xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar

Thursday, March 8, 2012

၈၈ ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်နှင့် NLD အမတ်လောင်း အိမ်ထောင်သည် ဒေါ်စန္ဒာမင်းတို့ ပုဂံတွင် တစ်ခန်းတည်း တည်းခိုခဲ့သည့်သတင်း အင်တာနက်ပေါ်တွင်ပျံ့နှံ့

 
၈၈ ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်နှင့် ဇမ္ဗူသီရိမြို့နယ် NLD အမတ်လောင်း အိမ်ထောင်သည် ဒေါ်စန္ဒာမင်းတို့ ပုဂံတွင် တစ်ခန်းတည်း တည်းခိုခဲ့ကြသည့်သတင်းများ အင်တာနက်ပေါ်တွင် ပျံ့နှံ့ထွက်ပေါ်လျှက်ရှိပါသည် ။

ကိုဌေးကြွယ် နဲ့ ဒေါ်စန္ဒာမင်းတို့သည် ပုဂံမြို့ Bagan Hotel , River View အခန်းအမှတ် ၂၁၁ မှာ ၈-၂-၁၂ ရက်နေ့မှ ၁၀-၂-၁၂ ရက်နေ့အထိ တစ်ခန်းတည်းအတူတည်းခိုနေထိုင်ခဲ့ကြောင်း အဆိုပါသတင်းများအရသိရှိရပါသည် ။ဇမ္ဗူသီရိမြို့နယ် NLD အမတ်လောင်း  ဒေါ်စန္ဒာမင်း ဟာအိမ်ထောင်သည်တစ်ဦးဖြစ်ပြီး သူမ၏အမျိုးသားမှာ ဗိုလ်ကြီးဟောင်း မောင်မောင် ဆိုသူဖြစ်ကြောင်းလည်း သိရှိရပါသည် ။


ကျွန်းစုမြို့နယ် NLD ကိုယ်စားလှယ်လောင်း ဒေါ်တင်တင်ရီ ကော်မရှင် ဥပဒေ ချိုးဖောက်ပြီး စည်းရုံးရေးဆင်း

ကျွန်းစုမြို့နယ် NLD ကိုယ်စားလှယ်လောင်းဒေါ်တင်တင်ရီသည် (၃-၃-၂၀၁၂) ရက်နေ့ နေ့လည် (၁၂း၀၀) နာရီအချိန်တွင် မင်းဂုတ်ကျေးရွာရှိ ဦးမောင်မျိုးနေအိမ်၌ ရုံးဖွင့်ပွဲ အခမ်းအနား ပြုလုပ်ခြင်း ပါတီဝင်များအား ဟောပြောခြင်းကိုလည်းကောင်း၊ ညနေ (၄း၃၀) နာရီအချိန်တွင် ပဲ့တိုင်ကျေးရွာရှိ ကျေးရွာ NLD ရုံးတွင် ပါတီဝင်အင်အား (၅၀)ဦးခန့်အား ဟောပြောစည်းရုံးခြင်း၊ (၄-၃-၂၀၁၂) ရက်နေ့ (၉း၀၀) နာရီတွင် ရေကန်အော်ကျေးရွာရှိ ကျေးရွာ NLD ပါတီရုံးတွင် အင်အား တစ်ရာကျော်ခန့်အား ဟောပြောစည်းရုံးခြင်း၊ နေ့လည် (၃) နာရီအချိန်တွင် ကံမော်ကျေးရွာရှိ ဦးတင်ကြည်+ ဒေါ်ညွန့်ကြည် နေအိမ်တွင် အင်အား (၁၀၀) ခန့်အား ဟောပြောခြင်း၊ (၅-၃-၂၀၁၂) ရက်နေ့ (၀၉၀၀) နာရီအချိန်တွင် မဲတောကျေးရွာရှိ ဦးမြင့်ရှိန် နေအိမ်တွင် အင်အား (၅၀) ဦးခန့်အား ဟောပြောခြင်း၊ နေ့လည် (၂) နာရီ အချိန်တွင် အုတ်ဖိုမော် ကျေးရွာရှိ ဦးမြင့်ရှိန် နေအိမ်တွင် အင်အား (၅၀) ဦးခန့်အား ဟောပြောခြင်း ပြုလုပ် ခဲ့သည်။ 
 
 ဒေါ်တင်တင်ရီ မင်းဂုတ်ကျေးရွာ NLD ဖွင့်ပွဲတွင် စကားပြောနေစဉ်


 ( ထိုနေ့ ဆိုင်းဘုတ်ဖွင့်ပွဲတွင် ဒေါ်တင်တင်ရီ ပြောသည့် စကားမှာ ကျွန်မနာမည် ဒေါ်တင်တင်ရီ ဖြစ်ပါတယ်။ ကျွန်မကတော့ ကျွန်းစုမြို့နယ် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်အဖြစ် ၀င်ရောက် အရွေးချယ်ခံဖို့ ဗဟိုက တာဝန်ပေးခြင်းခံရသူ ဖြစ်ပါတယ်။ ကျွန်မကို မဲပေးကြပါ။ ဒေါ်အောင်ဆန်း စုကြည်လည်း ကျွန်းစုမြို့ကို ၂၃ ၂၄ ရက်နေ့လာမှာ ဖြစ်ပါတယ်။ အဲဒီအချိန်ကျရင် ကြိုဆိုပေးကြပါ။)
 
