xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar

Friday, December 16, 2011

မီးဟုန်းဟုန်းတောက်မည့် မြန်မာပြည်

( Eleven Media မှ သန်းထွဋ်အောင် က သမိုင်းမှားများဟု စွပ်စွဲနေသော ဆရာဝန်တစ်ဦး၏ မီးဟုန်းဟုန်းတောက်မည့် မြန်မာပြည် ဆောင်းပါးဖြစ်ပါသည် ။ သန်းထွဋ်အောင်စွပ်စွဲသလို သမိုင်းမှန်လားမှားလားတော့မသိပါ ဆောင်းပါးရှင်ဆိုခဲ့သလို မြန်မာပြည်ကြီးကတော့ မီးဟုန်းဟုန်း တောက်ခဲ့ပါသည် ။)

 ကျွန်တော်သည် ဆရာဝန်တစ်ဦးဖြစ်ပါသည်။ အစိုးရနှင့် တိုက်ရိုက်ပတ်သက်မှု မရှိပါ။ တစ်ပါတီပဲဖြစ်ဖြစ်၊ ပါတီစုံပဲဖြစ် ဖြစ် ကျွန်တော် သမ္မတလည်းမဖြစ်နိုင်၊ ၀န်ကြီးလည်းမဖြစ်နိုင်ပါ။ ကျွန်တော်၏ အလုပ်မှာ ဆေးကုသရန်သာ ဖြစ်ပါသည်။
ယခု တိုင်းပြည်မျက်နှာတစ်ခုတည်းကိုသာ ကြည့်၍ ဘယ်သူ့ဘက်မှ မလိုက်ဘဲ ဒီမိုကရေစီကျကျ ရေးသား တင်ပြလိုပါသည်။
ကျွန်တော်၏ စစ်မှန်သော စေတနာကို ပြည်သူများ နားလည် နိုင်ကြပါစေ။
လက်ရှိအစိုးရသည် အားနည်းချက် ပေါင်းများစွာ ရှိခဲ့ကြောင်း မည်သူမျှ မငြင်းနိုင်ပါ။
တစ်မိန့် တစ်အာဏာဖြင့် တိုင်းပြည်ကို အုပ်ချုပ်ခဲ့ခြင်း၊ အာဏာရှင် ဆန်လွန်းခြင်း၊ အခွင့်အရေးယူလွန်းခြင်း၊ ပြည်သူလူထုနှင့် ကင်းကွာလွန်းခြင်း၊ စည်းစိမ်ယစ်မူးပြီး မလုပ်၊ မရှုပ်နေကြခြင်း၊ ဆင့်ကဲဆင့်ကဲ လိမ်ခဲ့ကြခြင်း၊ တိုင်းပြည်စီးပွားရေး ခွက်ခွက်လန် အောင် နိမ့်ကျလာစေခြင်း၊ နောက်ဆုံးတွင် လူပေါင်းများစွာ သေဆုံးခဲ့ရသော သွေးထွက်သံယိုမှုကြီးများ အကြီး အကျယ်ဖြစ်ပွား စေခြင်း စသည့် အားနည်းချက်ပေါင်းများစွာ ရှိခဲ့သဖြင့် ယခုကဲ့သို့ တစ်တိုင်းပြည်လုံး ပျက်ခမန်းလုလု ဖြစ်နေရသည်ကိုလည်း မှန်မှန် ကန်ကန် ၀န်ခံရပေမည်။
ဤနေရာတွင် အစိုးရဆိုသော စကားလုံးမှာ ဘယ်အဆင့်အထိ သတ်မှတ်ရမည်နည်းဆိုသော ပြဿနာကို စဉ်းစားရပေမည်။

