xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar

Sunday, January 15, 2012

ဗိုလ်မှူးချုပ် ချစ်သန်း(ငြိမ်း) ကျွန်းစုမြို့နယ်မှ ရွေးကောက်ပွဲဝင်မည်


ကြားဖြတ် ရွေးကောက်ပွဲတွင် လစ်လပ်လျက် ရှိသော တနင်္သာရီတိုင်း ကျွန်းစုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလောင်း နေရာအတွက် ဗိုလ်မှူးချုပ်ချစ်သန်း(ငြိမ်း)အား ပြည်ခိုင်ဖြိုး ပါတီမှ ကိုယ်စားလှယ်အဖြစ် အမည်စာရင်း တင်သွင်မည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် စီးပွားရေးနှင့် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်သိမ်းက (၁၄-၁-၂၀၁၂) ရက်နေ့ မြိတ်မြို့၌ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲတွင် တရားဝင် ကြေညာလိုက်သည်။ ဦးမောင်မောင်သိမ်းသည် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင် တစ်ဦးဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီး ပါတီ တာဝန်ခံလည်းဖြစ်သည်။
 
ဗိုလ်ချုပ်ချစ်သန်း (ငြိမ်း) သည် ဘုတ်ပြင်းမြို့ အခြေစိုက် အမှတ်(၁၃) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် တွင် တပ်မမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး အဖြစ်ပါ တာဝန်ထမ်းဆောင်ဖူးသူ ဖြစ်သည်။ ယခု လက်ရှိတွင် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့တွင် ရထားဝန်ကြီး ဦးအောင်မင်းနှင့် အတူ ပါဝင် ဆောင်ရွက်လျက် ရှိပြီး ၄င်းအား ကရင်လူမျိုး အများစု က ယုံကြည် လေးစား ကြကြောင်း သိရှိသည်။
 
ဗိုလ်ချုပ်ချစ်သန်း(ငြိမ်း) ၀င်ရောက် ယှဉ်ပြိုင်မည့် ကျွန်းစုမြို့နယ် တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဒေါက်တာတင်မျိုးဝင်း ၀င်ရောက် ယှဉ်ပြိုင်မည်ဟု သတင်း ထွက်လျက် ရှိသည်။ ဒေါက်တာတင်မျိုးဝင်း အနေဖြင့် အနိုင်ရရင် မလွယ်ကူကြောင်း ဝေဖန် ပြောကြားလျက် ရှိသည်။

လစ်လပ်လျက်ရှိသော ကျွန်းစုမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်သည် ယခု လက်ရှိ စက်မှုဝန်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်း၏ လစ်လပ်နေရာ ဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ပြိုင်ဖက် မရှိကြောင်း သိရှိ ရသည်။

ထူးခြားသည့် ကြေးမုံသတင်းစာအာဘော် (သို့ ) ကြိုးတန်းပေါ်က မင်းသမီးနှင့် မြည်းတစ်ကောင်

ယနေ့ထုတ် ကြေးမုံသတင်းစာအာဘော်သည် ထူးခြားလှ၏ ၊ မြန်မာ့ဆက်သွယ်ရေး၏ မိုဘိုင်းတယ်လီဖုန်းစီမံကိန်း၏ အားနည်းပုံကို ရိတိတိလုပ်ထား၏ ၊ ကောင်းလှပါ၏ ၊ ကောင်းသည်ဆိုခြင်း မှာ မြန်မာ့ဆက်သွယ်ရေးကို ကလိ၍ မဟုတ် ပြည်သူ့အသံ ဖြစ်သောကြောင့် ဖြစ်သည် ။


Saturday, January 14, 2012

၅၀၀၀ တန် ဖုန်းကဒ်ရနိုင်မရနိုင်၏ အဓိကသော့ချက်

 
နိုင်ငံရေးအရထင်ရှားကျော်ကြားသူများ အကျဉ်ထောင်အသီးသီးမှ လွတ်မြောက်လာသည့် သတင်းများနည်းတူ အများစိတ်ဝင်စားသော အခြားကိစ္စတစ်ခုမှာ ၅၀၀၀ တန် မိုဘိုင်းတယ်လီဖုန်းကိစ္စ သတင်းဖြစ်သည် ။ ဒေသတွင်းနိုင်ငံများအတွင်း တယ်လီဖုန်း sim Card များကိုဈေးကြီးပေးဝယ်နေ ရသော မြန်မာနိုင်ငံ ပြည်သူများအဖို့ အထူးတစ်လည်စိတ်ဝင်တစားရှိကြသည်မှာလည်း အဆန်း မဟုတ်ပါပေ။

