xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar

Monday, December 10, 2012

ကိုယ့်အလှည့်ကျတော့ " ဖြေရှင်းခြင်း " တဲ့လား The Voice Weekly ရယ်


ပတ်ဝန်းကျင်မှ တွေ့ရာ မိန်းကလေးများပုံကို ဓါတ်ပုံရိုက်ယူပြီး မကောင်းတာလုပ်စားတဲ့ (ဖာ) အသွင် ဖော်ပြချက်ကြောင့် The Voice Weekly တောင်းပန်ရ

The Voice Weekly ဂျာနယ် သည် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ထုတ် Vol 8,No 48 စာမျက်နှာ ၁၈ တွင်ဘဝနွံထဲက အကြွေပန်းလေးများ ဟုဆိုသော ခေါင်းစဉ်ဖြင့် လမ်းမကြီးဘေးတွင် မကောင်းတာလုပ်စားသော (ဖာ) ပြည့်တန်ဆာ အမျိုးသမီးများဘဝ အား ဆောင်းပါးတစ်ပုဒ်ဖော်ပြခဲ့ရာတွင် ထိုဆောင်းပါးတွင် ပါရှိသော ဓါတ်ပုံမှာ လမ်းဘေးတနေရာတွင်အမျိုးသမီးငယ်တစ်စု စုစည်းနေပုံကို ပိုင်ရှင်မသိပဲ ခိုးယူရိုက်ယူခဲ့ပြီး ဆောင်းပါးနဲ့ တွဲစပ်၍ ပြည့်တန်ဆာ(ဖာ)များအသွင် သရုပ်ဖော် ခဲ့ပါသည် ။ ထို့နောက် ယခုအခါထိုဓါတ်ပုံကြောင့် ပြဿနာများ ဖြစ်ပွါးလာပြီဖြစ်သောကြောင့် ဖြေရှင်းချက် ဟု ခေါင်းစဉ်တပ်ကာထိုအမျိုးသမီး၎ဦးမှာ ပြည့်တန်ဆာ(ဖာ)များမဟုတ်ကြောင်း ပြန်လည်ရေးသားသော် လည်း တောင်းပန်ခြင်း ဝန်ခံခြင်း အလျင်းမပြုလုပ်ပဲ ဝတ်ကျေတန်းကျေ ဖြေရှင်းချက်ဟု၍ ထုတ်ခဲ့ပါသည် ။

ထိုဓါတ်ပုံကြောင့် ဓါတ်ပုံတွင် ပါရှိလာသော အမျိုးသမီးတစ်ဦးဖြစ်သူ (ထဘီဝတ်ဆင်ထားသူ) မအေးအေးနွယ် (အမည်ပြောင်းထား) ဆိုသူ သည် စမ်းချောင်းမြို့နယ်ရှိ အိမ်ခြံမြေ ဝယ်/ရောင်း အကျိုးဆောင် ကုမ္မဏီတွင် အလုပ်လုပ်နေရာမှ နှူတ်ထွက်ခဲ့ရပြီး ပတ်ဝန်းကျင်တွင် အရှက်ကွဲကာ ယခုအခါဆေးခန်းတစ်ခုတွင် depression ခေါ် စိတ်ဓါတ်ကျဆင်းခြင်း ဖြစ်နေ၍ စိတ်ရောဂါကု ဆရာဝန်တစ်ဦးနှင့် ကုသနေရပါသည်။

online book club

Saturday, December 8, 2012

အိုဘယ့် ဒီမိုကရေစီ


တားတား လုပ်ချင်ရာလုပ်လို့ရပြီ
ရဲလဲကြောက်ရတော့ဝူး
ဖမ်းလဲခံရတော့ဝူး
ဒူ့မှ သောက်ဂုစိုက်ဝူး
အဲဒါ..... တရုတ် , စီဝိုင်စီသင်္ကန်း ရုံထားလို့ပေါ့.........

