xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar

Monday, February 13, 2012

ဒါလားဟဲ့ စတုတ္ထမဏ္ဍိုင်





 ရန်ကုန် ပုဇွန်တောင်က Orchid Hotel  ၀န်ထမ်းအမျိုးသမီးကို ပါးရိုက်ခဲ့တဲ့ ဂျပန်အမျိုးသားကို အစိုးရက ပြည်နှင်ဒဏ်ပေးပြီး နောင်မြန်မာနိုင်ငံလာခွင့် ဗီဇာပါ ရာသက်ပန် ပိတ်ပင်ခဲ့ရတဲ့ ဖြစ်စဉ်တစ်ခု မကြာမီက ဖြစ်ပွားခဲ့တာကို အားလုံးသိရှိပြီးဖြစ်ပါတယ် ။

ဖြစ်စဉ်က မြန်မာနိုင်ငံကိုအကြိမ်ကြိမ်လာရောက်ဘူးသူ ဂျပန်အမျိုးသား Mr. Okahashi Takashi (မစ္စတာ အိုကာဟရှိ တာကရှိ) ဟာ ဇန်န၀ါရီလ ၂၈ ရက်နေ့က သူတည်းခိုနေတဲ့ Orchid Hotel ကို အပျော်အမျိုးသမီးတစ်ဦးခေါ်လာတယ် ၊တာဝန်ကျဧည့်ကြိုကောင်တာ ၀န်ထမ်းက အပျော်အမျိုးသမီးကို တည်းခိုခွင့်မရှိကြောင်း တားမြစ်ရာကနေပြဿနာစတာပါ ၊ နောက်တော့ ရာထူးတစ်ဆင့်မြင့် တဲ့ ဒေါ်အေးအေးကြည် ရောက်လာပြီး ဖြေရှင်းဆောင်ရွက်စဉ်မှာ အဆိုပါဂျပန်အမျိုးသား က ဒေါ်အေးအေးကြည်ကို ပါးရိုက်လိုက်တာပါ ။ ဖြစ်စဉ်အစအဆုံးကို CCTV ကင်မရာတွေကနေ မှတ်တမ်းတင်ထားတာမို့ အငြင်းပွားစရာဘာမှမရှိပါဘူး ။

ပြောချင်တာက ဒီဖြစ်စဉ်မှာ ဂျပန်အမျိုးသားက မြန်မာအမျိုးသမီးတစ်ဦးကို ကိုယ်ထိလက်ရောက်စော်ကား သွားတယ်ဆိုတာ အင်မတန်ထင်ရှားနေပါတယ် ၊ ဒါပေမယ့် ပြည်တွင်းဖြစ် အိမ်ကျယ် စတုတ္ထမဏ္ဍိုင်တွေကတော့ သတင်းကို သာမန်လောက်သာဖေါ်ပြကြတာကိုတွေ့ရပါတယ် ၊ အချို့ သတင်းအဖြစ်တောင် ဖေါ်ပြတာမတွေ့ရပါဘူး ငြိမ်ချက်သားကောင်းနေတာ သတိပြုမိပါတယ် ။

အကယ်၍ ဒီဂျပန်နေရာမှာသာ
 
( ၁ ) တရုတ် အမျိုးသားတစ်ယောက် ဖြစ်နေခဲ့ပါရင် ( သို့တည်းမဟုတ် )

(၂)  စစ်ဗိုလ်တစ်ယောက်ဖြစ်နေခဲ့ပါရင် (သို့တည်းမဟုတ် )

(၃) ရဲတပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်နေခဲ့ပါရင် (သို့တည်းမဟုတ် )

(၄) ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ထင်ရှားသူတစ်ဦးတစ်ယောက်ဖြစ်နေခဲ့ပါရင် (သို့တည်းမဟုတ်)

(၅) ရပ်ကွက် ၊ မြို့နယ် ၊ တိုင်း အစရှိတဲ့ လက်ရှိအစိုးရ အာဏာပိုင်တစ်ယောက်ယောက်များ ဖြစ်နေခဲ့ပါရင် 

