xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar

Thursday, November 29, 2012

မြင်တဲ့အတိုင်းရေးလိုက်တယ်

လတ်တလောဖြစ်ပေါ်နေသော လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ပြဿနာ တွင် ဒေါ်အောင်ဆန်းစုကြည်၏ ရပ်တည်မှုသည်လဲ အရေးပါသောရပ်တည်မှု တစ်ခုဖြစ်ရာ ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ် လှုပ်ရှားမှုများကိုစောင့်ကြည့်နေခဲ့ပါသည် ။ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မည်သို့ရပ်တည်မည်လဲဆိုသည့်အချက်ကို အထူးပင် စိတ်ဝင်တစားရှိခဲ့ပါသည် ။

တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဌပီပီ တရားဥပဒေဘက်မှ ရပ်တည်ပြောကြားသွားချက်များကိုသာ ကြားခဲ့ရသဖြင့် အတော်ပင်ဘ၀င်ကျသွားကြောင်းဝန်ခံရပေမည် ။ယခင်အခါများက လူထုအကြိုက်စကားများ ၊ လက်ခုပ်သံများဖြင့် ပြည့်နှက်နေသာဒေါ်အောင်ဆန်းစုကြည်၏ လူထုဟောပြောပွဲများအကြားဝယ် ယခုတစ်ကြိမ် လူထုဟောပြောပွဲများသည် ပိုမို၍လေးနက်အဓိပ္ပါယ်ရှိလာသည်ကို သတိပြုမိပါသည် ။

" ပြည်သူ့ဆန္ဒမပါသော်လည်းပေးထားတဲ့ကတိတွေကိုတည်ဖို့လို သလားမေးရင် နိုင်ငံတကာကို ပြန်ကြည့်ရပါမယ်၊ နှစ်နိုင်ငံသဘောတူညီချက်များကို လေးစားရမယ် တချို့ဟာတွေကိုလိုက်နာရမယ် ငါတို့ဆန္ဒမပါလို့ ငါတို့မလေးစားဘူး မရပါဘူး ဟိုဘက်၊ဒီဘက်ကြည့်ရပါမယ် ကျွန်မတို့အိမ်နီးချင်းနိုင်ငံတွေနဲ့အဆင်ပြေအောင် နေတတ်ရမယ် အိမ်နီးချင်းနိုင်ငံနဲ့မတည့်လို့နိုင်ငံရွေ့သွားလို့မရပါဘူး ကမ္ဘာတည်သရွေ့ ဒီလူတွေနဲ့နေရမှာဖြစ်တဲ့အတွက် လက်တွေ့ကျကျကြည့်ဖို့လိုပါမယ်"
  “ဒီလို အကြမ်းဖက်မှု ဖြစ်သွားတာက ပြဿနာရှာချင်လို့ မဟုတ်ဘူး ၊ ပြဿနာကိုရှင်းချင်လို့"
 မုံရွာခရီးစဉ်အတွင်း ပြောကြားခဲ့သော အထက်ဖေါ်ပြပါစကားများသည် လူထုကြိုက်မည့်စကားများမဟုတ်မှန်း သိသိကြီးနှင့် ပြောချလိုက်ရဲသောသူမ၏ သတ္တိကို အသိအမှတ်ပြုရမည်သာဖြစ်ပါသည် ။ထို့အပြင် ယခင်အစိုးရလက်ထက်ကဆောင်ရွက်ခဲ့သော စီမံကိန်းများကြောင့် ဖြစ်ပေါ်လာသောကန့်ကွက်မှုများ ၊ တရုတ်မြန်မာမိတ်ဝတ်မပျက်ရေး ၊ ရင်းနှီးမြှုတ်နှံသူများကိုတရားဥပဒေအရ အပြည့်အ၀ အကာအကွယ်ပေးနိုင်ကြောင်း ပြည်ပရင်းနှီးမြှုတ်နှံသူများအား အာမခံချက်ပေးနိုင်ရေး စသော အစိုးရ၏အကျပ်အတည်းများကို လူထု၏ချစ်ခင်မှုအားနှင့် ၀င်ရောက်ဖြေရှင်းပေးခဲ့သော သူမအား လေးစားသဖြင့်လည်းကောင်း .......
\
 တန်ဆောင်မုန်းလပြည့်နေ့ညတွင် ဘုန်းကြီးအလုပ်ဘုန်းကြီးမလုပ် ၊ လူမြှောက်ပေးတိုင်း အမောင်တောင်မှန်းမြောက်မှန်းမသိ ဂွေးတက်အောင်ကနေသော ၊ တရားတော်နှင့်မညီသောအလုပ်များကို လုပ်ဆောင်နေသူများအား   မကြည်ညိုမလေးစားသဖြင့်၎င်း ဤဆောင်းပါးကိုရေးပါသည် ။

