xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar

Wednesday, October 5, 2011

ထိုင်းဝန်ကြီးချုပ်သစ် မြန်မာနိုင်ငံသို့ရောက်ရှိ



ထိုင်းဝန်ကြီးချုပ်သစ် ယင်းလတ် ရှင်န၀ပ်ဟာ ဒီကနေ့ နေ့လည်ပိုင်းမှာ မြန်မာနိုင်ငံကို ရောက် ရှိနေပြီဖြစ်ပါတယ်။ ထိုင်းဝန်ကြီးချုပ်သစ် အနေနဲ့ ဒီမြန်မာခရီးစဉ်ဟာ ပထမဆုံး တရားဝင် ချစ်ကြည်ရေးခရီးစဉ် ဖြစ်ပါတယ်။

ဒီ ခရီးစဉ်ဟာ အာဆီယံအတွင်းက ၀န်ကြီးချုပ်သစ် တဦးအနေနဲ့ နိုင်ငံချစ်ကြည်ရေးခရီးစဉ်ထွက် မိတ်ဆက်တဲ့ လုပ်ရိုးလုပ်စဉ်လိုဖြစ်နိုင်ပေမယ့် ဒီထက်ပိုတဲ့ ဆွေးနွေးမှုတွေ ရှိနိုင်တယ်လို့ သုံးသပ်မှုများလဲရှိနေပါတယ် ။

သူမရဲ့ခရီးစဉ်ဟာ ၁ ရက်သာ ကြာမြင့်မှာဖြစ်ပြီး နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် အပါအ၀င် ထိပ်တန်းတာဝန်ရှိသူများနဲ့ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ကာ ညပိုင်းတွင် ညစာစားပွဲတက်ရောက်ပြီး ညတွင်းချင်း ဆိုသလို ထိုင်းနိုင်ငံကို ပြန်လည်ထွက်ခွာသွားမှာဖြစ်ကြောင်းလည်းသိရပါတယ် ။

သူမ၏ အကိုဖြစ်သူ သက်ဆင်ရှင်နာဝပ် လက်ထက်တုံးကတော့ မြန်မာ အစိုးရနဲ့ နှစ်နိုင်ငံဆက်ဆံရေးအထူး ကောင်းမွန်ခဲ့ပြီး နောက်ပိုင်းတက်လာတဲ့ဝန်ကြီးချုပ်အဘီဆစ် လက်ထက်မှာတော့ နှစ်နိုင်ငံဆက်ဆံရေးဟာ ပုံမှန်အဆင့်သာရှိတော့တယ်လို့ သုံးသပ်သူများက ဆိုပါတယ် ။

ကမ်းလွန်သယံဇာတ ဘယ်သူပိုင်သလဲ

နေပြည်တော်က လွှတ်တော် အစည်းအဝေးမှာ ရခိုင်အမတ် တစ်ဦးက ကျောက်ဖြူကနေ ၂၅ မိုင်အကွာမှာ ရှိတဲ့ ရွှေ သဘာဝ ဓာတ်ငွေ့ စီမံကိန်းက ရတဲ့ ဓာတ်ငွေ့ကို သုံးပြီး ကျောက်ဖြူကို လျှပ်စစ်မီး ပေးဖို့ ရှိမရှိ မေးတော့ စွမ်းအင်ဝန်ကြီးက အဲဒီလို အစီအစဉ် မရှိဘူး၊ စာချုပ် စည်းကမ်းအတိုင်း ရောင်းရမှာ ဖြစ်တယ်၊ ရခိုင်ပြည်နယ် အတွက် အခု ဆောက်နေတဲ့ ရေအားလျှပ်စစ် စီမံကိန်း သုံးခုကနေ မီးပေးမယ်၊ အခု လိုင်းတွေဆွဲဖို့ ပြင်နေပြီလို့ ဖြေတယ်။ 
 
အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ပြည်တွင်းက CRPP ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ဦးအေးသာအောင်နဲ့ ပြည်ပရောက် ရခိုင်ပညာရှင် တစ်ချို့က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ သူတို့ ဆိုလိုချက် ကတော့ ဒါဟာ ရခိုင်ပြည်နယ်က ထွက်တာဖြစ်လို့ ရခိုင်ပြည်နယ်နဲ့ ဆိုင်တယ်။ သူတို့ပဲ သုံးခွင့်ရှိတယ် ဆိုတဲ့ အချက်ပါပဲ။ 
 
ဒီပြောဆိုချက်များဟာ ပြည်ထောင်စုစနစ် ကျင့်သုံးတဲ့ နိုင်ငံတွေမှာ အမြဲဖြစ်လေ့ရှိတဲ့ ပြည်ထောင်စု အစိုးရ အခွင့်အရေးနဲ့ ပြည်နယ် အခွင့်အရေးကြား အငြင်းပွားမှု ပါဘဲ။ ဒီကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံတကာမှာ ဘယ်လိုရှိသလဲ ဆိုတာကို လေ့လာ တင်ပြချင်ပါတယ်။ 
 
ထုံးစံအတိုင်း ပြည်ထောင်စုစနစ် အပီပြင်ဆုံးလို့ ပြောနိုင်တဲ့ အမေရိကန်ကို ကြည့်ရအောင်။ အမေရိကန်က ကမ်းလွန် ပင်လယ်ပြင်ကနေ အမေရိကန်ရဲ့ ရေနံထုတ်လုပ်မှု ၂၇% နဲ့ ဓာတ်ငွေ့ထုတ်လုပ်မှု ၁၄% ကို ထုတ်လုပ်ပါတယ်။ တကယ်တော့ ဒီထက် အများကြီး ထုတ်လုပ်နိုင်ပါပေမယ့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စရယ်၊ မိမိနိုင်ငံက ရေနံကို အရန်ထားပြီး ပြည်ပက ရေနံကို သုံးမယ်ဆိုတဲ့ မဟာဗျူဟာကြောင့် ဒီလောက်ပဲ ထုတ်တာပါ။ 
 
