများဖြင့် ထုတ်လုပ်သည့် ကိစ္စဖြစ်၍ မိမိတို့ လိုအပ်သလောက် မရနိုင်ဘဲ အချို့အဝက်သာ ခွဲဝေရရှိပါသည်။ ပြည်ပချေးငွေဖြင့် အရင်းအနှီးအချို့ ထည့်ဝင်ထားခဲ့ရာ အနာဂတ်တွင် အကျိုးခံစားရမည် ဖြစ်သော်လည်း လောလောဆယ်တွင်မူ ချေးငွေအပေါ် အတိုးများ အရစ်ကျ ပေးဆပ်နေရသည့် အခြေအနေ ဖြစ်ပါသည်။ ကုန်းတွင်း၌ သဘာဝ ဓာတ်ငွေ့ ရှာဖွေ ထုတ်လုပ် နေသော်လည်း ပြည်တွင်း သုံးစွဲရန်အတွက်ပင် လုံလောက်မှု မရှိသေးပါ။
 
၇။ မြန်မာနိုင်ငံတွင် ပြည့်ဖြိုးမြဲ ဖြစ်သော ရေအားလျှပ်စစ် ထုတ်ယူနိုင်သည့် သဘာဝက ပေးထားသော မြစ်ချောင်းများ ရှိနေသဖြင့် အဆိုပါ မြစ်ချောင်းများမှ ပြည်တွင်း ပြည်ပ အရင်းအနှီးများ ရယူ၍ လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်ရေး အတွက် တပ်မတော် အစိုးရ လက်ထက်တွင် ကြိုးပမ်း ဆောင်ရွက်ခဲ့ရာ ယခင်က ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံ (၂) ရုံ၊ သဘာဝ ဓာတ်ငွေ့သုံး ဓါတ်အားပေး စက်ရုံ (၇)ရုံသာ ရှိခဲ့ပြီး စုစုပေါင်း စက်တပ်ဆင်အား (၅၂၉) မဂ္ဂါဝပ် သာရှိခဲ့ရာမှ နောက်ထပ် လျှပ်စစ် ဓာတ်အားပေး စက်ရုံ(၂၃)ရုံ စက်တပ်ဆင်အား(၂၈၃၁) မဂ္ဂါဝပ် တိုးတက် ဆောင်ရွက်ခဲ့ပါသည်။
 
၈။ နှစ်(၃၀) လျှပ်စစ်မဟာဗျူဟာ စီမံကိန်းအရ နောက်ထပ် ရေအား လျှပ်စစ် စီမံကိန်း(၆၄)ခုနှင့် ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံ (၃) ခုအပါအဝင် လျှပ်စစ် ဓါတ်အား ထုတ်လုပ်ရန် စက်တပ်ဆင်အားမဂ္ဂါဝပ် (၄)သောင်းကျော် ထုတ်လုပ်နိုင်သည့် အလားအလာများ ရှိပါသည်။ အဆိုပါ စီမံကိန်းများတွင် ကချင်ပြည်နယ်ရှိ မေခ၊ မလိခ မြစ်ညာ မြစ်ဝှမ်းနှင့် ဧရာဝတီ မြစ်ဆုံစီမံကိန်း (၈) ခု အပါအဝင် ဖြစ်ပါသည်။ 
 
၉။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ ငွေကြေး အရင်းအနှီးဖြင့် ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို ပထမအဆင့် ဆောင်ရွက်ရန် စတင်ခဲ့ရာ ယခု အခါတွင် အဆိုပါ မြစ်ဆုံ စီမံကိန်းနှင့် ပတ်သက်၍ ပြည်သူလူထုအတွင်း အောက်ပါ စိုးရိမ် ပူပန်မှုများ ရှိလာခဲ့ပါသည်-