ဒီ ဒေါ်စုနောက်လိုက်ရင်း အချိန်ကုန်နေတဲ့ စတုတ္ထမဏ္ဍိုင်တွေ ခုလိုငြိမ်နေမယ်လို့ထင်ပါသလား .....??? ခုတော့ သူတို့ပထွေး အမေရိကန်ပြည်ထောင်စုရဲ့ အဓိကမဟာမိတ်ကြီး ဂျပန်နိုင်ငံ သား ဖြစ်နေတော့ လေလည်သံတောင်မကြားရတော့ပါ ။ 

" ဒါလားဟဲ့... စတုတ္ထမဏ္ဍိုင် "


ဒေါက်တာဆိတ်ဖွား



မှန်တင်ခုံရှေ့အလှပြင် ကျွန်မ ' မ ' လှချင်



ကွယ်လွန်သူအမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် အရပ်ဝတ် ၄စုံသာ အကောင်းရှိသည်ဟု ဖတ်ဘူးမှတ်ဘူးပါသည် ၊ ငယ်စဉ်က တာဝါလိန်းလမ်း ဗိုလ်ချုပ်အောင်ဆန်းပြတိုက် ကိုကြည့်ရှုခဲ့စဉ်က ဗိုလ်ချုပ်ဝတ်ဆင်ခဲ့သော အင်္ကျီအ၀တ်အစားများကို ကြည့်၍ နွမ်းပါးလှသော နိုင်ငံ့ခေါင်းဆောင်ကြီးရဲ့ ဘ၀ကို ပြန်ပြောင်းတွေးမိ မြင်ယောင်မိရင်း စိတ်မကောင်းဖြစ်ခဲ့ဘူးပါသည် ။ဓါတ်ပုံတွေကြည့်လိုက်လျှင်လည်း ယူနီဖေါင်းသည် ထပ်နေပါသည် ၊ အရပ်ဝတ်လည်း ထပ်နေပါသည် ။



ဗိုလ်ချုပ်ရဲ့သမီး ဒေါ်အောင်ဆန်းစုကြည်ကတော့ တစ်နေ့တစ်စုံ ၊ ပွဲနှစ်ပွဲရှိလျှင် ၂စုံ ၊ ၃ ပွဲရှိလျှင် ၃ စုံ အရောင်မထပ်စတမ်း ၊ အဆင်မထပ်စတမ်း ထည်လဲဆိုသလိုဝတ်ဆင်နေသည်ကိုသတိပြုမိပါသည် ။ ခေတ်နှင့်အညီ ၊ကာလဒေသ အချိန်အခါနှင့်အညီ သင့်တော်စွာဝတ်စားဆင်ယဉ်သည်ကို မပြောလိုသော်လည်း ၊ အ၀တ်တစ်ထည်ကို တစ်ကြိမ်သာဝတ်ပြီး ၊ အသက်ကြီးမှ ထည်လဲဝတ် ချင်စားချင်စိတ်ဖြစ်နေသော မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ကြီး၏ စိတ်ကိုမူ နားမလည်နိုင်အောင်ဖြစ်ရပါသည် ။ 

အပိုမပြောပါဘူး ဒီဆောင်းပါးဖတ်ပြီးတဲ့နောက် သတိထားပြီး ကြည့်ကြည့်ပါ ၊ လုံးဝကိုမထပ်တမ်းဝတ်နေသည်ကို သင်တအံ့တသြတွေ့ရပါလိမ့်မည် ။

ဒေါက်တာဆိတ်ဖွား


(၆၅)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား နေပြည်တော်တွင် ကျင်းပ ၊ ဒုသမ္မတတက်ရောက်

  နိုင်ငံတော်သမ္မတက ပြည်ထောင်စုနေ့ အခမ်းအနားသို့ပေးပို့သည့် သ၀ဏ်လွှာကို ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဖတ်ကြားနေစဉ်
 
(၆၅)နှစ်မြောက်ပြည်ထောင်စုနေ့ အခမ်းအနားအား နေပြည်တော်ရှိ မြို့တော်ခန်းမတွင် ဖေဖော်ဝါရီလ ၁၂ ရက် နံနက် ၇ နာရီတွင် ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက်ခဲ့ပြီး နိုင်ငံတော်သမ္မတက ပြည်ထောင်စုနေ့ အခမ်းအနားသို့ ပေးပို့သည့် သ၀ဏ်လွှာကို ဖတ်ကြားခဲ့သည်။