အဲဒီ ကမ်းလွန် သဘာဝဓာတ်ငွေ့နဲ့ ရေနံတွင်း အများစုဟာ ကယ်လီဖိုးနီးယား၊ လူဝီစီယားနားနဲ့ အလာစကား ပြည်နယ်များရဲ့ ကမ်းလွန်ဒေသမှာ ရှိပါတယ်။ အမေရိကန်ဟာ ၁၈၉၆ ခုနှစ်ကစပြီး ကယ်လီဖိုးနီးယား ကမ်းခြေမှာ ဖောင်တွေပေါ်က တဆင့် ပင်လယ်ကမ်းခြေမှ ရေနံတူးတာ စခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်ထဲက ရေနံတူးဖော်ခွင့်ကို ပြည်ထောင်စု အစိုးရ ပေးမှာလား၊ ပြည်နယ် အစိုးရက ပေးမှာလား ဆိုတာ စကား များခဲ့ကြပါတယ်။ အမေရိကန် အခြေခံဥပဒေ ရေးဆွဲတုန်းက ရေနံလုပ်ငန်း မရှိသေးတော့ ဒီိကိစ္စကို အခြေခံ ဥပဒေထဲမှာ ပြည်ထောင်စု လုပ်ပိုင်ခွင့်လား၊ ပြည်နယ် လုပ်ပိုင်ခွင့်လား ဆိုတာရေး မထားခဲ့ဘူး။

Sunday, October 2, 2011

ဧရာဝတီမှသည်............

မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ သြဂုတ်လ အတွင်းက စလို့ ပြည်သူတွေ အတွင်းမှာ ဝေဖန် ဆန့်ကျင်မှုတွေ ပြင်းထန် လာခဲ့ပါတယ်။ အခုတော့ အစိုးရ သက်တမ်း ခြောက်လ ပြည့်တဲ့နေ့မှာ သမ္မတ ဦးသိန်းစိန်က ပြည်သူတွေ စိတ်ချမ်းမြေ့စေဖို့ အတွက် သူ့အစိုးရ သက်တမ်း ကာလမှာ မြစ်ဆုံဆည်ကို တည်ဆောက်ခြင်း မပြုစေဘဲ ရပ်ဆိုင်းထားပါ့မယ် ဆိုတဲ့ သတင်းကောင်းကို ပေးခဲ့ပါပြီ။ ဒီသတင်းအပေါ် ပြည်သူလူထုက၊ နိုင်ငံရေး၊ စီးပွားရေး၊ စာနယ်ဇင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးစတဲ့ ကဏ္ဍ အသီးသီးက ထင်ရှားသူများက ကြိုဆိုခဲ့ကြသလို သမ္မတသစ် အပေါ် ထောက်ခံမှုလည်း ပေးခဲ့ကြပါတယ်။ ဒါပေမယ့် မြစ်ဆုံဆည် စီမံကိန်းကို ရပ်ဆိုင်းထားဖို့ ဆုံးဖြတ် လိုက်ခြင်းဟာ မြစ်ဆုံ ဆည်ဆောက်ဖို့ ဆုံးဖြတ် ခဲ့သလိုပဲ ရိုက်ခတ်မှု ကြီးမားပါလိမ့်မယ်။ အဲဒီထဲက ဘာတွေက အကောင်းဘက်ကို ဦးတည်ပြီး ဘာတွေက စိန်ခေါ်မှုအဖြစ် ပေါ်လာမလဲ စဉ်းစား ကြည့်ရအောင်

အစိုးရအဖွဲ့အပေါ်ယုံကြည်မှု
ဦးသိန်းစိန်ကို လွှတ်တော်ကနေ သမ္မတအဖြစ် ရွေးချယ်လိုက်တဲ့ အချိန်မှာ အနားယူ သွားတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နောက်ကနေ ဆက်ပြီး ကြိုးကိုင် ထားဦးမှာပဲလို့ လူအများက ယူဆကြတယ်။ အစိုးရကို ဆန့်ကျင်နေတဲ့ အုပ်စုတွေက ပိုပြီး ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြတယ်။
 
ဒါပေမယ့် သမ္မတရာထူး လက်ခံပြီးနောက် လွှတ်တော်ကို ပြောတဲ့ မိန့်ခွန်းနဲ့ အစိုးရအဖွဲ့ဝင်များကို ပြောတဲ့ မိန့်ခွန်းနှစ်ခုဟာ ပြည်သူတွေကို သာမက နိုင်ငံတကာမှာပါ မျှော်လင့်ချက်အချို့ ဖြစ်ပေါ်စေခဲ့ပါတယ်။ အစိုးရသစ် တာဝန် စယူပြီးနောက် လုပ်ဆောင်ချက်များကြောင့် တစ်ဖြေးဖြေးနဲ့ အကောင်း မြင်သူတွေ ပိုများလာတယ်လို့ ဆိုနိုင်ပါတယ်။ မြစ်ဆုံဆည်ကို ရပ်ဆိုင်းထားဖို့ ဆုံးဖြတ် လိုက်ချိန်မှာတော့ လူတွေ မပြောင်းပေမယ့် စနစ် တကယ် ပြောင်းသွားခဲ့ပြီလို့ ယုံကြည်သူတွေ ပိုများလာပြီ ဖြစ်ပါတယ်။ နိုင်ငံရေး အကျဉ်းသား ကိစ္စလို ဖြေရှင်းစရာ ကိစ္စတွေ ကျန်နေသေးပေမယ့် လွှတ်တော်က လွတ်ငြိမ်း ချမ်းသာခွင့် ထုတ်ပြန်ဖို့ သမ္မတကို မေတ္တာ ရပ်ခံခဲ့တာ၊ ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုအပြီး ထုတ်ပြန်ချက်မှာ နိုင်ငံတော် သမ္မတက လွတ်ငြိမ်း ချမ်းသာခွင့် ပေးရန် ဆောင်ရွက်နေတဲ့ ကိစ္စကို ညွှန်းထားတော့ ဒီကိစ္စဟာလည်း မကြာခင် အဖြေ ထွက်လာမယ့် သဘော ဖြစ်ပါတယ်။ ဒီကိစ္စသာ အကောင်အထည် ပေါ်လာပြီဆိုရင် အစိုးရသစ် အပေါ် ပြည်သူတွေရဲ့ ယုံကြည်မှု ပိုလာမှာ အသေအချာ ဖြစ်ပါတယ်။
 