ဒေါက်တာဆိတ်ဖွား

ဆန္ဒပြတိုင်းရပ်ပေးရမှာလား

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ပတ်သက်ပြီး ဒီစီမံကိန်းကြီးကို လုံးဝရပ်တန့်ပေးဘို့ တောင်းဆိုနေသံတွေ တော်တော်လေး ကျယ်ကျယ်လောင်လောင်ဖြစ်လာတာကိုတွေ့ရပါတယ် မြန်မာမီဒီယာတွေကတော့ ထုံးစံအတိုင်းပါဘဲ ဟိုနားမှာဆန္ဒပြနေပြီ ၊ တရုတ်သံရုံးရှေ့ပြတော့မယ် ၊ ဟိုမှာတော့ ဘုန်းကြီးတွေပါလာပြီ ၊ ဦးအောင်မင်းကတော့ တရုတ်ဘက်ကကာကွယ်ပြောနေတယ် ၊ အစရှိသဖြင့်ပေါ့လေ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေဖြစ်ပြီး ရေးနေသားနေတာကိုတွေ့ရပါတယ် ။ အမျိုးသားအကျိုးစီးပွားကိုရှေ့ရှု ၊  တစ်ကမ္ဘာလုံးကိုခြုံငုံသုံးသပ်ပြီး ဒါမျိုး ဖြစ်သင့်မဖြစ်သင့် ၊ ရပ်သင့်မရပ်သင့်သုံးသပ်ရေးတာသားတာမတွေ့ရပဲ  အစိုးရအကျပ်ဆိုက်လေ မီဒီယာဝမ်းသာလေဆိုတာမျိုးလုပ်နေတာတွေ့ရပါတယ်  ။

ဒီစံမံကိန်းကြီးချွင်းချက်မရှိရပ်ပေးဘို့တောင်းဆိုနေကြတဲ့ဒေသခံလို့သူတို့ကိုယ်သူတို့ဆိုသူတွေကတော့ သဘာဝပတ်ဝန်းကျင် ဘယ်ကဲ့သို့ ပျက်စီးပါတယ် ၊ ရေကတော့ရှားကုန်ပြီ ၊  ဒေသခံတွေကတော့ ဘယ့်နှယ်နစ်နာကုန်ပါပြီ ၊ ရွာတွေရွှေ့ရတော့မယ် ဒီတော့စားရေးသောက်ရေးခက်ကုန်ပြီဆိုပြီးတော့ မဲပြာပုဆိုးဝတ်လာတာတွေ့ရပါတယ် ။

