xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar

Sunday, February 19, 2012

မြန်မာနိုင်ငံက အပြောင်းအလဲများကို ကူညီချိန်ရောက်ပြီ

(အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီဥက္ကဌ ဂျွန်ကယ်ရီရဲ့ Supporting change in Burma ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆို တင်ပြလိုက်ပါတယ်။ )
နှစ်ငါးဆယ်ကျော် စစ်အာဏာရှင် အုပ်ချုပ်ရေးအောက်မှာ နေခဲ့ရပြီးတဲ့နောက် အခုအချိန်မှာတော့ မြန်မာနိုင်ငံဟာ သူ့တို့ အနေနဲ့ အမေရိကန် နိုင်ငံနဲ့ ဆက်ဆံရေး ပိုမိုကောင်းမွန်အောင် လုပ်ဖို့ ဆန္ဒရှိတယ် ဆိုတာ အချက်ပြလာ ခဲ့ပါပြီ။ သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံကို စောင့်ကြည့်နေသူတွေ စိတ်လှုပ်ရှားစေတဲ့၊ စဉ်းစားစရာတွေ အများကြီး ဖြစ်စေတဲ့ ပြုပြင် ပြောင်းလဲမှုတွေ တစ်သီတစ်တန်းကြီး လုပ်ခဲ့တယ်။ အခု အဲဒီနိုင်ငံက ဒီမိုကရေစီ လှုပ်ရှားသူတွေ အနေနဲ့ ဆယ်စုနှစ်များစွာ အတွင်း ပထမဆုံးအကြိမ် စိတ်အားတက်စရာတွေ တွေ့လာနေရပြီ ဖြစ်တယ်။
ပြီးခဲ့တဲ့ သြဂုတ်လမှာ သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ပြီး ကထဲက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ အရှိန် ရလာခဲ့တယ်။ နိုဝင်ဘာမှာ နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က မြန်မာနိုင်ငံကို သမိုင်းဝင်ခရီး သွားခဲ့ပြီး ဆက်ဆံရေး ကောင်းဖို့အတွက် ဘာတွေလိုတယ် ဆိုတာ ရှင်းရှင်းလင်းလင်း ပြောပြခဲ့တယ်။ သမ္မတ ဦးသိန်းစိန် အစိုးရက အိုဘားမား အစိုးရရဲ့ မဟာဗျူဟာမြောက် ထိတွေ့ဆက်ဆံရေး ကိစ္စကို အပြုသဘော ဆောင်ပြီး တုန့်ပြန်ခဲ့တယ်။
မြန်မာ ခေါင်းဆောင်တွေက အပြောနဲ့မဟုတ် အလုပ်နဲ့ သက်သေ ပြခဲ့တဲ့အတွက် တိုးတက်မှုအချို့ ဖြစ်လာခဲ့တယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေ အတွင်းမှာ အစိုးရက ရာချီနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးခဲ့တယ်၊ လာမည့် ဧပြီလမှ ရွေးကောက်ပွဲလုပ်ဖို့ သတ်မှတ်ပေးတယ်၊ တိုင်းရင်းသားအဖွဲ့ တွေနဲ့ ဖြစ်နေတဲ့ နှစ်ပေါင်းများစွာ ကြာတဲ့ ပဋိပက္ခတွေကို အဆုံးသတ်နိုင်ဖို့ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲတွေ လုပ်ခဲ့တယ်။ အခု အမေရိကန် မူဝါဒ ချမှတ်သူ တွေနဲ့ ဥပဒေပြုသူတွေ အတွက် မေးခွန်းက ဘာဆက်လုပ်မလဲ၊ အစိုးရရဲ့ ရည်ရွယ်ချက်တွေကို သိရအောင် ဘယ်လို လုပ်နိုင်သလဲ၊ ပြုပြင် ပြောင်းလဲ လိုသူတွေ ဘယ်လို အကောင်းဆုံး ကူညီနိုင်မလဲ ဆိုတဲ့ မေးခွန်းပဲ။
အစဉ်အလာအရ အမေရိကန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို ကွန်ဂရက်က ချုပ်ကိုင်ထားတာ ဖြစ်တယ်။ တင်းကျပ်တဲ့ ပိတ်ဆို့မှုတွေ ချထားတယ်၊ အမေရိကန် အစိုးရရဲ့ မြန်မာမူဝါဒကို အနီးကပ် စောင့်ကြည့်တယ်၊ ငွေသုံးစွဲမှု တွေကို ထိန်းချုပ်ထားတယ်။ လွှတ်တော် အမတ်တွေရဲ့ နှစ်ပေါင်းများစွာ ရှိလာတဲ့ မြန်မာနိုင်ငံ အပေါ် သဘောထားကို နေ့ချင်း ညချင်း ပြောင်းလိုက်ဖို့တော့ မဖြစ်နိုင်ဘူး။ ဒါမေမယ့် မြန်မာအစိုးရ ဘက်က တိုးတက်မှုတွေ ရှိလာရင်တော့ အရင်တုန်းက ပြုပြင် ပြောင်းလဲမှုတွေ လုပ်ခဲ့တဲ့ အစိုးရတွေကို ဆက်ဆံသလိုပဲ ဆက်ဆံရေး တိုးတက်ဖို့ အတွက် လုပ်ဆောင်ဖို့ အသင့် ရှိပါတယ်။

Saturday, February 18, 2012

သူတို့ရင်တွေထဲမှာ ၊ မျက်ဝန်းတွေထဲမှာ မိုးတွေရွာနေတယ် ချိုတူးဇော်



ဒီမနက် သတင်းတွေဖတ်လိုက်တော့ ဒီအပေါ်ကစာလေး သွားဖတ်မိတယ် ၊ ချိုတူးဇော်ရေးထားပြီး ဆရာကို အော်ပီကျယ်က များများဖတ်ဖြစ်ကြအောင် ကူညီကြပါဆိုပြီး share လုပ်ထားတာကိုတွေ့ရပါတယ် သူရေးထားတဲ့စာကို မမြင်ရမှာစိုးလို့ အောက်မှာထပ်ပြီး ဖေါ်ပြလိုက်တယ် ။