လွှတ်တော်အပေါ် ယုံကြည်မှု
ပထမအကြိမ် လွှတ်တော် အစည်းအဝေးဟာ ကန့်သတ်မှု၊ ချုပ်ချယ်မှုတွေ များလွန်းတဲ့ အတွက် လွှတ်တော် အဆင့်ဆင့် အပေါ် လူထုက ယုံကြည်မှု မရှိသလောက် ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် အဲဒီအချိန်ထဲက အချို့ အကဲခတ်များနဲ့ လွှတ်တော် ကိုယ်စားလှယ် အချို့က ပထမအကြိမ် လွှတ်တော်ဟာ နအဖ အစိုးရက လမ်းပြမြေပုံရဲ့ နောက်ဆုံးအဆင့် အဖြစ် သူတို့ကိုယ်တိုင် ကြီးကြပ် ကျင်းပတာ ဖြစ်တဲ့အတွက် ဒီလို ကန့်သတ်ချက်တွေ ရှိနေတာ ဖြစ်တယ်။ နောက်တစ်ကြိမ် လွှတ်တော် ခေါ်တဲ့အခါ စောင့်ကြည့်ပါ၊ အဲဒီ လွှတ်တော်သာလျှင် အခြေခံဥပဒေနဲ့ အညီ လွှတ်တော် ဥက္ကဌများက တာဝန်ယူပြီး ကျင်းပမှာ ဖြစ်တယ်လို့ ဆိုခဲ့ကြပါတယ်။ အခု ဒုတိယအကြိမ် လွှတ်တော် ကျင်းပတဲ့ အချိန်မှာတော့ ပိုပြီး လွတ်လပ် ပွင့်လင်းလာ၊ ပြောဆို ရဲလာတာကို တွေ့ရသလို တပ်မတော်သား အမတ်တွေ ဘက်မှာလည်း အစိုးရ ၀န်ကြီးတွေ တင်တဲ့ ဥပဒေကြမ်းတွေ အပေါ် ပြင်ဆင်ချက်တွေ တင်တာ၊ ဦးသိန်းညွန့် တင်သွင်းတဲ့ လွတ်ငြိမ်း ချမ်းသာခွင့် အဆိုကို ထောက်ခံ ဆွေးနွေး မဲပေးခဲ့တာတွေ လုပ်လာတာ အားလုံး တွေ့ခဲ့ရပြီး ဖြစ်ပါတယ်။

Saturday, October 1, 2011

နိုင်ငံတော် သမ္မတက လွှတ်တော်သို့ပေးပို့သောသ၀ဏ်လွှာ

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ယနေ့ ကျင်းပလျက်ရှိသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယ ပုံမှန် အစည်းအဝေးနှင့် ပထမအကြိမ် အမျိုးသား လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေးတို့သို့ သက်ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌများ လိပ်မူလျက် သဝဏ်လွှာပေးပို့ခဲ့သည်။ ယနေ့ပေးပို့သည့် သဝဏ်လွှာ အပြည့်အစုံမှာ အောက်ပါ အတိုင်းဖြစ်သည်- 
 

၁။ ပထမအကြိမ် အမျိုးသား လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးကို ပြည်သူတို့၏ အကျိုးငှာ အားသွန် ခွန်စိုက် ကျင်းပ ပြုလုပ်နေသည့် ဥက္ကဋ္ဌကြီးနှင့်တကွ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေရန် ဆုတောင်း မေတ္တာပို့သအပ်ပါသည်။
 
၂။ တစ်ချိန်တည်း၌ပင် မိမိတို့ ပြည်ထောင်စု အစိုးရ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များအနေနှင့်လည်း ကောင်းမွန်သော အုပ်ချုပ်ရေး၊ သန့်ရှင်းသော အစိုးရ ဖြစ်ပေါ်ရေး၊ ဒီမိုကရေစီ ကျင့်စဉ်များ ထွန်းကားရေး၊ တရားဥပဒေ စိုးမိုးရေး၊ စီးပွားရေး ပြုပြင် ပြောင်းလဲရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို ဟန်ချက်ညီစွာ ဆောင်ရွက်လျက် ရှိပါသည်။
 
၃။ တိုင်းရင်းသား ပြည်သူအပေါင်းတို့၏ တူညီသော မျှော်မှန်းချက်သည် နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးနှင့် နိုင်ငံတော် ခေတ်မီ ဖွံ့ဖြိုးရေးတို့ ဖြစ်ပါသည်။ ပြည်ထောင်စု အစိုးရသည် တိုင်းရင်းသား ပြည်သူတို့၏ ဆန္ဒနှင့်အညီ နိုင်ငံတော် တည်ငြိမ် အေးချမ်းရေး အတွက် ဥပဒေပြင်ပသို့ ရောက်ရှိနေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား ထာဝရ ငြိမ်းချမ်းရေး ရရှိရန် ဆက်သွယ် ကမ်းလှမ်း ဖိတ်ခေါ် ဆောင်ရွက်ခဲ့ရာ ယခုအခါ အထူးဒေသ(၂) "ဝ" အဖွဲ့နှင့် အထူးဒေသ (၄) အဖွဲ့တို့သည် ပြည်နယ်အဆင့် သဘော တူညီချက်များ ရရှိခဲ့ပြီး ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲများပင် စတင် ဆောင်ရွက်လျက် ရှိနေပြီ ဖြစ်ပါသည်။ အချို့အဖွဲ့များ သည်လည်း ပြည်နယ် အစိုးရများထံ ငြိမ်းချမ်းရေး ရယူရန် ဆက်သွယ် ဆောင်ရွက်မှုများ ရှိနေပါသည်။
 