 (၆၅)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ နိုင်ငံတော် ဒုတိယသမ္မတ၊ အစိုးရအဖွဲ့ ၀န်ကြီးများ၊ ပြည်ထောင်စုလွှတ်တော်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သတင်းရရှိပါသည်။

ယခင်အစိုးရလက်ထက် ပြည်ထောင်စုနေ့အခမ်းအနားများကို မြို့တော်ဝန်အဆင့် ၊ တိုင်းအဆင့် ဌာနဆိုင်ရာအကြီးအကဲများကသာ အမြင့်ဆုံးတက်ရောက်ကျင်းပပြီး အစိုးရသစ်လက်ထက်တွင် ဒုတိယသမ္မတ အဆင့်ထိ တက်ရောက် ကျင်းပခဲ့ခြင်းလည်း ဖြစ်သည် ။

Saturday, February 11, 2012

ဦးတင်ရီ၏ကန့်ကွက်လွှာအား ခရိုင်ကော်မရှင်ကပယ်ချ ၊ လွှတ်တော်ထိ အဆင့်ဆင့်တက်မည်ဟုဦးတင်ရီကဆို



ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်စားလှယ်လောင်း အရည်အချင်းနှင့်ကိုက်ညီမှုမရှိဟုဆို ကာကန့်ကွက် ခဲ့သည့်ယှဉ်ပြိုင်အရွေး ခံမည့် ဦးတင်ရီ၏ကန့်ကွက်လွှာအား တောင်ပိုင်းခရိုင်ကော်မရှင် ရုံးမှဇန်နဝါရီ(၁၁)ရက်နေ့ကပယ်ချလိုက် ကြောင်း ကန့်ကွက်ခဲ့ သည့် ကိုယ်စားလှယ်လောင်း ဦးတင်ရီထံမှသိရသည်။ ထိုသို့ ခရိုင်ကော်မရှင်အ ဖွဲ့ခွဲမှ ကန့်ကွက်လွှာအားပယ်ချ လိုက်သည့်အပေါ် တိုင်းဒေသကြီး ကော်မရှင်အဖွဲ့ခွဲသို့ဇန်နဝါရီလဒုတိယပတ်တွင် အယူခံတင်သွားမည်ဖြစ် ကြောင်း ကန့်ကွက်လွှာပယ်ချခြင်း ခံခဲ့ရသည့် ကိုယ်စားလှယ်လောင်း ဦးတင်ရီကဆိုသည်။

 ''ဒီနေ့ခရိုင်ကော်မရှင် အဖွဲ့ခွဲကပယ်လိုက်တယ်။ဒါကြောင့် နောက်တစ်ပတ်ထဲမှာ တိုင်းကော်မ ရှင်ကိုအယူခံဆက်ဝင်မယ်။ တိုင်းကော်မရှင်က ပယ်ရင်၊ဗဟိုကိုတက်မယ်။ ဗဟိုကပယ်ရင် လွှတ်တော်တင် မယ်။ ကျွန်တော့်က အခြေခံဥပဒေနဲ့ ရွေးကောက်ပွဲ ဥပဒေတွေအရ ကန့်ကွက်ခဲ့တယ် ။ မကိုက်ညီတာတွေကို တင်ပြကန့်ကွက်ခဲ့တယ်။ ဒေါ်အောင် ဆန်းစုကြည်ဘက်ကလည်း ပြန်ပြီး ဖြေရှင်းတာ ကျွန်တော်တို့ဘက်က မပြည့်စုံဘူးဆိုပြီးလေ။ ခရိုင်ကတော့  ပယ်လိုက်တယ်'' ဟုညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီမှ ကော့မှူးမြို့နယ် တွင်ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ် စားလှယ်လောင်းဦးတင်ရီကဆို သည်။ 

ဦးဂမ္ဘီရအစား လူထုကိုအားနာမိတယ်

၁။ထောင်ကထွက်တဲ့နေ့ အစိုးရကချိတ်ပိတ်ထားတဲ့ မဂ္ဂင်ကျောင်းကို သော့တွေ ရိုက်ချိုး အတင်းဝင်ရောက် ပြီး မသင့်မတော်လုပ်တယ် ။