တိုင်ရီ စက်ရုံရှေ့မှာ ဒိုင်းတွေ လွှားတွေနဲ့ စောင့်နေတဲ့ ညီအကိုရဲဘော်တို့ရေ. . . အဲဒီ ခင်ဗျားတို့ရှေ့က နေပူထဲမှာ မျက်နှာငယ်လေးတွေနဲ့ ဆောင့်ကြောင်ထိုင် နေကြတဲ့ အလုပ်သမားတွေဟာ. . . လစဉ် ခေါင်းခဲအောင် စီစဉ်နေရတဲ့ မလောက်မငှလစာငွေလေးက အသက်ရှုချောင်မလားလို့ . . . တောင်းဆိုကြတဲ့ ခင်ဗျားတို့ကျနော်တို့ မြန်မာပြည်သားသွေးသားဆွေမျိုးတွေပါ။ အဲဒီ ပြည်ပ လုပ်ငန်းရှင်က တိုးမပေးနိုင်ဘူး လို့ ငြင်းလိုက်တဲ့အတွက်များ တုတ်တွေနဲ့ ရိုက်ဦးနှက်ဦးကြမလို့လား ဗျာ... . စဉ်းစားကြပါဦး။ ခု ကိုပဲ လစာ မတိုးခင် မီတာခတွေတိုး လို့၊ ခင်ဗျားတို့မိသားစုတွေထဲမှာကော. . .အိမ်ရှင်မတွေ၊ မိခင်တွေ ညည်းကြတွားကြတာတွေ မလုပ်ဖြစ်ကြဘူးလား။ သူတို့ရတဲ့လစာ နဲ့ဆို ပို ဆိုးမယ်. . .လို့ မတွက်မိကြဘူးလား။ သူတို့ . . .သူဌေးဖြစ်တောင်းဆိုနေတာ မဟုတ်ဘူး. . . သူတို့ . . .NLD အတွက် တောင်းဆိုနေတာ မဟုတ်ဘူး သူတို့. . . .ဒီမိုကရေစီ ဆိုတာလည်း စိတ်မ၀င်စားဘူး သူတို့. . . .ထမင်း၀၀ စားရဖို့ သူတို့ . . .ကလေးတွေ ပညာသင်နိုင်ဖို့ သူတို့. . . ကြပ်တည်းလွန်းတဲ့ ဘ၀တွေကနေ အသက်ရှုချောင်ရုံလေး . . . ဒီခေတ်ကြီးထဲ တလလုံး ၂သောင်းခွဲနဲ့ ဘယ်သူလောက်မလဲဗျာ. . သူတို့ တကယ်ကို စားမလောက်လို့. . . တောင်းဆိုနေကြတာပါ. . .။ ဒီလို လစာ ဖြစ်နေရတာကိုးက ရင်နာစရာကောင်းလှပြီ။ သမ္မတကြီးနဲ့ အစိုးရ၀န်ကြီးများ၊ အမတ်မင်းများ. . . ခင်ဗျားတို့ဗျာ. . . ခင်ဗျားတို့. . .ဒီလိုပဲ . . .အကြမ်းဖက်နှိမ်နှင်းလိုက်ကြမလို့လားဗျာ. . . ရဲဘော်တို့ရေ. . . ခင်ဗျားတို့ရဲ့ ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့ တုတ်တွေနဲ့ အဲဒီ မျက်စိသူငယ်နားသူငယ်နဲ့ ထိုင်နေတဲ့ အဲဒီအလုပ်သမားတွေရဲ့ ချွေးစို့နေတဲ့ မျက်နှာတွေကို မရိုက်ခင်မှာ. . . ခင်ဗျားအိမ်က အိမ်ရှင်မ ကို . . .အမေ့ကို သတိရမယ် ဆိုရင်. . ခင်ဗျားတို့ရဲ့ တုတ်တွေကို လွှတ်ချပြီး အဲဒီ အလုပ်သမားတွေရဲ့. . .လက်တွေကို ဆုပ်ကိုင်လိုက်ကြစေချင်တယ်။ ချိုတူးဇော်

 ချိုတူးဇော်ရဲ့စာအသွားအလာကိုကြည့်ရတာ တိုင်ရီစက်ရုံက အလုပ်သမားလေးတွေနဲ့ လုံခြုံရေး တပ်ဖွဲ့တွေကြား ပဋိပက္ခမဖြစ်စေလိုတဲ့ စေတနာထက် ဆန္ဒပြနေတဲ့အလုပ်သမားတွေကို သနားအောင်လုပ်ပြီး အစိုးရကို ပြည်သူတွေမုန်းသွားအောင် ၊ " ဒီလောက်သနားစရာကောင်းတဲ့အလုပ်သမားလေးတွေကို အစိုးရက လုပ်ရက်လေခြင်း" ဆိုတဲ့ မှတ်ချက်မျိုးချအောင်ရေးထားတယ်ဆိုတာ သိသာနေတယ် ၊ ချိုတူးဇော်အရင်ရေးနေတဲ့စာတွေ ၊ comment တွေနဲ့ ပေါင်းပြီး ကောက်ချက်ဆွဲလိုက်ရင် ဒီသဘော ပိုထင်ရှားလာတယ် ။

လောလောဆယ်စက်မှုဇုံတွေက စက်ရုံတွေမှာ အလုပ်ရှင်နဲ့အလုပ်သမားတွေဟာ နှစ်ဘက်သဘော တူညီချက် စာချုပ်တွေနဲ့ပဲ အလုပ်လုပ်နေကြရတယ် ၊ ဆိုလိုတာက အလုပ်ရှင်က လစာဒီလောက်ပေးမယ် ၊ အလုပ်ချိန်ဒီလောက်လုပ်ရမယ် ၊ နားရက်က ဒါတွေ ၊ အချိန်ပိုကြေးကဒီလောက် စသည်ဖြင့် ဖေါ်ပြထားတာကို အလုပ်သမားတွေက သဘောတူလို့ ၀င်လုပ်နေကြတဲ့သဘောဖြစ်တယ် ။

 ခုဆန္ဒပြတာက အဲဒီလို သဘောတူထားတာကို စက်ရုံဘက်က ချိုးဖေါက်လို့ ဆိုတာထက် မူလသဘောတူထားတဲ့ လစာဟာ ခေတ်နဲ့ မလျှော်ညီတော့တဲ့အတွက် အလုပ်သမားတွေက တိုးပြီးတောင်းဆိုရာကနေ စတဲ့ ပြဿနာဖြစ်တယ် ၊ ဒီတော့ အလုပ်ရှင်က သူတိုးပေးနိုင်တဲ့ တစ်နာရီလုပ်ခ ၁၀၀ ထိ တိုးပေးလိုက်တယ် ၊ ဒါကိုတစ်ချို့ကကြေနပ်သွားကြတယ် တစ်ချို့က ၁၅၀ ထိတိုးတောင်းလို့ ဆန္ဒပြပွဲက မပြီးနိုင်သေးဘူးဖြစ်နေတယ် ။ တိုးတောင်းတဲ့သူတွေကိုလည်း အပြစ်မဆိုသာသလို ၊ စက်ရုံကလည်း သူရဲ့ ၀င်ငွေထွက်ငွေကိုတွက်ပြီး တိုးပေးနိုင်မှပဲ တိုးပေးမှာဖြစ်တယ် ၊ အရှုံးခံပြီးတော့တော့ တိုးပေးမှာမဟုတ်ဘူး ။