 
 ဖွင့်ပွဲအခမ်းအနား တက်ရောက်သူများ

ဒေါ်တင်တင်ရီသည် ထို့သို့ မဲဆွယ် စည်းရုံးရေး ဟောပြောပွဲများ ဆောင်ရွက် ရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ကြေညာချက်အမှတ် (၂/၂၀၁၀) နှင့် (၉၁/၂၀၁၂) ပါ ညွှန်ကြားချက်များအား လိုက်နာခြင်းမရှိပဲ ပြုလုပ်ခဲ့ကြောင်း ကျွန်းစုမြို့နယ် ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ဝင်းက (၅-၃-၂၀၁၂) ရက်နေ့ ကျွန်းစုမြို့နယ်ခန်းမတွင် ပြုလုပ်သော ကော်မရှင်နှင့် မဲရုံမှူးများ သင်တန်းတွင် ပြောကြားခဲ့သည်။ 
 
ရွေးကောက်ပွဲ ကော်မရှင်၏ ကြေညာချက်အမှတ် (၂/၂၀၁၀) နှင့် (၉၁/၂၀၁၀) တို့တွင် ပါတီ အဆင့်ဆင့်နှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် မိမိတို့ ပါတီရုံးတွင် အစည်းအဝေး ဟောပြောမည် ဆိုပါက ခွင့်ပြုချက် တောင်းခံစရာ မလိုပဲ သက်ဆိုင်ရာ ကော်မရှင်သို့ အသိပေးရမည် ဖြစ်ကြောင်း၊ မိမိတို့ ရုံးအဆောက်အဦးမဟုတ်ပဲ အခြား နေရာများတွင် စုဝေးဟောပြောမည် ဆိုပါက သက်ဆိုင်ရာ ကော်မရှင်သို့ (၇)ရက် ကြိုတင်ခွင့်တောင်းပြီး ကော်မရှင် ခွင့်ပြုချက်ရမှ စုဝေးဟောပြော ရမည် ဖြစ်ကြောင်း ကြေညာထားသည်။
 
 
 မြိတ်ပုလဲမြေ

Tuesday, March 6, 2012

ဒါဖတ်ပြီးမှ ကာကွယ်ရေးအသုံးစရိတ်လျှော့ချဘို့တောင်းဆိုပါ

လောလောဆယ် အမေရိကန် နိုင်ငံရဲ့ အမျိုးသား ကြွေးမြီ-National Debt စုစုပေါင်းဟာ အမေရိကန်ဒေါ်လာ ၁၄.၂ ထရီလီယံ ရှိတယ်။မြင်သာအောင်ပြောရရင် ဘီလီယံပေါင်း ၁၄၀၀၀ အကြွေးတင်နေတယ် ၊အိုဘားမားရဲ့ ၂ဝ၁၂ ဘတ်ဂျက်မှာ အတိုးပေးဖို့ လျာထားငွေ တောင် အမေရိကန်ဒေါ်လာ ၂၆ဝ ဘီလီယံရှိတယ်။နှစ် စဉ်နှစ်တိုင်း ဘတ်ဂျက် လိုငွေပြနေတယ် ကြွေးမြီကအကျမရှိဘူး။ အတက်ပဲရှိတယ်။ အခု အမျိုးသား ကြွေးမြီက ငါးနှစ်ကာလအတွင်း နှစ်ဆတိုးမြင့်သွားခဲ့ တာဖြစ်တယ်။ ဒီအထဲမှာတရုတ်ကို  ဘီလီယံ ၇၀၀၀ ကျော် ၊ ဂျပန်ကို ၈၈၆ ဘီလီယံ ဆပ်စရာရှိနေတယ် ။
 ဒါပေမယ့် ပညာတတ်တဲ့အမေရိကန်နိုင်ငံသားတွေ ကဒီစစ်အသုံးစရိတ်ကိုလျှော့ချဘို့ မတောင်းဆိုကြဘူး ဘာလို့လဲဆိုတော့ ဒီနေ့ကမ္ဘာမှာ အမေရိကန် ဆိုတာဖြစ်အောင်ဒီစစ်အသုံးစရိတ်ဟာအဓိကကျတယ် ၊ စစ်အင်အားနောက်ခံတောင့်တင်းမှ ကျန်တဲ့စီးပွားရေး လူမျိုးအရေး နိုင်ငံရဲ့ပုံရိပ်တွေ အစစ တောင့်ထားနိုင်မယ်ဆိုတာသူတို့သိကြတယ် ၊ ဒါကြောင့်ကြွေးတင်ခံပြီးတော့ကို စစ်အသုံးစရိတ်ကိုသုံးတယ် တစ်နှစ်ကို ဘီလီယံ ၇၀၀ ကျော်သုံးတယ်.... ဘာလို့လဲဆိုတော့ပညာတတ်တာကိုး....။

ဒီပုံကိုကြည့်ရင်အမေရိကန်ပြည်ထောင်စုဟာ တရုပ် ၊ ရုရှား အစရှိတဲ့ ကျန်ထိပ်တန်းနိုင်ငံကြီးတွေ ၁၄ နိုင်ငံပေါင်းထက်စစ်အသုံးစရိတ် ပိုသုံးနေတယ် တကမ္ဘာလုံးစစ်အသုံးစရိတ်ရဲ့  ထက်ဝက်နီးပါးလောက် သုံးနေတာကိုတွေ့ရမှာဖြစ်တယ် ၊ ဒါကြောင့်လဲကမ္ဘာမှာ အမေရိကန်ဟေ့လို့ ကြွေးကြော်နိုင်တာဖြစ်တယ် ။