၎။ တစ်ချိန်တည်း၌ပင် အကြောင်း အမျိုးမျိုးကြောင့် ပြည်ပသို့ ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသား တိုင်းရင်းသား များလည်း ကိုယ့်နိုင်ငံ၊ ကိုယ့်ဒေသသို့ ပြန်လာလိုပါက ပြန်လာနိုင်ရန် စိစစ်လက်ခံခဲ့ရာ တစ်ချို့ ပြန်လာနေကြပြီ ဖြစ်ပါသည်။ အကျဉ်းသားများ လွှတ်ပေးရေး ကိစ္စများကိုလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အပ်နှင်းထားသည့် အခွင့်အာဏာ အတွင်းမှ ဆောင်ရွက် ပေးသွားမည် ဖြစ်ပါသည်။ အမျိုးသား အကျိုးစီးပွား အတွက် ထိုသို့ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေချိန်တွင် ပါတီအချို့နှင့် အင်အားစု အချို့တို့သည် အစိုးရ အခက်အခဲ အကျပ်အတည်း တွေ့အောင်၊ တည်ငြိမ် အေးချမ်းမှု ပျက်ပြားအောင် ကြံရွယ်၍ လှုပ်ရှား လုပ်ဆောင်မှုများ ပြုလုပ်နေကြသည်ကို စိတ်မချမ်းမြေ့ဖွယ် တွေ့ရှိနေရပါသည်။
 
၅။ တိုင်းပြည် ခေတ်မီဖွံ့ဖြိုးရေး အတွက် စိုက်ပျိုးရေးကို အရှိန်အဟုန်မပျက် တိုးတက်အောင် ဆောင်ရွက်ရင်း စက်မှုနိုင်ငံ ထူထောင်နိုင်ရန် ရည်ရွယ်၍ ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါသည်။ ထိုသို့ ကြိုးပမ်း ဆောင်ရွက်ရာတွင် စက်မှုနိုင်ငံ ထူထောင်နိုင်ရန် လျှပ်စစ်စွမ်းအင် လိုအပ်ချက်သည် အဓိကကျပါသည်။ လျှပ်စစ်စွမ်းအင် ရရှိနိုင်သည့် နည်းလမ်းများ အနက် အဏုမြူစွမ်းအင် ထုတ်လုပ် သုံးစွဲရေးမှာ ကမ္ဘာ့ဖြစ်စဉ်များ အရ အန္တရာယ် ကြီးမားလှသည့်အပြင် ငွေကြေး မပြည့်စုံမှု၊ နိုင်ငံရေးအရ၊ အများသူငါ လက်မခံမှုတို့ကြောင့် မိမိတို့နိုင်ငံ အတွက် မဖြစ်နိုင်သောကိစ္စ ဖြစ်ပါသည်။ ကျောက်မီးသွေးဖြင့် လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရန် ကျောက်မီးသွေး သယံဇာတမှာလည်း တစ်နိုင်ငံလုံး အတွက် လုံလောက်မှု မရှိသည်ကို ကိုယ်စားလှယ်တော်ကြီးများ အသိပင် ဖြစ်ပါသည်။
 
၆။ မြန်မာ့ပင်လယ်ပြင်မှ သဘာဝ ဓာတ်ငွေ့ ထွက်ရှိသော်လည်း ပြည်ပ အရင်းအနှီးများဖြင့် ထုတ်လုပ်သည့် ကိစ္စဖြစ်၍ မိမိတို့ လိုအပ်သလောက် မရနိုင်ဘဲ အချို့အဝက်သာ ခွဲဝေရရှိပါသည်။ ပြည်ပချေးငွေဖြင့် အရင်းအနှီးအချို့ ထည့်ဝင်ထားခဲ့ရာ အနာဂတ်တွင် အကျိုးခံစားရမည် ဖြစ်သော်လည်း လောလောဆယ်တွင်မူ ချေးငွေအပေါ် အတိုးများ အရစ်ကျ ပေးဆပ်နေရသည့် အခြေအနေ ဖြစ်ပါသည်။ ကုန်းတွင်း၌ သဘာဝ ဓာတ်ငွေ့ ရှာဖွေ ထုတ်လုပ် နေသော်လည်း ပြည်တွင်း သုံးစွဲရန်အတွက်ပင် လုံလောက်မှု မရှိသေးပါ။
 
၇။ မြန်မာနိုင်ငံတွင် ပြည့်ဖြိုးမြဲ ဖြစ်သော ရေအားလျှပ်စစ် ထုတ်ယူနိုင်သည့် သဘာဝက ပေးထားသော မြစ်ချောင်းများ ရှိနေသဖြင့် အဆိုပါ မြစ်ချောင်းများမှ ပြည်တွင်း ပြည်ပ အရင်းအနှီးများ ရယူ၍ လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်ရေး အတွက် တပ်မတော် အစိုးရ လက်ထက်တွင် ကြိုးပမ်း ဆောင်ရွက်ခဲ့ရာ ယခင်က ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံ (၂) ရုံ၊ သဘာဝ ဓာတ်ငွေ့သုံး ဓါတ်အားပေး စက်ရုံ (၇)ရုံသာ ရှိခဲ့ပြီး စုစုပေါင်း စက်တပ်ဆင်အား (၅၂၉) မဂ္ဂါဝပ် သာရှိခဲ့ရာမှ နောက်ထပ် လျှပ်စစ် ဓာတ်အားပေး စက်ရုံ(၂၃)ရုံ စက်တပ်ဆင်အား(၂၈၃၁) မဂ္ဂါဝပ် တိုးတက် ဆောင်ရွက်ခဲ့ပါသည်။
 
