xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar

Monday, February 14, 2011

မြန်မာတိုင်းမ် ဂျာနယ် ပိုင်ရှင် သြစတြေးလျ နိုင်ငံသား MR. Ross Striling Dunkley မြန်မာ အမျိုးသမီး တစ်ဦးအား စော်ကားမှုဖြင့် အဖမ်းခံရ

မြန်မာအမျိုးသမီး မခိုင်ဇာအား စော်ကားနှိပ်စက်မှုဖြင့် အဖမ်းခံရနေသူ မစ္စတာ ဒန်ကလီ

မြန်မာတိုင်းမ် ဂျာနယ် ပိုင်ရှင် သြစတြေးလျ နိုင်ငံသား MR. Ross Striling Dunkley အဖမ်းခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပြည်ပ သတင်း ဌာနတွေ ကနေ အမျိုးမျိုး ထင်မြင်ချက် ပေးပြီး မြန်မာနိုင်ငံ အပေါ် အပုပ်ချတဲ့ လန်ကြုတ်(လုပ်ကြံ) သတင်းတွေနဲ့ ထိုးနှက်လာတာ အဆက်မပြတ် ကြားသိနေရပါတယ်။ ဒါ့အပြင် အင်တာနက် စာမျက်နှာပေါ်တွေမှာလည်း သူတို့လိုရာ စွပ်စွဲမှုမျိုးစုံနဲ့ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်မှု၊ သတင်း လွတ်လပ်မှုတွေကို ထိပါးစော်ကား လာတာကို တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ ၁၂-၂-၂၀၁၁ ရက်နေ့မှာ BBC အသံလွှင့် ဌာနကနေ MR. Ross Striling Dunkley အဖမ်းခံရတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး ယင်းတို့ ထင်မြင်ချက်တွေ ပေးပြီး မြန်မာနိုင်ငံ အပေါ် ဖိနှိပ်တဲ့ သတင်းတွေကို ရေရေရာရာ သေသေချာချာ သိခြင်းမရှိပဲ တရားလက်လွတ် ထုတ်လွှင့် သွားတာ ကြားလိုက် ရပါတယ်။
VOA ကလည်း ၁၃-၂-၂၀၁၁ ရက်နေ့မှာ မြန်မာတိုင်းမ် အယ်ဒီတာ MR. Ross Striling Dunkley ကို ဖမ်းဆီးလိုက် တာဟာ စီးပွားရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေကြောင့် ဖြစ်တယ်လို့ အတိအကျ ထုတ်လွှင့် သွားပါတယ်။