(တရားဥပဒေစိုးမိုးရေး၊ ပြည်သူများအေးချမ်းစွာနေထိုင်နိုင်ရေး၊ နိုင်ငံတော်အချုပ်အခြာအာဏာ ပြိုကွဲပြီး ချောက်ထဲ
ကျခါနီး  အခြေအနေကနေ လက်တစ်လုံးအလိုမှာ တပ်မတော်က ကယ်တင်လိုက်မှ ဟုတ်ပေ့ဖြစ်နေမယ်... )

ဆိတ်ဖွား

Monday, December 3, 2012

မဟုတ်မခံ

လတ်တလောဖြစ်နေတဲ့အရေးတွေကို ကြည့်လိုက်ရင် ဘာသွားတွေ့လဲဆိုတော့ မြန်မာတွေအများစုဟာ မဟုတ်မခံစိတ်ရှိသူတွေ ဆိုတာသွားသတိပြုမိတယ်..........
မဟုတ်လဲမဟုတ်ဘူး .. ခံလည်းမခံဘူး....

ဒေါက်တာဆိတ်ဖွား

သမိုင်းမှာ တရားခံမဖြစ်စေဖို့

လက်ပံတောင်းတောင်အရေးတွင် တောင်းဆိုသူတို့က ဒေါ်လာ ၂ဘီလီလျံလောက်ရင်းနှီးမြှုတ်နှံထားတဲ့ စီမံကိန်းကြီးတစ်ခုလုံးကို လုံးဝရပ်တန့်ပေးဘို့ တောင်းဆိုကြတယ် ၊ သဘာဝပတ်ဝန်းကျင်မျက်နှာဖုံးတပ်ထားပေမယ့် တရုတ်ပိုင်ကုမ္ပဏီနဲ့ စစ်တပ်ပိုင်ဦးပိုင်လီမိတက် ကလုပ်နေတဲ့စီမံကိန်းမို့ အဓိကတိုက်နေခိုက်နေတာဖြစ်တယ်ဆိုတာ သိသာတယ်....

ဒီတောင်းဆိုမှုဆိုတာကြီးကို လက်ရှိနိုင်ငံတော်ကိုအုပ်ချုပ်နေတဲ့ အစိုးရကလည်းသဘောမတူဘူး ၊ သဘောမတူလို့သာလျင်ခုလို သပိတ်စခန်းတွေကို ရှင်းတဲ့လင်းတဲ့အထိ ပြည်ထဲရေးဝန်ကြီးဌာနကို တာဝန်ပေးတာဖြစ်တယ် ။

နောက်လူထုထောက်ခံမှုအများဆုံးရပါတယ်၊ အနောက်နိုင်ကြီးတွေကတောင် အလေးထားဆက်ဆံခြင်း ခံနေရပါတယ်ဆိုတဲ့ဒေါ်အောင်ဆန်းစုကြည်ကလည်း လက်မခံဘူး သူလက်မခံဘူးဆိုတာ မုံရွာခရီးစဉ်တစ်လျောက် ပြောသွားတဲ့ ပြောကြားချက်တွေထဲမှာ သိသာနေတယ် ၊ ရဲတပ်ဖွဲ့ရဲ့ အဓိကရုဏ်းနှိမ်နင်းပုံကို ဘ၀င်မကျပေမယ့် ဒီစီမံကိန်းကြီးလုံးဝရပ်တန့်ပေးဘို့ကိုတော့ သူမလည်းလက်မခံဘူး ။

ဒီပြသနာကို သဘာဝပတ်ဝန်းကျင်ပျက်စီးမှာကို စိုးရိမ်နေတဲ့ဒေသခံတွေက ကန့်ကွက်နေကြတာလို့ လွယ်လွယ်တွေးမယ်ဆိုရင် သိပ် ' အ 'ရာကျပါ့မယ် ၊ နောက်ကွယ်မှာဒီပြဿနာကို run နေတဲ့အဖွဲ့အစည်းတွေ ရှိကိုရှိပါမယ် ၊ ဘာလို့ဒီလိုပြောနိုင်လဲဆိုတော့ ဒီအရေးမှာ သံဃာတွေပါလာတာဟာ ပထမဆုံး မုံရွာဒေသခံသံဃာတွေ မဟုတ်ပါဘူး မီးလာမွှေးတာက အရင်စစ်အစိုးရလက်ထက် ထစ်ကနဲဆိုပါနေကြ နိုင်ငံရေးအရောင်မကင်းတဲ့ ပခုက္ကူနဲ့ မန္တလေးမစိုးရိမ်တိုက်သစ်က သံဃာဆိုသူတွေ ဖြစ်နေပါတယ် ။