၈။ နှစ်(၃၀) လျှပ်စစ်မဟာဗျူဟာ စီမံကိန်းအရ နောက်ထပ် ရေအား လျှပ်စစ် စီမံကိန်း(၆၄)ခုနှင့် ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံ (၃) ခုအပါအဝင် လျှပ်စစ် ဓါတ်အား ထုတ်လုပ်ရန် စက်တပ်ဆင်အားမဂ္ဂါဝပ် (၄)သောင်းကျော် ထုတ်လုပ်နိုင်သည့် အလားအလာများ ရှိပါသည်။ အဆိုပါ စီမံကိန်းများတွင် ကချင်ပြည်နယ်ရှိ မေခ၊ မလိခ မြစ်ညာ မြစ်ဝှမ်းနှင့် ဧရာဝတီ မြစ်ဆုံစီမံကိန်း (၈) ခု အပါအဝင် ဖြစ်ပါသည်။ 
 
၉။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ ငွေကြေး အရင်းအနှီးဖြင့် ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို ပထမအဆင့် ဆောင်ရွက်ရန် စတင်ခဲ့ရာ ယခု အခါတွင် အဆိုပါ မြစ်ဆုံ စီမံကိန်းနှင့် ပတ်သက်၍ ပြည်သူလူထုအတွင်း အောက်ပါ စိုးရိမ် ပူပန်မှုများ ရှိလာခဲ့ပါသည်-

Friday, September 30, 2011

နိုင်ငံတော် သမ္မတက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ ပေးပို့သော သဝဏ်လွှာမှ မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်သည့် အချက် ၅ ချက်

နှစ် ၃၀ လျှပ်စစ် မဟာဗျူဟာ စီမံကိန်းအရ နောက်ထပ် ရေအားလျှပ်စစ် စီမံကိန်း ၆၄ ခုနှင့် ကျောက်မီးသွေး လျှပ်စစ်ဓာတ်အား စက်ရုံ ၃ ရုံ အပါအဝင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် စက်တပ်ဆင်အား လေးသောင်းကျော် ထုတ်လုပ်နိုင်သည့် အလားအလာ ရှိပါသည်။

အဆိုပါ စီမံကိန်းများတွင် ကချင်ပြည်နယ်ရှိ မေခနှင့် မလိခ မြစ်ဝှမ်းရှိ ဧရာဝတီ မြစ်ဆုံ စီမံကိန်း ၈ ခု အပါအဝင် ဖြစ်ပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ငွေအရင်းအနှီးဖြင့် ဧရာဝတီ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း ပထမအဆင့် လုပ်ဆောင်လျက်ရှိရာ ယခုအခါ အဆိုပါမြစ်ဆုံ စီမံကိန်းနှင့် ပတ်သက်၍ ပြည်သူလူထုအတွင်း အောက်ပါအတိုင်း စိုးရိမ်ပူပန်မှုများ ရှိပါသည်။

(၁) ကချင်ပြည်နယ် မြစ်ဆုံပိုင်းအတွက် သဘာဝပေးထားသော Lank Mark များ ဖြစ်သည့် မြစ်ဆုံ သဘာဝအလှ ပျောက်ကွယ်သွားနိုင်ခြင်း

(၂) မြစ်ညာပိုင်းရှိ တိုင်းရင်းသား ကျေးရွာများ ရေမြုပ်၍ ၎င်းတို့၏ အသက်မွေးဝမ်းကြောင်းများ ဆုံးရှုံးပျက်စီးနိုင်ခြင်း

(၃) ပုဂ္ဂလိက ငွေအရင်းအနှီးများ စိုက်ထုတ်၍ စီးပွားဖြစ် စိုက်ပျိုးထားသည့် ကျွန်းခင်းနှင့် ရာဘာခင်းများ ပျက်စီးသွားနိုင်ခြင်း

(၄) ရာသီဥတု ဖောက်ပြန်မှုကြောင့် မြောက်ဖျားပိုင်းရှိ ရေခဲတောင်များ ပြိုခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းနိုင်ခြင်း၊ အင်အားပြင်းထန်သော ငလျင်များ ဖြစ်ပေါ်လာပါက မြစ်ဆုံအောက်ပိုင်းရှိ မြို့ရွာများ သေကြေပျက်စီး ဆုံးရှုံးနိုင်ခြင်း

Thursday, September 29, 2011

အမေရိကန်မှ တရုတ်(တိုင်ပေ)သို့လက်နက်ရောင်းချ တရုတ်ကအမေရိကန်သံအမတ်ကို ခေါ်ယူသတိပေး



စက်တင်ဘာ ၂၂ ရက်နေ့က အမေရိကန်နိုင်ငံသည် တရုတ် (တိုင်ပေ)၏ F 16 တိုက်လေယာဉ် များအား နည်းပညာတိုးမြှင့် တပ် ဆင်ပေးရန် ဆုံးဖြတ်ချက် အပေါ် တွင် မကျေနပ်ကြောင်း တရုတ်နိုင်ငံ ၌ အမေရိကန် သံအမတ်ကြီးကို ခေါ်ယူ၍ သတိပေးစကား ပြောကြား ခဲ့သည်။  ယင်းလုပ်ရပ်မှာ အမေရိကန် နှင့် တရုတ်တို့၏ စစ်ရေးသဘော တူညီမှုနှင့် နှစ်နိုင်ငံရေး ဆက်ဆံ ရေးကို ထိခိုက်စေနိုင်ကြောင်း ထပ် လောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် အမေရိကန်နှင့် တရုတ်(တိုင်ပေ) တို့၏ စစ်ရေး ပူးပေါင်းဆောင်ရွက် နေမှုများအားလုံးကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း ဖော်ပြထားသည်။


ခြိမ်းခြောက်မှုများကြောင့် နှစ်နိုင်ငံ သံတမန်ရေးနှင့် စီးပွားရေး   ဆောင်ရွက်မှုများစွာမှာ ထိခိုက်မှုများ ရှိခဲ့ရကြောင်း သိရသည်။ ၄င်းကိစ္စကြောင့် တရုတ်ဒုတိယ သမ္မတကို ဆောင်းဦးပေါက် ရာသီ တွင် အမေရိကန်သို့စေလွှတ်ရန် ပြင် ဆင်ထားပြီး အဓိက အချက်မှာ အမေရိကန်နှင့် တရုတ်အကြား ပြန်လည် တည်ဆောက်ရေးကို အကောင် အထည်ဖော်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ 

Tuesday, September 27, 2011

ELEVEN မှာ Comment ရေးပါ



အေးချမ်းစွာဖြင့် တိုင်းပြည်ကို အပြုသဘောပြုပြင်ပြောင်းလဲနေသော နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်ကို အ မနာပ ပြောဆိုရေးသား လိုပါသလား....?