Thursday, December 15, 2011

အ၀ိစိ သွားကြမည့်သူများ

  နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ကြီးကို အပြစ်တင်မယ်ကြံရင် နိုင်ငံတော်သံဃာ့မဟာနာယက အဖွဲကိုဦးဆောင်တော်မူနေကြသော ဆရာတော်ကြီးများအား မည်သူမည်ဝါ ဖြစ်တော်မူကြသည်ကို အရင်သိအောင်လုပ်ကြပါ ၊ သိပြီဆိုရင် အဲဒီလိုအရှင်သူမြတ်တွေဟာ မဟုတ်တာလုပ်မယ့်ပုဂ္ဂိုလ်တွေ ၊ အစိုးရခိုင်းတာလုပ်မယ့်ပုဂ္ဂိုလ်တွေ ဟုတ်မဟုတ် ကိုယ့်ဦးနှောက်နဲ့အရင်စဉ်းစားပါ ၊ ပြီးမှအပြစ်တင် ဘို့ဆုံးဖြတ်ပါ ။

        ဒီလိုလုပ်ရတာစဉ်းစားရတာခက်နေတယ်ဆိုရင် ခင်ဗျားတို့ရဲ့ ဒီမိုကရေစီ စံပေတံကြီးနဲ့တိုင်းပါ ၊ ၄၇ ပါးနဲ့ ၁ပါး မှာ ၄၇ ပါးကမှားနေပါတယ်ဆိုပြီး ဆုံးဖြတ်ရလောက်အောင် ဦးနှောက်ကို အ၀ိဇ္ဇာဖုံးနေပြီဆိုရင်တော့  အ၀ိစိမှာ ဒေ၀ဒတ်စောင့်နေတယ် လိုက်သွားတော်မူကြပါ ။လမ်းမှားမှာမပူပါနဲ့ ရှေ့မှာ လူမထွက်ခိုင်းတာသိသိကြီးနဲ့ လူထွက်ခိုင်းပါတယ်တို့ ၊ ဒေါ်စုကြည်ကိုးကွယ်လို့ တမင်လုပ်တာတို့ ဆိုပြီးပြသနာမကြီးကြီးအောင်လုပ်နေတဲ့ စတုတ္ထမဏ္ဍိုင်တွေ သွားနှင့်နေပါပြီ အဲဒီလူလည်တွေနောက် အသာလေးလိုက်သွားလိုက်ယုံပါဘဲ ။

ဒေါက်တာဆိတ်ဖွား

ဗြိတိန်တွင် ပင်စင်ဖြတ်တောက်မှုကြောင့် သန်းနှင့်ချီသောဝန်ထမ်းများဆန္ဒပြ

Public sector workers take part in a march on Thursday in Bristol, England.

ဗြိတိန် နိုင်ငံတွင် အစိုးရက စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ခန့်မှန်းချက် များကို လျှော့ချ၍ အသုံး စရိတ်များ ဖြတ်တောက်ပြီး ပင်စင် လစာများ ကိုလည်း အပြောင်းအလဲ ပြုလုပ်ခဲ့ရာ အစိုးရ ဝန်ထမ်းနှစ် သန်းခန့်အထိ ပါဝင်သော ဆန္ဒပြ မှုများ ဖြစ်ပေါ်ခဲ့သည်။ ဆယ်စုနှစ် များစွာအတွင်း အကြီးမားဆုံး အလုပ်ခွင်မှထွက် ၍ ဆန္ဒပြမှုဟု သမဂ္ဂများက ပြောကြားသည့် ကန့်ကွက်မှုကြောင့် စာသင် ကျောင်းများစွာ ပိတ်ထား ရပြီး ဆေးရုံ များမှာလည်း ဝန်ထမ်း အနည်းငယ် ဖြင့်သာ လည်ပတ် နေရကာ ဒေသခံ အာဏာပိုင် အဖွဲ့များ လျော့နည်းသွားသည်။
 
