xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar

Tuesday, December 13, 2011

ဂျပန်နှင့် အာဆီယံနိုင်ငံများမှ GSM ဖုန်းများ ပြည်တွင်း၌ အသုံးပြုနိုင်ပြီ





ရန်ကုန်၊ ဒီဇင်ဘာ-၁၂
အာဆီယံနိုင်ငံဆယ်နိုင်ငံအပါအ၀င် ဂျပန်နိုင်ငံမှ ဂျီအက်စ်အမ်မိုဘိုင်းဖုန်းများကို မြန်မာနိုင်ငံသို့ သယ်ဆောင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ မိုဘိုင်းဌာနမှသတင်းရရှိသည်။

အဆိုပါ နိုင်ငံ  ၁၁ နိုင်ငံမှ ဂျီအက်စ်အမ်မိုဘိုင်းဖုန်းများကို မြန်မာနိုင်ငံသို့ သယ်ဆောင်လာပြီး အသုံးပြုနိုင်မည့်စနစ်ကို Mobile  Inbound System ဟုခေါ်ဆိုပြီး ယင်းဖုန်းများကို သယ်ဆောင်အသုံးပြုမည့်သူများအနေဖြင့် သက်ဆိုင်ရာနိုင်ငံအသီးသီးမှ သတ်မှတ်ထားသော (နိုင်ငံတကာသို့သယ်ဆောင်အသုံးပြုသည့်အတွက်ကျသင့်သည့် တယ်လီဖုန်းဘီလ်) ဖုန်းဘီလ်များကို ပေးဆောင်ရမည်ဖြစ်သည်။
 
မြန်မာနိုင်ငံမှ အာဆီယံနှင့် ဂျပန်နိုင်ငံများသို့ သယ်ဆောင်အသုံးပြုနိုင်မည့် Outbound System ကိုမူ ၂၀၁၂ နှစ်ဆန်းပိုင်းတွင် သုံးစွဲနိုင်တော့မည်ဖြစ်ပြီး ယခုလက်ရှိအချိန်တွင်မူ   ယင်းဝန်ဆောင်မှုအတွက် လုပ်ငန်းများကို ဆောင်ရွက်နေပြီဖြစ်ကြောင်း အထက်ပါလုပ်ငန်း၏ တာဝန်ရှိသူက 7 Day News သို့ပြောသည်။

Monday, December 12, 2011

အမေရိကန် မောင်းသူမဲ့ထောက်လှမ်းရေးလေယာဉ် ကျူးကျော်မှု လုံခြုံရေးကောင်စီသို့ အီရန်တိုင်ကြား



အီရန်နိုင်ငံ၏ ပိုင်နက်နယ်မြေအတွင်းသို့ အမေရိကန်ပြည်ထောင်စုက မောင်းသူမဲ့ အဆင့်မြင့် ထောက်လှမ်းရေးလေယာဉ်များစေလွှတ်ကာ ကျူးကျော်ဝင်ရောက်ပြီး ရန်လိုသည့် အပြုအမူများဆောင်ရွက်လျက်ရှိရာ ယင်းကိစ္စကို ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ တရားဝင်တိုင်ကြား ထားပြီဖြစ်ကြောင်း အီရန်နိုင်ငံကကြေငြာပါသည် ။

လွန်ခဲ့တဲ့ တနင်္ဂနွေနေ့က အီရန်ပိုင်နက်အတွင်းမိုင် ၁၄၀ လောက်အကွာမှာ အီရန်အီလက်ထရောနစ် စစ်ဆင်ရေးတပ်ဖွဲ့ဝင်များက လေယာဉ်ရဲ့ ထိန်းချုပ်ရေးစံနစ်ထဲဝင်ရောက်ပြီး အပျက်အစီးမရှိပဲ ဆင်းသက်စေခဲ့တာဖြစ်တယ် လို့လည်း အီရန်တို့ကဆိုပါတယ် ။

 အဆိုပါလေယာဉ်ဟာ RQ-170 Sentinel အမျိုးအစားဖြစ်ပြီး အမေရိကန်တို့ရဲ့ နောက်ဆုံးပေါ် နည်းပညာသုံး လေယာဉ်ဖြစ်ပြီး ကမ္ဘာကအထူးစိတ်ဝင်စားနေတဲ့ လေယာဉ်လည်းဖြစ်ပါတယ် ။ အီရန်တို့ရဲ့ ပြောကြားချက်များနဲ့ပတ်သက်ပြီး အမေရိကန်တို့က တစ်စုံတစ်ရာတုန့်ပြန် ပြောကြားခဲ့ခြင်းမရှိကြောင်းလဲ သိရပါတယ် ။