 ဒီစီမံကိန်းကြီးဟာ ၁၉၉၆ ခုနှစ်ကတည်းက အိုင်ဗင်ဟို သတ္တုတွင်းကုမ္မဏီနဲ့ သတ္တုတွင်းဝန်ကြီးဌာန အမှတ်(၁) သတ္တုတွင်းလုပ်ငန်းတို့ပေါင်းပြီး ဆတူ (၅၀/၅၀) ပိုင်ဆိုင်တဲ့  မြန်မာအိုင်ဗင်ဟို ကော့ပါးကုမ္ပဏီလီမိတက်ကို ထူထောင်ပြီး စတင်ခဲ့တာဖြစ်တယ်  ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ကျမှ အမှတ် (၁) သတ္တုတွင်းဝန်ကြီးဌာနက ပိုင်တဲ့ အစုရှယ်ရာ ၅၀ ရာခိုင်နှုန်းကို မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမိတက်ကိုရောင်း၊ အိုင်ဗင်ဟိုက ပိုင်တဲ့ အစုရှယ်ယာ ၅၀ ရာခိုင်နှုန်းကို (NORINCO) လက်အောက်ခံ ကုမ္ပဏီတစ်ခုဖြစ်တဲ့ ၀မ်ဘိုကုမ္ပဏီ Myanmar wanbao Mining Copper Ltd (MWMCL) ကိုရောင်းခဲ့တာဖြစ်တယ် ။အိုင်ဗင်ဟိုးလုပ်နေတဲ့ တစ်သက်လုံးက ဘာသံမှမကြားရပဲ တရုတ်ကုမ္ပဏီနဲ့ စစ်တပ်ပိုင် ဦးပိုင်ကလုပ်မှ ခုလိုအသံတွေထွက်လာတာဟာ ရိုးမှရိုးရဲ့လားလို့ စဉ်းစားစရာ ဖြစ်လာတယ် ။

ဒီလိုရိုးရိုးလေးစဉ်းစားကြည့်ရအောင်...... ကြေးနီထုတ်ရင်သဘာဝပတ်ဝန်းကျင်ပျက်မယ် ဒီလိုသဘာဝပတ်ဝန်းကျင်ဆိုတာကြီးပျက်မှာစိုးလို့ ကြေးနီဆိုတာကြီးကို တစ်ကမ္ဘာလုံး မထုတ်ပဲနေကြသလားဆိုတာကြည့်ရအောင်ပါ -


ဒီဇယားက  British Geological Survey ကနေထုတ်ပြန်ထားတဲ့ ကမ္ဘာ့ကြေးနီအထုတ်ဆုံး ၁၀ နိုင်ငံစာရင်းပါ ဒီစာရင်းအရ ချီလီနိုင်ငံကအများဆုံးထုတ်တာဖြစ်ပြီး တစ်ကမ္ဘာလုံးက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုနဲ့ပတ်သက်ရင်စံထားရပါတယ်ဆိုတဲ့ အမေရိကန်ပြည်ထောင်စုက ၂၀၀၆ မှာတန်ချိန်ပေါင်း ၁.၂၂ သန်း ၂၀၀၉ မှာ တန်ချိန်ပေါင်း ၁.၃၁ သန်းကျော်ထုတ်လုပ်ပြီး ကမ္ဘာ့ကြေးနီထုတ်လုပ်မှုမှာ ဒုတိယနေရာကလိုက်နေတာတွေ့ရမှာဖြစ်ပါတယ် ၊ ဒီစာရင်အရကြည့်ရင်မြန်မာနိုင်ငံက ၂၀၀၆ စာရင်းအရ ၁၉၅၀၀ တန် ထုတ်လုပ်ပြီး ၂၈ နေရာရောက်နေတာတွေ့ရမှာဖြစ်ပါတယ် -


ကြေးနီတူးရင်တော့ တကမ္ဘာလုံးဘယ်နေရာတူးတူး သဘာဝပတ်ဝန်းကျင်ကတော့ အနည်းနဲ့အများထိခိုက်မှာပဲ သဘာဝပတ်ဝန်းကျင်မထိခိုက်ပဲ အလိုလိုကြေးနီရတဲ့နည်းကတော့ စင်္ကြာဝဠာမှာမပေါ်သေးဘူး ။