၂။သံဃမဟာနာယက ဆရာတော်ကြီးတွေက သိက္ခာရှိရှိ သီတင်းသုံးနေထိုင်နိုင်ရေး စီမံဆောင်ရွက်ပေးဘို့ ပင့်ခေါ်တာကို ၊ ဘာအလုပ်မှမရှိပဲ အကြောင်းအမျိုးမျိုးပြပြီးမသွားဘူး ၊ ရှောင်နေတယ်။


၃။ပရိယတ္တိ ၊ ပဋိပတ္တိ ဘာမှမလုပ်ဘဲ အင်တာဗျူးဖြေတဲ့အလုပ်ပဲလုပ်နေတယ် ၊ အဲဒီလိုဖြေတိုင်းလဲ ပါးစပ်တော်နဲ့ ကွမ်းတော် ပြတ်တယ်မရှိဘူး ၊ ကွမ်းတပြစ်ပြစ်နဲ့ ကြည့်ရှုနားဆင်သူ ရဟန်းရှင်လူအပေါင်းကို အဂါရ၀ ပုံစံမျိုး လုပ်နေတယ် ။

၎။ လူပညာလည်းမတတ် ၊ ရဟန်းပညာလည်းမတတ် တဲ့အတွက် ပြောသမျှစကား တရားမဖြစ်ဘဲ မတရားဖြစ်နေတယ် ၊ ဓမ္မမဖြစ်ပဲ အဓမ္မဖြစ်နေတယ် ။

 မဂ္ဂင်ကျောင်းအားခေတ္တပြန်လည်ပိတ်စဉ်က ဦးဂမ္ဘီရမှ တိုင်းသာသနာရေးဦးစီးမှူးအား ဤသို့ဒေါသတကြီးတုန့်ပြန်ခဲ့သဖြင့် ဘေးမှသံဃာတော်များက ၀င်ရောက်ထိန်းသိမ်းခဲ့ရသော်လည်း ဘုန်းကြီးဒေါသကို လူကအပြုံးမပျက် သည်းခံသွားပုံ
 
၅။ တိုင်းသာသနာရေးဦးစီးမှူး ဦးဇော်ဇော်ဦးကို ထိုးမယ့်ကြိတ်မယ့်ပုံစံမျိုး နဲ့ရန်စောင်လို့ ဘေးက သံဃာ တော်တွေက  ၀ိုင်းဆွဲ ၊ တိုင်းဦးစီးမှူးကို အားနာစကားတွေပြော ဖြစ်ခဲ့ရတာဟာ အတော်ရုပ်ဆိုးတဲ့ ကိစ္စဖြစ်တယ် ။

၆။ နောက်ဆုံးမှာ သံဃမဟာနာယက ဆရာတော်ကြီးတွေက ဓမ္မစက်နဲ့ ဆင့်ခေါ်တာမရတဲ့အတွက် ၊ အာဏာစက်နဲ့ ဆင့်ခေါ်ပြီး ဆုံးမသြ၀ါဒပေးခဲ့ရတဲ့အထိ ပြောရခက် ဆိုရခက် ဖြစ်ခဲ့တယ် ။

ဗုဒ္ဓဘာသာတွင် သာသနာတော် ၃-ရပ် ရှိသည်။ ယင်းတို့မှာ ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာ၊ ပဋိဝေဓသာသနာတို့ ဖြစ်ကြသည်။ဤတွင် ပရိယတ္တိ ဆိုသည်မှာ ပိဋကတ်စာပေ သင်ကြားမှု ဖြစ်သည်။ ပဋိပတ္တိ ဆိုသည်ကား အကျင့်တရား ဖြစ်သည်။ တနည်းအားဖြင့်-သမထဘာဝနာ၊ ၀ိပဿနာဘာဝနာ တို့ကိုကျင့်ကြံပွားများ အားထုတ်မှု ဖြစ်သည်။ပဋိဝေဓ ဆိုသည်မှာမူ-မဂ်တရား ဖိုလ်တရားတို့ကို ထိုးထွင်း၍ သိခြင်း ဖြစ်သည်။

ဤသာသနာတော် သုံးရပ်သည် ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ-ဆိုသကဲ့သို့ အချင်းချင်း ဆက်နွယ် အကျိုးပြုနေကြသည်။ ပရိယတ္တိသာသနာ တည်မှသာ မှန်ကန်သော ပဋိပတ္တိသာသနာ တည်ရှိနိုင်သည်။ မှန်ကန်သော ပဋိပတ္တိသာသနာကို အားထုတ်မှသာလျှင် ပဋိဝေဓသာသနာသို့ ဆိုက်ရောက်နိုင်သည်။