 
သို့သော် ကမ္ဘာပေါ်တွင် လူအရှုပ်ဆုံး လန်ဒန် ဟိသရိုး လေဆိပ်၌ လူဝင်မှုကြီးကြပ်ရေး အရာရှိများ အလုပ်လာဆင်းခဲ့ကြ ၍ ကြာရှည်သော စောင့်စားရမှု အနှောင့်အယှက်များ ရှိလာလိမ့်မည် ဟူသော စိုးရိမ်မှုများ ပြေ ပျောက်ခဲ့သည်။ ယခု သပိတ်မှောက် ဆန္ဒပြ ခြင်းမှာ ဝန်ကြီးချုပ်ဒေးဗစ်ကင် မရွန်းအစိုးရအတွက်အကြီးမား ဆုံး သောစမ်းသပ်မှုဖြစ်လာသည်။

Wednesday, December 14, 2011

ရွှေည၀ါဆရာတော်နှင့်ပတ်သက်၍ နိုင်ငံတ်ာသံဃာ့မဟာနာယက အဖွဲ့မှညွှန်ကြားချက်ထုတ်ပြန်



ဆဌအကြိမ် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ ဒီဇင်ဘာလ ၁၂ ရက်စွဲပါစာအမှတ် ၁၀၀၀/ထွက်စာ/၇-စာပေစိစစ်/မနတ-၂၀၁၁ ဖြင့် ရန်ကုန်တိုင်းဒေသကြီး ၊တိုင်းဒေသကြီးသံဃနာယကအဖွဲ့သို့ ပေးပို့သော ထုတ်ပြန်ချက်အရ ရွှေည၀ါဆရာတော်သည်

(၁) ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် နိုင်ငံတော်သံဃာ့မဟာနာယက အဖွဲ့ပိုင် သာဓုကန်ကျောင်းတိုက်မှ ထွက်ခွာရန်။

(၂) သာသနာ့အဖွဲ့အစည်း အဆင့်ဆင့်၏ ဆုံးမညွှန်ကြားမှုကို မနာခံ၍ ဒုဗ္ဗစ ပုဂ္ဂိုလ် အဖြစ်သတ်မှတ်ရန် ။

(၃) နိုင်ငံတော်သံဃာ့နာယက အဖွဲ့၏ ခွင့်ပြုချက်မရရှိဘဲ သာဓုကျောင်းတိုက်အတွင်း မည်သည့်သင်တန်းမှ ဖွင့်လှစ်သင်ကြားခြင်းမပြုလုပ်ရန်။

ဟုပါရှိကြောင်းသိရှိရပါသည် ။
 
အဆိုပါရွှေည၀ါဆရာတော်အား နိုင်ငံတော်သံဃာ့ မဟာနာယက အဖွဲ့အပါအ၀င် သာသနာ့အဖွဲ့အစည်းအဆင့်ဆင့်မှ ဗုဒ္ဒမြတ်စွာ အဆုံးအမတော်နှင့်အညီ ကျင့်ကြံနေထိုင်ရန် ဖြောင်းဖြ ဆုံးမသော်လည်း လိုက်နာခြင်းမရှိသဖြင့် ယခုကဲ့သို့ အရေးယူဆောင်ရွက်ခြင်းဖြစ်ကြောင်းလည်း သိရှိရပါသည် ။ 

ဒုဗ္ဗစ ပုဂ္ဂိုလ်ဆိုသည်မှာဆုံးမ ပြောဆိုရခက်သူဟု အနက်ရှိပြီး ၊  တတိယ သဒ္ဓမ္မသမ္မောသသုတ် တော်လာ သာသနာပျက်ရာအကြောင်း ၅ပါး တွင် တစ်ပါးအပါအ၀င်ဖြစ်သည် ။

နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့က  ဒုဗ္ဗစ ပုဂ္ဂိုလ်အဖြစ်သတ်မှတ်ခံရသော ရွှေည၀ါ ဆရာတော်