ဒါအမေရိကန်ပြည်ထောင်စု နယူးမက္ကဆီကိုပြည်နယ်က ကြေးနီသတ္တုမိုင်းတစ်ခုပါ ၁၈၀၀ ပြည့်လွန်နှစ်တွေထဲကနေ ဒီနေ့ထိထုတ်နေတာပါ နှစ်ပေါင်းရာချီပြီး နှစ်စဉ်တန်သန်းနဲ့ချီ ထုတ်နေတဲ့ နိုင်ငံတွေကဘာသံမှမကြားရပဲ ၁၀နှစ်ကျော်လောက်ထုတ်ပြီး တန်သောင်းဂဏန်းထုတ်တဲ့တိုင်းပြည်ကအသံထွက်နေတယ် ၊ ပညာမတတ်ဘူးလို့ပြောရင်လဲနာဦးမယ် ။

ခုတလောဖြစ်စဉ်တွေကြည့်လိုက်ရင် ဘာဖြစ်လိုက်ဖြစ်လိုက် နောက်ကွယ်မှာ NGO တွေတနည်းမဟုတ်တနည်းပါဝင်ပတ်သက်နေတယ် ခုလည်း ဒီဒေသမှာ အမေရိကန်ထောက်လှမ်းရေးတွေ ပါကစ္စတန်မှာ အိုစမာဘင်လာဒင်ကိုရှာတဲ့အခါတုန်းက အစက်ချဆေးတိုက်ပြီးပါကစ္စတန်တစ်ခွင်ပြဲပြဲစင်ခဲ့တဲ့ NGO က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း တစ်ဝိုက်မှာရောက်နေတာကို သတိပြုမိတယ် ။

နောက်တစ်ခုက မြန်မာပြည်အပြောင်းအလဲမှာ သတ္တုတူးဖေါ်ရေးကဏ္ဍရင်းနှီးမြှုတ်နှံသူတွေဟာ လက်ပံတောင်းတောင်ကိစ္စမှာ အစိုးရရဲ့ကိုင်တွယ်ပုံကိုစောင့်ကြည့်နေတယ် ၊ အစိုးရရဲ့ ကိုင်တွယ်ပုံဟာ ဒေါ်လာဘီလျံချီရင်းနှီးမြှုတ်နှံသူတွေကို အယုံအကြည်မဲ့သွားစေမယ်ဆိုရင်တော့ ........


ဒေါက်တာဆိတ်ဖွား



Monday, November 26, 2012

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဆိုတာကို ခပ်ပေါ့ပေါ့ သဘောထားကြတော့မှာလား

( အခြေခံဥပဒေခုံရုံးနှင့်ပတ်သက်၍ လွှတ်တော်၏သဘောထား လွှတ်တော်၏လုပ်ဆောင်ချက်တို့ကို ယခင်ကလည်းဘ၀င်မကျပါ ခုလည်းဘ၀င်မကျပါ လုပ်ဆောင်ခဲ့သမျှကိုလည်းမှန်သည်ဟုမထင်ပါ အမှန်ပြောရလျှင် အခြေခံဥပဒေခုံရုံးနှင့်ပတ်သက်၍ လွှတ်တော်၏ ဆောင်ရွက်ချက်များ ၊ ဆုံးဖြတ်ချက်များကိုကြည့်ပြီးသည့်အချိန်မှစ၍ လွှတ်တော်ဟူသော အဖွဲ့အစည်းကိုလည်း မလေးစားတော့ပါ အောက်ဖေါ်ပြပါ ဦးရဲထွန်း၏သဘောသည် ကျွန်ုပ်၏သဘောနှင့်ထပ်တူဖြစ်ပါသည် ။
ဒေါက်တာဆိတ်ဖွား )