ထောင်ကထွက်တော်မူလာတဲ့နေ့ထဲက လုပ်တော်မူနေတဲ့အလုပ်တော်တွေဟာ ၊ ပဋိဝေဓ ဝေးလို့ ပရိယတ္တိ ၊ ပဋိပတ္တိ ဘာမှမလုပ် သာသနာတော်အကျိုး ၊ သတ္တ၀ါတွေအကျိုး ဆောင်ရွက်တော်မူသည်လည်းမတွေ့ရပဲ ရန်တော်ကြီးပဲ ဆက်တိုက် ဖြစ်တော်မူနေသော ဦးဂမ္ဘီရကို ထောင်ကထွက်လာအောင် တောင်းဆိုခဲ့ကြတဲ့ ရဟန်း ရှင်လူအပေါင်းကို အားနာနေမိတယ် ။


ဒေါက်တာဆိတ်ဖွား

ကိုယ့်အလုပ်ကိုယ် မလုပ်ပဲ သူများအတွက် ကြီးတော်နွား အလကားကျောင်းသူတွေ

မြန်မာ့နိုင်ငံရေးမှာ ကြီးတော်နွားတောင် မဟုတ်ဘူး--တခြားနိုင်ငံခြားအစိုးရတွေ၏ ကျွဲတွေကို အခမဲ့ အလကားကျောင်းနေတဲ့သူတွေ အတော် အများကြီး ရှိနေပါသည်။ ကြီးတော်နွားအငှား ကျောင်းတဲ့သူဆိုရင်တောင် ကိုယ့်ထမင်းကိုယ်စားပြီး သူးများအလုပ်ကို အခမဲ့ အလကား လုပ် ရကောင်းလားဆိုပြီး ထောက်စရာ စကားပုံတွေ မြန်မာ့ဓလေ့မှာရှိခဲ့ပါသည်။ ကိုယ့်အလုပ် မ လုပ်ပဲ သူများအလုပ်ကို အရည်မရအဖတ်မရ အခမဲ့လုပ်ပေးတဲ့ လူပိန်းတွေကို ထောက်တဲ့ စကားပုံပါ။

မြန်မာပြည်မှာ စီးပွားရေးအကြပ်အတည်းတွေ ဖြစ်နေတာ လူတွေ အလုပ်လက်မဲ့ဖြစ်ပြီး ဆင်းရဲ နေတာတွေဟာ အစိုးရ၏ စီးပွားရေးမူဝါဒတွေ မှားယွင်းမှုကြောင့် တာဝန်ရှိသလို အတိုက်အခံ နိုင်ငံရေးအုပ်စုတွေမှာလဲ မြန်မာပြည်ကို ရင်းနှီးမြှုပ်နှံမှု ၀င်မလာအောင် စိတ်းပွားရေးပိတ်ဆို. မှုတွေလုပ်ထားအောင် စည်းရုံးလှုံ.ဆောင်တိုက်တွန်းနေတာကြောင့် သူတို.မှာလဲအပြစ်မကင်းပါ။ ၂ဖက်စလုံးမှာ တာဝန်ရှိပြီး ၂ဦးစလုံးက ပြည်သူတွေအပေါ် အကြွေးရှိနေသူတွေပါ။ ။

စီးပွားရေးဒဏ်ခတ်အရေးယူထားတဲ့နိုင်ငံတွေက သူတို.နိုင်ငံတွေ၏ ပေါ်လစီတွေ မူဝါဒတွေ ကို ခုခံကာကွယ်ပြောဆိုနေတာ နားလည်နိုင်ပေမည့် မြန်မာ့နိုင်ငံရေးအဖွဲ.အစည်းက လူတချို. ဟာ နိုင်ငံခြားအစိုးရတွေကိုယ်စား ကြားကနေ ခုခံကာကွယ်ပြောဆိုနေတာတွေ မြင်နေကြား နေရတာကိုတော့ နားမလည်နိုင်ပါ။ ကိုယ့်အလုပ် ကိုယ့်ကိစ္စ ကိုယ်မလုပ်ပဲ သူများအလုပ်ကို ၀င်လုပ်နေတာမို. ကြီးတော်နွား အလကားကျောင်းတဲ့သူတွေထက်တောင် ဆိုးနေပါသည်။