ဒီပုံမှာကြည့်ပါ ဖြစ်တာက ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်မှာ ရောက်နေတဲ့သံဃာဆိုသူရဲ့ နေရပ်က မစိုးရိမ်ကျောင်း မန္တလေး ဖြစ်နေပါတယ် ။
ဒီလိုပြောလို့ မင်းကသံဃာအတုလို့ဆိုချင်တာလား ၊ ဒီမှာသံဃာ့မှတ်ပုံတင်ရှိတယ်ကွ ဘယ်နှဝါရပြီ ဘာညာ ပြောကောင်းပြောကြမှာပါ သင်္ကန်းရုံထားတိုင်းသံဃာ ၊ ရဟန်းမှတ်ပုံတင်ရှိတိုင်း သံဃာဟု တထစ်ချမဆိုနိုင်ပါ  ဘုရားမှတ်လို့ကိုးကွယ်၊ဖွတ်ထွက်မှ တောင်ပို့မှန်းသိဆိုသလို သံဃာ့အရေခြုံပြီး မဟုတ်ကဟုတ်ကမျိုးစုံလုပ်နေသူများလည်းမှန်ပင်ရှိနေတာကိုသတိပြုဘို့လိုပါတယ် ။ဘာသာရေးနဲ့ ပတ်သက်လာရင် ဆတ်ဆတ်ထိမခံတတ်တဲ့ မြန်မာတို့ရဲ့စိတ်ဟာ တစ်ဘက်အဖွဲ့အစည်းတွေ အတွက် နိုင်ကွက်ကြီးသဖွယ် ဖြစ်နေတာကို သတိချပ်ကြဘို့လိုပါတယ် ။

အရာရာကို ကျယ်ပြန့်သောအမြင် ၊ ပညာအခြေခံဖြင့် အမှန်နှင့်အမှား စဉ်းစားဆင်ချင်နိုင်သော  လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ထွန်းလာရေး အထူးပင်အရေးကြီးနေကြောင်း ဤအရေးက မီးမောင်းထိုးပြနေပြီ ဖြစ်ပါတယ် ဒီလိုမှမဟုတ်ရင်တော့ ပညာတတ်သူတွေရဲ့ ကစားကွက်အောက်မှာတစ်ဝဲလည်လည် ဖြစ်ရင်းမြန်မာတွေ ခေတ်သစ်သမိုင်းမှာ တရားခံများ ဖြစ်ကုန်ကြပါတော့မယ်... ဆရာတင်မိုးရဲ့ သမိုင်းမှာ မင်းတရားခံဖြစ်မယ် ဆိုတဲ့ကဗျာလေးနဲ့ ဒီဆောင်းပါးကိုအဆုံးသတ်လိုက်ပါတယ်......။

သမိုင်းမှာမင်းတရားခံဖြစ်မယ်

မင်းမမှန်ရင်
မင်းတရားခံဖြစ်မယ်၊

ငါမမှန်ရင်
ငါတရားခံဖြစ်မယ်၊

တရားဆိုတာ
ညှာလဲမညှာ၊ ညာလဲမညာ
သာစေ နာစေမရှိ
ပကတိ သူ့သဘောသူဆောင်ခြင်းပဲ။

ဒီနေ့ မင်းရဲ့လုပ်ရပ်ဟာ
နောင်နေ့ မင်းရဲ့အတ္ထုပ္ပတ်။

ဒီနေ့ မင်းရဲ့လုပ်ရပ်ဟာ
နောင်နေ့ မင်းရဲ့အနာဂတ်။

မပတ်သက်ချင်လို့ မရ
မစပ်ဆက်ချင်လို့ မရ။
မင်းဘဝကို မင်းကသာပြဌာန်းတယ်။
မင်း ဘာလဲ
မင်း ဘယ်သူလဲ
မင်းဟာ မင်းပဲ။ ။

တင်မိုး


ဒေါက်တာဆိတ်ဖွား

Sunday, December 2, 2012

''အမှန်- အမုန်းနဲ့ မီဒီယာရဲ့  အခန်းကဏ္ဍ''

( ဒီနေ့ဖတ်သမျှထဲတွင် ကျွန်ုပ်စိတ်နှင့် ၁၀၀% ထပ်တူကျသော စာစုတစ်ခုကိုသွားတွေ့ပါသည်  ။ကိုယ်ကိုယ်တိုင်ရေးတာမဟုတ်ပါဘဲနှင့် ကိုယ်တိုင်ရေးသကဲ့သို့ ခံစားရသောစာမှာ ဤစာပထမဦးဆုံးဖြစ်မည်ထင်ပါသည် ။ Ko Navana ထံမှကူးယူဖေါ်ပြပါသည် ။ ဒေါက်တာဆိတ်ဖွား ။)