၂၀၁၂ခုနှစ်၊ နိုဝင်္ဘာလ (၁၅) ရက်နေ့က၊ ပြည်သူ့လွှတ်တော် ၁၃ ရက်နေ့မြောက်အစည်း အဝေးတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းကို အတည်ပြုခဲ့ရာ၊ ထိုဥပဒေ ကြမ်းပါ ပြင်ဆင်ချက်တစ်ရပ်နှင့်ပတ်သက်၍ ကန့်ကွက်လိုသူများကို မတ်တတ်ရပ်စေ၍မဲခွဲခဲ့ရာတွင် တပ်မ တော်သား ကိုယ်စားလှယ်များနှင့်အတူ သဘောမတူကြောင်း ဆန့်ကျင်ကန့်ကွက်ခဲ့သည့် အရပ်သားကိုယ်စား လှယ် နှစ်ဦးရှိခဲ့ရာ နှစ်ဦးစလုံးမှာ ကျားဖြူပါတီခေါ် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီမှ ပြည်သူ့လွှတ် တော် ကိုယ်စားလှယ်များဖြစ်ကြပါသည်။ တစ်ဦးမှာ နမ့်ခမ်းမဲဆန္ဒနယ်မှ ဒေါက်တာစိုင်းကျော်အုန်း ဖြစ်၍ နောက်တစ်ဦးမှာ သီပေါမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကျနော်ဦးရဲထွန်းဖြစ်ပါသည်။