ပြည်ထောင်စုဝန်ကြီးများကို ပုတ်ခတ်ပြောဆိုခြင်း ၊ ဂုဏ်သရေညိုးနွမ်းအောင် ရေးသားခြင်း ဆဲဆိုခြင်း စွပ်စွဲပြောကြားခြင်းများ ကို တရားဝင်သဖွယ် ရေးသားလိုပါသလား ?


ပြည်ထောင်စုသမ္မတနိုင်ငံတော်အစိုးရနှင့် လွှတ်တော်များကို အသရေ ဖျက်သည့်ရေးသားချက်များကို ကမ္ဘာသို့ ပြန့်နှံ့လိုပါသလား ?

အိမ်နီးချင်းတရုတ်ပြည်သူ့သမ္မတ နိုင်ငံကို အပုတ်ချရေးသားလိုပါသလား ?

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဆက်ဆံဆောင်ရွက်နေသော နိုင်ငံတော်စီမံကိန်းမှန်သမျှကို ကန့်ကွက်ကြောင်း နှင့် ပျက်စီးရာပျက်စီးကြောင်း လှုံ့ဆော်လိုပါသလား ..?


ခိုင်မြဲလျက်ရှိသည့် တရုတ် - မြန်မာ ဆက်ဆံရေး ပျက်စီးရာပျက်စီးကြောင်း ရေးသားလှုံ့ဆော်လိုပါသလား..?


ပြည်တွင်းတွင်နေထိုင်လျှက်ရှိသော တရုတ်လူမျိုးများနှင့် မြန်မာလူမျိုးတို့ကြား ပဋိပက္ခ ဖြစ်ပွားစေမည့် အကြောင်းအရာများကို ရေးသားကာ နိုင်ငံရေးအမြတ်ထုတ်လိုပါသလား ?


နိုင်ငံတော်အစိုးရနှင့် ပြည်သူများအကြား အထင်အမြင်လွဲမှားစေသော ရေးသားချက် များကို ရေးသားပြီး နိုင်ငံရေးလှုပ်ရှားမှုများ ဖြစ်ပေါ်လာအောင် သွေးထိုးလှုံ့ဆော်လိုပါသလား ?

ကေအိုင်အေ မပြောရဲတဲ့ ဗိုလ်ချုပ်ဂွမ်မော် အကြောင်း

 
(ကေအိုင်အေ အကြောင်း ပြောပြချင်လို့ပါ ဆိုပြီး ပေးပို့လာတဲ့ ဆောင်းပါး ဖြစ်ပါတယ်။ စာရေးသူက ဆောင်းပါးရှည်ကြီး ရေးပို့လိုက်ပေမယ့် ပို့စ်တင်လို့ ကောင်းအောင် အကြောင်းအရာပေါ် မူတည်ပြီး နှစ်ပိုင်း ခွဲတင်ပေးဖို့ စီစဉ်ထားပါတယ်။ မြန်မာစာ အရေးအသားကို သဒ္ဒါစည်းမျဉ်းနဲ့ ညီအောင် မူရင်း ဆိုလိုချက် မပျက်စေပဲ ပြင်ဆင်တာနဲ့ ခေါင်းစဉ် ရွေးချယ်ပေး တာက လွဲပြီး စာရေးသူရဲ့ မူရင်း ရေးသားချက် အတိုင်း ဖြစ်ပါတယ်။)
 
အစိုးရ သတင်းစာက စက်တင်ဘာလ ၁ ရက်နေ့မှာ ကေအိုင်အေ ဌာနချုပ်မှာ အချင်းချင်း ပစ်ကြလို့ တစ်ယောက် သေပြီး တစ်ယောက် ဒဏ်ရာ ရတယ်လို့ ရေးခဲ့ပါတယ်။ ဒါကို မဟုတ်ဘူးလို့ ကေအိုင်အေက ငြင်းတာလည်း ကြားရပါတယ်။ တကယ်တော့ ဒီအဖြစ်အပျက်ဟာ တကယ်ဖြစ်ခဲ့ပြီး ကေအိုင်အေက ဖုံးဖိထားတာ ဖြစ်ပါတယ်။
 
တကယ်ဖြစ်ခဲ့တာက ဒီလိုပါ။ စက်တင်ဘာ ၁ ရက်နေ့ နေ့လည်မှာ လိုင်ဇာဟိုတယ် လေးထပ် မှာရှိတဲ့ အစည်းအဝေးခန်းကြီးထဲမှာ ကေအိုင်အေ ဗဟိုဌာနချုပ်က ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင်၊ ဒုဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်နဲ့ ကေအိုင်အေက အနားယူထားတဲ့ အရာရှိဟောင်းတွေ အစည်းအဝေး လုပ်ပါတယ်။ လုပ်ရတဲ့ကိစ္စက အခု အစိုးရတပ်နဲ့ ပြန်တိုက်တဲ့ စစ်ဆင်ရေးတွေမှာ အရင်တုံးက အနားယူထားတဲ့ လူဟောင်းတွေကို ပြန်ပြီး တိုက်ခိုင်းဖို့ ဖြစ်ပါတယ်။ အထူးသဖြင့် မြစ်ကြီးနားနဲ့ သံလမ်းရိုး တစ်လျှောက်မှာ အရင် တိုက်ခဲ့ဖူးတဲ့သူတွေကို ပြန်ခေါ်သုံးဖို့ ဖြစ်ပါတယ်။
 