စတုတ္ထမဏ္ဍိုင်လို့ အသိအမှတ်အပြုခံရတဲ့ မီဒီယာတွေ ရဲ့  ရပ်တည်ချက်ကို ဒီရက်ပိုင်း တွေးနေမိတယ်...။ လက်ပံတောင်းတောင် ကိစ္စပြီးပြီးချင်း.. eleven media က ဒေါက်တာသန်းထွဋ်အောင် ပြောတဲ့ ကွန့်မင့် တွေကို ဖတ်မိရာက.. အဲဒီအတွေး ခေါင်းထဲဝင်လာတာပဲ..။

'' ဘာပဲဖြစ်ဖြစ်- ပြည်သူတွေရဲ့  စိတ်ထဲမှာ တရုတ်ကိုမုန်းတီးတဲ့စိတ်ကတော့ အမြစ်တွယ်သွားပြီ '' လို့ သူပြောတယ်..။ အဲဒါဟာ.. မီဒီယာ သမားတစ်ယောက် ပြောရမယ့် စကားလို့ မထင်မိဘူး..။


မီဒီယာဟာ.. ပြည်သူ့ဖက်က ရပ်တည်ဖို့ မဟုတ်သလို.. အစိုးရဖက်က ရပ်တည်ဖို့လည်း မဟုတ်ဘူး..။ တိုင်းပြည်ကောင်းကျိုးအတွက် မှန်တဲ့ဖက်က.. ရပ်တည်ရမှာ မီဒီယာရဲ့  တာဝန်လို့ မမှိတ်မသုန် ယုံကြည် လက်ခံထားတယ်..။


ပြည်သူမှားရင် ပြည်သူအမှားကို ဖော်ထုတ်နိုင်ရမယ်..။ အစိုးရမှားရင် အစိုးရရဲ့ အမှားကို ဖွင့်ထုတ်နိုင်ရမယ်..။ အဲသလို အမှား-အမှန်တွေကို ဖေါ်ထုတ်ချပြရမှာ.. တိုင်းပြည်အကျိုးကို အဦးမူ ရမယ်..။


အဲဒီရှုထောင့်ကနေ ရပ်ကြည့်တော့.. '' တရုတ်ကို မုန်းတီးတဲ့စိတ်ပြည်သူတွေမှာ အမြစ်တွယ်သွားပြီ '' လို့ ဆိုစကားဟာ.. အနှစ်အသားမဲ့တဲ့ စကား ဖြစ်သွားရတယ်..။


နောက် သူဆက်ပြောတာ ရှိသေးတယ်။


''သူတို့ဂျာနယ်တိုက်က လွှတ်ထားတဲ့ သတင်းထောက်နှစ်ယောက်ရဲ့  သတင်းပေးပို့မှုတွေအရ အစိုးရက ဒီကိစ္စကို ကိုယ်တွယ်တာမှာ လိုအပ်တာထက် ပိုပြီး ပြင်းပြင်းထန်ထန် ကိုင်တွယ် ခဲ့တယ် '' တဲ့..။


၈၈ မျိုးဆက်ခေါင်းဆောင်တွေက လက်ပံတောင်းတောင် ကိစ္စ သတင်းထုတ်ပြန်တယ်..။ ဖြစ်ပျက်သွားတဲ့ ကိစ္စကို အမြန်ဆုံး စုံစမ်းစစ်ဆေးဖို့နဲ့ အဖြစ်မှန်ကို ချပြဖို့ သူတို့ထုတ်ပြန်ချက်မှာ အဓိကထားတောင်းဆိုတယ်...။


တကယ်တမ်း အဖြစ်မှန်ကို တိတိပပ ဖော်ထုတ်နိုင်ရင်.. မှန်သူတွေက ဘယ်လောက်အထိမှန်ပြီး၊ မှားသူတွေက ဘယ်လောက်အထိ မှားတယ်ဆိုတာ.. ထင်ထင်လင်းလင်းကြီး ပေါ်လာမှာပဲ။