အဆိုပါတိုင်ကြားစာကို ကုလသမဂ္ဂ ဆိုင်ရာ အီရန်နိုင်ငံသံအမတ်ကြီး မိုဟာမက်ခါဇီးက လုံခြုံရေးကောင်စီသို့ ပေးပို့ခဲ့တာဖြစ်ကြောင်းသတင်းရရှိပါတယ် ။ 

ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ

သမ္မတကြီး ဦးသိန်းစိန် အစိုးရသစ် လက်ထက်တွင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းများနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ငန်းများကို ခပ်မြန်မြန် ခပ်သွက်သွက် လုပ်လာသည်ကို ဝမ်းမြောက်စရာ တွေ့ရပါသည်။ ထိုကဲ့သို့ အသွင် ကူးပြောင်းရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် ပြည်သူများ၊ နိုင်ငံရေး အဖွဲ့အစည်းများ၏ အမြင်များကိုပါ မီဒီယာများပေါ်က ဖတ်ရသည် မှာလည်း အားတက်စရာ ကောင်းလှပေ၏။ ကျွန်တော်တို့ တုန်းက ကိုယ်တိုင် မပြောရဲ မဆိုရဲ နေခဲ့ရသည့် အချိန်များနှင့် ယှဉ်လိုက်လျှင် ပြောခွင့် ပေးခဲ့သူများရော၊ မိမိအမြင်ကို ပြောဆို နေကြသူများ ကိုပါ လေးစားမိပါသည်။ 
 
ပြည်တွင်း နိုင်ငံရေး အင်အားစုများနှင့် ပြေလည်မှုအရှိန် ကောင်းလာချိန်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ဖြစ်ပွားနေသည့် တိုက်ပွဲများကို ရပ်ဆိုင်းပြီး ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်ရန် အတွက် တိုက်တွန်းမှု များလည်း အင်နှင့်အားနှင့် ပေါ်ထွက်လာသည်ကို သတိပြုမိပါသည်။ လွတ်လပ်ရေး ရကတည်းက ပြည်တွင်း သောင်းကျန်းမှု ဒဏ်နှင့် ရင်ဆိုင် နေခဲ့ရသော နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေး ရဖို့ လိုသည်ကလည်း အမှန်ပင် ဖြစ်သည်။ နိုင်ငံတွင် တာဝန်ယူခဲ့သည့် အစိုးရ အဆက်ဆက်က ငြိမ်းချမ်းရေး အတွက် သူ့နည်းသူ့ဟန်နှင့် ကြိုးစား ခဲ့သကဲ့သို့ လူအများ ကြည်ညိုလေးစား ခံရသည့် ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကဲ့သို့သော ပုဂ္ဂိုလ်ကြီးများ ကလည်း ဦးဆောင် ကြိုးစားခဲ့သည်။ အောင်မြင် သည်လည်း ရှိသလို မအောင်မြင်တာ တွေလည်း ရှိသဖြင့် သောင်းကျန်းမှု ပြဿနာက ယနေ့အထိ ရှိနေဆဲ ဖြစ်သည်။ 
 
ယခုအခါ တွင်လည်း ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ပြောကြရေးကြ တိုက်တွန်းကြသည်ကို တွေ့ရသည်။ ထိုအထဲတွင် မိမိ အနေဖြင့် ထောက်ပြလိုသော အချက်များလည်း ပါနေသည့် အတွက် ဝင်ရောက် ဆွေးနွေးရခြင်း ဖြစ်ပါသည်။ 
 