ခုအခြေအနေက စက်ရုံကလည်း ဆက်ပြီးတိုးမပေးနိုင်တော့ဘူး ၊ တစ်ဘက်ကလည်း မလျှော့ဘူး ဖြစ်နေတဲ့အတွက် အလိုလားအပ်တဲ့ ပြဿနာတွေ ၊ အကြမ်းဘက်မှုတွေ ၊ မီးရှို့တာတွေ ဖြစ်လာမှာစိုးလို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက Show of Force လုပ်တဲ့သဘောဖြစ်တယ် ၊ သဘောက မင်းတို့ အေးအေးဆေးဆေး တောင်းဆိုစရာရှိတာကို တောင်းဆိုကြကွာ ၊ ဖျက်လားဆီးလား မီးရှို့လားတော့ မလုပ်ကြနဲ့ ဆိုပြီး အင်အားပြ ဟန့်တားတဲ့သဘောဖြစ်တယ် ။ လုံခြုံရေးတပ်ဖွဲ့တွေ ရောက်လာတိုင်း ရိုက်တော့မဟဲ့ ၊ နှက်တော့မဟဲ့လို့ ထင်နေတဲ့ မောင်ရင့်စိတ်ကို အရင်ပြင်ရမယ် ။

နောက်တစ်ခုက ဒီခေတ်ကြီးထဲမှာ တစ်လ ၂သောင်းခွဲနဲ့ ဘယ်သူလောက်မလဲဗျာ လို့  မောင်ရင် ရေးထားတယ်နော် ၊ မှန်တယ် ဒီခေတ်ကြီးထဲမှာ လစာ ၂သောင်းခွဲနဲ့ ဘယ်သူမှမလောက်ဘူး ၊ ဒါဆိုရင် မောင်ရင်ခုနပြောတဲ့ ဒိုင်းတွေလွှားတွေကိုင်ထားတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်လေးတွေက တစ်လကို ၂သောင်း ၂ထောင်ပဲရတယ် ၊ ကဲ....ဘယ်လိုလုပ်မလဲ ။ အဲဒီဒိုင်းကိုင်ထားတဲ့ ရဲသားလေးတွေဟာ ဆင်းရဲတဲ့ဒုက္ခကို မောင်ရင့်ထက် ကိုယ်ချင်းစာတတ်တယ် ၊ နားလည်တယ် ဆိုတာကိုမေ့မနေဘို့လိုတယ် ။

နောက်ပြီးပြောချင်တာက ခုဆန္ဒပြနေတယ်ဆိုတဲ့ တိုင်ရီစက်ရုံ အပါအ၀င် အဲဒီစက်မှုဇုံတွေမှာ အလုပ်လုပ်နေကြတဲ့ အလုပ်သမားအများစုဟာ နိုင်ငံ့ဝန်ထမ်း မိသားစုဝင်တွေ အများစုဖြစ်တယ် ။ ခုဆန္ဒပြနေတဲ့ အလုပ်သမားတွေထဲမှာ ဒိုင်းတွေလွှားတွေ ကိုင်ထားပါတယ်ဆိုတဲ့ ရဲတပ်ဖွဲ့ဝင်လေးတွေရဲ့ မိဘဇနီးသားသမီးတွေ ၊ သေနတ်ကိုင်ထားပါတယ်ဆိုတဲ့ ခလရ ၆ ကမိသားစုဝင်တွေ အများကြီးပါနေတယ်မောင်ရင် ၊ မောင်ရင်ပြောတဲ့ ပြည်သူဆိုတာ သိပ်ပြီးယေဘူယျကျလွန်းပါတယ်ကွာ.... ခုဆန္ဒပြနေတာ သူတို့ရဲ့ မိဘ၊ ဇနီး ၊ သားသမီးအရင်းတွေကွ....။

တစ်ဘက်က တာဝန်အရ ယူနီဖောင်းကြီးဝတ် ဒိုင်းကြီးတွေကိုင်ပြီး ဟန်ရေးပြနေပေမယ့် ၊ ဆန္ဒပြနေတဲ့သူတွေနဲ့ ဒိုင်းကိုင်နေတဲ့သူတွေဟာ ညနေကျရင် ထမင်းတစ်ဝိုင်းတည်း မလောက်မငှစားနေရတယ် ၊  ဒိုင်းကိုင်ပြီး ဟန်ဆောင်ရပ်နေရတဲ့ သူတွေရဲ့ ရင်တွေထဲမှာ ၊ မျက်ဝန်းတွေထဲမှာ မိုးတွေရွာနေတယ် မောင်ချိုတူးဇော်........။

ဒေါက်တာဆိတ်ဖွား


Thursday, February 16, 2012

သတင်းဌာနတွေ ကိုယ့်တာဝန်တွေနဲ့ အခန်းကဏ္ဍတွေ ကျေပွန်ဖို့ လိုနေပါသေးသည်

 
မီဒီယာဆိုတာ လူထုကို မှန်မှန်ကန်ကန်နဲ. မျှမျှတတ သတင်းပေးရမည့် တာဝန်ရှိပါသည်။ မျက်နှာလိုက်တာ ဘက်လိုက်တာ တဖက်သတ် ၀ါဒဖြန်.ချီတာ ၀ါဒဖြန်.သလို သာသာထိုးထိုး ပိုရေးတာမျိုးတွေဟာ စာနယ်ဇင်း ကျင့်ဝတ်နဲ. ကိုက်ညီတဲ့လုပ်ရပ်တွေမဟုတ်ပဲ လူထုက အထင် သေးစရာဖြစ်တာမို.-- ရေရှည်မှာ အဲဒီရဲ့ ဆိုးကျိုးကို ကိုယ်ပဲ ပြန်ခံတတ်ပါသည်။

ကိုယ့်အလုပ်ကိုသာ တာဝန်ကျေအောင် လုပ်ပါ။ ဒါဆိုရင် ဒီမိုကရေစီနဲ. လွတ်လပ်တဲ့ လူ. ဘောင်တည်ဆောက်ရေးကို အားပေးရာ ရောက်ပြီးသားပါ။ နိုင်ငံရေးပါတီက နိုင်ငံရေးပါတီ အလုပ် လုပ်မယ်။ နိုင်ငံရေးသမားက နိုင်ငံရေးသမား အလုပ် လုပ်မယ်။ အစိုးရနဲ. အာဏာပိုင် က အစိုးရအလုပ်လုပ်မယ်။ ဒီတော့ သတင်းသမားကလဲ သတင်းသမားအလုပ်ပဲ ပီပြင်ဖို.သာ လိုပါသည်။ လိုင်းပူးတာ၊ လိုင်းချော်တာတွေ မဖြစ်သင့်ပါ-- အန္တရာယ်လဲ ရှိပြီး စာနယ်ဇင်း သမားတဦးအနေဖြင့် လူထုအပေါ် တာဝန်မဲ့ရာလည်း ရောက်ပါသည်။