ထိုနေ့ကတင်ပြသည့် ဥပဒေကြမ်းကို၊ အမျိုးသားလွှတ်တော်တွင်စတင် တင်သွင်းခြင်းဖြစ်ပြီး ရေးဆွဲ တင်သွင်းသူ မှာ အမျိုးသားလွှတ်တော် ဒု-ဥက္ကဌ ဦးမြငြိမ်းဖြစ်ပါသည်။ ဦးမြငြိမ်း၏ တင်သွင်းချက်အပေါ် အမျိုး သားလွှတ်တော်က မည်သည့်ပြင်ဆင်မျှမပြုလုပ်နိုင်
ဘဲ ပြည်သူ့လွှတ်တော်သို့ပေးပို့လိုက်ခြင်းဖြစ်ပါသည်။
ကျနော်အနေဖြင့် မည်သည့်အတွက်ကြောင့်ကန့်ကွက်မြှု
ပုလုပ်ရသည်ကို ပြည်သူလူထုသိရှိနိုင်စေရန်နှင့် ဗဟုသုတပွါးများစေရန်ရည်ရွယ်လျက် ရှင်းလင်းပြလိုပါသည်။
ထိုပြင်ဆင်ချက်နှင့်ပတ်သက်၍ ပြည်သူလူထုကသိရှိလေ့လာအကြံပြုနိ
ုင်ရန်အတွက်ဟုဆိုကာ (၁၄- ၁၁ -၂၀၁၂) ရက်နေ့ထုတ် အစိုးရသတင်းစာများတွင် ဖေါ်ပြခဲ့ပါသည်။ ထိုသို့ပြည်သူလူထုနှင့် ဥပဒေနားလယ် တတ်ကျွမ်းသူများထံမှအကြံညဏ်များရယူလိုသည့် သဘောဖြင့် သတင်းစာတွင်ထည့်သွင်းခြင်းမှာအလွန် ကောင်းမွန်သောလုပ်ဆောင်ချက်ဖြစ်၍ ဝမ်းသာစရာဖြစ်ပါသည်။ သို့သော်လည်း ပြည်သူ့လွှတ်တော်တွင်းမှာ ထိုကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးခွင့် ၊ ပြင်ဆင်ချက်အဆိုတင်သွင်းခွင့်များမရလိုက်ပါ။
ကျနော့်အနေဖြင့် ဦးမြငြိမ်းတင်ပြသည့် ဥပဒေမူကြမ်းတွင်ပါရှိသည့် ပုဒ်မ ၁၂ ၊ ပုဒ်မခွဲ (ဈ) “ မိမိတို့၏ လုပ်ငန်းတာဝန်များ ဆောင်ရွက်ချက်နှင့်စပ်လျဉ်း၍ မိမိတို့အားရွေးချယ်သည့် သက်ဆိုင်ရာ နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဌ၊ သို့မဟုတ် အမျိုးသားလွှတ်တော်ဥက္ကဌထံသို့ အသီးသီးအစီရင်ခံခြင်း” ဆိုသည့် အပိုဒ်ဖြည့်စွက်ခြင်းကို၎င်း၊
အမှတ်စဉ် ၃။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပ
ဒေဆိုင်ရာခုံရုံးဥပဒေတွင် ပုဒ်မ ၂၃ ကို ပုဒ်မ ၂၄ အဖြစ် လည်းကောင်း၊ ပုဒ်မ ၂၄ ကိုပုဒ်မ၂၃ အဖြစ်လည်းကောင်း ပြန်လည်အမှတ်စဉ်ရမည်။ ထိုသို့ပြန်လည်အမှတ် စဉ်သည့်ပုဒ်မ ၂၄ ကိုအောက်ပါအတိုင်းအစားထိုးရမည်-
“၂၄။ ပုဒ်မ ၂၃ အရချမှတ်သော ခုံရုံး၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်စေရမည်။”
ဆိုသည့် အပိုဒ်များကို ဘဝင်မကျပါ။ ပုဒ်မ ၁၂၊ ပုဒ်မခွဲ(ဈ) ဖြည့်စွက်ခြင်း၏ အဓိပ္ပါယ်သက်ရောက်မှုမှာ
ခုံရုံးအဖွဲ့ဝင်ဖြစ်သွားပြီးသည့
်နောက်ဥပဒေအရပေးအပ်သည့် မိမိတို့တာဝန်တွေကိုကျေပြွန်စွာ ထမ်း ဆောင်ရုံဖြင့်မပြီး မိမိကို သူကောင်းပြုခဲ့သည့် သမ္မတနှင့်လွှတ်တော်ဥက္ကဌများကို လုပ်ဆောင်ပြီးချက်များ အား သီးသီး ပြန်အစီရင်ခံနေရမည်ဟုဆိုသဖြင့် ခုံရုံးအဖွဲ့အတွင်း ပုဂ္ဂိုလ်စွဲ ဂိုဏ်းဂနကို တရားဝင်တည်ရှိခွင့် ပေးလိုက်သကဲ့သို့ဖြစ်သွားစေပါသည်။ အမှန်မှာ ခုံရုံးအဖွဲ့သည် နှောင်ကြိုးကင်းသော လွတ်လပ်သည့် တရားစီရင် ရေးအဖွဲ့မုချဖြစ်မှသာလျှင် လွှတ်တော်တွင်းပြောပြောနေသော တရားစီရင်ရေးစနစ် အကတိတရား ကင်းစင်ရေးဆိုသည်ကို လွှတ်တော်က စံပြလိုက်နာကျင့်သုံးပြခြင်းမည်ပေလိမ့်မည်။ အရေးကြီးသည့်အချက် မှာ ခုံရုံးအဖွဲ့ဝင်များက မိမိကိုခန့်အပ်ရန်အဆိုပြုလိုက်သော Boss များအပေါ်သစ္စာစောင့်သိခြင်းမဟုတ်ဘဲ၊ မိမိ တို့ကိုပေးအပ်ထားသည့်တာဝန်ကို အဂတိတရားကင်းရှင်းကျေပြွန်စွာထမ်းဆောင်နိုင်ရေးအတွက် ခုံရုံးအဖွဲ့အ တွင်းအပြည့်အဝ ဒီမိုကရေစီကျင့်စဉ်ကျင့်သုံးရန်ပင်ဖြစ်ပါသည်။
၎င်းတို့ထမ်းဆောင်ခဲ့သောတာဝန်များ
နှင့်ပတ်သက်လျှင် “ခုံရုံး အဖွဲ့အနေဖြင့် ပြည်ထောင်စု အစိုးရနှင့်ပြည်ထောင်စုလွှတ်တော်၊ ပြည်နယ်/ တိုင်းဒေသကြီးအစိုးရနှင့် ပြည်နယ်/တိုင်းဒေသကြီး လွှတ် တော်များအားလုံးကို အကြောင်းကြားသဝဏ်လွှာပေးပို့ရမည်” ဆိုလျှင် ပိုမိုသင့်တော်ပေသည်။ အကယ်၍ ဆွေး နွေးခွင့် ရမည်ဆိုပါက ထိုစကားလုံးများဖြင့် အစားထိုးပြင်ဆင်ရန်ကျနော်ကအဆိုပြုမည်ဖြစ်ပေသည်။