အဲသလို အဖြေမှန်ထွက်မလာမချင်း.. ဘယ်သူမှားတယ်-ဘယ်သူမှန်တယ် ဆန္ဒစော ထုတ်ဖော်ပြောတာမျိုး ကို သတင်းသမားတွေအနေနဲ့ သတိကြီးစွာထားပြီး ရှောင်သင့်တယ်..။


အခုတော့.. အဲသလိုမဟုတ်ဘူး..။ သတင်းရဲ့  သက်တမ်းက သိပ်တိုလို့ပဲလား မသိ။ အဖြေမှန်ထွက်လာတဲ့အထိ မစောင့်ဘဲ အဖြစ်အပျက်ကို အမီလိုက် မှတ်ချက်ပေးတယ်။


ရမ်းပြောတာ မဟုတ်ဘူး- ကျုပ်တို့မှာ အထောက်အထားတွေ ပြည့်ပြည့်စုံစုံ ရှိတယ်ဆိုရင်လည်း.. အဲဒါတွေနဲ့ ခိုင်ခိုင်မာမာ တစ်ခါတည်း ချပြပေါ့..။


အထောက်အထားတွေက ပြန်စီစစ်နေရသေးတယ် ဆိုရင်တော့ စီစစ်ဖို့လိုအပ်နေသေးတဲ့ အထောက်အထားအားကိုးနဲ့ တဖက်ဖက်ကို အပြတ်ရပ်ပြီး မှတ်ချက်ပေးတာမျိုး.. ဆောလျင်စွာ မလုပ်သင့်ဘူးလို့ ပြောရမှာပဲ..။


ဒီလိုတွေ ပြောလို့.. '' မင်းက.. လက်ပံတောင်းတောင် ကိစ္စမှာ အစိုးရရဲ့  လုပ်ရပ်ကို မှန်တယ်လို့ ပြောချင်နေတာလား '' လို့ တံဆိပ်ကပ်ရင်တော့.. '' နိုး '' လို့ ပဲ ဖြေပါမယ်..။


ဒါဖြင့်ရင် မှားတယ်လို့ ထင်တာလား ဆိုရင်လည်း '' နိုး '' လို့ပဲ ဖြေပါမယ်..။ ကျွန်တော့်ရပ်တည်ချက်က.. ၈၈ နောင်တော်တွေရဲ့  ရပ်တည်ချက်နဲ့ တစိတ်တ၀မ်းထဲ ရှိနေပါတယ်..။


အဖြေမှန်ကို တိတိကျကျ သိရရင်.. အမှား-အမှန်ဆိုတာ အလိုလို အဖြူ-အမဲ ကွဲသွားမှာမို့ ကျွန်တော်တို့ အနေနဲ့ တင်ကြိုခန့်မှန်းချက်တွေနဲ့ ရှေ့ဖြစ်ဟော

နေစရာမလိုဘူး..။

အဖြစ်မှန်ပေါ်ပေါက်ရေးကိုသာ အာရုံစိုက် ရမယ်..။ မျက်ခြေမပြတ်သင့်ဘူး..။


ဖြိုခွဲတဲ့ ကိစ္စမှာ သံဃာတော်တွေ မီးသင့်တယ်..။ မီးလောင်ဗုံး ဆိုတဲ့ စကားလုံးက .. တောမီးလို ချက်ခြင်း ပျံ့နှံ့လာတယ်..။ စပြောတဲ့သူက.. ဖြစ်နိုင်ချေရှိတယ်လို့ မတင်မကျပြောသော်ငြား.. ခံစားချက်သိပ်ပြင်း ထန်နေတဲ့သူအဖို့တော့ '' မီးလောင်ဗုံးနဲ့ ဖြိုခွဲသတဲ့ '' အထိ.. တစ်ထစ်ချ ယူဆကြတော့တယ်..။


အကျိုးဆက်က.. ခံစားချက်တွေပါ မီးလောင်ဗုံး အခွဲခံလိုက်ရတယ်..။ ဒေါသတွေ အလိပ်လိပ်တက်- ချကွ-နှက်ကွ တွေဖြစ်ကုန်တယ်..။


အဖြစ်မှန်က ဘယ်နေမှန်းမသိပေမယ့်.. အခြေအနေတွေက ဖြစ်သင့်တာနဲ့လျော်ညီစွာ ဖြစ်ချင်မှ ဖြစ်တော့တယ်..။