ဒီပုံကိုကြည့်ပါ မြန်မာပြည်ကို မြေမြှုတ်ဗုံးထုတ်တာအကြောင်းပြပြီး အပြစ်တင်နေကြတဲ့ နိုင်ငံတွေက ကမ္ဘာပျက်အောင် ဖျက်ဆီးပစ်နိုင်တဲ့ လက်နက်တွေကိုအရောင်းအ၀ယ်လုပ်နေကြတာကိုဖေါ်ပြထားတာပါ ၊မြန်မာပြည်သူတွေ ပညာနဲ့ယှဉ်တဲ့အသိ ၊ ဥာဏ်နဲ့ယှဉ်တဲ့ အတွေးတွေတွေးတတ်ခေါ်တတ်ဘို့လိုနေပါပြီ    အလကားနေရင်း ကာကွယ်ရေးဘတ်ဂျက်လျှော့ဘို့ပြောနေတဲ့ လက်ပါးစေတွေရဲ့စကားကို သတိထားတတ် ဘို့ လိုနေပါပြီ ။

 တစ်ချို့က ပညာရေး၊ ကျန်းမာရေး တွေဟာအရေးကြီးတယ်လို့ဆိုကြတယ် ၊ မှန်ပါတယ် ၊ အစိုးရသစ်မှာ ၀န်ကြီးဌာန ၃၄ ခုရှိတယ် ဘယ်ဟာမှ အရေးမကြီးတာမပါပါဘူး အားလုံးဟာသူ့နေရာနဲ့သူ  အရေးကြီးနေကြတာပါပဲ ကျန်းမာရေး ပညာရေးမှ မဟုတ်ပါဘူး  ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ လက် ၊ ခြေထောက် မျက်လုံး နား အစရှိသဖြင့် သူ့နေရာနဲ့ သူ မရှိမဖြစ် အရေးကြီးတာတွေကြီးပါပဲ ဒါပေမယ့် ဦးခေါင်းက ပိုအရေးကြီးတယ်ဆိုရင် ပိုမှန်မယ်  ကာကွယ်ရေးဆိုတာဒီသဘောပါပဲ နိုင်ငံတစ်ခုရဲ့ အသက်လို့ဆိုနိုင်တဲ့ အချုပ်အခြာအာဏာ တည်တံ့ ဘို့အတွက် သူက ပိုပြီးအရေးကြီးတယ်လို့ တွေးလိုက်ရင် အဖြေမှန်နဲ့ ပိုနီးစပ်မယ်။

 နောက်တခု ကျွန်တော်ပြောချင်တာက ကာကွယ်ရေးအသုံးစရိတ်ဆိုတာ တပ်မတော်အတွက် သုံးနေတယ်ဆိုတာထက် ပြည်သူတွေအတွက် သုံးနေတာလို့လဲ ပြောလို့ရပါတယ် အိမ်တစ်အိမ်မှာ ခြံစည်းရိုး တစ်ခုကာတယ်ဆိုတာဟာ ခြံစောင့်အတွက်ကာတာမဟုတ်ပါဘူး အိမ်ထဲကလူတွေကို အကျဉ်းအ ကျပ်ဖြစ်အောင်လုပ်ဖို့ အတားအဆီးဖြစ်အောင် လုပ်ဖို့မဟုတ်ပါဘူး ဒီအိမ်ကိုအန္တရာယ်အမျိုးမျိုးကနေအကာ အကွယ် ရအောင်လုပ်နေကြတာပါ  ကာကွယ်ရေး အသုံးစရိတ်ဆိုတာ ဒီသဘောဖြစ်တယ် ။

ဒါကြောင့်တိုင်းချစ်ပြည်ချစ်စိတ် ရှိသူအကုန်လုံး ၊ အမျိုးဘာသာကိုစောင့်ရှောက်ချင်သူအားလုံးက ဒီနိုင်ငံကာကွယ်ဘို့ အသုံးစရိတ်ကို ဘယ်လိုတိုးရှာမလဲ ၊ ဘယ်လိုတိုးသုံးမလည်း ဘယ်လိုဝိုင်းကူရမလည်း ဆိုတာကိုပဲ နေ့စဉ်နဲ့အမျှ အချိန်နဲ့အမျှဆိုသလို စဉ်းစားနေရမယ် ၊ ဘာအကြောင်းနဲ့မှ လျှော့သုံး ဘို့မတောင်းဆိုသင့်ဘူး။