ထိုတယ်လီဖုန်းစီမံကိန်းကို တာဝန်ယူမည့် ရွှေပြည်တံခွန်ကုမ္ပဏီကလည်း ဖြစ်အောင်လုပ်မည် ၊ နည်းပညာအရ ဖြစ်နိုင်သည် ရကိုရမည် ၊ နိုင်ငံတော်ကခွင့်ပြုသည်နှင့် မတ်လတွင် စပြီးမိတ်ဆက်တော့မည် ဇွန်လတွင်ကဒ်များစရောင်းမည်  ၊ ပထမအဆင့်တွင် ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးများတွင် အကောင်အထည်ဖေါ်မည် ။နောက်ပိုင်းတစ်နိုင်ငံလုံး ဆောင်ရွက်မည် ၊ ဒေါ်လာသန်း ၈၀၀ ခန့် ရင်းနှီးမြှုတ်နှံမည် ၊ မြန်မာ့ဆက်သွယ်ရေးနှင့်မပတ်သက် ၊  အစရှိသဖြင့် အာမခံရဲရဲဖြင့် တာထွက်လာသောကြောင့် ပြည်သူအများက ၀မ်းသာကြလေသည် ။

ဝမ်းသာသည့်စိတ်နှင့်အတူ ဒီလောက် ပြည်သူတွေအတွက် ကောင်းတဲ့အစီအစဉ်တွေကို အစိုးရက ဘာလို့ လက်တုန့်ဆိုင်းနေရတာလဲ ၊ သူတို့အတွက် အကျိုးအမြတ်မရှိလို့ မလုပ်တာနေမှာပေါ့ ၊ သူ့ဟာသူလုပ်မှာကို ဘာလို့ လက်နှေးနေရတာလဲ ၊ အစရှိသဖြင့် အပြစ်တင်ကြလေသည် ။ ထိုအတောအတွင်း မြန်မာ့ ဆက်သွယ်ရေးက အင်ဂျင်နီယာချုပ်ဦးဇော်မင်းဦးက မြန်မာ့ဆက်သွယ်ရေးနှင့် အဆက်အသွယ် မလုပ်ပဲ မြန်မာ့ဆက်သွယ်ရေးမှ ထုတ်ပေးထားသော တယ်လီဖုန်းများနှင့်ဆက်သွယ်ရန် နည်းပညာအရ မဖြစ်နိုင်ပါကြောင်း ၊ ပြည်ပနိုင်ငံများနှင့်ဆက်သွယ်ရန် မြန်မာ့ ဆက်သွယ်ရေး နှင့် မဖြစ်မနေဆက်သွယ် ရမှာ ဖြစ်ကြောင်း ၊ မိုဘိုင်းနက်ဝပ်တည်ဆောက်ရန်မှာ နေ့ချင်းညချင်း မဖြစ်နိုင်ပါကြောင်းပြောကြားခဲ့သဖြင့် ဦးဇော်မင်းဦးကို ၀ိုင်းဝန်းအပြစ်တင်ကြသူများ အများအပြားလည်းပေါ်ပေါက်လာလေ၏ ။

ပြည်တွင်းပြည်ပမှ နည်းပညာနှင့်နီးစပ်သူများ ကလည်း အခြားတိုင်းပြည်များရှိဈေးနှုံးများ ၊ နည်းပညာများကို ကိုးကား၍ လုပ်ရင် ရနိုင်ကြောင်း ၊ သူများရလျင်ကိုယ်ရရမှာဖြစ်ကြောင်းစသည်တို့ကို နည်းပညာ အကိုးအကား အချက်အလက်အကိုးအကား များဖြင့် ထောက်ခံသည့်ဘက်မှ ရေးသားကြ သည်များတွေ့ရသဖြင့် ပြည်သူများ၏ မျှော်လင့်ချက်သည် ပိုမို လာကာ အစိုးရတာဝန်ရှိသူများကို အပြစ်ဆိုသည် များလည်း ပို၍ ပို၍ တိုးလာလေတော့သည် ။