Fairness, Balance, Objectivity and Impartiality ဖြစ်ရမည်ဆိုတာ စာနယ်ဇင်းသမားတွေ ရဲ့ တာဝန်ပါ။ စည်းကမ်းကျင့်ဝတ်လဲ ဖြစ်ပါသည်။ တချိန်တည်းမှာ  Equality & Opportunity ကိုလဲ ဟိုဖက်ဒီဖက် မျက်နှာမလိုက်ပဲ တန်းတူဆက်ဆံဖို. လိုပါသည်။ ထို.အတူ လူထုကို ကျယ်ကျယ်ပြန်.ပြန်.နဲ. ဘက်ပေါင်းစုံ ရှုဒေါင့်စုံကနေ အမှန်အတိုင်း သတင်းပေးဖို. သတင်း ဌာနတွေမှာ တာဝန်ရှိပါသည်။ ဒါဟာ သတင်းသမားအလုပ်ပါ။

သံဃာနှင့်နိုင်ငံရေး

အခုတစ်လော ရွေးကောက်ပွဲ မဲဆွယ် စည်းရုံး လှုပ်ရှားမှုများမှာ သံဃာတော်တွေ ပါဝင် ချီတက်တာ၊ ဟောပြောမှုကို နားထောင် တာတွေ လုပ်လာတာကို တွေ့ရပါတယ်။ တစ်နိုင်ငံလုံးနဲ့ ဆိုင်တဲ့ ကိစ္စများမှာ သံဃာတော်များက ဒကာများကို ဦးဆောင် လမ်းညွှန် တာမျိုးတွေ ရှိနိုင်တာ မှန်ပေမယ့် ပါတီတစ်ခု အတွက် ၊ ဒကာတစ်ဦး အတွက် မဲဆွယ် လှုပ်ရှားပေးတာ လုပ်သင့်ပါသလာ။ ထေရ၀ါဒ နှစ်နိုင်ငံဖြစ်တဲ့ သီရိလင်္ကာနဲ့ ထိုင်းနိုင်ငံမှာတော့ အဲဒီလို မဲဆွယ်မှုတွေမှာ သံဃာတွေ ပါဝင်ခွင့် မရှိဘူးလို့ သိရပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာလည်း ၁၉၉၀ ရွေးကောက်ပွဲ နီးတော့ မင်းကွန်း ဆရာတော်ကြီးတို့က အခုလို ညွှန်ကြားဖူးပါတယ်။ 
ပိတောက်မြေ
 
ညွှန်ကြားလွှာ အမှတ်လွှာ အမှတ် (၈၃)
သာသနာ့ ဝန်ထမ်း ရဟန်းသာမဏေများသည် ပါတီ နိုင်ငံရေးများ၌ ပါဝင် ဆောင်ရွက်ခြင်း မပြုလုပ်ရန် ညွှန်ကြားခြင်း။
(၁၃၊ ၇၊ ၉၁) (ဒု-၂၊ ၄၊ ၅၃)
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အတွင်းရှိ ထေရဝါဒ ဂိုဏ်းဝင် သံဃာပေါင်း သုံးသိန်းကျော် နေထိုင် သီတင်း သုံးလျက် ရှိပါသည်။ ယင်းထေရဝါဒ ဂိုဏ်းဝင် သံဃာ အပေါင်းသည် သာသနာတော် သန့်ရှင်း တည်တံ့ ပြန့်ပွားရေးမူ အရ ဂိုဏ်းပေါင်းစုံ သံဃာ့ အစည်း အဝေးပွဲကြီး ကျင်းပ ပြီးနောက် သံဃာ့ ဂိုဏ်းကြီး ၉ ဂိုဏ်းဖြင့် သံဃာ့ အဖွဲ့အစည်း အဆင့်ဆင့် ဖွဲ့စည်း၍ သာသနာရေး တာဝန်များကို ဆောင်ရွက်လျက် ရှိကြပါသည်။
ထေရဝါဒ သံဃာ့ ဂိုဏ်းဝင် သမ္မုတိ သံဃာတို့သည် သာသနာတော် သန့်ရှင်း တည်တံ့ ပြန့်ပွားရေးကို ဦးတည်၍ သာသနာ့ဝန်ထမ်း ရဟန်းသာမဏေတို့၏ ကိစ္စ ဖြစ်သော ဂန္ထဓုရ၊ ဝိပဿနာဓုရ နှစ်ပါးလုံးကို သော်လည်းကောင်း၊ တစ်ပါးပါးကို သော်လည်းကောင်း ဆောင် ရွက်ကြရမည် ဖြစ်ပါသည်။ ပါတီ နိုင်ငံရေးများ၌ ပါဝင် ဆောင်ရွက်ခြင်းကို ရှောင်ကြဉ် ကြရမည် ဖြစ်ပါသည်။
အကယ်၍ ရဟန်း သာမဏေများ ပါတီ နိုင်ငံရေးများ၌ ပါဝင် ဆောင်ရွက်ပါက နိုင်ငံရေး ပါတီများသည် ရဟန်း သာမဏေများထံ ချဉ်းကပ်၍ ဆရာ မွေးကြပေလိမ့်မည်။ ထိုအခါ ရဟန်း သာမဏေများသည် မိမိနှစ်သက်ရာ ပါတီ အနိုင်ရရှိရေးကို ဆောင်ရွက်ကြရ၊ ဟောပြောကြရသဖြင့် ဘုရားရှင်၏ ဓုရနှစ်ဖြာကို အားမထုတ်နိုင်တော့ဘဲ သာသနာတော် သန့်ရှင်း တည်တံ့ ပြန့်ပွားရေး ဦးတည်ချက်ကို ထိခိုက်လာမည့် အပြင် ရဟန်း သာမဏေ အချင်းချင်း စိတ်ဝမ်းကွဲပြားကာ ခဲခဲယဉ်းယဉ်း တည်ဆောက် ထားရသော ဂိုဏ်းပေါင်းစုံ သံဃာ့ ညီညွတ်ရေးကြီး ပြိုကွဲ၍ သံဃာ့ အဖွဲ့အစည်း အဆင့်ဆင့်တို့ ဧကန် ပျက်စီး ကြရပေလိမ့်မည်။

သူရဦးရွှေမန်း၏ ၀န်ထမ်းများလစာတိုးရေးကိစ္စ နောင်နှစ်မှစဉ်းစားမည်ဟု ဘဏ္ဍာရေးဝန်ကြီးရှင်းလင်းတင်ပြ