ဒေါက်တာဆိတ်ဖွား

Monday, March 5, 2012

သံကိုသံဖျက် သံချေးတက်

တိုင်းပြည်မှာ ဒီလိုအမြင်မတော်တာတွေဖြစ်နေတာကို နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ပီတိဖြစ်နေတယ် ၊သတင်းစာဆရာကြီး ဦးဝင်းတင်ကလည်း မျက်စိမမြင်တော့ဘူး..ကန်းပြီ ၊ လူထုစိန်ဝင်းကလည်း အာစေးမိနေတယ် ၊ မောင်ဝံသလည်းအမြင်တော်နေ တယ်  ၊ အလဲဗင်းက သန်းထွဋ်အောင်လည်း မပြောရဲတော့ဘူး ၊ ဘာလို့လဲဆိုတော့ တိုင်းပြည်အတွက် ၊ အမျိုးဘာသာ သာသနာအတွက်အလုပ်လုပ်နေတာမှမဟုတ်တာ.... အစိုးရဆန့်ကျင်ဘို့ စတုတ္ထမဏ္ဍိုင် အရေခြုံထားတဲ့ နိုင်ငံရေးသမားတွေ ကိုး...................။

တစ်ကယ်လို့ ဒီအောက်က ကိုယ်တော်တွေသာ ကြံ့ခိုင်ရေးနဖူးစီး စည်း ၊ ကြံ့ခိုင်ရေးလက်ပတ်ပတ် ပြီး ကြံခိုင်ရေးအလံတစ်လွှားလွှားနဲ့ လုပ်နေကြည့်ပါလား..... အပေါ်က မီဒီယာအရေခြုံနိုင်ငံရေးသမားတွေ ရဲ့သောက်သံတွေ ထွက်လာလိုက်မဲ့ဖြစ်ခြင်း.....တောက်.......

ဒေါက်တာဆိတ်ဖွား




Saturday, March 3, 2012

ကျွန်းစုမြို့နယ်မှာ NLD ပါတီ အကွဲအပြဲများဖြစ်ပေါ်

 NLD ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းရွေးချယ်ရာတွင် အောက်ခြေအဆင့်ဆင့်မှတင်ပြသော တင်ပြချက်ကို လစ်လျှုရှုပြီး ဗဟိုမှ တိုက်ရိုက်အမည်စာရင်းပေးခဲ့သောမြို့နယ်များ တွင် မြိတ်ကျွန်းစုမြို့နယ် သည်လည်းအပါအ၀င်ဖြစ်သည် ။

          ကျွန်းစု NLD အဖွဲ့နှင့် ကြားဖြတ်ရွေးကောက်ပွဲတွင် ကျွန်းစုမဲဆန္ဒနယ်မှ ၀င်ရောက်အရွေးခံရန် NLD ဗဟိုမှရွေးချယ်ထားသော လွတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်တင်ရီတို့သည် ဖေဖေါ်ဝါရီလ (၁၆)ရက်နေ့က ကျွန်းစုမြို့နယ် မဲအောင်နိုင်ရေး အတွက် ဘတ်ဂျက်ငွေအသုံးပြုရေး၊ NLD ရပ်/ကျေး ရုံးခွဲဖွင့်လှစ်ရေး တို့ကို မြို့သစ်ရပ်ရှိ ကိုနိုင်ဦးအိမ်၌ တွေ့ဆုံဆွေးနွေးကြရာ ၎င်းဆွေးနွေးပွဲမှာ မအောင်မြင်ဘဲ ပဋိပက္ခ များစွာဖြစ်ကာ  နောက်ဆုံးတွင် အကွဲအပြဲဖြင့်အဆုံးသတ်သွားခဲ့ကြောင်း သိရှိရပါသည် ။


 
 ကျွန်းစုမြို့နယ် NLD ဥက္ကဌဦးဖိုးကြည်က အဆိုပါအကွဲအပြဲဇာတ်လမ်းနှင့်ပတ်သက်၍ပြောကြားရာတွင်