ဗမာလို ရိုးရိုးလေးတွေးကြည့်မိပါသည် အခြားနိုင်ငံများတွင် နည်းပညာအရ ရလျှင် ကျွန်တော်တို့နိုင်ငံတွင်လည်း ရနိုင်ရမည်သာ ဖြစ်ပါသည် ။ အခြားနိုင်ငံများတွင် ဈေးသက်သက်သာသာနှင့် ရနိုင်လျှင် မြန်မာနိုင်ငံတွင်လည်း ရနိုင်ရမည်သာ ဖြစ်လေသည် ။ အဓိက ပြသနာမှာ နည်းပညာပိုင်း ၊ Sim Card ၏ဈေးနှုန်းပိုင်းမဟုတ်ပါ  ၊ အဓိကသော့ချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည် ။

KNU နှင့် အပစ်ရပ်စဲရန် သမ္မတရုံးမှ ကက(ကြည်း) သို့ ထုတ်ပြန်သော ညွှန်ကြားစာ

၁၄.၁.၂၀၁၂ ရက်နေ့ထုတ် အစိုးရ သတင်းစာတွေမှာ ကရင်ပြည်နယ် အစိုးရရဲ့ ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့နဲ့ ကေအင်ယူ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တွေကြားမှာ ဇန်န၀ါရီလ ၁၂ ရက်နေ့က သဘော တူညီချက် ငါးချက်ကို လက်မှတ် ထိုးထားပြီး ဖြစ်တဲ့အတွက် သမ္မတက ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) ကို ညွှန်ကြားတဲ့ သတင်းကို ဖော်ပြထားပါတယ် ။ သမ္မတရုံး၏ ညွှန်ကြားစာမူရင်းမှာအောက်ပါအတိုင်းဖြစ်ပါသည် ။

Thursday, January 12, 2012

"ကမ္ဘာမှာ မြန်မာပြန်လာပြီ"





ဒီနေ့သတင်းတင်ဖို့ ညကတည်းကမအိပ်ဘဲ သတင်းတွေ စောင့် ဆက်သွယ်စရာရှိတာတွေ ဆက်သွယ်လုပ်နေခဲ့ပါတယ် ဒီမနက် ၁၀ နာရီထိုးလို့ လွတ်လာသူတွေမေးလိုက်တာ အကုန်လွတ်နေတယ် ဆိုတော့ ဘာရေးတင်ရမှန်းမသိအောင်ဝမ်းသာမိပါတယ် ။

ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်အပါအ၀င် အများမျှော်လင့်နေသူတွေ အကုန်လုံး အမှန်တကယ်ကို လွတ်မြောက်လာပါပြီ လွတ်မြောက်လာသူတွေလည်း မိသားစုနဲ့အတူ ပျော်ရွှင်စွာ ဆုံဆည်းနိုင်ကြပြီး နိုင်ငံအတွက် အကောင်းဆုံးဆောင်ရွက်ကြမည်ဟု မျှော်လင့်ပါသည် ။ အားလုံးကို Voice Of Myanmar မှ လေးလေးစားစားကြိုဆိုပါသည် ။

အထူးအားဖြင့် နိုင်ငံတော်သမ္မတကြီးကို လေးစားဂုဏ်ပြုပါသည် ၊တိုင်းပြည်ကို အကောင်းဘက်သို့ဦးတည်သည့် အပြောင်းအလဲ ဖြစ်အောင်လုပ်နိုင်စွမ်းသော ၊ ကမ္ဘာ့မျက်နှာစာပေါ် သို့ ပြန်လည် ဆွဲတင်နိုင်စွမ်းသော ၊ ငြိမ်းချမ်းစေနိုင်စွမ်းသော အာဂ ပုဂ္ဂိုလ်ပါတကား ၊ ထိုသမ္မတကြီးနှင့် အတူ ယနေ့လွတ်မြောက်လာကြကုန်သော တိုင်းပြည်၏ အားများ ပေါင်းစပ်လိုက်ပါမူ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီးသည် မကြာသောကာလအတွင်းတွင် ကမ္ဘာ့အလယ်တွင် တင့်တယ် လာတော့မည်မှာ မလွဲဧကန် ဖြစ်ပါသည်ဟု ယုံကြည်မိပါကြောင်း ........။