ပြီးခဲ့သည့်အပတ်က သူရဦးရွှေမန်းက လွှတ်တော်သို့တင်ပြခဲ့သည့် အစိုးရ၀န်ထမ်းများအား လစာများတိုးမြှင့်ပေးရေးနှင့်ပတ်သက်၍ ယနေ့ ဖေဖေါ်ဝါရီ(၁၆)ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စု လွှတ်တော်တွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ပြန်လည် ရှင်းလင်းတင်ပြခဲ့ကြောင်း နေပြည်တော်မှလာသော သတင်းများအရ သိရှိရပါသည် ။
  "၀န်ထမ်းများအား ၁၉၅၆-၆၀ ခုနှစ်များကကုန်ဈေးနှုန်းနှင့် လစာငွေများ အချိုးအစားအတိုင်း ယနေ့အခါတွင်ပြန်လည်ရရှိရေးအတွက်ဆိုပါက အနိမ့်ဆုံးလစာပင်လျှင် ၂သိန်းတစ်သောင်းကျပ် မျှ ပေးရမည်ဖြစ်ပြီး၊ တစ်နိုင်ငံလုံးအတိုင်းအတာအတွက်ဆိုပါက နိုင်ငံတော်အနေဖြင့် ကျပ်ငွေ ၅၆၀၀.၃၅၄ ဘီလျံမျှ သုံးစွဲရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဝေးလံခေါင်ဖျားမြို့နယ် ၈၅ မြို့နယ်တွင် တာဝန်ထမ်းဆောင်နေကြရသော ၀န်ထမ်းဦးရေ ၃၇၈၁၇ ဦးအတွက်မူ ထောက်ထားငဲ့ညှာသောအားဖြင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် လစာများတိုးပေးနိုင်ရေး အတွက်စီစဉ်မည်ဖြစ်ပြီး၊ တစ်နိုင်ငံလုံး အတိုင်းအတာအတွက်မူ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင်မှ ထည့်သွင်း စဉ်းစားမည်ဖြစ်ကြောင်း" ဘဏ္ဍာရေးဝန်ကြီးက ရှင်းလင်းတင်ပြသွားပါသည် ။

ဒီလိုမေး ၊ ဒီလိုတွေး ရွေးကောက်ပွဲမှာ မဲလေးပေး

ကြားဖြတ်ရွေးကောက်ပွဲ ၀င်မည့် နိုင်ငံရေးပါတီများအနေဖြင့် တိကျတဲ့ ရွေးကောက်ပွဲ ကတိစကားများ မူဝါဒများ လမ်းစဉ်များကို ချပြဖို. အချိန် ရောက်ပါသည်။ ဒီမိုကရေစီရေး၊ လူ.အခွင့်အရေး၊ တရားဥပဒေ စိုးမိုးရေး-- စတာတွေဟာ ယေဘူယျသာ ဖြစ်ပြီး လက်တွေ. လူထုက မဲထည့်ပေးလိုက်ရင် သက်ဆိုင်ရာ မဲဆန္ဒနယ်မြေတွေ မဲပေးသူတွေအတွက် ဘာတွေကို လက်တွေ.ကျကျ တကယ် လုပ်ပေးမလဲဆိုတဲ့ တိကျတဲ့ ကတိစကားတွေ ဖြစ်ဖို. လိုပါသည်။

Be Specific and Achievable Promise ဖြစ်ပြီး အဲဒီ ကတိစကားတွေ တည်မတည် လုပ်ပေးနိုင်ခဲ့ခြင်း ရှိမရှိကို မဲထည့်သူတွေက Measurable ဖြစ်ဖို.လိုပါသည်။ ဒါမှသာ နိုင်ငံရေးပါတီ ကိုယ်စားလှယ်လောင်းတွေဟာ ပေးထားတဲ့ ကတိတွေအတိုင်း ဘယ်အတိုင်အတာအထိ ဘယ်လောက်ထိ လက်တွေ.ကျကျ လုပ်ပေးခဲ့သလဲဆိုတာ တိုင်းတာလို. စစ်ဆေးလို. ထောက်ပြလို.ရမည် ဖြစ်ပါသည်။

ဒီမိုကရေစီ။ လူ.အခွင့်အရေးနဲ. တရားဥပဒေစိုးမိုးရေး---ဆိုတာ ကျယ်ပြန်.ပြီး အမေရိကန် ဗြိတိန်နဲ. ဥရောပနိုင်ငံတွေမှာတောင် အခုထိ မြင့်တင်နေရ ကာကွယ်နေရတဲ့ အရာတွေ မဟုတ်ပါလား။ ။ ဒါကြောင့် ရွေးကောက်ပွဲ ၀င်ကြမည့် နိုင်ငံရေး ပါတီတွေ ကိုယ်စားလှယ်တွေ အနေဖြင့် တိကျတဲ့ ကတိစကားတွေ လက်တွေ. ကျကျ ဖြစ်နိုင် လုပ်ပေးနိုင်မည့် အာမခံချက်တွေ ပေးဖို. မဲပေးကြမည့် ပြည်သူတွေက တောင်းဆိုရမည် မေးခွန်း ထုတ်ရမည် ဖြစ်ပါသည်။