ပထမဆုံး အချက်မှာ ဝေဖန်သူ အချို့က မြန်မာနိုင်ငံတွင် လက်နက်ကိုင် ပဋိ့ပက္ခများ ရှိနေသရွေ့ ဒီမိုကရေစီစနစ် ထွန်းကားပြီဟု မဆိုနိုင်ဟု ပြောကြားနေသည့် အချက် ဖြစ်သည်။ ထိုသူတို့က ဒီမိုကရေစီ စနစ်သည် ပြဿနာ အားလုံးကို ဖြေရှင်း ပေးနိုင်သည့် စနစ်အဖြစ် ရှုမြင်ထားသဖြင့် ထိုကဲ့သို့ သုံးသပ်ခြင်း ဖြစ်နိုင်သလို အစိုးရသစ်၏ လုပ်ဆောင်ချက်များ အပေါ် အသိအမှတ် ပြုရန် ဝန်လေးနေဆဲ ဖြစ်သောကြောင့် ပြည်တွင်း သောင်းကျန်းမှု ပြဿနာနှင့် အစိုးရသစ်၏ လုပ်ဆောင်ချက်ကို ချိတ်ဆက်ထားခြင်းလည်း ဖြစ်နိုင်ပေသည်။ 

Sunday, December 11, 2011

ဒီမိုကရေစီစိတ်ထား



ရေပန်းအစားဆုံးစကားလုံး 
 
ယနေ့မြန်မာနိုင်ငံတစ်ဝှမ်းတွင် အသုံးအများဆုံးစကားကို ပြောပါဆိုလျှင် "  ဒီမိုကရေစီ " ဆိုသော စကားလုံးပင် ဖြစ်လေသည် ။ဆင်းရဲသူရော ချမ်းသာသူရော ၊ တောမှာနေကြသူများရောမြို့မှာနေကြ သူများရော ၊ ပညာအခြေခံနည်းသူများရော ၊ ပညာအခြေခံကောင်းကြသူများရော အားလုံး ၏ နှုတ်ဖျားတွင် ထိုစကားလုံးသည် အလွန်ပင်ရေပန်းစားလှပေသည် ။


တူညီသောအသိ

သို့ရာတွင် ထို ဒီမိုကရေစီဟူသော စကားလုံး၏ နက်ရှိုင်း၍ ကျယ်ဝန်းလှသောအနက်ကိုမူ ပညာအခြေခံပေါ်တွင်မူတည်၍၄င်း ၊ နေထိုင်သောလူမှုပတ်ဝန်းကျင်ပေါ်တွင် အခြေခံ၍ ၄င်း သိမှုအရာတွင် ကွာခြားကြပါသည် ။အများအားဖြင့် တူညီစွာသိကြသည်မှာ တရားမျှတသော ဥပဒေအရိပ်အောက်တွင် အေးချမ်းစွာဖြင့် လွတ်လပ်စွာ ပြောဆို ၊  နေထိုင် ၊ လုပ်ကိုင် သွားလာ နိုင်ခြင်း တို့သည် ဒီမိုကရေစီ၏အနှစ်သာရဖြစ်သည် ဟူသော ယေဘူယျ အသိပင် ဖြစ်လေသည် ။

သဘောထားကွဲလွဲသည်မှာသဘာဝကျ

လူသားတို့သည် တစ်ဦးနှင့် တစ်ဦး သံသရာတစ်လျှောက် သယ်ဆောင်လာခဲ့သော အထုံဗီဇချင်း မတူ ၊ ဥာဉ်စရိုက်ချင်း မတူ၊ ၀ါသနာချင်းမတူ၊ ပစ္စုပ္ပန်ဘ၀တွင်လည်း ကျင်လည်ကျက်စားရာ ပတ်ဝန်းကျင်အခြေခံလည်းမတူ ကြသည်ဖြစ်ရာ အကြောင်းအရာတစ်ခုအပေါ်တွင် ချဉ်းကပ်ပုံချင်း ၊ ရှုမြင်သုံးသပ် ပုံချင်း ခြားနားသောအခါ ယင်းအကြောင်းအရာပေါ် ကောက်ချက်ချမှုချင်းလည်း မတူ ၊ သဘောထားပုံချင်းလည်း မတူ ၊ အယူအဆချင်းလည်း မတူတော့ပေ ။သဘောထားကွဲလွဲမှုများ ရှိနေကြသည်မှာ သဘာဝကျသော ကိစ္စသာဖြစ်လေသည် ။

သဘောထားမှန် ၊ အယူအဆမှန်မှ လမ်းကြောင်းမှန်ဆီသို့

ကျေးဇူးရှင် မင်းကွန်းဆရာတော်ဘုရားကြီး


ဒကာကြီးရယ် .... သဘောထားကွဲလွဲမှုဆိုတာ ဓမ္မတာအတိုင်း လောကမှာရှိတာမျိုးပေါ့ သူ့ဘက် ကိုယ့်ဘက် ပြောစရာရှိတာတော့ ပြောရမှာပေါ့ ...
 