BBC နဲ့ VOA ရဲ့ ထုတ်လွှင့်ချက်တွေ ဘယ်လောက် မှန်ကန်ပါသလဲ။ ဘယ်လောက် တိကျပါသလဲ။ မြန်မာနိုင်ငံနဲ့ မြန်မာ လူမျိုးတွေ အပေါ် ဘယ်လောက် အကျိုး ဖြစ်စေပါသလဲ။ အခု MR. Ross Striling Dunkley အဖမ်းခံရတဲ့ သတင်းက သက်သေပြ နေပါပြီ။ အကြောင်းအရာ တစ်ခုကို ဂဃနဏ သေသေချာချာ မသိဘဲ မြန်မာအစိုးရကို အပြစ်တင်ရရင် ပြီးရော မြန်မာ ပြည်သူလူထုနဲ့ နိုင်ငံတကာက မြန်မာအစိုးရ အပေါ် အထင်သေး အမြင်သေးရင် ပြီးရော မြန်မာနိုင်ငံမှာ မတည်ငြိမ်မှုတွေ ဖြစ်ရင် ပြီးရော ဆိုတဲ့ အကြံအစည်နဲ့ လုပ်ကြံ ဖန်တီး သတင်းတွေ ထုတ်လွှင့်နေတယ် ဆိုတာ အခု MR. Ross Striling Dunkley အဖမ်းခံရတဲ့ သတင်းက အထင်အရှား ဖြစ်လို့ နေပါတယ်။
တကယ်တော့ MR. Ross Striling Dunkley အဖမ်း ခံရတာဟာ စီးပွားရေး ကိစ္စလည်း မဟုတ် သူတို့ပြောတဲ့ လူဝင်မှု ကြီးကြပ်ရေး ကိစ္စလည်း မဟုတ်ပါဘူး။ အဲဒီ တဏှာရူး နှာဘူးကောင်က မခိုင်ဇာဆိုတဲ့ မြန်မာ မိန်းကလေးကို ပျော်ပါးဘို့ ခေါ်ယူပြီး မူးယစ်ဆေးတွေ သုံးစွဲစေခြင်းနဲ့ အဲဒီ မိန်းကလေးကို နောက်တစ်ကြိမ် ရှာဖွေပြီး ကာမ ရယူကာ ထိုးကြိတ် ရိုက်နှက်၊ ဆံပင်ကို ဆွဲကာ အုတ်နံရံ ကုတင်များနဲ့ ဆောင့်တိုက် လည်ပင်းကို ညစ်တာတွေကြောင့် မခိုင်ဇာဟာ အခုဆိုရင် ဂျပန်ဆေးရုံကြီးမှာ အတွင်း လူနာအဖြစ်နဲ့ ဆေးဝါးကုသ ခံနေရတာ ဖြစ်ပါ တယ်။
ဒီလို ညှဉ်းပမ်း နှိပ်စက်ခံရတဲ့ မခိုင်ဇာဟာ ရဲစခန်းကို သွားရောက် တိုင်တန်းလို့ အခုလို MR. Ross Striling Dunkley အဖမ်းခံရတာပဲ ဖြစ်ပါတယ်။ ဘယ်နိုင်ငံမှာ ဖြစ်ဖြစ် ဒီလို လူသားမဆန်စွာ နိုင်ထက်စီးနင်း အပြုအမူ မျိုးတွေကို လက်ပိုက် ကြည့်နေမှာ မဟုတ်ပါဘူး။ တရား ဥပဒေအရ ထိရောက်စွာ အရေးယူမှာ ဖြစ်ပါတယ်။