တကယ်စစ်ဆေးလို့ မီးလောင်ဗုံး မဟုတ်ခဲ့ဘူးဆိုရင်တောင်မှ မီးလောင်ဗုံးစိတ်ဓါတ်နဲ့ ရှေ့သို့ချီတက်ထားတာတွေက နောက်ပြည်လှည့်လို့ မရတော့ဘူး..။ လွန်သွား -ကျွံသွားပြီ..။


မသကာ.. အများထင်သလို မီးလောင်ဗုံးမဟုတ်ဘူးဆိုရင် အဲဒီအမှားကို ဘယ်သူက တာဝန်ယူမှာလဲ။ မီးလောင်ဗုံး ဖြစ်နိုင်ချေ ရှိတယ်လို့ မသေချာမရေရာနဲ့ စပြောတဲ့သူ တာဝန်ယူမှာလား..။ တာဝန်ယူခိုင်းဖို့ ဝေးလို့.. သူ-ဘယ်သူမှန်းတောင် လူတစ်ရာမှာ ကိုးဆယ့်ကိုးယောက် မသိဘူး..။


အဲသလို လူသိနည်းတဲ့ အွန်လိုင်းပုဂ္ဂိုလ်တစ်ယောက်ရဲ့  အမှတ်မထင် ပြောစကားတောင်.. အခြေအနေက တိုက်ဆိုင်ပံ့ပိုးရင်.. အများကြီး တာသွား လေ့ရှိတာကို.. သတင်းသမားတွေအနေနဲ့ သင်ခန်းစာ ယူသင့်တယ်..။


စပိုက်ဒါမင်း ရုပ်ရှင်ကားထဲက စကားလုံးတစ်လုံးရှိတယ်..။ Greater power has greater responsibility တဲ့..။ လူ့အဖွဲ့အစည်းမှာ ကိုယ့်အခန်းကဏ္ဍ အရေးပါရင် ပါသလို.. ကိုယ့်ပြောစကား-ကိုယ့်မှတ်ချက် က အဖွဲ့အစည်းအပေါ် အကျိုးသက်ရောက်မှု ရှိတယ်ဆိုတာ.. နှလုံးသွင်းသင့်တယ်..။


အထူးသဖြင့် စတုတ္ထမဏ္ဍိုင်ရဲ့  ထင်ရှားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်နေရင် ကိုယ့်အခန်းကဏ္ဍကို မမေ့သင့်ဘူး..။


တရုတ်ကို မုန်းတီးတဲ့စိတ် ပြည်သူက အမြစ်တွယ်တော့.. ဘာဖြစ်လဲ ..။ ရပ်ကွက်ထဲက တရုတ်ကို ချောင်းရိုက် ရမှာလား..။ တရုတ်ဆိုင်တွေကို သပိတ်မှောက်ရမှာလား..။ ပြည်မကြီးလာသမျှ ရင်းနှီးမြုပ်နှံမှုတွေကို.. လက်ခါ ရမှာလား..။ ကျွံပြီးသား ရင်းနှီးမြုပ်နှံမှုတွေကို မောင်းထုတ်ရမှာလား..။
တရုတ်လုပ်ပစ္စည်းမှန်သမျှ မသုံးဘဲ သပိတ်မှောက်ရမှာလား..။ ဘာလုပ် ကြမှာလဲ..။ ဘာမှ လုပ်မရဘူး..။

ဒါကြောင့် အဲဒီစကားကို အရေမရ-အဖတ်မရ စကားလို့ ပြောခဲ့တာပဲ..။


အရေမရ-အဖတ်မရ အကျိုးသာ မရှိတာ..အခန့်မသင့် ဟိုနားဒီနား လူမျိုးရေး အဓိကရုန်း ဖြစ်အောင်တော့ အဲဒီစကားက တာသွားတယ်..။


နိုင်ငံရေးဆိုတာ.. စီးပွားရေးမှာ အရင်းတည်တယ်..။ တရုတ်အနေနဲ့ ဒီတိုင်းပြည်မှာ ဘာအကျိုးစီးပွားမှ မဖြစ်ဘူးဆိုတာ သေချာရင် ခြေဦးတောင် လှည့်မှာမဟုတ်ဘူး..။ ပြည်သူညီရင်.. ဂန္ဓီကြီး အိန္ဒိယမှာ