Wednesday, February 15, 2012

နိုင်ငံတကာသို့ Y TALK ခေါ်ဆိုခနှုန်းထားများ

COUNTRY CODE DESTINATION $0.15 COUNTRIES $0.35 COUNTRIES
54/549 ARGENTINA - Fixed & Mobile $0.15 -
61/614 AUSTRALIA - Fixed & Mobile $0.15 -
43/436 AUSTRIA - Fixed & Mobile $0.15 -
1242 BAHAMAS - Fixed $0.15 -
973/9733 BAHRAIN - Fixed & Mobile $0.15 -
880/8801 BANGLADESH - Fixed & Mobile $0.15 -
32 BELGIUM - Fixed $0.15 -
591 BOLIVIA - Fixed $0.15 -
55 BRAZIL - Fixed $0.15 -
673/6732 BRUNEI - Fixed & Mobile $0.15 -
359 BULGARIA - Fixed $0.15 -
855/8551 CAMBODIA - Fixed & Mobile $0.15 -
1204 CANADA - Fixed & Mobile $0.15 -
56 CHILE - Fixed & Mobile $0.15 -
86/861 CHINA - Fixed & Mobile $0.15 -
57 COLOMBIA - Fixed & Mobile $0.15 -
385 CROATIA - Fixed $0.15 -
357 CYPRUS - Fixed & Mobile $0.15 -
420 CZECH REPUBLIC - Fixed $0.15 -
45 DENMARK - Fixed $0.15 -
20/2010 EGYPT - Fixed & Mobile $0.15 -
358/3584 FINLAND - Fixed & Mobile $0.15 -
33/336 FRANCE - Fixed & Mobile $0.15 -
49 GERMANY - Fixed $0.15 -
30 GREECE - Fixed $0.15 -
852/8526 HONG KONG - Fixed & Mobile $0.15 -
36 HUNGAR - Fixed $0.15 -
91/919 INDIA - Fixed & Mobile $0.15 -
62/628 INDONESIA - Fixed & Mobile $0.15 -
353 IRELAND - Fixed $0.15 -
972/9725 ISRAEL - Fixed & Mobile $0.15 -
39 ITALY - Fixed $0.15 -
1876 JAMAICA - Fixed $0.15 -
81 JAPAN - Fixed $0.15 -
862 JORDAN - Fixed $0.15 -
82/821 KOREA - Fixed & Mobile $0.15 -
856/85620 LAOS - Fixed & Mobile $0.15 -
853/8536 MACAU - Fixed & Mobile $0.15 -
60/601 MALAYSIA - Fixed & Mobile $0.15 -
52 MEXICO - Fixed & Mobile $0.15 -
976 MONGOLIA - Fixed & Mobile $0.15 -
31 NETHERLANDS - Fixed $0.15 -
64 NEW ZEALAND - Fixed $0.15 -
47 NORWAY - Fixed $0.15 -
92/923 PAKISTAN - Fixed & Mobile $0.15 -
507 PANAMA - Fixed $0.15 -
595 PARAGUAY - Fixed $0.15 -
51 PERU - Fixed $0.15 -
63 PHILIPPINES - Fixed $0.15 -
48/485 POLAND - Fixed & Mobile $0.15 -
351 PORTUGAL - Fixed $0.15 -
40 ROMANIA - Fixed $0.15 -
7 RUSSIA - Fixed $0.15 -
65/(M)658/659 SINGAPORE - Fixed & Mobile $0.15 -
27 SOUTH AFRICA - Fixed $0.15 -
34 SPAIN - Fixed $0.15 -
46 SWEDEN - Fixed $0.15 -
41 SWITZERLAND - Fixed $0.15 -
886/8869 TAIWAN - Fixed & Mobile $0.15 -
66/668 THAILAND - Fixed & Mobile $0.15 -
90 TURKEY - Fixed $0.15 -
44 UK - Fixed $0.15 -
598 URUGUAY - Fixed $0.15 -
1 USA - Fixed & Mobile $0.15 -
58 VENEZUELA - Fixed & Mobile $0.15 -
84/849 VIETNAM - Fixed & Mobile $0.15 -
93 AFGHANISTAN - Fixed & Mobile - $0.35
355 ALBANIA - Fixed & Mobile - $0.35
213 ALGERIA - Fixed & Mobile - $0.35
1242 BAHAMAS - Mobile - $0.35
375 BELARUS - Fixed & Mobile - $0.35
3246 BELGIUM - Mobile - $0.35
975 BHUTAN - Fixed & Mobile - $0.35
591 BOLIVIA - Mobile - $0.35
55 BRAZIL - MOBILE - $0.35
359 BULGARIA - Mobile - $0.35
3859 CROATIA - Mobile - $0.35
4206 CZECH REPUBLIC - Mobile - $0.35
452 DENMARK - Mobile - $0.35
491 GERMANY - Mobile - $0.35
233 GHANA - Fixed & Mobile - $0.35
3069 GREECE - Mobile - $0.35
1671 GUAM - Fixed & Mobile - $0.35
36 HUNGARY - Mobile - $0.35
98/989 IRAN - Fixed & Mobile - $0.35
2964 IRAQ - Fixed & Mobile - $0.35
35376 IRELAND - Mobile - $0.35
972 ISRAEL-PALESTINE - Fixed - $0.35
393 ITALY - Mobile - $0.35
1876 JAMAICA - Mobile - $0.35
8170
- $0.35
962 JORDAN - Mobile - $0.35
254 KENYA - Fixed & Mobile - $0.35
965 KUWAIT - Fixed & Mobile - $0.35
961 LEBANON - Fixed & Mobile - $0.35
977 NEPAL - Fixed & Mobile - $0.35
316 NETHERLANDS - Mobile - $0.35
642 NEW ZEALAND - Mobile - $0.35
234/(M)23480/23490 NIGERIA - Fixed & Mobile - $0.35
470 NORWAY - Mobile - $0.35
968 OMAN - Fixed & Mobile - $0.35
507 PANAMA - Mobile - $0.35
595 PARAGUAY - Mobile - $0.35
51 PERU - Mobile - $0.35
639 PHILIPPINES - Mobile - $0.35
3511 PORTUGAL - Mobile - $0.35
974/9742 QATAR - Fixed & Mobile - $0.35
407 ROMANIA - Mobile - $0.35
79 RUSSIA - Mobile - $0.35
966/9665 SAUDI - Fixed & Mobile - $0.35
277/278 SOUTH AFRICA - Mobile - $0.35
346 SPAIN - Mobile - $0.35
94/947 SRI LANKA - Fixed & Mobile - $0.35
249 SUDAN - Fixed & Mobile - $0.35
467 SWEDEN - Mobile - $0.35
4158 SWITZERLAND - Mobile - $0.35
905 TURKEY - Mobile - $0.35
971/9715 UAE - Fixed & Mobile - $0.35
447 UK - Mobile - $0.35
380 UKRAINE - Fixed & Mobile - $0.35
598 URUGUAY - Mobile - $0.35

အခွန် နဲ့ ပြည်သူ့တာဝန်



မြန်မာနိုင်ငံဘတ်ဂျက်မှာ ပညာရေးကနည်းတယ် ၊ ကျန်းမာရေးကနည်းတယ် ဟိုဟာကနည်းတယ် ဒီဟာကများတယ် ဆိုပြီး အမျိုးမျိုးပြောသံဆိုသံတွေ၊ဝေဖန်သံတွေကို မကြာခဏဆိုသလိုကြားနေရ ဖတ်နေရပါတယ် ။

ဒါပေမယ့် မြန်မာတစ်နိုင်ငံလုံး ၀င်ငွေခွန်မဆောင် ၊ ဆောင်ရမှန်းလည်းမသိ ဖြစ်နေကြ တဲ့အတွက် နိုင်ငံတော်က ရသင့်ရထိုက်တဲ့ အခွန်တွေနစ်နာနေလို့  ပညာရေး ၊ ကျန်းမာရေး ၊ ပြည်သူ့လုံခြုံရေး ကိစ္စတွေမှာ ထိုက်သင့်သလောက် မသုံးနိုင်မစွဲနိုင်ဖြစ်နေရတယ်ဆိုတာကို သိသူတွေအများကြီးရှိပေမယ့် တစ်တိုင်းပြည်လုံးကို အခွန်ဆောင်ဘို့ အမုန်းခံပြီးပြောရမယ့် ကိစ္စဖြစ်နေတော့ နှာစေးနေကြတယ် ။