Sunday, February 13, 2011

ထင်ကျော်ထက် ၏ ဒေါသသံ



ဒေါ်စုကြည် နှင့် NLD အဖွဲ့အား ဘလော့ဂါ လွဏ်းဆွေမှ အက်ဆစ် အမည်ခံ၍ ဝေဖန်စာတစ်စောင် ထုတ်ပြန်မှု အပေါ် ယခင် ပေါက်ခေါင်းမြို့နယ် လူ့ဘောင်သစ်ပါတီဥက္ကဌ ဟောင်း ယခု အမေရိက တွင် နေထိုင်သူ ထင်ကျော်ထက်မှ တုန့်ပြန် ပြောဆိုထားသော အသံဖိုင် ဖြစ်ပါသည် ။ ပြောဆိုမှု တစ်နေရာတွင် " ...အေး...ငါလဲမင်းလိုပဲ အရက်သမားတစ်ယောက်ပါပဲ...ဒါပေမဲ့..." ဟု ပါရှိပါသည် ။ နားဆင် ကြည့် ကြပါ ခင်ဗျား......

နိုင်ငံတော်သမ္မတ က နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ အပါအ၀င် အဖွဲ့ဝင် ကိုးဦး၏ အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်း

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌ အပါအ၀င် အဖွဲ့ဝင်ကိုးဦး၏ အမည်စာရင်းကို ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းခဲ့ကြောင်း သိရှိရပါသည်။
၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပသော ပြည် ထောင်စုလွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော်သမ္မတက ယင်းအမည်စာရင်းကို တင်သွင်းခဲ့ခြင်းဖြစ်ပါသည်။
ထိုသို့ အမည်စာရင်းတင်သွင်းခဲ့ရာတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌမှာ ဦးသိန်းစိုး ဖြစ်ပါသည်။
နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးကို ဥက္ကဋ္ဌ အပါအ၀င် အဖွဲ့ဝင် ကိုးဦးအဖြစ် ဖွဲ့စည်းမည်ဖြစ်ရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ရွေးချယ်ထားသည့် အဖွဲ့ဝင်သုံးဦး မှာ ဦးသိန်းစိုး၊ ဒေါက်တာတင်အောင်အေးနှင့် ဒေါ်ခင်လှမြင့်တို့ ဖြစ်ပါသည်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က ရွေးချယ်ထားသည့် အဖွဲ့ဝင်သုံးဦးမှာ ဦးထွန်းကြည်၊ ဦးစိုးသိန်း၊ ဦးခင်ထွန်းတို့ဖြစ်ပြီး အမျိုးသား လွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ထား သည့် အဖွဲ့ဝင်သုံးဦးမှာ ဦးဆန်းမြင့်၊ ဦးမြင့်ကြိုင်နှင့် ဒေါ်မိမိရီတို့ဖြစ်ကြောင်း သတင်းရရှိပါသည် ။

Saturday, February 12, 2011

အဲဒါတွေကြောင့်စိတ်ညစ်တာ

ကမ္ဘာကျော် NLD ကကျင်းပတဲ့ ပြည်ထောင်စုနေ့အခမ်းအနား ဓါတ်ပုံတွေပါ အခမ်းအနားရဲ့ သဘောကိုက ခမ်းနားအောင်လုပ်ရပါတယ် NLD လုပ်ပုံက တော့ ဒီဓါတ်ပုံတွေ ကြည့်ရင် မြန်မာနိုင်ငံရဲ့ ပြည်ထောင်စုနေ့ ကို မလေးစားတဲ့အပြင် အထင်အမြင်သေးသွား အောင်တမင်များလုပ်နေသလား ထင်ရပါတယ်.....

ဘာအခမ်းအနားလုပ်လုပ် ဒီနေရာမှာပဲ ၊ ဒီလူတွေပဲ၊ ဒီနောက်ခံကားချပ်ပဲ ဒီပလပ်စတစ်ခုံအစုတ်ပဲ 
တိုင်းပြည်ကို ချမ်းသာအောင်လုပ်မဟဲ့ဘာညာနဲ့ အော်နေတာ ဒါလေးပဲ အရင်လဲနိုင် အောင်လုပ်ကြဦးဗျာ
ဒေါ်စု အင်္ကျီ ကလည်း ကြေမွနေတာပဲဗျာ..မီးပူလေးဘာလေးတိုက်ပေးလိုက်ကြပါဦး

လူဆိုးတွေနဲ့မေတိုင်ပင်
(ကာကွယ်ရေးဦးစီးချုပ်ဟောင်းကြီးကလဲ မိန်းမပုံတစ်ပုံကို ရင်ဘတ်မှာဆွဲလို့ပါလားဗျာ သူရဘွဲ့ထက်တောင် အလေးအနက်ထားပုံရတယ် )

NLD တင်တဲ့ရွှေမင်းသား
( ရဲရဲတောင်မကြည့်ရဲဘူးဗျာ...ဖိုးချစ်တို့ မှိန်သွားနိုင်တယ် .နောက်ကနှုတ်ခမ်းမွှေးနဲ့ ရှမ်းတိုင်းရင်းသားကြီးကလဲ ချစ်ချာကြီးနော်....)