လုပ်သလို.. တရုတ်လုပ်ပစ္စည်းတွေ သပိတ်မှောက်..။

တရုတ်ကို မုန်းတဲ့စိတ်တွေ အမြစ်သိပ်တွယ်နေရင်.. တစ်ဦးချင်းစီ တတ်နိုင်တာ အဲဒါပဲ..။ အဲဒီဖက်မှာ လူညီရင် (တကယ်လည်း မုန်းတယ်ဆိုရင်) တရုတ်စီးပွား သေချာပေါက် ထိခိုက်တယ်..။


တရုတ်ကြီး ဘာမှမတတ်နိုင်ဘူး..။ အစိုးရခြင်း ဖိအားပေးလို့လဲ မရဘူး..။


ဒါပေမယ့် ၀မ်းနည်းစရာကောင်းတာက.. အဲသလောက် လူညီဖို့ဆိုတာ.. ဖြစ်နိုင်ချေ လုံးဝမရှိတာပဲ..။


Eleven ဂျာနယ် အနေနဲ့တောင် တရုတ်လုပ်စက်-တရုတ်လုပ်စက္ကူ-တရု
တ်လုပ်မင် မသုံးဘဲ နေနိုင်လို့လား..။

ဗိုလ်ချုပ်အောင်ဆန်း အင်္ဂလိပ်တွေကို ပြောတဲ့ စကားတစ်ခွန်း မှတ်မှတ်ထင်ထင်ကြားဖူးတာ ရှိတယ်..။ '' ခင်ဗျားတို့ကို မုန်းလို့ တော်လှန်တာမဟုတ်ဘူး- မတရားဖိနှိပ်ချုပ်ချယ်တဲ့ ခင်ဗျားတို့ စနစ်ကိုသာ

မုန်းတီးတာ ဖြစ်တယ် '' တဲ့..။

nothing personal, ပုဂ္ဂိုလ်ရေးမပါ.. သိပ်အတုယူသင့်တဲ့ စကားပဲ။


ပည်သူတွေ အင်္ဂလိပ်ကို စက်ဆုပ်မုန်းတီးနေမှန်းသိပေမယ့်
.. ပြည်သူ့အကြိုက်လိုက်ပြီး သူမပြောခဲ့ဘူး..။

စံနစ်ကို မုန်းတာ နဲ့ လူမျိုးကို မုန်းတာ ခွဲမြင်ပြခဲ့တယ်..။ လူမျိုးကိုမုန်းတော့.. အဲဒီလူမျိုးကို တွေ့ရင် ရိုက်ချင်တယ်..။ အဲဒီစိတ်ဓါတ် ကြီးထွားကူးစက်ပျံ့ပွားရင် လူမျိုးရေး အဓိကရုန်းတွေဖြစ်မယ်..။


တိုင်းပြည်အတွက် ဘာမှ ကောင်းကျိုး မပေးဘူး..။


လက်ပံတောင်းအရေးကို အမှန်တရား နဲ့ပဲ တုန့်ပြန်မယ်- အမုန်းတရားနဲ့ မတုန့်ပြန်ဘူးလို့ ဒေါ်စု ပြောသွားတယ်..။ အဲဒါဟာ.. လွန်စွာကောင်းမွန်လျော်ကန်တဲ့ ရပ်တည်ချက်ပဲ..။


ဒါကြောင့်.. လူမျိုးရေးနဲ့ ပတ်သက်တဲ့စကားတွေကို ဆင်ဆင်ခြင်ခြင် တွေးတွေးဆဆ ပြောကြ-ဆိုကြဖို့ လိုတယ်..။ အထူးသဖြင့်..ပြည်သူကိုပြောရေးဆု
ိခွင့်ရနေတဲ့ မီဒီယာသမားတွေ ပိုဆင်ခြင်သင့်ပါကြောင်း..။

(နာမည်ကြီးတွေကို လိုက်ဝေဖန်ခြင်းအားဖြင့် နာမည်ကြီးအောင် လုပ်ခြင်းမဟုတ်ပါ.. စတုတ္ထမဏ္ဍိုင်ရဲ့ ရပ်တည်ချက်မှာ အားနည်းချက်တချို့  မြင်မိတဲ့အတွက် စာဖတ်ပြည်သူတစ်ယောက်မှ မြင်သမျှ တင်ပြတဲ့ သဘောပါ.. မီဒီယာများ တိုင်းပြည်အကျိုး ဒီထက်ပို ကုသိုလ်ယူ-၀မ်းဝ နိုင်ကြပါစေ..)