ဒါပေမယ့်ငယ်သူကကြီးသူနဲ့ ပြောကြတဲ့အခါ သဘောထားကွဲလွဲမှုပင် ဖြစ်စေကာမူ ဂါရဝေါစနဲ့ ပြောရတယ် 

ကြီးသူကလည်းငယ်သူနဲ့ပြောကြတဲ့အခါ သဘောထားကွဲလွဲချက်ပင် ဖြစ်စေကာမူ  ငါအကြီးပဲဆိုပြီး အထက်စီးကနေမပြောရဘူး  နိဝါတောစ နဲ့ပြောရတယ် ...

( ကျေးဇူးရှင် မင်းကွန်းဆရာတော်ဘုရားကြီး )


 မျက်မှောက်ကာလနှင့်ကိုက်ညီ

အထက်ပါဆရာတော်ကြီး၏ ဆုံးမသြဝါဒစကားသည် မြန်မာနိုင်ငံ၏ မျက်မှောက်ခေတ်အချိန်အခါနှင့် အလွန် ကိုက်ညီသော ဆုံးမစကားဖြစ်ပါသည် ။အမြင်သဘောထား မတူကြသူများ တစ်ဘက်နှင့်တစ်ဘက် တစ်ဦးနှင့်တစ်ဦး ဆွေးနွေးညှိနှိုင်း တိုင်ပင်ကြသောအခါ ကိုယ်နှုတ်အမူအယာတို့သည် များစွာအရေးပါပြီး အယူအဆ ကွဲပြားမှုများအပေါ်တစ်ဘက်နှင့်တစ်ဘက် သဲသဲမဲမဲဆိုသလို အားနည်းချက်များကို ဆုပ်ကိုင် ထိုးနှက်တိုက်ခိုက်ကြပါလျှင် အကောင်းဘက်သို့ ပြောင်းလဲလာနိုင်မည်မဟုတ်ပါ ...


အတ္တမာနကို မထိခိုက်ရန်လို 

ပြောဟန်ဆိုဟန် ကိုယ်နှုတ်အမူအယာတို့သည် တစ်ဘက်၏အတ္တမာနကို အခြားတစ်ဘက်က မထိခိုက်စေပဲ ဖျောင်းဖျောင်းဖြဖြ နှင့် ယဉ်ကျေးလိမ္မာစွာ ဆွေးနွေးညှိနှိုင်းရန် အထူးလိုအပ်လှပေသည်  အခြားတစ်ဘက်၏ အတ္တမာနကို ကျန်အခြားတစ်ဘက်က ထိပါးပုတ်ခတ်ပြောဆိုမိပါမူ တစ်ဘက်ကလည်း မှားမှန်းသိနေစေကာမူ အယူအဆဟောင်းကို လက်လွှတ်တော့မည်မဟုတ်ပါ ။

သဘောထားပျော့ပျောင်းသောအစိုးရ

လက်ရှိ ဦးသိန်းစိန်ခေါင်းဆောင်သော အစိုးရသစ်သည် စစ်ဗိုလ်ချုပ်ဟောင်းများ အများစုပါဝင်စေကာမူ ယခင်အဆက်ဆက်သောအစိုးရများထက် သဘောထားပျော့ပျောင်းသာ ၊ ပြည်သူ့အသံကို နားထောင်သော အကောင်းဘက်ဦးတည်သောအရွေ့ကို အရှိန်အဟုန် အတန်ငယ်နှေးနေစေကာမူ ရွှေ့နေသော အစိုးရဖြစ်သည် ဆိုသောအချက်မှာ နိုင်ငံတကာ အပါအ၀င် ပြည်သူအများစုကပါ လက်ခံထားသော အယူအဆဖြစ်လေသည်  ။

ကြားဖြတ်ရွေးကောက်ပွဲအတွက် လစ်လပ်မဲဆန္ဒနယ်စာရင်း





ရန်ကုန်တိုင်း


၁။ဦးအောင်ကြည် မင်္ဂလာတောင်ညွန့် အလုပ်သမား၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေး ဝန်ကြီး
၂။ဒေါက်တာပွင့်ဆန်း မရမ်းကုန်း ဒု-ဝန်ကြီး (ကူးသန်းရောင်းဝယ်ရေး)
၃။ ဦးခင်မောင်စိုး လှည်းကူး အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီး
၎။ ဦးသိန်းထိုက် ဒဂုံ (ဆိပ်ကမ်း) သတ္တုတွင်းဝန်ကြီး
၅။ သူရဦးမြင့်မောင် သုံးခွ သာသနာရေးဝန်ကြီး
၆။ ဦးစိုးတင့် ကော့မှုး ဒု-၀န်ကြီး (ဆောက်လုပ်ရေး)