"ကမ္ဘာမှာ မြန်မာပြန်လာပြီ"


အစိုးရက အကျဉ်းကျခံနေရသူ ၆၅၁ ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပြုကြောင်း ထုတ်ပြန်



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် နိုင်ငံတော်တည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအတွက်လည်းကောင်း၊ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး အတွက် လည်းကောင်း၊ နိုင်ငံရေးလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်ခွင့် ရရှိစေရေးအတွက် လည်းကောင်း၊ လူသားခြင်းစာနာထောက်ထားမှုကို အလေးပေးသောအားဖြင့် နိုင်ငံတော်သစ် တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေသော နိုင်ငံသားများ အဖြစ်သို့ ပြုပြင်ပြောင်းလဲနိုင်စေရေးအတွက် လည်းကောင်း အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျ ခံနေရသူ ၆၅၁ ဦးအား ဇန်နဝါရီလ ၁၃ ရက်နေ့မှ စကာ လွတ်ငြိမ်းချမ်းသာခွင့်ပြုကြောင်း ထုတ်ပြန်ချက် တွင်ပါဝင်ပါသည်။

အဆိုပါသတင်းကို ယနေ့ ၆ နာရီတွင် နိုင်ငံပိုင်သတင်းမီဒီယာများက ထုတ်ပြန်ကြေငြာသွားတာဖြစ်ပါတယ် ။

ဒေါနတောင်တန်း ရောင်ခြည်သန်းလေပြီ

(KNU) နှင့် ကရင်ပြည်နယ် အစိုးရ လုံခြုံရေး ဝန်ကြီးတို့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို ယနေ့နေ့လည်ပိုင်းတွင် အောင်မြင်စွာလက်မှတ်ရေးထိုးနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရှိရပါတယ် အလားတူ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့ ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကKNU တို့ တောင်းဆိုထားသည့် အချက် ၁၁ ချက်ကို မူအားဖြင့် သဘောတူညီကြောင်း လက်မှတ်ရေးထိုးခဲ့သည် ဟု လည်းသိရပါသည် ။
 KNU ကတောင်းဆိုသော သဘောတူညီချက် ၁၁ ချက်မှာ -
(၁) တစ်ပြည်လုံးအတိုင်းအတာအားဖြင့် အပစ်အခတ်ရပ်စဲရမည်။ အထူးသဖြင့် တိုင်းရင်းသားဒေသများ တွင် ဖြစ်ပွားနေသည့် စစ်ပွဲများအား ရပ်စဲပေးရန်။ 


(၂) ကြောက်ရွှံ့ခြင်းကင်းသည့် ပြည်သူပြည်သားများအဖြစ် ဘ၀ရပ်တည်နိုင်ရေး အာမခံရရန်။


(၃) ပြည်သူပြည်သားများအတွင်း ယုံကြည်မှုရရှိသည့် အခြေအနေ တည်ဆောက်ရန်။


(၄) အခြေခံ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းကို ဆောင်ရွက်ပေးရေးနှင့် ဒေသဆိုင်ရာ လူထုနှင့် အတိုင်ပင်ခံပြုသည့် ဖွံ့ဖြိုးရေး လုပ်ငန်းများအား အထောက်အကူပေးရန်။


(၅) နိုင်ငံတော်သတင်းမီဒီယာများအား ငြိမ်းချမ်းရေးလမ်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်စေရန်နှင့် အခြားသတင်းမီဒီယာများအား တိကျသော ငြိမ်းချမ်းရေးဆိုင်ရာ သတင်းအချက်အလက်များ ရယူခွင့်ပြုရန်။ 


(၆) အတင်းအဓမ္မ လုပ်အားပေးခိုင်းစေခြင်း၊ပုံစံ အမျိုးမျိုးဖြင့် ငွေကြေးကောက် ခံခြင်း၊ ပေးကမ်းလှူဒါန်းခိုင်းခြင်း၊ အခြားအခြားသောနည်းလမ်းများဖြင့် ငွေကြေးကူညီစေခြင်း မပြုရန်။


(၇) အကျဉ်းသားများအား လွှတ်ပေးရန်၊ ပြည်သူပြည်သားများဘ၀ ပြန်လည်ထူထောင်ရေးနှင့် ပြည်သူများ ၏ မြေယာများကိစ္စအား ဖြေရှင်းပေးရန်။