"ဒေါ်တင်ရီက လွတ်တော်ကိုယ်စားလှယ်လောင်းရာထူးကိုပဲ အရူးအမူးဖြစ်နေပြီး နိုင်ငံရေးကို နားမလည်ဘူး၊ လုပ်လည်းမလုပ်တတ်ဘူး၊ ကျွန်တော်တို့တင်ပြဆွေးနွေးတာကိုလည်း လစ်လျှုရှုပြီး သူ့သဘောနဲ့သူ လုပ်ချင် သလိုလုပ်တယ်။ ကျွန်တော်တို့ကစည်းရုံးရေးအတွက် ငွေဘယ်ရွေ့ဘယ်မျှပေးပါလို့ဆိုပြီးသူ့ကို မတောင်း ဆိုဘူး၊ သူ့မှာလည်းငွေကြေးပိုင်းဆိုင်ရာ အခက်အခဲတွေရှိမှာပါပဲ ဆိုတာကို ကျွန်တော်တို့ နားလည်တယ်။ ခုလည်းစည်းရုံးရေးကိစ္စတွေကို ကိုယ့်ဘာသာကိုယ်အိပ်စိုက်ပြီး လုပ်နေတာပဲ။ နိုင်ငံရေး လုပ်တယ် ဆိုကတည်းက အားလုံးကိုစွန့်လွတ်ထားပြီးသားပါ။ ခုတော့ဗျာ .. ဒေါ်တင်ရီက သူလွတ်တော် ကိုယ်စား လှယ်လောင်းပဲဆိုပြီး သူ့ကိုကြိုးကိုင်ထားတဲ့လူတွေ အားကိုးနဲ့ ကျွန်တော်တို့ကို ဂရုမစိုက် ဘူး။ ဘောင်ကျော် ပြီး ကျွန်တော်တို့အဖွဲ့ သိက္ခာကျအောင် တမင်တကာ ဖျက်လိုဖျက်ဆီး လိုက်လုပ်နေတယ်။ ပြောရရင်တော့ အများကြီးပဲဗျာ။ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလို ဖြစ်မှာစိုးလို့ ပါတီ အတွက် ငဲ့ကွက်ပြီး မပြောတော့ ပါဘူး။ ခုစခန်းသစ်ရွာရုံးဖွင့်မဲ့ဆိုင်းဘုတ်ကိုလည်း အရှည်(၁၂)ပေခွဲလုပ်လို့ ကျွန်တော်က ခင်ဗျားဟာ (ဗဟို) ထက် ကြီးနေပြီ ဒါမျိုးလုပ်လို့မရဘူး ပြောတာကိုလည်း နားမထောင်ဘူး .. အတော်မွှေတဲ့မိန်းမပဲဗျာ .. မြိတ်မြို့ နယ်မှာလည်း နားမလည်ဘဲ သူတို့ အုပ်စု လျှောက်မွှေလို့ နှစ်ခြမ်း ကွဲသွားပြီ.. ကျွန်တော်တို့ ကျွန်းစုမှာတော့ ဒါမျိုးလုံးဝ အဖြစ်မခံနိုင်ဘူး .. ခုသူ့ကို ကျွန်တော်တို့ အုပ်စုက ရွေးကောင်ပွဲအောင်နိုင်ရေး အတွက် လုပ်မပေးနိုင်တော့ဘူး ဆိုတာကိုလည်း (ဗဟို)ကို အသိပေး အကြောင်းကြားလိုက်ပြီးပြီ။ သူပေး ထားတဲ့ ဖုန်းလည်းပြန်အပ်လိုက်ပြီ .. ဖုန်းဆိုင်ကို လည်းမှာထား တယ် ဒေါ်တင်ရီ ဆိုရင် ဖုန်းချလိုက်လို့ .. ပါတီအတွက်တော့ သိပ်ဝမ်းနည်းဖို့ကောင်းတာပဲဗျာ .. ဒါနဲ့ ပတ်သက်ပြီး ပါတီက ကျွန်တော်တို့အုပ်စုကို ထုတ်ပစ်ရင်လည်း မတတ်နိုင်ဘူး .. ကြားဖြတ်ရွေးကောက် ပွဲကို ဒေါ်တင်ရီအုပ်စုနဲ့ လုံဝတွဲလုပ်လို့ မရ တာကြောင့် လက်ရှောင်လိုက်တာ ဆိုပေမဲ့ (၂၀၁၅) ပါတီ အင်အား ခိုင်မာတောင့်တင်းရေးအတွက်တော့ ကျွန်တော်တို့ အုပ်စု စည်းရုံးရေးလုပ်ငန်းတွေကိုတော့ ဆက်လက် လုပ်ဆောင်သွားမှာပါ .. " ဟုပြောကြားသွားပါသည် ။

 အလားတူပင် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က  တနင်္သာရီတိုင်း တနင်္သာရီမြို့ NLD ရုံးဖွင့်လှစ်ရာမှာလည်း မြိတ်မြို့နယ် NLD ဥက္ကဌဦးစိုးလွင်ဦးဆောင်သောအဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်တင်ရီဟာ ရုံးလုဖွင့်ခဲ့သဖြင့် ပြဿနာဖြစ်ခဲ့သေးကြောင်း သိရှိရပါသည် ။

ကျွန်းစုမြို့နယ် ပြည်သူလွှတ်တော် ကိုယ်စားလှယ်နေရာ အတွက် ပြည်ခိုင်ဖြိုးပါတီက ဦးချစ်သန်းနှင့် NLD ပါတီ က ဒေါ်တင်တင်ရီတို့ ယှဉ်ပြိုင် အရွေးခံရမည် ဖြစ်ကြောင်း မြိတ်ခရိုင်ကော်မရှင် အဖွဲ့က ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေ (၃၅)အရ ဖေဖော်ဝါရီလ (၁၄)ရက်နေ့တွင် ထုတ်ပြန် ကြေညာလိုက်ပြီးဖြစ်ပါသည် ။

 ဦးချစ်သန်း၊ ၀န်ကြီး ဦးအောင်မင်း၊ ဗိုလ်ချုပ်ကြီးစောမူတူးဆေးဖိုး


ပြည်ခိုင်ဖြိုးပါတီမှဝင်ရောက်ယှဉ်ပြိုင်မည့် ဦးချစ်သန်းမှာ ဗိုလ်မှူးချုပ်ဟောင်းတစ်ဦးဖြစ်ပြီး ယခုအခါ KNU အဖွဲ့နှင့် ငြိမ်းချမ်းရေးဆောင်ရွက်ရာတွင် အောင်မြင်စွာဆောင်ရွက်နိုင်မှုကြောင့် လူကြိုက်များလျှက် ရှိကြောင်း ဒေသခံများက ပြောဆိုလျှက်ရှိသည် ။

D.info,VOM , မြိတ်ပုလဲမြေ

Friday, March 2, 2012

မြန်မာ့ဆက်သွယ်ရေးမှ မိုဘိုင်းဖုန်းများ ၏ ညပိုင်းဖုန်းခေါ်ဆိုခကို ထက်ဝက်လျှော့ချမည်