ဒုတိယအချက် ဖြစ်သော မူလခုံရုံးဆိုင်ရာဥပဒေပုဒ်မ ၂၃ ကို ၂၄ ဖြင့် အထက်အောက်ပြောင်းပြန် လှန်လိုက်ပြီး၊ ပုဒ်မ ၂၄ ဖြစ်သွားသောမူလပုဒ်မ ၂၃ ပါစာသား- “ခုံရုံး၏ဆုံးဖြတ်ချက်သည်အပြီးအ
ပြတ်အ တည် ဖြစ်သည်။” ဆိုသည်ကို
“၂၄ ။ ပုဒ်မ ၂၃ အရချမှတ်သော ခုံရုံး၏ဆုံးဖြတ်ချက်သည်အပြီးအြ
ပတ်ဖြစ်စေရမည်။” ဆိုသည့်အပိုဒ်ဖြင့် အစားထိုးလိုက်ခြင်းအားဖြင့် ဆိုလိုချက်မှာ ပုဒ်မ ၂၃ ပါ အမှု အခင်းကိစ္စများသာလျှင် ခုံရုံး၏ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်မည်ဖြစ်ပြီး အခြားသောတာဝန်ထမ်းဆောင်ဆုံးဖြတ်ချက်များမှာ အပြီးအပြတ်ဖြစ်မည်မဟုတ် တော့ပေ။
မူလက ပုဒ်မ ၂၄ ဖြစ်ခဲ့ပြီး၊ ယခုပြင်ဆင်ချက်ဥပဒေအရ ပုဒ်မ ၂၃ ဖြစ်လာမည့်စာသားမှာ-
“ ပုဒ်မ ၁၂၊ ပုဒ်မခွဲ(ဆ)အရ တရားရုံးတစ်ရုံးက တင်သွင်းသော အကြောင်းကိစ္စနှင့်စပ်လျဉ်း၍ ချမှတ်သော ခုံရုံး၏ဆုံးဖြတ်ချက်သည် အမှုအားလုံးနှင့်သက်ဆိုင်စေရမည်။
” ဟူ၍ဖြစ်ပါသည်။ သို့ဖြစ်ရာ ပုဒ်မ ၁၂၏ ပုဒ်မ ခွဲ(ဆ)က မည်သည့်ကိစ္စများကိုရည်ညွှန်းထားသနည်းဆိုသည်ကိုသိရှိရန် ထိုပုဒ်မကိုပြန်ကြည့်ရပြန်ပါသည်။ ထိုအပိုဒ်(ဆ)တွင်ဆိုထားသည်မှာ-
(ဆ) တရားရုံးတစ်ရုံးက စစ်ဆေးဆဲအမှုနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၂၃ နှင့်ဤဥပဒေပုဒ်မ ၁၇ တို့အရ တင်ပြလာသည့် အငြင်းပွါးမှုကို အဆုံးအဖြတ်ပေးခြင်း။ ဟုဆိုထားပြန်ရာ- ထိုဥပဒေပုဒ်မ နှစ်ခုကို ထပ်မံကြည့်ရှုရန်လိုအပ်လာပြန်ပါသ
ည်။