(၈) နှစ်ဘက်စလုံး ငြိမ်းချမ်းရေးပြောဆိုမှုများနှင့် နည်းလမ်းများအား အကျိုးဆောင် ပံ့ပိုးကြရန်။


(၉) စေ့စပ်ညှိနှိုင်းမှုစားပွဲဝိုင်းတွင် ပါဝင်သည့် ကိုယ်စားလှယ်များ တရားဝင်မှုရှိစေရန်နှင့် သက်ဆိုင်သည့် နယ်မြေများရှိ ပြည်သူများနှင့် လုံလောက်သည့် ညှိနှိုင်းတိုင်ပင်မှုပြုချိန် ရရှိရန်နှင့် ဖြစ်စဉ်အား ပြင်ပမှ ကူညီပံ့ပိုးသူများအကြား ရှင်းလင်းသည့် အခန်းကဏ္ဍများ ထားရှိရန်။ 


(၁၀) ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် စောင့်ကြပ်စစ်ဆေးခြင်း၊ စိစစ်အတည်ပြုခြင်းနှင့် တည့်မတ်မှန်ကန်အောင် အစီအစဉ်လုပ်ဆောင်မှုများ စတင်ရန်။ 


(၁၁) ဘက်အားလုံးမှ တည်မြဲသည့် ငြိမ်းချမ်းရေးသို့ ရှေးရှုသည့် လုပ်ဆောင်မှုများ တိုးတက်ဖြစ်ပေါ်စေနိုင်ရန် အာမခံမှုရှိသည့်၊ ပျော့ပြောင်းညင်သာသည့် လုပ်ငန်းစဉ်များထားရှိရန်၊ နှစ်ဘက်စလုံးအပေါ် သတိမဲ့ ခွင့်ပြုလိုက်လျှောသည့်၊ လိုသလို အနက်အဓိပ္ပာယ်ကောက်ယူနိုင်သော ဝေါဟာရအသုံးအနှုန်းများ မပါရှိစေရေးကို လုပ်ကိုင်ရန်။

 အထက်ပါအချက် (၁၁)ချက်အပြင် အခြားလိုအပ်ချက်များရှိပါက နှစ်ဘက် ဆက်လက်ဆွေးနွေးသွားရန် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြကြောင်း သတင်းရရှိပါသည် ။


NLD က ကြားဖြတ်ရွေးကောက်ပွဲတွင်ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် အမည်စာရင်းထုတ်ပြန်

ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကြားဖြတ်ရွေးကောက်ပွဲတွင်ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်၂၃ ဦး ၏အမည်စာရင်းနှင့် ၀င်ရောက်ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်များ ကို အောက်ပါအတိုင်းထုတ်ပြန် ကြေငြာခဲ့ပါသည် ။

Wednesday, January 11, 2012

နိုင်ငံတော်သမ္မတကြီး ကြည့်မိစေလိုပါသည်

 
အမေရိကန်ပြည်ထောင်စု အနောက်မြောက်ဘက်တစ်လွှားမှာ ဒီလို ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံကြီး ၂၀ ကျော်နဲ့ တစ်နှစ်ကို လျှပ်စစ်ဓါတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၇၀ ကျော် ထုတ်လုပ်ကာ လူနေအဆောက်အဦးနဲ့ စက်ရုံအလုပ်ရုံပေါင်း ၄ သန်းကျော်ကို လျှပ်စစ် ဓါတ်အားထုတ်ပေးနေတဲ့ First Energy ကုမ္ပဏီကြီးရဲ့ ကျောက်မီးသွေးသုံးစက်ရုံအလုပ်လုပ်ပုံနဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ထိန်းသိမ်းထားနိုင်ပုံကို သရုပ်ဖေါ်ထားတဲ့ 3D animated coal plant tour လေးပါခင်ဗျား...။

 
 
ကျောက်မီးသွေးစွမ်းအင်သုံး ဓါတ်အားပေးစက်ရုံကထွက်လာတဲ့ စွန့်ပစ်ထွက်ကုန်တွေနဲ့ အဆင့်မြင့်ကွန်ကရစ်တွေဖေါ်စပ်ပြီး နိုင်ငံရဲ့ လမ်းဖေါက်လုပ်ရေး လုပ်ငန်းတွေ ၊ အဆောက်အဦးတည်ဆောက်ရေးလုပ်ငန်းတွေမှာ အသုံးပြုနိုင်ပါတယ်ခင်ဗျား ။ 