အမှန်ဘ၀မရောက်သူများ



၂.၁၂.၂၀၁၂ ထုတ်ကြေးမုံသတင်းစာပါ အမှန်ဘ၀ရောက်ပါစေ ဟူသော စာတည်းရှုထောင့်သည် ကျွန်ုပ်ကဲ့သို့ စာဂျီးများသူကိုပင် ဘ၀င်ခိုက်သွားစေလေ၏ ၊  ကြေးမုံသတင်းစာနဲ့အတူ ထိုသို့သော အယ်ဒီတာကောင်းများရှိနေခြင်းကိုလည်းဂုဏ်ယူရလေ၏ ။

ထိုအထဲတွင် " တရားကိုစောင့်ရှောက်ကြရာတွင် မှန်မှန်ကန်ကန် စောင့်ကြဖို့သာဖြစ်၏၊ လူတစ်ဦးသည်မိုက်မိုက်ကန်းကန်းဖြင့် ထင်ရာစိုင်းသဖြင့် လူအများကဲ့ရဲ့ခြင်းခံရသည်ထက် တရားကိုစောင့်ဟန်ပြုမမှန်ရာပြုသောသူသည် ကဲ့ရဲ့မှုပို၍ထိုက်ပေ၏ ။လူမိုက်သည် တစ်ကြိမ်တစ်ခါမိုက် အကြိမ်ကြိမ်မိုက်ရာမှ တရားချ တရားကျသဖြင့် လူကောင်းဘ၀သို့ပြန်ရောက်သွားနိုင်သော်လည်း တရားကိုဟန်ဆောင်စောင့်သူမှာမူ မည်သို့တရားချချ တရားပြပြ တရားမရနိုင်သည်မှာ အမှန်ဖြစ်၏ " ဆိုသောစာပိုဒ်ကို အကြိုက်ဆုံးဖြစ်လေ၏ ။

ဒေါက်တာဆိတ်ဖွား


ပြောပြန်ရင်လဲဆိတ်ဖွားလွန်ရာကျမယ်

တပ်ထဲမှာနေတုန်းကလည်းဘယ်သူနဲ့မှအဆင်မပြေ ၊ တပ်ကထွက်တော့ထောင်ကျ ၊ ထောင်ထဲရောက်တော့ ဟိုရောဂါဖြစ်သလို ဒီဝေဒနာခံစားရသလိုနဲ့ ပလီပြီး ၀ှီးချဲတွေဘာတွေနဲ့ ဇာတ်နာအောင်လုပ် ၊ ထောင်ကထွက်ပြီး တစ်ပတ်လောက်လဲကြာရော ထောင်ထဲကဝေဒနာတွေ ယူပစ်သလိုပျောက်ပြီး အကောင်းကြီးလျှောက်သွားနေထဲက ဒီနေမျိုးဇင်ဆိုတဲ့သကောင့်သားကို သတိပြုမိနေခဲ့တာပါ.... ဒီလောက်ကြောင်မှန်းတော့ခုမှသိရတာပါ.... 

ဒီကြားထဲဗီဒီယိုပြီးခါနီး လူတွေကြားထဲကို နာဂကိုယ်တော်ဝင်ပြီး တရားပြသွားလိုက်တာ ကြည်ညိုစရာကြီးနော်......
ဒီကိုယ်တော်ကို မြင်လိုက်မှပဲ ဓမ္မပဒ အဆုံးအမတွေထဲက အမှတ်စဉ် ၃၆၃ ကိုသွားသတိရမိတယ် ...

အကြင် ရဟန်းသည် နှုတ်ကို စောင့်စည်း၏။
ပညာဖြင့် ဆင်ခြင်၍ ပြောဆိုလေ့ရှိ၏။
မပျံ့လွင့်သော စိတ်ရှိ၏။
အနက်အဓိပ္ပါယ်ကို လည်းကောင်း၊ ပါဠိကို လည်းကောင်း ဟောပြတတ်၏။
ထိုရဟန်း ဟောပြသော စကားသည် ချိုမြိန် သာယာ၏.......တဲ့

ဦးတင်ပါတယ်ဖျာ့....
ဒေါက်တာဆိတ်ဖွား