မြန်မာပြည်မှာက ၀င်ငွေခွန်ဆိုတာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ပဲဆိုင်တဲ့ကိစ္စလို့ ထင်နေကြတယ် ၊ အမှန်က တစ်တိုင်းပြည်လုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ( ဥပဒေအရ ၀င်ငွေခွန်ကင်းလွတ်ခွင့်ပြုထားသည်များမှအပ ) အသက်အရွယ်မရွေး ၊ ၀င်ငွေရှိသူတိုင်း အသားတင်ဝင်ငွေ အပေါ်မှာ အခွန်ဆောင်ကို ဆောင်ရမယ် ၊ ဒါနိုင်ငံသားတိုင်းရဲ့ တာဝန်ပဲ ။

Tuesday, February 14, 2012

ဒါဖတ်ပြီးမှ ငါးထောင်တန်ဖုန်း အိပ်မက် ဆက်မက်ပါ


( ၅၀၀၀ တန်ဖုန်း အိမ်မက်မက်ရင်း အိမ်မက်ထဲကနေ ဆက်သွယ်ရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို မေတ္တာပို့နေတဲ့ ပြည်သူတွေအတွက် ကိုစစ်အောင်ရဲ့ ဆောင်းပါးကိုဖေါ်ပြလိုက်ပါတယ် )

"ငါးထောင်တန်အိပ်မက်"
 
နိုင်ငံရေး အကျဉ်းသားတွေ လွှတ်လိုက်တာ အပြီး နောက်ထပ် လူပြော သူပြော အများဆုံးက ငါးထောင်တန်း ဆင်းကဒ်ဆိုတဲ့ အကြောင်းပဲ။ ဖုန်းတစ်လုံး ငါးသိန်းဆိုလို့ စိတ်ပျက်သူ များနေတဲ့ မြန်မာ နိုင်ငံမှာ ငါးထောင် ဆိုတာနဲ့ အုန်းအုန်း ထသွားလိုက်တာ ဆက်သွယ်ရေးက ရှင်းပြတာတောင် မရတော့ဘဲ Campaign လုပ်မယ် ဆိုတဲ့ ဘ၀တောင် ရောက်ပါလေရော။ ထုံးစံအတိုင်း လူကြမ်း မင်းသားကတော့ ဆက်သွယ်ရေးပေါ့။

ကျွန်တော်ကတော့ ငါးထောင်ဖုန်း ကိုင်ရမယ် ဆိုတော့ ပျော်တယ်။ ဒါပေမယ့် ရွှေပြည်တံခွန် ကုမ္ပဏီရဲ့ ရှင်းလင်းချက်မှာ လုပ်ခွင့်ရပြီ ဆိုတာနဲ့ အစု ရှယ်ယာတွေ ထုတ်ရောင်းမယ် ဆိုတဲ့ စကား ပါလာတော့ နားရွက် ထောင်သွားတယ်။ အဖေတို့က အရင်းမဆုံး ငါးထောင်ဆိုတဲ့ ထီကိစ္စ၊ ပင်လုံထိပ်ထား အတိုးတို့နဲ့ ရေတိမ် နစ်ခဲ့ဘူးတော့ စတော့ ဈေးကွက် မရှိတဲ့ နိုင်ငံမှာ ရှယ်ယာဆိုရင် သွေးလန့် နေတာကိုး။ ဒါနဲ့ သတိ ထားကြဦးနော် ဆိုပြီး Comment ရေးတော့လည်း ထောက်ခံမယ့်လူ မရှိဘူး။ ဒါ့ကြောင့် ပို့စ်ရေးတင်ဖို့ အတွက် ခိုင်ခိုင်မာမာ အချက်တွေ ရှာပြီး ရေးပြလိုက်တာပါ။ အားလုံး စဉ်းစားနိုင်ဖို့ပေါ့၊ မင်း ဂျာနယ် သွားရေး ပါလားလို့တော့ မပြောနဲ့ဦး။ ဒင်းတို့ကပါ ငါးထောင် အိပ်မက် မက်နေတော့ အယ်ဒီတာမင်းများက စကားတောင် အစမခံဘူးဗျာ။ ဒါ့ကြောင့် ကိုယ်ပိုင်တဲ့ အဖေ့ဘုတ်မှာပဲ ၀င်အုပ်ရတာ။

စီးပွားရေး အဆိုပြုချက် တစ်ခုကို ကြားပြီဆိုရင် ပထမဆုံး စဉ်းစားသင့်တာက ဘယ်သူ လုပ်မှာလဲ ဆိုတာပဲ။ အင်္ဂလိပ် စကားမှာ Ponzi scheme ဆိုတာ ရှိတယ်။ ၁၉၂၀ ခုနှစ်မှာ Charle  Ponzi ဆိုတဲ့လူက အမေရိကန် နိုင်ငံ ဘော့စတွန်မြို့မှာ လုပ်စားခဲ့တာ။ သူက သူ့ကုမ္ပဏီမှာ ရင်းနှီး မြှပ်နှံသူတွေကို ၄၅ ရက်အတွင်း အမြတ် ၅၀% ပေးမယ် ဆိုပြီး လုပ်စား သွားတယ်။ တကယ်တော့ သူက အဲဒီအချိန်မှာ ချက်လက်မှတ် အတုထိုးမှုနဲ့ ထောင်က ထွက်လာပြီး ဘိုင်ကျနေတဲ့လူ၊ သူ့ကို မကြားဘူးတဲ့ ဘော့စတွန်မြို့မှာ လာပြီး လိမ်သွားတာ။ အဲဒီကစပြီး လူတွေကို မက်လုံးပေး၊ ငွေယူ၊ နောက်လူပေးတဲ့ ငွေနဲ့ အရင် အပ်တဲ့လူကို အတိုးပေး၊ များလာတော့ လစ်ပြေး ဆိုတဲ့ လိမ်နည်း မှန်သမျှကို Ponzi scheme လို့ ခေါ်တော့ တာပဲ။

အခု ငါးထောင်တန် ဆင်းကဒ်ကို လုပ်မယ့် ရွှေပြည်တံခွန် ဆိုတာ တခါမှ မကြားဖူးဘူး။ (ကျွန်တော့် အတွက်) ပိုင်ရှင်ဆိုတဲ့ လူကလည်း မြန်မာပြည်ရဲ့ ခေတ်ပျက် သူဌေးခေါ်ခေါ် ဘီလျံနာ ခေါ်ခေါ် အဲဒီ လူတွေထဲမှာ မပါဘူး။ ဒါနဲ့ ဘယ်ကတုံးလို့ စုံစမ်း လိုက်တော့ အခုလို တွေ့သဗျာ၊ ဘယ်လို နည်းများ သုံးသလဲလို့ အထင်ကြီး မသွားနဲ့၊ ကုမ္ပဏီများ မှတ်ပုံတင်ရုံးမှာ သွားမေးရင် ရတယ်။ ဘယ်သူမှ မေးဖို့ စိတ်မကူးလို့ ရှာပြီး တင်ပြလိုက်တာ။