မြန်မာလူ့အခွင့်အရေး ကော်မရှင်က တိုက်ပွဲများ ရပ်စဲရန်တောင်းဆို


မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရဲ့ ကချင်ပြည်နယ် ကိစ္စနဲ့ ပတ်သက်တဲ့ ကြေညာချက်ကို ဒီနေ့ထုတ် အစိုးရ သတင်းစာများမှာ ဖော်ပြထားပါတယ်။
အဲဒီ ကြေညာချက်မှာ လူ့အခွင့်အရေး ကော်မရှင် အတွင်းရေးမှူးနဲ့ အဖွဲ့ဝင်သုံးဦးဟာ ကချင်ပြည်နယ်ကို ဒီဇင်ဘာလ ၈ ရက်နေ့ ကနေ ၁၀ ရက်နေ့ အထိ သွားရောက်ပြီး တွေ့ရှိချက်များကို ထုတ်ပြန် ကြေညာခဲ့ပါတယ်။
ကြေညာချက်မှာ လူ့အခွင့်ရေး ကော်မရှင်က တွေ့ရှိချက်များကို အခုလို ဖော်ပြထား ပါတယ်။
၁။ ပြည်နယ် အတွင်းက စခန်း ၅၉ ခုမှာ ရပ်ရွာစွန့်ခွာ ထွက်ပြေးလာသူ ၁၄၁၁၃ ဦးကို ပြည်နယ် အစိုးရက စောင့်ရှောက် ထားတယ်။ ပြည်နယ်အတွင်းမှာ တိုက်ပွဲကြောင့် စာသင်ကျောင်း ၅၁ ကျောင်းပိတ်ထား ရပြီး ကျောင်းသား ၇၈၇၂ ဦး စာမသင် နိုင်ဘူး။ အဲဒီအထဲက ကယ်ဆယ်ရေး စခန်းကို ရောက်လာတဲ့ ကျောင်းသား ၃၁၅၃ ဦးကို စာသင်နိုင်အောင် လုပ်ပေး ထားတယ်။
၂။ ပြည်နယ်အစိုးရက စောင့်ရှောက်ထားပေမယ့် ဆောင်းရာသီ အတွက် အနွေးထည်လိုတယ်။ လူတွေစုပြီး နေရတဲ့ အတွက် အခက်အခဲရှိတယ်၊ ကလေးငယ်များ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ရှိနေတယ်။ လူကြီးပိုင်း ကလည်း စိတ်ပိုင်း ဆိုင်ရာ လုံခြုံမှုမရှိတဲ့ အဖြစ်ကို ခံစားနေရတယ်။
၃။ ကေအိုင်အေ ထိန်းချုပ်နယ်မြေမှာ ရှိတဲ့ ဒုက္ခသည်များ အတွက် ထောက်ပံ့ရေး ပစ္စည်းတွေကို ဗန်းမော်က တဆင့် လိုင်ဇာကို ပို့ပေးနိုင်အောင် ကော်မရှင်က ညှိနှိုင်း ပေးနိုင်ခဲ့တယ်။
၎။ တိုက်ပွဲများ အတွင်းဒဏ်ရာ ရသူ၊ မိုင်းထိသူ ပြည်သူ ၁၇၇ ဦးကိုဆေးရုံတွေမှာ ကုသပေးနေတယ်။ 

ကမ္ဘာ့အဂတိ လိုက်စားမှုအဆင့် ၃ နေရာ မြန်မာအားသတ်မှတ်ခြင်းသည် နိုင်ငံရေးအရ ဘက်လိုက်ဆုံးဖြတ်မှုဟု သမ္မတအကြံပေးဆို

ရန်ကုန်၊ ဒီဇင်ဘာ ၁ဝ
၂ဝ၁၁ ခုနှစ်အတွင်း အဂတိလိုက်စားမှု အမြင့်မားဆုံးနိုင်ငံများစာရင်း၌ မြန်မာနိုင်ငံအား အဂတိလိုက်စားမှု အမြင့်မားဆုံးလေးနိုင်ငံအနက် တတိယနေရာ၌ရှိကြောင်း နိုင်ငံတကာအဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ (Transparency  International)၏ ဖော်ပြချက်မှနိုင်ငံရေးအရ ဘက်လိုက်ဆုံးဖြတ်မှုများကြောင့် ဖြစ်နိုင်ခြေရှိသည် ဟု နိုင်ငံတော်သမ္မတအကြံပေး ဦးကိုကိုလှိုင်က ပြောသည်။