Friday, February 10, 2012

" မိုက်ခဲ "


မဂ္ဂင်ကျောင်းပြန်ဖွင့်သော်လည်း စတုတ္ထမဏ္ဍိုင်တွေ လက်နှေး

 ဖေဖေါ်ဝါရီ ၄ ရက်နေ့ က ချိတ်ပိတ်ထားသော မဂ္ဂင်ကျောင်းကို ယနေ့ ဖေဖေါ်ဝါရီ ၁၀ ရက်နေ့  နေ့ လည် တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်းသိရပါတယ် ၊  ထိုသို့ပြန်လည်ဖွင့်လှစ်ပေးလိုက် ပါသော်လည်း ၊ ကျောင်းပြန်လည်ချိတ်ပိတ်စဉ်က အလွန်တက်ကြွကာ အချိန်နှင့်တပြေးညီဖေါ်ပြခဲ့ကြ ကုန်သော ပြည်တွင်း သတင်းဌာန များ ကျောင်းပြန်လည်ဖွင့်လှစ် သည့် သတင်းကို ဖေါ်ပြခြင်း မရှိသည်ကို တွေ့ရပါသည် ။
မဂ္ဂင်ကျောင်းအားခေတ္တပြန်လည်ပိတ်စဉ်က ဦးဂမ္ဘီရမှ တိုင်းသာသနာရေးဦးစီးမှူးအား ဤသို့ဒေါသတကြီးတုန့်ပြန်ခဲ့သဖြင့် ဘေးမှသံဃာတော်များက ၀င်ရောက်ထိန်းသိမ်းခဲ့ရသော်လည်း ဘုန်းကြီးဒေါသကို လူကအပြုံးမပျက် သည်းခံသွားပုံ
ဖြစ်စဉ်မှာ နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသူများထဲမှ ဦးဂမ္ဘီရ ဦးဆောင်သော သံဃာတစ်ချို့က အဆိုပါ မဂ္ဂင်ကျောင်းအား အစိုးရမှ ချိတ်ပိတ်ထားသည်ကို ချိုးဖျက်ဝင်ရောက်ကာ မသင့်မတော်ဝင်ရောက် သတင်းသုံးခဲ့ကြသဖြင့် နိုင်ငံတော်သံဃာ့မဟာနာယက အဖွဲ့မှ အဆိုပါသံဃာအချို့အား တရားဥပဒေနှင့်အညီ သိက္ခာရှိရှိသတင်းသုံးနိုင်ရေး စီမံဆောင်ရွက်ပေးခဲ့ခြင်းသာ ဖြစ်ပါသည် ။
ထိုသို့ဆောင်ရွက်ရာတွင် ကျောင်းတိုက်မှ ခေတ္တပြန်လည်ထွက်ခွာပေးရန် ၊ ထိုသို့ထွက်ခွာပြီး ရက်ပိုင်းအတွင်းသက်ဆိုင်ရာမှ တရားဝင်ပြန်လည်ဖွင့်လှစ်ပေးရန် ၊ ပြီးမှ သိက္ခာရှိစွာတက်ရောက် သတင်းသုံးရန် ကျောင်းမှခေတ္တပြန်လည်ထွက်ခွာစဉ် နေထိုင်သတင်းသုံးနေထိုင်ရေးအဆင်ပြေစေရန် ရန်ကုန်တိုင်းဒေသကြီး သံဃာ့နာယကအဖွဲ့မှအစစစီစဉ်ဆောင်ရွက်ပေးတော်မူခဲ့ပါသည် ။
ပြန်လည်သတင်းသုံးခွင့်ပြုပါမည့်အကြောင်း ကြိုတင်ဖေါ်ပြထားသည့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏စာ
ထိုဖြစ်စဉ်ကိုအကြောင်းပြု၍ ပြည်တွင်းပုဆိန်ရိုးမီဒီယာအချို့က အစိုးရနှင့် နိုင်ငံတော်သံဃာ့ မဟာနာယကအဖွဲ့ကို အကြည်အညို ပျက်အောင်ဆောင်ရွက်ခဲ့ကြခြင်းသာဖြစ်ကြောင်း သိရှိရပါသည် ။
VOM