NLD ရဲ့ ရှမ်းအိုးစည်
(ဘယ်ကကောက်လာတာတွေလဲမသိဘူး ..ပတ်စာ ကိုကြည့်လိုက်တာနဲ့ အိုးစည်သမားရဲ့ အရည်အချင်းကို သိနိုင်ပါတယ်...ကျွတ်ကျွတ်အိပ်ကြိုးတွေရှုပ်နေတဲ့ လင်းကွင်း သမားကတော့ ရှမ်းကုလား ထင်တယ် )

"ပြည်သူတွေ ဆန္ဒမစောဖို့အရေးကြီးတယ်"

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရသစ် မကြာမီပေါ်ထွန်းလာတော့မည်ဖြစ်ရာ ပြည်သူများက ဆန္ဒမစောကြရန် အရေးကြီး ကြောင်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ကိုယ်စားလှယ် ဦးမန်းမောင်မောင်ဉာဏ်က မြန်မာတိုင်း(မ်)ကို ဖေဖော်ဝါရီလ ၇ ရက်နေ့က ပြောကြားသည်။
"အခုလက်ရှိ ဒီအရပ်သားအစိုးရဟာ ဘာမှမလုပ်ရသေးဘူး။ ဥပဒေတောင် မပြဋ္ဌာန်းရသေးဘူး။ ဒါကြောင့် ပြည်သူတွေက ဆန္ဒမစော ဖို့အရေးကြီးတယ်။ "အလုပ်တစ်ခုဟာ မလုပ်ရသေးဘဲနဲ့ အကောင်းမြင်တာပဲဖြစ်ဖြစ်၊ အဆိုးမြင်တာပဲဖြစ်ဖြစ်၊ အဲဒါသိပ်မကောင်းဘူး။ အလုပ်ပေါ်မှာကြည့်ပြီးတော့မှ အကဲဖြတ်တာကောင်းတယ်" ဟု ပန်းတနော် မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဦးမန်းမောင်မောင်ဉာဏ်က ဆိုသည်။
၎င်းသည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နေရာနှင့် ဒုတိယဥက္ကဋ္ဌနေရာတို့အတွက် အမည်စာရင်းတင်သွင်းခြင်းခံရသော ကိုယ်စားလှယ် တစ်ဦးဖြစ်သည်။ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်နှစ်ရပ်ပေါင်း ပြည်ထောင်စု လွှတ်တော်တွင် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ၏ ကိုယ်စားလှယ် စုစုပေါင်း ၁၇ ဦးရှိသည့်အနက် ဧရာဝတီတိုင်းတွင် အနိုင်ရရှိသည့် တစ်ဦးတည်းသော ကိုယ်စား လှယ်လည်းဖြစ်သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ ခန့်အပ်

(၁၁-၂-၂၀၁၁)နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှာ လွှတ်တော် အစည်းအဝေးများ ကျင်းပပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ပြည်နယ် ၀န်ကြီးချုပ် နှင့် ၀န်ကြီးများ ခန့်အပ် ခဲ့ကြောင်း သတင်းရရှိပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရတွေမှာ ၀န်ကြီးဌာန ကိုးခုစီ ရှိမယ်လို့ လည်း သိရပါတယ်။ ယခု ခန်အပ်ခဲ့ တဲ့ ၀န်ကြီးချုပ်များ အမည်စာရင်းမှာ- 