”ဒီထုတ်ပြန်ချက်က နိုင်ငံရေး အရ ဘက်လိုက်မှုတွေရှိတယ်လို့ ထင်တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့တွေ ဆာဗေးလုပ်တဲ့ဟာက ဘယ်လိုအချက်အလက်တွေနဲ့ လုပ် လဲဆိုတာ ဖော်မပြထားဘူး။ ဒီလို ပြောတဲ့အတွက် ကျွန်တော်တို့ နိုင်ငံမှာ အဂတိလိုက်စားမှု ပြဿနာ မရှိဘူးလို့ ဆိုလိုတာ မဟုတ်ဘူး။ မြန်မာနိုင်ငံထက်ဆိုးတဲ့ နိုင်ငံတွေ လည်း အများကြီး ရှိတာပဲ။ ဥပမာ အိန္ဒိယနိုင်ငံမှာဆိုရင် အမေရိကန်ဒေါ်လာ ဘီလျံနဲ့ချီပြီး အဂတိလိုက် စားမှုတွေရှိပေမယ့် မြန်မာနိုင်ငံမှာ အဲဒီလောက် မဆိုးဘူး။ အခု လည်း အစိုးရသစ်လက်ထက်မှာ ဟိုးအရင်ကတည်းကရှိခဲ့တဲ့ ဒီပြဿနာကို ပပျောက်သွားအောင် လုပ်နေပြီ။ လက်ရှိအစိုးရအနေနဲ့က အပြောင်းအလဲတွေ အများကြီးကို အချိန်တိုအတွင်း လုပ်ဆောင်နေတာဖြစ်တဲ့အတွက် လတ်တလောအနေနဲ့ ဒီအဂတိလိုက်စားမှုပြဿနာကို လုံးဝချုပ်ငြိမ်းသွားအောင်တော့ မဖြေရှင်းနိုင်သေးဘူး။ ဒါပေမဲ့ အဂတိလိုက်စားမှုတွေ မဖြစ်အောင် စီးပွားရေးပိုင်းမှာ ပွင့်လင်းမြင်သာအောင် လုပ်ဆောင်နေတဲ့အပြင် တစ်ဖက်ကလည်း အဂတိလိုက်စားမှုတွေကို ဝန်ကြီးဌာနတွေ အလိုက် အရေးယူအပြစ်ပေးမှုတွေ စတင်နေပါပြီ။ ဒါ့အပြင် အဂတိလိုက်စားမှုတွေကို ပြည်သူတွေအနေနဲ့ တိုင်ကြားနိုင်အောင် ရုံးဌာနတွေမှာ တိုင်ကြားစာတွေကို လက်ခံ ပြီး ဆောင်ရွက်ပေးနေတဲ့ အပြင် လူ့အခွင့်အရေးကော်မတီကို  ဖွဲ့စည်းပြီး ဒီကိစ္စကို အရေးယူ ဖြေ ရှင်းနေပါပြီ” ဟု ဆိုသည်။

Tuesday, December 13, 2011

ဂျပန်နှင့် အာဆီယံနိုင်ငံများမှ GSM ဖုန်းများ ပြည်တွင်း၌ အသုံးပြုနိုင်ပြီ





ရန်ကုန်၊ ဒီဇင်ဘာ-၁၂
အာဆီယံနိုင်ငံဆယ်နိုင်ငံအပါအ၀င် ဂျပန်နိုင်ငံမှ ဂျီအက်စ်အမ်မိုဘိုင်းဖုန်းများကို မြန်မာနိုင်ငံသို့ သယ်ဆောင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ မိုဘိုင်းဌာနမှသတင်းရရှိသည်။