အဲဒီမှာ လူဟောင်း အရာရှိတွေနဲ့ အခုခေါင်းဆောင် ဖြစ်နေတဲ့ ဂမ်ရှောင်၊ ဂွမ်မော်တို့ အငြင်း အခုန် ဖြစ်ကြပါတယ်။ လူဟောင်း အများစုက ငြိမ်းချမ်းရေး မရခင်နဲ့ ငြိမ်းချမ်းရေး ရခါစမှာ အနားယူခဲ့ သူတွေ၊ အနားပေးခံရသူတွေ ဖြစ်ပြီး ဗိုလ်မှူး၊ ဗိုလ်ကြီးအဆင့်ပဲ ရှိသူတွေ ဖြစ်ပါတယ်။ အများစုက အဲဒီတုံးက တပ်ရင်းမှူး၊ တပ်မဟာမှူး ဖြစ်နေတဲ့ အင်ဘန်လ ဂမ်ရှောင်၊ ဂွမ်မော် တို့နဲ့ မပြေလည်လို့ အင်အား လျှော့တယ် ဆိုပြီး အနားပေးခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ငြိမ်းချမ်းရေး ကာလမှာ ကေအိုင်အို၊ ကေအိုင်အေ ခေါင်းဆောင်တွေ မြစ်ကြီးနား၊ မန္တလေး၊ ရန်ကုန်၊ လားရှိုး တက်ပြီး စီးပွားရေးလုပ်၊ မြေ၀ယ်၊ ဖားကန့်မှာ ကျောက်တူး ဆိုတာတွေ လုပ်ခွင့်မရခဲ့ပဲ အိမ်ဆိုင်လေးတွေ၊ စိုက်ပျိုးရေးလေးတွေ လုပ်ပြီး နေကြသူတွေပါ။
 
အဲဒီနေ့ အစည်းအဝေးကို လိုင်ဇာတစ်ဝိုက်၊ တပ်မဟာ ၃ နယ်မြေနဲ့ မြစ်ကြီးနား၊ ဗန်းမော်လမ်း တစ်လျှောက်မှာ နေနေတဲ့ တပ်ထွက် အရာရှိတွေ တက်ရတယ်။ ကေအိုင်အေ ထုံးစံက ကေအိုင်အေထဲ ၀င်ပြီးလို့ ထွက်ခွင့်မရဘဲ ထွက်ပြေးရင် မိဘက နောက်တစ်ယောက် ပြန်အစား ပေးရတယ်။ အဲဒီလို မပေးနိုင်ရင် တပ်ပြေးကို မိရင်သတ်ပါတယ်။ တရားဝင် ထွက်ခွင့် ပေးလိုက်ရင် နေမယ့်ရွာ၊မြို့မှာ ရှိတဲ့ ကေအိုင်အေ တပ်ထွက်တွေ အဖွဲ့ကို သတင်းပို့ရပါတယ်။ အစိုးရ စစ်မှုထမ်းဟောင်း အဖွဲ့လိုပါပဲ။ ကေအိုင်အေက လိုရင် ပြောက်ကျား အဖြစ် သူတို့အခေါ် VGF မှာ ပြန်အမှုထမ်း ရပါတယ်။ အခု အစည်း အဝေးကလည်း အဲဒီ တပ်ထွက်တွေကို တာဝန်ပေးဖို့လုပ်တာဖြစ်ပါတယ်။
 
အစည်းအဝေးမှာ တပ်ထွက် အရာရှိတစ်ချို့က ငြိမ်းချမ်းရေးပျက်ရတာကို အခု ကေအိုင်အေ ခေါင်းဆောင်တွေ ကြောင့်လို့ အပြစ်တင်ကြပြီး လူထုက စစ်မတိုက် ချင်တော့ဘူးလို့ ပြောတယ်။ အပြန်အလှန် အချေတင် ငြင်းရာကနေ ဗန်းမော်ဒေသ တပ်ထွက်အဖွဲ့ ဥက္ကဌ လုပ်နေတဲ့ ဗိုလ်မှူး လဖိုင်ဇော်ဘောက်က သေနတ်ဆွဲပြီး ပစ်ဖို့ လုပ်ပါတယ်။ အဲဒါကို ဂွမ်မော်ရဲ့ ကိုယ်ရံတော် ဗိုလ်ကြီး အောင်ဒွဲက ၀င်ဆွဲပါတယ်။ ဒါပေမယ့် မရတော့ဘဲ အောင်ဒွဲကို တစ်ချက်၊ ဂွမ်မော်ကို နှစ်ချက် မှန်သွားပါတယ်။ အောင်ဒွဲကတော့ ခေါင်းကို မှန်ပြီး ပွဲချင်းပြီး သေသွားပါတယ်။ ဂွမ်မော်ကတော့ ပေါင်နဲ့ ဗိုက်မှာမှန်ပြီး လိုင်ဇာက ခေါင်းဆောင်တွေ တက်တဲ့ ဆေးရုံကို သယ်သွား ရပါတယ်။ အစည်းအဝေးလည်း ပျက်သွားပါတယ်။

Monday, September 26, 2011

KIA အဖွဲ့က လုံခြုံရေးတပ်ဖွဲ့ဝင်များအားအကြောင်းမဲ့ ဖမ်းဆီး တပ်မတော်စစ်ကြောင်းများ လိုက်လံရှင်းလင်းလျှက်ရှိ