မန္တလေးတိုင်း


၇။ ဦးသိန်းစိန် ဇမ္ဗူသီရိ သမ္မတ
၈။ သီဟသူရ ဦးတင်အောင်မြင့်ဦး ပုဗ္ဗသီရိ ဒုတိယသမ္မတ
၉။ ဦးမြင့်လှိုင် ဒက္ခိဏသီရိ လယ်ယာ/ဆည်မြောင်းဝန်ကြီး
၁၀။ ဦးကျော်စွာခိုင် ဥတ္တရသီရိ သမ္မတရုံး ဝန်ကြီး
၁၁။ဒေါက်တာမြအေး မဟာအောင်မြေ ပညာရေးဝန်ကြီး
၁၂။ ဦးတင်အေး တံတာဦး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ
၁၃။ ဦးလှထွန်း ကျောက်ပန်းတောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး
၁၄။ ဦးညဏ်ထွန်းအောင် နွားထိုးကြီး ပို့ဆောင်ရေးဝန်ကြီး
၁၅။ ဦးသိန်းအောင် မိတ္ထိလာ
၁၆။ ဒေါက်တာမြင့်အောင် ပြင်ဦးလွင်


ဧရာဝတီတိုင်း


၁၇။ ဦးတင့်ဆန်း မြောင်းမြ ဟိုတယ်/ ခရီး၊အားကစားဝန်ကြီး
၁၈။ ဦးသိန်းညွန့် မအူပင် သမ္မတရုံး ဝန်ကြီး၊ နေပြည်တော်မြို့တော်ဝန်
၁၉။ ဦးသန်းထွန်း ပုသိမ်
၂၀။ ဦးခင်မောင်အေး ၀ါးခယ်မ
၂၁။ ဦးသန်းဌေး မြန်အောင်
၂၂။ ဒေါက်တာ မြတ်မြတ်အုန်းခင် အမျိုးသား လွှတ်တော် မဲဆန္ဒနယ်အမှတ် (၁၀) (ဖျာပုံ၊ ဒေးဒရဲ) ဒုတိယဝန်ကြီး(ကျန်းမာရေး)
၂၃။ ဦးသောင်းဟန် ရေကြည်မြို့နယ် အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်


တနင်္သာရီတိုင်း


၂၄။ ဦးစိုးသိန်း ကျွန်းစု စက်မှုဝန်ကြီး
၂၅။ ဒေါက်တာကျော်ကျော်ဌေး လောင်းလုံ


ပဲခူးတိုင်း


၂၆။ ဦးအောင်မင်း တောင်ငူ ရထားပို့ဆောင်ရေးဝန်ကြီး
၂၇။ ဦးဝင်းတင် ထန်းတပင်
၂၈။ ဦးအံ့ကြီး သနပ်ပင်
၂၉။ ဒေါက်တာဝင်းမြင့် လက်ပံတန်း ဒု-၀န်ကြီး (ကျန်းမာရေး)
၃၀။ ဒေါ်ချိုနွယ်ဦး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၇) (အုဌ်တွင်း၊ ထန်းတပင်)
၃၁။ ဦးအေးနိုင် က၀ မဲဆန္ဒနယ် အမှတ် ၂ (တိုင်းဒေသကြီး လွှတ်တော်)