အဆိုပါ နိုင်ငံ  ၁၁ နိုင်ငံမှ ဂျီအက်စ်အမ်မိုဘိုင်းဖုန်းများကို မြန်မာနိုင်ငံသို့ သယ်ဆောင်လာပြီး အသုံးပြုနိုင်မည့်စနစ်ကို Mobile  Inbound System ဟုခေါ်ဆိုပြီး ယင်းဖုန်းများကို သယ်ဆောင်အသုံးပြုမည့်သူများအနေဖြင့် သက်ဆိုင်ရာနိုင်ငံအသီးသီးမှ သတ်မှတ်ထားသော (နိုင်ငံတကာသို့သယ်ဆောင်အသုံးပြုသည့်အတွက်ကျသင့်သည့် တယ်လီဖုန်းဘီလ်) ဖုန်းဘီလ်များကို ပေးဆောင်ရမည်ဖြစ်သည်။
 
မြန်မာနိုင်ငံမှ အာဆီယံနှင့် ဂျပန်နိုင်ငံများသို့ သယ်ဆောင်အသုံးပြုနိုင်မည့် Outbound System ကိုမူ ၂၀၁၂ နှစ်ဆန်းပိုင်းတွင် သုံးစွဲနိုင်တော့မည်ဖြစ်ပြီး ယခုလက်ရှိအချိန်တွင်မူ   ယင်းဝန်ဆောင်မှုအတွက် လုပ်ငန်းများကို ဆောင်ရွက်နေပြီဖြစ်ကြောင်း အထက်ပါလုပ်ငန်း၏ တာဝန်ရှိသူက 7 Day News သို့ပြောသည်။

Monday, December 12, 2011

အမေရိကန် မောင်းသူမဲ့ထောက်လှမ်းရေးလေယာဉ် ကျူးကျော်မှု လုံခြုံရေးကောင်စီသို့ အီရန်တိုင်ကြား



အီရန်နိုင်ငံ၏ ပိုင်နက်နယ်မြေအတွင်းသို့ အမေရိကန်ပြည်ထောင်စုက မောင်းသူမဲ့ အဆင့်မြင့် ထောက်လှမ်းရေးလေယာဉ်များစေလွှတ်ကာ ကျူးကျော်ဝင်ရောက်ပြီး ရန်လိုသည့် အပြုအမူများဆောင်ရွက်လျက်ရှိရာ ယင်းကိစ္စကို ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ တရားဝင်တိုင်ကြား ထားပြီဖြစ်ကြောင်း အီရန်နိုင်ငံကကြေငြာပါသည် ။

လွန်ခဲ့တဲ့ တနင်္ဂနွေနေ့က အီရန်ပိုင်နက်အတွင်းမိုင် ၁၄၀ လောက်အကွာမှာ အီရန်အီလက်ထရောနစ် စစ်ဆင်ရေးတပ်ဖွဲ့ဝင်များက လေယာဉ်ရဲ့ ထိန်းချုပ်ရေးစံနစ်ထဲဝင်ရောက်ပြီး အပျက်အစီးမရှိပဲ ဆင်းသက်စေခဲ့တာဖြစ်တယ် လို့လည်း အီရန်တို့ကဆိုပါတယ် ။

 အဆိုပါလေယာဉ်ဟာ RQ-170 Sentinel အမျိုးအစားဖြစ်ပြီး အမေရိကန်တို့ရဲ့ နောက်ဆုံးပေါ် နည်းပညာသုံး လေယာဉ်ဖြစ်ပြီး ကမ္ဘာကအထူးစိတ်ဝင်စားနေတဲ့ လေယာဉ်လည်းဖြစ်ပါတယ် ။ အီရန်တို့ရဲ့ ပြောကြားချက်များနဲ့ပတ်သက်ပြီး အမေရိကန်တို့က တစ်စုံတစ်ရာတုန့်ပြန် ပြောကြားခဲ့ခြင်းမရှိကြောင်းလဲ သိရပါတယ် ။