၂၀၁၁ခု စာရင်းဇယားများအရ တစ်ကမ္ဘာလုံးလျှပ်စစ်ထုတ်လုပ်မှုရဲ့ ၄၁ % ၊ အမေရိကန်ပြည်ထောင်စုတစ်ခုလုံးရဲ့ ၄၅% ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ၇၉% ၊ အိန္ဒိယနိုင်ငံတစ်နိုင်ငံလုံး လျှပ်စစ်ထုတ်လုပ်မှုရဲ့၆၉%ဟာ ကျောက်မီးသွေးက ထုတ်လုပ်ပါသည်ခင်ဗျား ။ ကမ္ဘာကလက်ခံသော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ စံနှုန်းများနှင့် ကိုက်ညီသည့် နည်းစဉ်များ ရှိနေပြီးဖြစ်ပါသည်ခင်ဗျား ။

တစ်ဘက်တွင် သဘာဝပတ်ဝန်းကျင်အတန်အသင့်ထိခိုက်သော်လည်း အခြားတစ်ဘက်တွင် လျှပ်စစ်ရရှိမှုကြောင့် သန်းနှင့်ချီသောပြည်သူလူထုနေ့စဉ်စားဝတ်နေရေး အတွက် လောင်စာအဖြစ် သုံးနေရသော ထင်းမီးသွေးများ သုံးစရာမလိုတော့သဖြင့် သစ်တောပေါင်းများစွာကို အကာအကွယ်ပေးနိုင်မည့်အပြင် ထိုမီးဖိုများမှနေ့စဉ်ထုတ်လွှတ်သော ကာဘွန် တန်ပေါင်းများစွာ ကိုလည်းလျှော့ချနိုင်မည် ဖြစ်ပါသောကြောင့် တစ်ဘက်ကဆုံးရှုံးသွားသော သဘာဝပတ်ဝန်းကျင်ကို အခြားတစ်ဘက်တွင်  ပြန်လည် ထိန်းသိမ်းနိုင်မည်သာ ဖြစ်ပါသည် ။


ကမ္ဘာ့စံနှုံးများအရ ၁၀၀၀ မီဂါဝပ်ရှိသော ကျောက်မီးသွေးသုံးစက်ရုံတစ်ရုံမှ တစ်နှစ်ထုတ်လုပ်နိုင်မည့် လျှပ်စစ်ပမာဏသည် ကီလိုဝပ်နာရီပေါင်း ( ၇ ) ဘီလီယံ ခန့်ထွက်ရှိမည်ဖြစ်ရာ ၁၀၀ ၀ပ်မီးချောင်း ၈ သန်းခန့်ကို ၂၄ နာရီ တစ်နှစ်ပတ်လုံး မီးလင်းစေနိုင်သော ပမာဏဖြစ်ပါသည် ။ ထိုပမာဏသည်ပင်လျှင် ယခု ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နမိတ်အတွင်း သုံးနေသော ပမာဏထက်ပိုပါသည် ။ ၄၀၀၀ မီဂါဝပ်ကို ရပ်ဆိုင်းမိပါလျှင် ထိုထက် ၄ ဆ ဆုံးရှုံးသွားနိုင်ပါသည် ။ 


ကျောက်မီးသွေးသုံးဓါတ်အားပေးစက်ရုံများတည်ဆောက်ခြင်းသည် ဆည်တမံများတည်ဆောက်ခြင်းကဲ့သို့ ဆယ်စုနှစ်ချီ၍ ကြာသော စီမံကိန်းများ မဟုတ်သဖြင့် တိုင်းပြည်၏ အပြောင်းအလဲကို ရေတိုကာလအတွင်း ပြည်သူများခံစားနိုင်မည်ဖြစ်ပါသည် ။