 
မြန်မာ့ဆက်သွယ်ရေးမှ မိုဘိုင်းဖုန်းများ ၏ ညပိုင်းဖုန်းခေါ်ဆိုခကို ထက်ဝက်လျှော့ချမည်ဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါအစီအစဉ်ကို ယခုလ ၁၄ရက်မှ စတင်မည်ဖြစ်ပြီး နေ့စဉ် ည၁၁နာရီ မှ နံနက် ၇နာရီအတွင်း ဖုန်းခေါ်ဆိုခကို ယခင်တစ်မိနစ်လျှင်  ၅၀ ကျပ်ကောက်ခံနေရာမှ မှ ၂၅ ကျပ် သို့ လျှော့ချကောက်ခံသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည် ။
 ထိုသို့လျှော့ချကောက်မည့်ဖုန်းများထဲတွင် လောလောဆယ်အားဖြင့် Macwill ဖုန်းများ မပါဝင်သေးကြောင်း  နှင့် အဆိုပါ Macwill ဖုန်းမှလွဲ၍ ကျန်ဖုန်းအမျိုးအစားများ အားလုံးပါဝင်ကြောင်း သိရှိရပါသည် ။
VOM

မြန်မာအမျိုးသမီးကိုပါးရိုက်တဲ့ဂျပန်ကို နာမည်ပျက်စာရင်းသွင်းလိုက်သည့် နိုင်ငံခြားရေးဝန်ကြီးဌာန၏စာ


စတုတ္ထမဏ္ဍိုင်မျက်နှာဖုံးနဲ့ လုပ်စားနေသူတွေ

ကြံ့ခိုင်ရေးပါတီကို ထောက်ခံတဲ့ မင်းသားလွင်မိုးကို မီဒီယာတွေက လူဆိုးကြီးလုံးလုံး ဖြစ်အောင်ရေး သားဖေါ်ပြခဲ့ကြတယ် ၊ မင်းသားကို ဗီလိန်ဖြစ်အောင်လုပ်ပစ်လိုက်ကြတယ် ။
 



ဟော... NLD ကိုထောက်ခံတဲ့မင်းသားရဲတိုက်ကို တော့ ဟိမ၀န္တာ ချီးမွမ်းခန်းတွေဖွင့်ပြီး ဘုံမြှောက်နေကြပြန်တယ်။




အမှန်ကတော့ မင်းသားလွင်မိုးရော ၊ မင်းသားရဲတိုက်ရော မြန်မာနိုင်ငံသားတွေပါဘဲ ၊ နိုင်ငံသား တစ်ယောက် ရဲ့အခွင့်အရေးအရ သူထောက်ခံချင်တဲ့ပါတီကို ထောက်ခံမယ် ၊ သူမဲပေးချင်တဲ့ပါတီကို မဲပေးမယ် သူလိုက်ချင်တဲ့ပါတီနောက် သူလိုက်မယ် ဒါသူတို့အခွင့်အရေးပဲ.....၊ ဒီအတွက်ဘယ်သူ့ကိုမှ ပိုပြီးချစ်ဘို့မလိုသလို ဘယ်သူ့ကိုမှလည်းမုန်းသွားအောင်လုပ်ဘို့မလိုပါဘူး ။

ပြဿနာက ကြံ့ခိုင်ရေးပါတီကိုထောက်ခံရင် ဗီလိန်ဖြစ်အောင်လုပ်ပစ်မယ် ၊ NLD ကိုထောက်ခံရင်တော့ မင်းသားဖြစ်အောင် စင်တင်ပေးမယ်ဆိုတဲ့ သူတွေက စတုတ္ထမဏ္ဍိုင်ဆိုပြီးအော်နေတာပဲ ၊အားလုံးမဟုတ်ပေမယ့် အများစုက ဒီအတိုင်းဖြစ်တယ် ။

လွင်မိုးတို့နန္ဒာလှိုင်တို့ ဦးခင်ရွှေမဲဆွယ်တဲ့နောက်လိုက်သွားတုန်းက ခင်ဗျားတို့ဘယ်လိုရေးခဲ့ကြသလဲ  ၊ခုရဲတိုက်ကိုရေးသလို ရေးခဲ့သလား မရေးခဲ့ဘူးလား ၊ ကိုယ့်ကိုယ်ကိုပြန်မေးကြည့်ပါ လိပ်ပြာလုံတယ် အကုသိုလ်မကြောက်ဘူးဆိုရင်တော့ဆက်လုပ်ပေါ့ ။

ဒီတော့ဘာဖြစ်လဲဆိုတော့ ကြံ့ခိုင်ရေးပါတီကိုထောက်ခံတဲ့သူတွေက မီဒီယာနဲ့ ဆိုရှယ်နက်ဝပ်တွေ ကို ကြောက် ပြီးအသံမထွက်တော့ဘူး မဲထည့်တဲ့နေ့မှအသာလေးသွားထည့်လိုက်တဲ့ အဖြစ်တွေ ဖြစ်လာတော့မှ ရွေးကောက်ပွဲကမတရားဘူးတို့ဘာတို့တော့မလုပ်ကြနဲ့ပေါ့ဗျာ ။