အဆိုပါတိုင်ကြားစာကို ကုလသမဂ္ဂ ဆိုင်ရာ အီရန်နိုင်ငံသံအမတ်ကြီး မိုဟာမက်ခါဇီးက လုံခြုံရေးကောင်စီသို့ ပေးပို့ခဲ့တာဖြစ်ကြောင်းသတင်းရရှိပါတယ် ။ 

ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ

သမ္မတကြီး ဦးသိန်းစိန် အစိုးရသစ် လက်ထက်တွင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းများနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ငန်းများကို ခပ်မြန်မြန် ခပ်သွက်သွက် လုပ်လာသည်ကို ဝမ်းမြောက်စရာ တွေ့ရပါသည်။ ထိုကဲ့သို့ အသွင် ကူးပြောင်းရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် ပြည်သူများ၊ နိုင်ငံရေး အဖွဲ့အစည်းများ၏ အမြင်များကိုပါ မီဒီယာများပေါ်က ဖတ်ရသည် မှာလည်း အားတက်စရာ ကောင်းလှပေ၏။ ကျွန်တော်တို့ တုန်းက ကိုယ်တိုင် မပြောရဲ မဆိုရဲ နေခဲ့ရသည့် အချိန်များနှင့် ယှဉ်လိုက်လျှင် ပြောခွင့် ပေးခဲ့သူများရော၊ မိမိအမြင်ကို ပြောဆို နေကြသူများ ကိုပါ လေးစားမိပါသည်။ 
 
ပြည်တွင်း နိုင်ငံရေး အင်အားစုများနှင့် ပြေလည်မှုအရှိန် ကောင်းလာချိန်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ဖြစ်ပွားနေသည့် တိုက်ပွဲများကို ရပ်ဆိုင်းပြီး ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်ရန် အတွက် တိုက်တွန်းမှု များလည်း အင်နှင့်အားနှင့် ပေါ်ထွက်လာသည်ကို သတိပြုမိပါသည်။ လွတ်လပ်ရေး ရကတည်းက ပြည်တွင်း သောင်းကျန်းမှု ဒဏ်နှင့် ရင်ဆိုင် နေခဲ့ရသော နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေး ရဖို့ လိုသည်ကလည်း အမှန်ပင် ဖြစ်သည်။ နိုင်ငံတွင် တာဝန်ယူခဲ့သည့် အစိုးရ အဆက်ဆက်က ငြိမ်းချမ်းရေး အတွက် သူ့နည်းသူ့ဟန်နှင့် ကြိုးစား ခဲ့သကဲ့သို့ လူအများ ကြည်ညိုလေးစား ခံရသည့် ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကဲ့သို့သော ပုဂ္ဂိုလ်ကြီးများ ကလည်း ဦးဆောင် ကြိုးစားခဲ့သည်။ အောင်မြင် သည်လည်း ရှိသလို မအောင်မြင်တာ တွေလည်း ရှိသဖြင့် သောင်းကျန်းမှု ပြဿနာက ယနေ့အထိ ရှိနေဆဲ ဖြစ်သည်။ 
 
ယခုအခါ တွင်လည်း ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ပြောကြရေးကြ တိုက်တွန်းကြသည်ကို တွေ့ရသည်။ ထိုအထဲတွင် မိမိ အနေဖြင့် ထောက်ပြလိုသော အချက်များလည်း ပါနေသည့် အတွက် ဝင်ရောက် ဆွေးနွေးရခြင်း ဖြစ်ပါသည်။ 
 