မြန်မာအမျိုးသမီးကို ပါးရိုက်တဲ့ဂျပန်အား ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ပြည်နှင်ဒဏ်ပေးပြီး လာခွင့်ပိတ်



 
ရန်ကုန် Orchid Hotel ဧည့်ကြိုကောင်တာ


ရန်ကုန် ဟော်တယ်တခုက ၀န်ထမ်းအမျိုးသမီးကို ပါးရိုက်ခဲ့တဲ့ ဂျပန်အမျိုးသားကို အစိုးရက ပြည်နှင်ဒဏ်ပေးပြီး နောင်မြန်မာနိုင်ငံလာခွင့် ဗီဇာပါ ရာသက်ပန် ပိတ်ပင်ခဲ့ပါတယ်။
 
ဇန္န၀ါရီ ၂၈ ရက်နေ့က ရန်ကုန်ဟော်တယ်ဝန်ထမ်း ဒေါ်အေးအေးကြည်ကို ပါးရိုက်ခဲ့တဲ့ ဂျပန်အမျိုးသား Mr. Okahashi Takashi (မစ္စတာ အိုကာဟရှိ တာကရှိ) ကို ပြည်နှင်ဒဏ်ပေးဖို့ ရဲချုပ်ကနေ အမျိုးသားကာကွယ်ရေးနဲ့  လုံခြုံရေးကောင်စီ (ကာလုံ) ကို တင်ပြခဲ့ရာ ကာလုံက သဘောတူခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန် ဂျပန်သံရုံးကပါ ဟော်တယ်ကို တရားစွဲတဲ့အတွက် ရဲချုပ်က ကာလုံကို တင်ပြခဲ့ခြင်း ဖြစ်ပါတယ်။


ကာလုံခေါင်းဆောင် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်
 
ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ကြီးမှူးတဲ့ ကာလုံရဲ့ ဆုံးဖြတ်ချက်အရ Mr. Takashi ကို နာမယ်ပျက်စာရင်းသွင်းထားပြီး နောင် မြန်မာနိုင်ငံဝင်ခွင့် မည်သည့်ဗီဇာကိုမှ ထုတ်မပေးရန် ဆုံးဖြတ်ခဲ့တယ်လို့ စုံစမ်းသိရပါတယ်။
 
မြန်မာအမျိုးသမီးတဦးကို စော်ကားတဲ့ နိုင်ငံခြားသားကို ထိထိရောက်ရောက် အရေးယူတာ ဦးသိန်းစိန်အစိုးရ က်ပြီးနောက်ပိုင်း ကာလုံအဖွဲ့ရဲ့ ပထမဆုံး လုပ်ရပ်ဖြစ်ပါတယ်။ Mr. Takashi ဟာ မြန်မာနိုင်ငံမှာ Business Visa နဲ့ နေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။
 
အခင်းဖြစ်တဲ့ ရန်ကုန်က ဟော်တယ်အမည်ကို အစိုးရက တရားဝင် မထုတ်ပြန်ခဲ့ပေမဲ့ အတည်မပြူနိုင်သေးတဲ့ Facebook သတင်းတွေအရ ရန်ကုန် ပုဇွန်တောင်က Orchid Hotel မှာ အခင်းဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။




Amara News Agency

Thursday, February 9, 2012

ကောမှူးမြို့နယ်မဲဆန္ဒနယ်တွင် ပြိုင်ဘက်ကိုယ်စားလှယ်လောင်း ဦးတင်ရီက ဒေါ်အောင်ဆန်းစုကြည်အား ကန့်ကွက်လွှာတင်သွင်း

၂၀၁၂ ခုနှစ် ဧပြီလ (၁)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ကြားဖြတ် ရွေးကောက်ပွဲ၌ ကော့မှူးမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ပါတီအား ကိုယ်စားပြု ၀င်ရောက် ယှဉ်ပြိုင်မည့် ဦးတင်ရီက သူ၏ ပြိုင်ဘက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ်အောင်ဆန်းစုကြည်အပေါ် ကန့်ကွက်လွှာ တစ်စောင်တင်သွင်း ခဲ့ကြောင်း သတင်းရရှိပါသည် ။ အဆိုပါ ကန့်ကွက်လွှာ အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည် ။