Saturday, December 10, 2011

အင်အားကြီးမားသော ဆန္ဒပြမှုနှင့် ရုရှားအစိုးရရင်ဆိုင်နေရ

ရုရှားအစိုးရဟာ ရုရှားနိုင်ငံရဲ့သမိုင်းတစ်လျှောက် မြိုကတော်မော်စကိုမှာ ဖြစ်ခဲ့တဲ့ ဆန္ဒပြမှုတွေထဲမှာ အကြီးအမားဆုံးဆန္ဒပြမှုနဲ့ ရင်ဆိုင်နေရကြောင်း သတင်းရရှိပါတယ် ။ ဆန္ဒပြသူတွေဟာ ဒီဇင်ဘာလ ၄ ရက်နေ့မှာကျင်းပခဲ့တဲ့ ပါလီမန် ရွေးကောက်ပွဲတွေကို တရားမျှတမှုမရှိလို့ ခုလို ဆန္ဒပြရတာဖြစ်တယ်လို့ အကြောင်းပြပါတယ် ။ ဒီဇင်ဘာ ၁၀ ရက်နေ့မှာတော့ အင်အား ၂၅၀၀၀ ကျော်ကနေ ၄၀၀၀၀ လောက်ရှိမယ်လို့ ခန့်မှန်းရတဲ့ အင်အားနဲ့ ဆန္ဒပြနေတာဖြစ်ပါတယ် ။



နားထောင်နေရင်း ရှက်လာလို့ပိတ်လိုက်ရတဲ့ NLD မဲဆွယ်သီချင်း

ဒေါ်စုကြည်ရဲ့ ထမီစကို ခေါင်းမှာပတ်ပြီးမဲပေးရင် အန္တရာယ်တောင်ကင်းဆိုပဲ နောက်ပြီး ပါသေးတယ်ဒေါ်စုကြည်ရဲ့ထမီစက အန္တရာယ်လမ်းကို ပန်းခင်းတယ် တို့အဲဒီထမီစကြီးကို  နားတောင်းလုပ်လို့ နားမှာပန်လိုက်ရင် ကျည်မီးမကူးတော့ဘူးတို့ ၊ အဲဒီ ဒေါ်စုကြည် ရဲ့ ထမီစကြီးက သူတို့အတွက် လမ်းပြအလင်း ဆိုတာတွေ ၊ ဒါ NLD ကိုအပြစ်ပြောချင်လို့ တမင်ရေးနေတာမဟုတ်ဘူးနော်... ၊ တကယ်ပါတာဗျား ၊ လူငယ်စကားနဲ့ ပြောရရင် စိတ်လေတယ်ဗျာ   ကောင်းတော့ကောင်းပါတယ် ဘာကောင်းသလဲဆိုရင် ရှက်ဘို့ကောင်းတယ်လို့ ပြောရမယ့် NLD ရဲ့ ရွေးကောက်ပွဲမဲဆွယ်သီချင်း ။ 






ဒါကတော့ NLD ရဲ့ ပြိုင်ဘက် ကြံ့ခိုင်ရေးပါတီရဲ့ မဲဆွယ်သီချင်းပါ 



အမေရိကန်သူလျှိုလေယာဉ် အီရန်တို့ဖမ်းမိ



အမေရိကန်တို့၏ ခေတ်အမီဆုံး မောင်းသူမဲ့ထောက်လှမ်းရေးလေယာဉ်တစ်စင်းကို အီရန်နိုင်ငံ အစိုးရပိုင်ရုပ်သံများက တရားဝင်ပြသလိုက်ပါတယ် ။ အဆိုပါလေယာဉ်ဟာ RQ-170 Sentinel အမျိုးအစားဖြစ်ပြီး အမေရိကန်တို့ရဲ့ နောက်ဆုံးပေါ်နည်းပညာသုံး လေယာဉ်ဖြစ်ပြီး ကမ္ဘာကအထူးစိတ်ဝင်စားနေတဲ့ လေယာဉ်လည်းဖြစ်ပါတယ် ။

လွန်ခဲ့တဲ့ တနင်္ဂနွေနေ့က အီရန်ပိုင်နက်အတွင်းမိုင် ၁၄၀ လောက်အကွာမှာ အီရန်အီလက်ထရောနစ် စစ်ဆင်ရေးတပ်ဖွဲ့ဝင်များက လေယာဉ်ရဲ့ ထိန်းချုပ်ရေးစံနစ်ထဲဝင်ရောက်ပြီး ပျက်ကျစေခဲ့တာဖြစ်တယ် လို့လည်း အီရန်တို့ကဆိုပါတယ် ။

 
 
အဆိုပါလေယာဉ်ကို တရုတ်နဲ့ ရုရှားနိုင်ငံတို့ကလည်း ကြည့်ရှုခွင့်တောင်းထားတယ်လို့ သတင်းများအရသိရှိရပါတယ် ။ CIA ကထိန်းချုပ်ကိုင်တွယ်တဲ့ အဆိုပါထောက်လှမ်းရေးလေယာဉ်များဟာ အာဖဂန်ရှိအမေရိကန် စစ်အခြေစိုက်စခန်းတွေကနေ အီရန်နိုင်ငံထဲကို အကြိမ်ပေါင်းများစွာ ကျူးကျော်ဝင်ရောက်ခဲ့တယ်လို့ အီရန်ကကြေငြာပါတယ် ။

Friday, December 9, 2011

ဗိုလ်ချုပ်အကြောင်း ရုပ်ရှင်ရိုက်ကြမယ်ဆိုပါရင်......