ရွှေပြည်တံခွန် ကုမ္ပဏီကို ၂၀၁၁ သြဂုတ်လ ၂၅ မှာ ဖွဲ့တယ်။ ၂၀၁၂ ဇန်န၀ါရီလ ၁၆ ရက်နေ့မှာ စီမံ/ စီးပွားက မှတ်ပုံတင် ခွင့်ပြုတယ်။ ဒီတော့ ၅၀၀၀ တန် ဆင်းကဒ် အကြောင်း ပြောတဲ့ အချိန်မှာ မှတ်ပုံတင်တောင် မကျသေးဘူး။
 
ဒါရိုက်တာ အဖွဲ့မှာ ဦးလွင်နိုင်ဦးက အုပ်ချုပ်မှု ဒါရိုက်တာ၊ ဒေါ်စုစုလွင် (သူ့ဇနီး) က ဒါရိုက်တာ၊ ဒေါ်ဝင်းဝင်းကြည် (သူ့အမေ) က ဒါရိုက်တာ သုံးဦးနဲ့ ဖွဲ့ထားတယ်။ ဖြစ်ပုံများ။

ရုံးခန်းက အောက်ကြည့်မြင်တိုင်လမ်း၊ ရွှေဂုံသူ ကွန်ဒိုမှာ Media-Tech ဆိုတဲ့ တစ်ခြား ကုမ္ပဏီတစ်ခုနဲ့ တွဲဖွင့်ထားတယ်။ကျွန်တော်တို့ရဲ့ ကုမ္ပဏီ သူဌေး ဦးလွင်နိုင်ဦးက အမှတ် ၃၇/အေ လှိုင်မြစ်လမ်း၊ ၁ ရပ်ကွက်၊ လှိုင်မြို့နယ်မှာ အခန်းငှား နေတယ်။ ဘေးနားမှာ စုံစမ်းကြည့်တော့ ဇာတိက ပျဉ်းမနား၊ အဖေက စက်မှု လယ်ယာက စက်ကြီးမောင်း ခေါင်းဆောင် တဲ့။ စီးတဲ့ကား စူပါကက်စတန်က ငှားထားတာ။

Monday, February 13, 2012

"တက္ကသိုလ်များ ပူးပေါင်းဆောင်ရွက်ရေး အမေရိကန်နှင့် ပြင်သစ် လာရောက်ဆွေးနွေး"

တစ်ချိန်က နာမည်ကျော် ရန်ကုန်တက္ကသိုလ်
အမေရိကန်နှင့်ပြင်သစ်တို့မှ မြန်မာတက္ကသိုလ် များနှင့်ပူးပေါင်း၍ ပညာရေး ဆိုင်ရာကိစ္စရပ်များကို လာရောက်ဆွေးနွေးမှုများ ပြုလုပ်နေသည်ဟု ပညာရေးဝန်ကြီးဌာနမှ သိရသည်။
အမေရိကန် သိပ္ပံပညာအဆင့် မြှင့်တင်ရေးအသင်းမှ Dr. Vaughan Turekian နှင့်အဖွဲ့သည် ပညာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးနှင့် တွေ့ ဆုံကာ အမေရိကန်နိုင်ငံရှိ တက္ကသိုလ် များသို့မြန်မာပညာတော်သင် စေလွှတ် ခြင်း ကိစ္စများအပါအဝင် အဆင့်မြင့် ပညာကဏ္ဍ၌ သုတေသနလုပ်ငန်း များ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ဆရာအတတ်ပညာဆိုင်ရာသင်တန်း များ ဖွင့်လှစ်ပို့ချခြင်းဆိုင်ရာ ကိစ္စများ ကို ဆွေးနွေးခဲ့ကြသည်။ ပြင်သစ် နိုင်ငံ University Lumiere (Lyon 2) ၏ ဥက္ကဋ္ဌ Mr.Andre IRIAN ဦးဆောင်သည့် အဖွဲ့နှင့်လည်း တက္ကသိုလ်များအကြား ပူးပေါင်း ဆောင် ရွက်ရေးနှင့် ပြင်သစ်ဘာသာ၊ သိပ္ပံ၊ ဝိဇ္ဇာဘာသာများ၊ စီးပွားရေး၊ နိုင်ငံရေး၊ သိပ္ပံနှင့် ဥပဒေဘာသာရပ် တို့တွင် မဟာဘွဲ့နှင့် ပါရဂူသင်တန်း များသို့ မြန်မာ ပညာတော်သင်များ စေလွှတ်နိုင်ရေးကိစ္စများ ဆွေးနွေး ခဲ့ကြသည်ဟု တာဝန်ရှိသူထံမှ သိရသည်။
ပညာရေးဝန်ကြီးဌာန အကြံ ပေးပုဂ္ဂိုလ်၊ အငြိမ်းစား ပါမောက္ခချုပ် ဒေါက်တာ ထွန်းခင်က'' ပြည်ပနိုင်ငံတွေ က ပူးပေါင်းဆောင်ရွက်ကြတယ်ဆို တာက သိပ်ကောင်းတဲ့ အလုပ်ပါ။ နိုင်ငံကြီးတွေ ဆိုတော့အကျိုးရလဒ်များ စွာ ရရှိနိုင်ပါတယ်'' ဟု ပြောသည်။
လက်ရှိအစိုးရ လက်ထက်၌ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ၊ လွတ် ငြိမ်းခွင့်ပြုခြင်း များနှင့် ဒေါ်အောင် ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခဲ့ မှုများကြောင့် ရရှိလာသည့် အကျိုး ကျေးဇူးများ ဖြစ်သည်ဟု မြန်မာ့ ပညာရေးစောင့်ကြည့်လေ့လာနေသူ များကသုံးသပ်ကြသည်။
ပညာရေး အဆင့်အတန်းမြင့် မားမှုတွင် နိုင်ငံတကာအတွေ့အကြုံ ရှိမှုမှာ တစ်ခန်း တစ်ကဏ္ဍ အနေဖြင့် ပါဝင်သည့်အပြင် ပြည်ပတက္ကသိုလ် များနှင့် နိုင်ငံရှိ တက္ကသိုလ်များ ချိတ် ဆက်ကာ လုပ်ဆောင်နိုင်ပါကလည်း သုတေသန လုပ်ငန်းများဆောင်ရွက် ရာတွင် ယခင်ထက် အောင်မြင်မှု ပိုမို ရရှိလာနိုင်မည်ဟု ဒေါက်တာထွန်း ခင်က ထပ်လောင်းဆိုသည်။
အနောက်နိုင်ငံကြီး များဆီသို့ မြန်မာ ပညာတော်သင်များ ယခင်က ထက် ပိုမိုစေလွှတ်သွားနိုင်မည်ဟု ပညာရေး ဝန်ကြီးဌာန အဆင့်မြင့် ပုဂ္ဂိုလ် တစ်ဦးက ပြောသည်။
 ပေါ်ပြူလာ