၁။ ကချင်ပြည်နယ် ဦးလဂျွန်ငါန်ဆိုင်း

၂။ ကယားပြည်နယ် ဦးဘူးရယ်

၃။ ရှမ်းပြည်နယ် ဦးစ၀်အောင်မြတ်

၎။ မန္တလေးတိုင်း ဦးရဲမြင့်

၅။ ဧရာဝတီတိုင်း ဦးသိန်းအောင်

၆။ စစ်ကိုင်းတိုင်း ဦးသာအေး

၇။ ကရင်ပြည်နယ် ဗိုလ်မှူးချုပ်ဇော်မင်း

၈။ မွန်ပြည်နယ် ဦးအုန်းမြင့်

၉။ မကွေးတိုင်း ဦးဖုန်းမော်ရွှေ

၁၀။ တနသာင်္ရီတိုင်း ဦးခင်ဇော်

၁၁။ ပဲခူးတိုင်း ဦးဥာဏ်ဝင်း

၁၂။ ရန်ကုန်တိုင်း ဦးမြင့်ဆွေ

၁၃။ ရခိုင်ပြည်နယ် ဦးလှမောင်တင်
၁၄။ ချင်းပြည်နယ် ဦးဟုန်းငိုင်း တို့ ဖြစ်ပါတယ်။

Friday, February 11, 2011

အီဂျစ်သမ္မတ မူဘာရက် ရာထူးမှနှုတ်ထွက်

ရာထူးမှနှုတ်ထွက်သွားပြီဖြစ်သော သမ္မတ မူဘာရက်

အီဂျစ်နိုင်ငံကို နှစ်ပေါင်း ၃၀ ကြာ အုပ်ချုပ်ခဲ့သော သမ္မတ ဟော့စ်နီ မူဘာရတ်ဟာ အီဂျစ်သမ္မတရာထူးက နှုတ်ထွက်သွားကြောင်း အီဂျစ် ဒု သမ္မတ အိုမာ စူလေမန်က အီဂျစ်အစိုးရ ရုပ်သံမှတဆင့် ထုတ်ပြန် ကြေညာသွားပါတယ်။ ဒေသစံတော်ချိန် ညနေ ၆ နာရီ (အမေရိကန် အရှေ့ဘက်စံတော်ချိန် နံနက် ၁၁ နာရီ) တွင် ထုတ်လွှင့်တဲ့ အီဂျစ် ဒု သမ္မတ အိုမာ စူလေမန် (Omar Suleiman) ရဲ့ ကြေညာချက်မှာ မူဘာရတ် ရာထူးက နှုတ်ထွက်သွားကြောင်း ပြောဆိုသွားပါတယ်။

မူဘာရတ်ဟာ အခုအခါမှာ ဆိုင်းနိုင်းဒေသက ရှမ်အယ်လ် ရှာ့ (Sharm el-Sheikh) မြို့မှာ နေထိုင်လျက်ရှိပြီး အီဂျစ်နိုင်ငံကို စစ်ကောင်စီက အုပ်ချုပ်မှာ ဖြစ်ကြောင်း သိရပါတယ်။   မူဘာရတ်ဟာ  ၁၉၈၁ ခုနှစ်က အီဂျစ်သမ္မတ အန်န်ဝါ ဆာဒတ် (Anwar El Sadat) လုပ်ကြံခံရပြီးနောက် အီဂျစ်နိုင်ငံ အကြီးအကဲဖြစ်လာခဲ့ပါတယ်။ သမ္မတ မူဘာရတ် ရာထူးက နှုတ်ထွက်သွားခဲ့ပေမယ့် လက်ရှိ အီဂျစ်နိုင်ငံရဲ့ ဒု သမ္မတ အိုမာ စူလေမန်ဟာ ထောက်လှမ်းရေးအကြီးအကဲ ဖြစ်နေပြီး အီဂျစ်ကို စစ်ကောင်စီက ပဲ ဆက်လက် အုပ်ချုပ်သွားဦးမှာ ဖြစ်ပါတယ်။
အီဂျစ်နိုင်ငံဟာ ကမ္ဘာမှာ နံပါတ် ၁၀ ခုမြောက် အကြီးဆုံး တပ်မတော်ကို ပိုင်ဆိုင်ထားပြီး အီဂျစ် တပ်မတော်ဟာ နှစ်စဉ်အမေရိကန်ပြည်ထောင်စုရဲ့ စစ်ရေးအကူအညီ အမေရိကန်ဒေါ်လာ နှစ်ဘီလျံခန့်ကို ရရှိနေတာဖြစ်ပါတယ်။ အီဂျစ်နိုင်ငံမှာ ကမ္ဘာ့ကုန်သွယ်မှုမှာ အဓိကကျတဲ့ စူးအက်တူးမြောင်း တည်ရှိပြီး အာရပ်ကမ္ဘာ၊ အာဖရိကတိုက်မြောက်ပိုင်း၊ အရှေ့အလယ်ပိုင်း၊ မြေထဲပင်လယ်တို့နဲ့ ထိစပ်နေကာ ပထ၀ီအနေအထားအရ အရေးကြီးတဲ့နေရာတွင် တည်ရှိနေပါတယ်။ ထို့အပြင် အာရပ်ကမ္ဘာက အလေးထားစောင့်ကြည့်ရတဲ့ နိုင်ငံတစ်ခု ဖြစ်ကြောင်းသတင်းရရှိပါသည်။