တွေ့လားဗျာ .. တစ်တိုင်းပြည်လုံးကချစ်တာလည်းမပြောနဲ့ ၊ သူ့ကာရိုက်တာကိုရဘို့  နေနေသာသာ အပုံတစ်ရာပုံတစ်ပုံမှီတဲ့သူတွေ့ရင်ဘဲ  သူ့ကိုလူတော်လို့ပြောရမယ် 


ဗိုလ်ချုပ်အကြောင်းရိုက်မယ့်ရုပ်ရှင်
 
ခုတစ်လော လူပြောသူပြောများနေတဲ့အထဲမှာ ဗိုလ်ချုပ်အကြောင်း ရုပ်ရှင်ရိုက်ကြမည့်သတင်းသည် ထိပ်တန်းကပါလေ၏ ။ ဗိုလ်ချုပ်အကြောင်း သည် တစ်နည်းဆိုသော မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းပင် ဖြစ်သည် ။မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းမှ ဗိုလ်ချုပ်အောင်ဆန်း၏ အခန်းကဏ္ဍကို ရိုက်ကြတော့မည် ။ ကောင်းပါသည် ၊ ကြိုဆိုပါသည် ။

ဒီတစ်ခါ ခင်ဗျားတို့အလှည့်

ထူးခြားသည်က အရင်ကဒီလိုကားမျိုးကို အစိုးရက ဦးစီးပြီးရိုက်လေ့ရှိပါသည် ။ ထိုသို့ရိုက်လိုက်လေတိုင်း အစိုးရနှင့်ဆန့်ကျင်ဘက်အသွင်ဆောင်သူတို့က အမြဲတမ်းလိုလို ကန့်ကွက်မှုနှင့် ကြုံရလေသည် ။ အပြစ်ပြောကြလေသည် ။ ဒီတစ်ခါတော့ အပြစ်ပြောသူများက ဦးဆောင်ရိုက်မည့်အလှည့်ဖြစ်လေသည် ။ ကြည့်ကောင်းမည့်ပွဲတစ်ပွဲဖြစ်ပါသည် ။

တို့ဗိုလ်ချုပ်က ဇာတ်လိုက် သူတို့က ဗီလိန်

ဗိုလ်ချုပ်အကြောင်းရိုက်မည်ဆိုတော့ ဒီကားရဲ့အဓိကဇာတ်ကောင် ဟာ ကျွန်တော်တို့ မြန်မာတစ်မျိုးသား လုံးရဲ့ ဟီးရိုးကြီး ဗိုလ်ချုပ်အောင်ဆန်းပေါ့ ... ၊ ကောင်းလိုက်တာဗျာ ၊ ဒါပေမယ့် စိတ်ဝင်စားဘို့ကောင်းတာက ဗိုလ်ချုပ်ကို ခုလိုတစ်မျိုးသားလုံး ၊ တစ်တိုင်းတစ်ပြည်လုံးက ချစ်ခင်လေးစားလာအောင် တစ်နည်းအားဖြင့် ဗိုလ်ချုပ်ကိုနိုင်ငံကျော်ဇာတ်လိုက်ကြီး ဖြစ်အောင် တွန်းပို့ပေးရမယ့် တစ်ဘက်ဗီလိန်တွေက ဒီနေ့ဒီမိုကရေစီဘိုးအေ နိုင်ငံကြီးတွေဖြစ်နေတယ် ။ ဟာ..ဟ ကြည့်လို့ကောင်းလာပြီဗျာ ။
 