လွယ်ကန်ဒေသရှိ KIA ၏တပ်မဟာ ၄ ဌာနချုပ် အား google earth မှ တွေ့မြင်ရပုံ

သမ္မတ ဦးသိန်းစိန်ခေါင်းဆောင်သော မြန်မာအစိုးရသစ်သည် တိုင်းရင်းသားလက်နက်ကိုင်များအား တရားဝင် ငြိမ်းချမ်းရေး ကမ်းလှမ်းမှုများပြုလုပ်ကာ ငြိမ်းချမ်းရေးအတွက် အပြုသဘောဆောင်၍ လက်တွေ့ကျသော ချဉ်းကပ်ဆောင်ရွက်မှုများကြောင့် အချို့တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ပဏာမ ငြိမ်းချမ်းရေးသဘောတူညီချက်များ လက်မှတ်ရေးထိုးနိုင်ခဲ့ကြပါသည် ။

အလားတူပင် KIA အဖွဲ့နှင့်လည်း ငြိမ်းချမ်းရေးအတွက် အကြိမ်ကြိမ်ဆွေးနွေးခဲ့ကြပြီး ၊ နှစ်ဘက်တပ်များ ယာယီအားဖြင့် အပစ်အခတ်ရပ်စဲထားရန် သဘောတူညီခဲ့သော်လည်း KIA အဖွဲ့သည် လိုက်နာဆောင်ရွက်ခြင်းမပြုသည့်အပြင်  စက်တင်ဘာ ၂၁ ရက် ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီခန့်တွင် မူဆယ်မြို့နယ်၊ မန္တလေး-မူဆယ်လမ်း၊ နမ်အွမ်ကျေးရွာမှ အရှေ့တောင်ဘက် (၈) မိုင်အကွာ ဒီမားကျေးရွာအနီး ရွှေပြည်သစ် ဘိန်းဖြတ်စခန်းနှင့် ကပ်လျက်ရှိသည့် ရဲဘက်အကျဉ်းစခန်းအား KIA တပ်မဟာ ၄ လက်အောက်ခံတပ်များက အကြောင်းမဲ့ ၀င်ရောက်စီးနင်းကာ အကျဉ်းသားများအား ဥပဒေမဲ့ လွှတ်ပေးခဲ့သည့် အပြင် လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသူ ၈ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည် ။ မိမိ တပ်မတော်စစ်ကြောင်းများမှ ဆက်သွယ်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပြန်လည်လွှတ်ပေးရန် ညှိနှိုင်းဆက်သွယ်ခဲ့သော်လည်း ပြန်လည်လွှတ်ပေးခြင်းမရှိခဲ့ပါ ။


ထို့အပြင် ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် မြို့သစ်တွင် စိုက်ထူထားသော ဆက်သွယ်ရေးမျှော်စင်ရုံး အား လည်း KIA  အဖွဲ့က စက်တင်ဘာ ၂၄ ရက် ညနေပိုင်းတွင် ၀င်ရောက်သိမ်းပိုက်ကာ လုံခြုံရေး တာဝန်ထမ်းဆောင်နေသူ ၅ ဦးကိုထပ်မံ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြန်ပါသည် ။

ရန်ကုန်မြို့တွင် ဆန္ဒပြပွဲများဖြစ်ပေါ်ခဲ့

ဓါတ်ပုံ( 7 Day News ) 
 
ယနေ့ (စက်တင်ဘာ ၂၆) ရက်နေ့တွင် ၂၀၀၇ ခုနှစ် စက်တင်ဘာလ တွင်ဖြစ်ပွားခဲ့သော ရွှေဝါရောင်လှုပ်ရှားမှု လေးနှစ်ပြည့်သည်ကို အကြောင်းပြုကာ ဆန္ဒပြပွဲများ ရန်ကုန်မြို့ အချို့နေရာများတွင် သီးခြားစီဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိပါသည် ။ 
 
သွေးထိုးလှုံဆော်မှုတွေ မပါဘူးတဲ့လား (ဓါတ်ပုံ 7 day news ) 
 
ရန်ကုန်မြို့ ဆူးလေဘုရားအနီးတွင် အင်အား ၅၀ ခန့်ဖြင့်၎င်း  န၀ဒေးရုပ်ရှင်ရုံအနီးတွင် အင်အား ၂၀၀ ခန့်ဖြင့်၎င်း  မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် တပြိုင်နက်နီးပါးဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများ၏ လူစုခွဲရန် တားမြစ်ဆောင်ရွက်ခဲ့မှုများကြောင့် မွန်းလွဲ ၂ နာရီ ခွဲခန့်တွင် လူစုကွဲသွားပြီဖြစ်ကြောင်း သတင်းရရှိပါသည် ။ 
 
မြို့တော်ခန်းမရှေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ နေရာယူထားစဉ်


“'ဒီလိုအချိန်မှာ ဆန္ဒစောတာ မဖြစ်သင့်ဘူး။ တစ်ဆင့် ပြီးတစ်ဆင့် လူယဉ်ကျေးနည်းနဲ့ ဖြေရှင်းနိုင်ဖို့ အချိန်ပေးသင့်တယ်။ ဒီလိုဟာကို အကြောင်းပြုပြီး အမျိုးသားရင်ကြားစေ့ရေးကို မလိုလားတဲ့သူတွေ က ဖျက်လိုဖျက်စီးလုပ်မယ့် အန္တရာယ်က ကြီးမားတယ်။ ပြည်သူတစ်ရပ်လုံးအနေနဲ့ စိတ်ရှည်ဖို့လိုပါတယ်”ဟု ၀ါရင့်သတင်းစာဆရာ လူထုစိန်ဝင်း က ပြောကြားချက်ကို ကိုးကား၍ ပြည်တွင်းထုတ် 11 Media Group ၏အင်တာနက်စာမျက်နှာတွင် ဖေါ်ပြပါသည် ။
 

အဆိုပါ လူထုဆန္ဒပြပွဲများကို ဦးဆောင်သူမှာ ဦးဝင်းချို နှင့် ဒေါ်နော်အုန်းလှတို့ ဖြစ်ကြောင်း လည်းသိရပါသည် ။

Voice Of Myanmar