ဘကြီးခြေရာ နင်းတဲ့ဒေါ်စု

( အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ Sanction နဲ့ပတ်သက်တဲ့ သဘောထား ထုတ်ပြန်ချက် အကြောင်း ဝေဖန် သုံးသပ်ထားတဲ့ အောင်ထက်ရဲ့ စာဖြစ်ပါတယ်။ )
ဒီချုပ်ရဲ့ ဖေ ၈ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ချက်က မြန်မာနိုင်ငံအပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ဆက်ထားဖို့ လိုတယ် ဆိုတဲ့ သဘောထားကို ထပ်ပြီး အတည်ပြု လိုက်ပါတယ်။ စာမျက်နှာ ၆ မျက်နှာပါတဲ့ ဒီစာတမ်းရဲ့ နောက်ဆုံး အနှစ်ချုပ်က တော့ ဒီစီးပွားရေး ပိတ်ဆို့မှုဟာ ဒီချုပ် ဒါမှမဟုတ် ဒေါ်စု တောင်းဆိုလို့ လုပ်တာမဟုတ်၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တိုးတက်ဖို့ အတွက် သက်ဆိုင်ရာ နိုင်ငံများက ဆုံးဖြတ် လုပ်ဆောင်တာသာ ဖြစ်တယ်။ လူထုကိုလည်း မဆို စလောက်သာ ထိခိုက်တာဖြစ်တယ် ဆိုတဲ့ သဘောတရား ပါပဲ။
ဒီချုပ်ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ပြောချင်တာ တစ်ချက်ပဲရှိတယ်။ အဲဒါကတော့ ဒီထုတ်ပြန်ချက်ဟာ ဘယ်က မြစ်ဖျားခံ လာသလဲ ဆိုတဲ့ အချက်ပဲ။ ဒေါ်စု လွတ်လာတဲ့ အခါ ပြည်ပ မီဒီယာတွေနဲ့ အင်တာဗျူး အတော်များများ လုပ်တယ်။ အဲဒီလိုပြောတဲ့ အထဲမှာ နိုင်ငံတကာကို ဂယက်ရိုက်သွားတဲ့ အဖြေနှစ်ခု ပါသွားတယ်။ ပထမတစ်ခုက ဒေါ်စုက စီးပွားရေး ပိတ်ဆို့တာကြောင့် ပြည်သူကို ထိခိုက်တယ်ဆိုရင် ဒါကို ပြန်စဉ်းစားမယ်လို့ ပြောလိုက်တဲ့ အချက်၊ နောက်တစ်ခုက စစ်ခေါင်းဆောင်တွေကို နိုင်ငံတကာ တရားရုံးတင်ဖို့ ကိစ္စကို သူသဘော မတူဘူးလို့ အဓိပ္ပါယ် သက်ရောက်စေတဲ့ အဖြေ ဖြစ်တယ်။ ဒီနှစ်ခုလုံးဟာ ပြည်ပြေးတွေနဲ့ မြန်မာကို အရေးယူဖို့ အစဉ်တစိုက် လုပ်ခဲ့တဲ့ အမေရိကန် ကွန်ဂရက်ထဲမှာ အကြီးအကျယ် ဂယက်ရိုက်သွားတယ်။ အထူးသဖြင့် အီးယူလို Target Sanction မဟုတ်ဘဲ ကျယ်ကျယ်ပြန့်ပြန့် ပိတ်ဆို့ထားတဲ့ အမေရိကန် လွှတ်တော်မှာ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားတယ်။ သူတို့ဘက် ကတော့ ဒါဟာ စောလွန်းသေးတယ်လို့ မြင်တယ်။ ထုံးစံအတိုင်း မြန်မာ့အရေး ခေါင်းစဉ်အောက်က ပြည်ပမှ ဝေေ၀ဆာဆာ ဖြစ်နေတဲ့ အုပ်စုတွေကတော့ စီးပွားရေး ပိတ်ဆို့မှုကို ရုပ်သိမ်းဖို့ လေသံတောင် မကြားချင်ဘူး။ နောက်ဆုံး ဒီသဘောထား တွေဟာ ဒေါ်စုဆီ ရောက်သွားပြီးတော့ စီးပွားရေး ပိတ်ဆို့တာနဲ့ ပတ်သက်ရင် ကျယ်ကျယ်ပြန့်ပြန့် ပြန်စဉ်းစားမယ်ဆိုတဲ့ လေသံဖြစ်သွားသလို နိုင်ငံတကာ တရားရုံးနဲ့ ပတ်သက်လို့ကတော့ သူအဲဒီလို ပြောတာ မဟုတ်ဘူး၊ သတင်းထောက်က နားလည်းမှု လွဲတာဆိုပြီး ဖြစ်သွားတယ်။