နောက်ဥပမာတစ်ခုရှိသေးတယ် ၊ ခုလာမယ့်ကြားဖြတ်ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ဒီနေ့ဖေါ်ပြချက်တွေ ကိုကြည့်ရင် ဒေါ်စုခရီးစဉ်တွေထပ်နေတယ် ၊ NLD ပါတီချီးမွမ်းခန်းတွေ မဖတ်ချင်အဆုံးဖြစ်တယ် ၊ ဒီအထဲမှာကြိုကြားဆိုသလို ကြံ့ခိုင်ရေးပါတီ မကောင်းကြောင်း ကွန်ကရစ်လမ်းက ဘာဖြစ်တယ်ညာဖြစ်တယ် ရေးကြတယ် ဒါတွေပဲ ထပ်နေတယ် ။

ကြားဖြတ်ရွေးကောက်ပွဲဝင်မှာက  ပါတီပေါင်း ၁၄ ခုနဲ. တသီးပုဂ္ဂလ တွေ ၀င်ကြမယ်ဆိုတာမေ့များနေကြ လားမသိဘူး ကျန်တဲ့ပါတီတွေအကြောင်း သိချင်တဲ့ပြည်သူတွေ ကိုယ့်ဖာသာသာ လေ့လာ ဆိုတာမျိုး ဖြစ်နေတယ်......ဘယ်ရေးမလဲ ကျန်တဲ့ပါတီအကြောင်းရေးလို့ဂျာနယ်ရောင်းအား မှမတက်တာကိုး...။

ဒီမိုး ၊ ဒီလေ ၊ ဒီလူတွေ စတုတ္ထမဏ္ဍိုင်မျက်နှာဖုံးစွပ်ပြီး စီးပွားရေးလုပ်စားနေသ၍ ၊ ပေါ်ပင်တွေနောက်လိုက်နေသ၍ ၊ ဘယ်ပါတီလုပ်လုပ် ၊ဘယ်အစိုးရတက်တက် ဟိုလူ့လည်းပဲမြင်ရတဲ့အခါမျက်နှာချိုသွေးရ ၊ ဒီလူ့လည်းပဲမြင်ရတဲ့အခါ မျက်နှာချိုသွေးရနဲ့ ဗိုလ်ချုပ်ပြောတဲ့ -ာသည်လို တိုင်းပြည်ဘ၀က တက်နိုင်မှာမဟုတ်ပါဘူး ။

ဒေါက်တာဆိတ်ဖွား

Thursday, March 1, 2012

နိုင်ငံတော်သမ္မတ၏ လွှတ်တော်တွင်ပြောကြားသော မိန့်ခွန်းအပြည့်အစုံ (စာသား)



 လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော်နာယကကြီးနှင့်တစ်ကွ ပြည်ထောင်စု လွှတ်တော် ကိုယ်စား လှယ်များ ခင်ဗျား - ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၁၀ အရ ကျွန်တော့်အနေဖြင့် နိုင်ငံတော်၏ မူဝါဒများ၊ တစ်နှစ်တာကာလအတွင်း မိမိအစိုးရအဖွဲ့၏ဆောင်ရွက်ချက်များနဲ့ ရှေ့တွင် ဆက်လက်ဆောင်ရွက်မည့် ကိစဿစရပ်များအား ဤလွှတ်တော်မှတစ်ဆင့် ပြည်သူများသိရှိစေရန် တက်ရောက်ပြောကြားခြင်းဖြစ်ပါတယ်
 
 ပထမဦးစွာ နိုင်ငံတော်တစ်ဝန်းလုံးမှာရှိတဲ့ မိဘပြည်သူများအားလုံး၊ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပ နိုင်ငံများမှာ ရောက်ရှိနေကြတဲ့ ကျွန်တော်တို့ နိုင်ငံသူနိုင်ငံသားအားလုံး၊ ပြည်ထောင်စု လွှတ်တော် နာယကကြီး၊ ပြည်သူ့ လွှတ်တော်ဥကဿကဌကြီးနဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။
 
 ကျွန်တော်တို့အစိုးရ အုပ်ချုပ်ရေးအာဏာ လွှဲပြောင်းရယူခဲ့တာ ဒီလဆိုရင် (၁)နှစ်တင်း တင်း ပြည့်မြောက်ပြီ ဖြစ်ပါတယ်။ ဒီလို (၁)နှစ်ပြည့် အခါသမယမှာ လွှတ်တော်ကိုယ်စား လှယ်ကြီးများကတစ်ဆင့် ကျွန်တော်တို့ကို ယုံယုံကြည်ကြည် နဲ့ နိုင်ငံတော်အုပ်ချုပ်မှု အာဏာကို အပ်နှင်းထားခဲ့ကြတဲ့ မိဘပြည်သူများကို ဦးထိပ်ထားပြီး ကျွန်တော်တို့အစိုးရရဲ့ ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ၊ ဆက်လက် ဆောင်ရွက်သွားမယ့် အစီအစဉ်များနဲ့ပတ်သက်လို့ အကျဉ်းချုံးပြီး ရှင်းလင်း တင်ပြသွား မှာ ဖြစ်ပါတယ်။ 
 