ဇာတ်လမ်းသိပြီးသားရုပ်ရှင်

ဒီဇာတ်ကားရဲ့ အဓိကကျောရိုးက ဘာဖြစ်မလဲဆိုရင် ဗမာတွေ ကိုယ့်ထီးကိုယ့်နန်းနဲ့နေနေတာကို မဟုတ်တဲ့အကြောင်းပြချက်တွေနဲ့ အင်္ဂလိပ်က စစ်ပွဲ ၃ကြိမ်ဆင်နွှဲပြီး မတရားသိမ်းပိုက်ခဲ့ကြတယ် ။ မြန်မာတွေကို ဖိနှိပ်အုပ်ချုပ်ခဲ့ကြတယ် ၊ လူရာမသွင်းခဲ့ကြဘူး ၊ ဒီနေ့ခေတ်စကားနဲ့ ပြောရရင် လူ့အခွင့်အရေးတွေ အကြီးအကျယ်ချိုးဖေါက်ခဲ့ကြတယ် ၊ စစ်ရာဇ၀တ်မှုတွေ တစ်ပုံတစ်ပင် ကျူးလွန်ခဲ့ကြတယ် ၊ ဒါကြောင့် မြန်မာတစ်မျိုးသားလုံးက မကျေမနပ်ဖြစ်ပြီး သူ့နယ်အလိုက် အုံကြွခဲ့ကြတယ် ၊ အင်္ဂလိပ်က ဖိနှိပ်ဖြိုခွဲခဲ့တယ် ၊ တိုင်းရင်းသားခေါင်းဆောင်တွေကို ကြိုးပေးသတ်ခဲ့ကြတယ် ၊ ဒီနေ့လိုပြောရရင် ယုံကြည်ချက်ကြောင့် နိုင်ငံရေးလှုပ်ရှားသူတွေကို လက်နက်တွေနဲ့ နှိမ်နင်း သတ်ဖြတ်ခဲ့တယ် ၊ မြန်မာတွေသူတို့လက်ချက်နဲ့ အမြောက်အများသေခဲ့တယ် ။ တစ်ချိန်တည်းမှာပဲ နတ်မောက်နယ်မှာ လူငယ်လေးတစ်ဦးမွေးလာတယ် ၊ သူဟာငယ်ဘ၀ထဲက မဟုတ်မခံသူဖြစ်တယ် ၊ နယ်ချဲ့အစိုးရကို နည်းနည်းမှမကြိုက်ဘူး မျိုးချစ်စိတ်အလွန်ရှိသူဖြစ်တယ်  နောက်ပိုင်းမှာ ရန်ကုန်တက္ကသိုလ်ကျောင်း သားမောင်အောင်ဆန်း ၊ နောက်သခင်အောင်ဆန်း အဲဒီကနေ နောက်ဆုံးဗိုလ်ချုပ်အောင်ဆန်းဖြစ်လာပြီး ဘ၀တစ်လျောက်လုံးမှာ နယ်ချဲ့အစိုးရကို နည်းမျိုးစုံနဲ့ တော်လှန်ခဲ့တယ် ၊ဒီကြားထဲမှာ ဖက်ဆစ်ဂျပန်ဝင်လာတာရှိတယ် ၊ဒါကိုလဲသူပဲခေါင်းဆောင်ပြီးမောင်းထုတ်လိုက်ရတယ် ၊  နောက်ဆုံးမှာ အင်္ဂလိပ်က လွတ်လပ်ရေးပေးမယ်လုပ်တယ်  ၊ဒီမှာတစ်ခါ တောင်တန်းဒေသတွေကို ချန်ထားဘို့ ကလိမ်ကကျစ်လုပ်ပြန်တယ် ၊ ဒါနဲ့ပင်လုံညီလာခံကိုလုပ်ရပြန်တယ် ၊ နောက်ဆုံးမှာမှလွတ်လပ်ရေးရတယ် ၊ မရခင်လေးမှာပဲ အင်္ဂလိပ်က တစ်ဖက်လှည့်နဲ့လုပ်ကြံလိုက်လို့ ဗိုလ်ချုပ်နဲ့တစ်ကွ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့ရတယ် ဒါပေမယ့်နောက်ဆုံးမှာ ဗိုလ်ချုပ်ရဲ့ ကြိုးစားမှုအသီးအပွင့်အဖြစ် မြန်မာပြည်ကြီး လွတ်လပ်ရေးရသွားလေသတည်း ဆိုတာမျိုးဖြစ်တယ် ။


အထက်မြန်မာပြည်က မြန်မာတွေကိုဖမ်းပြီး ဗြိတိသျှအစိုးရပိုင် ဧရာဝတီသင်္ဘောနဲ့ အောက်ပြည်ကိုပို့နေတဲ့ပုံ