တိုင်းဖျက် ပြည်ဆူ လုပ်ကိုင်သူ အမျိုးသားရေး ဘုံရန်သူ

NLD ရဲ့ နိုင်ငံတော် အစိုးရ ဆန့်ကျင်ရေးမှ လူမှုရေး ပဋိပက္ခများမှ လူထု အုံကြွရေး လှုံ့ဆော်မှု အရှိန်အဟုန်မြှင့် လာသည်နဲ့ အမျှ NLD မှ အဓိက အခြေပြု လှုပ်ရှားနေတဲ့ ၂၁ ရာစု ပင်လုံညီလာခံ ဖော်ဆောင်ရေး ဆိုတဲ့ နိုင်ငံရေး၊ မဟာဗျူဟာ အထောက်အကူပြု လူထု လှုပ်ရှားမှုအတွက် လူငယ်ကွန်ယက် ဖြန့်ကျက် လှုပ်ရှားမှု၊ ဒေါ်စုကြည်ရဲ့ ဆန္ဒတူညီမှုအရ လှုပ်ရှားနေကြတဲ့ Media Network လှုပ်ရှားမှုတွေဟာ ယခု မျက်မှောက် ကာလမှာ အရှိန်အဟုန် မြှင့်တဲ့ အဆင့်ကို ရောက်ရှိ လာတယ်လို့ သုံးသပ်တွေ့ရှိရမှာ ဖြစ်ပါတယ်။
NLD ရဲ့ အရှိန်မြှင့်တင် လှုပ်ရှားလာမှု တွေဟာ တိုင်းနဲ့ ပြည်နယ်တွေမှာ အရှိန်ယူ လှုပ်ရှားနေတဲ့ လူငယ်ကွန်ရက် လှုပ်ရှား မှု၊ လူငယ်တွေနဲ့ လက်ဝဲ နိုင်ငံရေး သမားတွေကို ရှေ့တန်းတင် လှုပ်ရှားမှုတွေဟာ နယ်စပ် လှုပ်ရှားမှု၊ လူမှုရေး အထောက်အကူ ပြုမှုတွေကို အခြေခံထားပြီး ဆန် ထောက်ပံ့ပေးမှု၊ နာရေးကူညီမှုအသင်း ကဲ့သို့ လှုပ်ရှားမှုတွေကို နိုင်ငံတကာ နိုင်ငံရေးအဆင့်မှာ မြန်မာနိုင်ငံ အပေါ် စီးပွားရေး ပိတ်ဆို့မှုများ ဆိုတဲ့ ခေါင်းစဉ်တွေနဲ့ မြန်မာနိုင်ငံအပေါ် အမေရိကန်နဲ့ အီးယူ နိုင်ငံတွေက စီးပွားရေး ပိတ်ဆို့မှုတွေ အပေါ် ဆက်လက် ထောက်ခံတဲ့ သဘောထားတွေကို အလေးအနက်ထား ၀ါဒဖြန့် လုပ်ဆောင်လာကြောင်း မြင်တွေ့ ကြားသိကြရမှာ ဖြစ်ပါတယ်။