ပထမဆုံး အချက်မှာ ဝေဖန်သူ အချို့က မြန်မာနိုင်ငံတွင် လက်နက်ကိုင် ပဋိ့ပက္ခများ ရှိနေသရွေ့ ဒီမိုကရေစီစနစ် ထွန်းကားပြီဟု မဆိုနိုင်ဟု ပြောကြားနေသည့် အချက် ဖြစ်သည်။ ထိုသူတို့က ဒီမိုကရေစီ စနစ်သည် ပြဿနာ အားလုံးကို ဖြေရှင်း ပေးနိုင်သည့် စနစ်အဖြစ် ရှုမြင်ထားသဖြင့် ထိုကဲ့သို့ သုံးသပ်ခြင်း ဖြစ်နိုင်သလို အစိုးရသစ်၏ လုပ်ဆောင်ချက်များ အပေါ် အသိအမှတ် ပြုရန် ဝန်လေးနေဆဲ ဖြစ်သောကြောင့် ပြည်တွင်း သောင်းကျန်းမှု ပြဿနာနှင့် အစိုးရသစ်၏ လုပ်ဆောင်ချက်ကို ချိတ်ဆက်ထားခြင်းလည်း ဖြစ်နိုင်ပေသည်။ 

Sunday, December 11, 2011

ဒီမိုကရေစီစိတ်ထား



ရေပန်းအစားဆုံးစကားလုံး 
 
ယနေ့မြန်မာနိုင်ငံတစ်ဝှမ်းတွင် အသုံးအများဆုံးစကားကို ပြောပါဆိုလျှင် "  ဒီမိုကရေစီ " ဆိုသော စကားလုံးပင် ဖြစ်လေသည် ။ဆင်းရဲသူရော ချမ်းသာသူရော ၊ တောမှာနေကြသူများရောမြို့မှာနေကြ သူများရော ၊ ပညာအခြေခံနည်းသူများရော ၊ ပညာအခြေခံကောင်းကြသူများရော အားလုံး ၏ နှုတ်ဖျားတွင် ထိုစကားလုံးသည် အလွန်ပင်ရေပန်းစားလှပေသည် ။


တူညီသောအသိ

သို့ရာတွင် ထို ဒီမိုကရေစီဟူသော စကားလုံး၏ နက်ရှိုင်း၍ ကျယ်ဝန်းလှသောအနက်ကိုမူ ပညာအခြေခံပေါ်တွင်မူတည်၍၄င်း ၊ နေထိုင်သောလူမှုပတ်ဝန်းကျင်ပေါ်တွင် အခြေခံ၍ ၄င်း သိမှုအရာတွင် ကွာခြားကြပါသည် ။အများအားဖြင့် တူညီစွာသိကြသည်မှာ တရားမျှတသော ဥပဒေအရိပ်အောက်တွင် အေးချမ်းစွာဖြင့် လွတ်လပ်စွာ ပြောဆို ၊  နေထိုင် ၊ လုပ်ကိုင် သွားလာ နိုင်ခြင်း တို့သည် ဒီမိုကရေစီ၏အနှစ်သာရဖြစ်သည် ဟူသော ယေဘူယျ အသိပင် ဖြစ်လေသည် ။

သဘောထားကွဲလွဲသည်မှာသဘာဝကျ

လူသားတို့သည် တစ်ဦးနှင့် တစ်ဦး သံသရာတစ်လျှောက် သယ်ဆောင်လာခဲ့သော အထုံဗီဇချင်း မတူ ၊ ဥာဉ်စရိုက်ချင်း မတူ၊ ၀ါသနာချင်းမတူ၊ ပစ္စုပ္ပန်ဘ၀တွင်လည်း ကျင်လည်ကျက်စားရာ ပတ်ဝန်းကျင်အခြေခံလည်းမတူ ကြသည်ဖြစ်ရာ အကြောင်းအရာတစ်ခုအပေါ်တွင် ချဉ်းကပ်ပုံချင်း ၊ ရှုမြင်သုံးသပ် ပုံချင်း ခြားနားသောအခါ ယင်းအကြောင်းအရာပေါ် ကောက်ချက်ချမှုချင်းလည်း မတူ ၊ သဘောထားပုံချင်းလည်း မတူ ၊ အယူအဆချင်းလည်း မတူတော့ပေ ။သဘောထားကွဲလွဲမှုများ ရှိနေကြသည်မှာ သဘာဝကျသော ကိစ္စသာဖြစ်လေသည် ။