ကျွန်တော်တို့နိုင်ငံဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းကြောင်းကို ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ အရှိန်အဟုန်နဲ့ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာမှာ ဒီကနေ့ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေး လမ်းကြောင်း သစ်ကို စနစ်တကျကူးပြောင်း တည်ဆောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ နိုင်ငံတကာ သတင်းမီဒီယာတွေမှာ ကျွန်တော်တို့ရဲ့ အသွင်ကူးပြောင်းမှုကို ‘Burma Spring’ ‘Myanmar Spring’ အစရှိတဲ့ အမည်နာမအမျိုးမျိုး ကင်ပွန်းတပ်ခံနေရ တာကိုလည်း ကျွန်တော်တို့ သိရှိထားပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ တည်ငြိမ် မှန်ကန်တဲ့ အသွင်ကူးပြောင်းမှုအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ နားလည်မှု တွေ မြင့်မား လာနေပြီ ဖြစ်တဲ့အတွက် ယုံကြည်မှုတွေ ဆင့်ပွားဖြစ်ပေါ်လာအောင် ကျွန်တော်တို့ ဆက်လက်ကြိုးပမ်းကြရဦးမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဗဟိုပြုပြီး ဒီမိုကရေစီခေတ်သစ် စနစ်သစ် ကို ကူးပြောင်းနေတာ ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့နိုင်ငံရဲ့ ကျွန်တော်တို့ ပြည်သူတွေရဲ့ ထူးခြားချက်ပဲ ဖြစ်ပါတယ်။ ဒီကနေ့ ဒီအချိန်မှာ ကျွန်တော်တို့အနေနဲ့ စစ်မှန်ခိုင်မာတဲ့ ဒီမိုကရေစီနဲ့ လောကပါလတရားများ ထွန်းကားတဲ့ နိုင်ငံတော်သစ် တည်ဆောက်နိုင်ပြီလားလို့ မေးရင် ကျွန်တော်တို့ အများကြီး ကြိုးစားရဦးမှာပါ။ ကျွန်တော်တို့ ရှေ့ဆက်ပြီး ခြေလှမ်းပေါင်းများ စွာ လျှောက်လှမ်း ကြရဦးမှာပါ။ ဒါဟာလည်း ဒီမိုကရေစီ မြန်မာ့လူ့ဘောင်ကို တည်တံ့ခိုင်မာ ရှင်သန်အောင် ကြိုးပမ်းဆောင်ရွက်သွားကြ ရမယ့် ရေရှည်လုပ်ငန်းစဉ်ကြီး တစ်ရပ်လည်း ဖြစ်ပါတယ်။ (၁)နှစ်ပြည့်ကာလမှာ ကျွန်တော်တို့အစိုးရအနေနဲ့ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့တာတွေ ရှိသလို စိန်ခေါ်မှုတွေလည်း အများအပြား တွေ့ကြုံရင်ဆိုင်ခဲ့ရပါတယ်။ လွန်ခဲ့တဲ့ (၁)နှစ်က ကျွန်တော်ပြောခဲ့သလိုပဲ ကျွန်တော်တို့အစိုးရအပေါ် သံသယရှိနေသူတွေ၊ မယုံမကြည်ဖြစ်နေသူတွေ ပြည်တွင်းမှာရော၊ ပြည်ပမှာပါ အများကြီး ရှိနေတဲ့ အတွက် ကျွန်တော်တို့ ကြိုးစားပြီး လုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့ မိဘ ပြည်သူတွေဟာ ခေတ်အဆက်ဆက်၊ အစိုးရစနစ်မျိုးစုံကို တွေ့ကြုံ ခံစား ခဲ့ကြသူတွေဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ လက်တွေ့ လုပ်ဆောင်ချက်တွေ၊ ပကတိ အခြေအနေမှန်တွေကိုကြည့်ပြီး ကျွန်တော်တို့အစိုးရဟာ ဘယ်လို အစိုးရမျိုးဖြစ်သလဲဆိုတာကို အကဲဖြတ်ကြမှာဖြစ်သလို၊ ဒီကနေ့ ကျွန်တော်တို့ အစိုးရ ဆောင်ရွက်နေတာဟာ နိုင်ငံတော်နဲ့ ပြည်သူတွေရဲ့ အနာဂတ်သမိုင်းကြောင်း အတွက် အထူးပဲ အရေးကြီးလှတဲ့ လမ်းကြောင်းသစ်အပေါ်မှာ လျှောက်လှမ်း နေရတယ် ဆိုတာကိုလည်း ကျွန်တော်တို့ လေးလေး နက်နက် သိရှိနားလည် ခံယူထားပြီးဖြစ်ပါတယ်။ ကျွန်တော်တို့အစိုးရဟာ နောင်လာမယ့် နှစ်ပေါင်းများစွာအတွက် အရေးကြီးတဲ့ အလှည့်အပြောင်းဖြစ်သလို အနာဂတ်သားစဉ်မြေးဆက်အတွက် လည်း သမိုင်းတွင်မယ့် စတင်ခြင်းအသစ် ဖြစ်လိမ့်မယ်ဆိုတာကို ကျွန်တော်တို့ ခံယူထားပါတယ်။ ဒီကနေ့ ကျွန်တော်တို့အစိုးရရဲ့ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ် အောင်မြင်မှု၊ ခိုင်မာမှု၊ ရေရှည် တည်တံ့မှုအပေါ် မူတည်ပြီး နောင် အစိုးရအစဉ်အဆက် ကောင်းမွေ၊ ဆိုးမွေ ခံစားကြရမယ် ဆိုတာကိုလည်း ကျွန်တော်တို့ အလေးအနက် ခံယူထားပြီးဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတ၏ လွှတ်တော်တွင်ပြောကြားသော မိန့်ခွန်းအပြည့်အစုံ (အသံဖိုင်)