Wednesday, February 9, 2011

အကြောင်းအကျိုးနဲ့ ဆိုပေမယ့် အကောင်းအဆိုးတော့ ခွဲတတ်ဖို့ လိုတယ်

မြန်မာနိုင်ငံမှာ စီးပွားရေး အနိဋ္ဌာရုံများနဲ့ ရင်ဆိုင် တွေ့ကြုံနေရတဲ့ အဓိက အကြောင်းရင်းများမှာ အားနည်းသော စီးပွားရေး မူဝါဒနဲ့ စွမ်းဆောင်မှုများ၊ မှားယွင်းတဲ့ စီမံခန့်ခွဲမှုနဲ့ ဆွဲဆောင်မှု ကင်းမဲ့တဲ့ ရင်းနှီးမြှုပ်နှံမှု အခြေအနေ တို့ကြောင့်သာ ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေ အဖွဲ့ (IMF) က တိကျ ပြတ်သားစွာ ပြောဆိုခဲ့တယ်လို့ NLD ရဲ့ စီးပွားရေး ဆက်လက် ပိတ်ဆို့ရေး ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီအချက်နဲ့ ပတ်သက်ပြီး မေးလိုတာက (IMF) က မြန်မာနိုင်ငံရဲ့ စီးပွားရေး အခြေအနေနဲ့ ပတ်သက်ပြီး ဘယ်လောက် တိတိကျကျ စစ်တမ်းကောက်ယူခဲ့ဖူး ပါသလဲ။ နောက်ပြီး မြန်မာနိုင်ငံရဲ့ လက်ရှိ ပကတိ အခြေအနေတွေကိုရော လေ့လာ မှတ်တမ်းတင်မှု စနစ်တကျ ရှိပါသလား။ မြန်မာနိုင်ငံအပေါ် ဆန့်ကျင်ဘက်တွေ မဟုတ်မဟတ် လုပ်ဇာတ်တွေနဲ့ အမြဲ ၀ါဒဖြန့်နေတဲ့ အဖွဲ့အစည်းတွေရဲ့ တင်ပြတဲ့ စာတမ်းတွေ တင်ပြချက်တွေအပေါ် ကောက်ယူ သုံးသပ်ပြီး မြန်မာနိုင်ငံမှာ စီးပွားရေး အနိဋ္ဌာရုံများနဲ့ ရင်ဆိုင် တွေ့ကြုံနေ ရတယ် ဆိုတာ ဒါမတရား စွပ်စွဲချက်တွေသာ ဖြစ်ပါတယ်။ နောက်ပြီး ဒီမတရား စွပ်စွဲချက်တွေကို NLD အနေနဲ့ ပိုင်ပြီကွ ဆိုပြီး ကြေညာချက်ထုတ်ပြန်လို့ ကိုယ့်နိုင်ငံကိုယ် သိက္ခာချ ကိုယ့်နိုင်ငံ သားတွေကို စကားလုံးနဲ့ နစ်မွန်းစေတဲ့ လုပ်ရပ်ကတော့ ဘယ်ရှုထောင့်က ကြည့်ကြည့် အလွန် အောက်တန်းကျတဲ့ လုပ်ရပ် တစ်ခုသာ ဖြစ်ပါတယ်။