သို့ဖြစ်ပါ၍ သမ္မတကြီးအနေဖြင့် အမျိုးသားအကျိုးစီးပွားကို ရှေးရှု၍ ထားဝယ်ရေနက်ဆိပ်ကမ်း ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံ စီမံကိန်းအား ရပ်ဆိုင်းလိုက်ခြင်းအပေါ် ပြန်လည်သုံးသပ်ပေးစေလိုပါသည်ခင်ဗျား ။ ၄၀၀၀ မီဂါဝပ်စက်ရုံစီမံကိန်းသည် တစ်နေရာတည်းတွင် ကြီးမားသောပမာဏဖြစ်ပါက  မိမိနိုင်ငံသုံးအတွက် သင့်တင့်သောပမာဏ ကိုခွင့်ပြုပေးစေလိုပါသည်ခင်ဗျား ။


မီဒီယာများအနေဖြင့် တစ်ဘက်နိုင်ငံကပြည်သူများ လက်မခံသောစက်ရုံကြီး မိမိနိုင်ငံဘက်မှာ လာဆောက်ခြင်းအပေါ် မချင့်မရဲဖြစ်ပြီး မျိုးချစ်စိတ်အရင်းခံ ကာ စေတနာဖြင့် ထောက်ပြခြင်းဖြစ်နိုင် ပါသည် ။ အကယ်၍သာ ပတ်ဝန်းကျင်ထိခိုက်မှုနည်းပြီး တိုင်းပြည်အတွက် အကျိုးရှိပါမူ သို့တည်းမဟုတ် မိမိတိုင်းပြည်၏ သဘာဝပတ်ဝန်းကျင် အတန်အသင့်ထိခိုက်ခြင်းသည် သန်း၆၀ သော ပြည်သူ့အတွက်သက်သက်သာ ဖြစ်ပါမူ  မီဒီယာသမားများသည်လည်း မြန်မာနိုင်ငံသား များ တိုင်းပြည်ချစ်သူများသာ ဖြစ်ကြပါကြောင်း တင် ပြအပ်ပါသည် ။


Voice Of Myanmar

KIA က ရပ်နားခိုင်းသဖြင့် ဖားကန့်ကျောက်စိမ်းတူးဖေါ်ရေးလုပ်ငန်းများရပ်ဆိုင်း

လုံးခင်း-ဖားကန့်  ကျောက်စိမ်းလုပ်ကွက်များကို google မှတွေ့မြင်ရပုံ 

ကချင်ပြည်နယ်၊ ဖားကန့်ဒေသရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများကို ဇန်န၀ါရီလ ၄ ရက်မှ စတင်၍ရပ်နားခဲ့ကြောင်း၊ငြိမ်းချမ်းရေးညှိနှိုင်းမှုတွင် အဆင်မပြေသည့်အတွက်ကေအိုင်အေက လုပ်ငန်းများ ရပ်နားခိုင်းသဖြင့် ယခုကဲ့သို့ရပ်နားရခြင်းဖြစ်ကြောင်း ထို့အပြင် ဖားကန့်ဒေသသို့ လမ်းအဆက်အသွယ် ကိုလည်းကေအိုင်အေမှ ထိန်းချုပ်ထားသည့်အတွက် ဖားကန့်ဒေသတွင် စားနပ်ရိက္ခာပြတ်လပ်နေပြီး ယနေ့မှ လမ်းခေတ္တပြန်ဖွင့်သဖြင့် ဒေသအတွင်းမှ အလုပ်သမားများ နေရပ်သို့ ပြန်ရကြောင်း အဆိုပါဒေသ ရှိ ကျောက်တူးဖော်ရေးအလုပ် လုပ်ကိုင်နေသော လုပ်ငန်းရှင်တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ပြည်တွင်းထုတ် 7 Days သတင်းဂျာနယ် ၏ facebook တွင် ဖေါ်ပြထားပါသည် ။

 ထို့အပြင် ကေအိုင်အေဖွဲ့သည် ဆပ်ကြေးတောင်းယူမှုများလည်း ယခင်ကထက်ပိုများလာသည် ဟု ကျောက်တူးဖော်ရေး လုပ်ငန်းရှင်အချို့ကပြောကြားပါသည်။ ဒုက္ခသည်များကို အကြောင်းပြု၍ ကုမ္ပဏီအကြီးတစ်ခုကို ကျပ်သိန်း ၁၀၀၀မှ သိန်း ၁၀၀၀၀ ထိတောင်းယူမှုများရှိကြောင်းသိရှိရပါသည် ။