၃၂၃။ တရားရုံးတစ်ရုံးသည် အမှုတစ်ခုကိုစစ်ဆေးစီရင်ရာတွင် ဥပဒေတစ်ရပ်ရပ်ပါပြဌာန်းချက်သည် ဖွဲ့ စည်းပုံအခြေခံဥပဒေနှင့်ဆန့်ကျင်
မှုရှိ-မရှိ။ ညီညွတ်မှုရှိ-မရှိ၊ အငြင်းပွါးမှုပေါ်ပေါက်ပါက ထိုအငြင်းပွါးမှုနှင့်စပ် လျဉ်း၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကလည်း တစ်စုံတစ်ရာဆုံးဖြတ်ချက်ချမှတ်ထားခြင်းမရှိ သေးလျှင် အဆိုပါတရားရုံးသည်အမှုစစ်ဆေးစီရင်ခြင်းကိုရပ်ဆိုင်းထားပြီး မိမိ၏စီရင်ချက်ကိုသတ်မှတ်ထား သည့်နည်းလမ်းများနှင့်အညီ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့တင်ပြ၍အဆုံးအဖြတ်ရယူရမည်။ ယင်းအငြင်းပွါးမှုနှင့်စပ်လျဉ်း၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်သည်အမှုအားလုံး နှင့်သက်ဆိုင်စေရမည်။ ဟုဆိုထားပါသည်။ ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေပုဒ်မ ၁၇ တွင် ဖေါ်ပြပါရှိသောစာသားများမှာ-
၁၇။ တရားရုံးတစ်ရုံးသည် အမှုတစ်ခုကိုစစ်ဆေးစီရင်ရာတွင် ဥပဒေတစ်ရပ်ရပ်ပါပြဌာန်းချက်သည် ဖွဲ့ စည်းပုံအခြေခံဥပဒေနှင့်ဆန့်ကျင်
မှုရှိ-မရှိ။ ညီညွတ်မှုရှိ-မရှိ၊ အငြင်းပွါးမှုပေါ်ပေါက်ပါက ထိုအငြင်းပွါးမှုနှင့်စပ် လျဉ်း၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကလည်း တစ်စုံတစ်ရာဆုံးဖြတ်ချက်ချမှတ်ထားခြင်းမရှိ သေးလျှင် အဆိုပါတရားရုံးသည်အမှုစစ်ဆေးစီရင်ခြင်းကိုရပ်ဆိုင်းထားပြီး မိမိ၏သဘောထားနှင့်အတူ ပြည် ထောင်စုတရားသူကြီးချုပ်ထံ ဆောလျင်စွာတင်ပြရမည်။ ပြည်ထောင်စုတရားသူကြီးချုပ်သည် အဆိုပါတင် ပြချက်ကို မိမိသဘောထားနှင့်အတူ ခုံရုံးသို့တင်သွင်းရမည်။ ဟုဖြစ်ပါသည်။

သို့ဖြစ် ရာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခံ
ုရုံး၏ နောက်ဆုံးအဆင့်ဆုံးဖြတ်ခွင့်သြဇာအာဏာသက်ရောက်မှု အဝန်းအဝိုင်းမှာ များစွာကျဉ်းမြောင်း သွားသည်ကိုတွေ့ရပေသည်။ ခုံရုံးကိုမူလကပေးအပ်ထားသည့်တာဝန် များမှ ပုဒ်မ ၁၂ (က)မှ(စ) အထိနှင့် (ဇ)ပါ တာဝန်များဖြစ်ကြသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို အနက် အဓိပ္ပါယ်ဖွင့်ဆိုခြင်း၊ လွှတ်တော်အသီးသီးကပြဌာန်းသည့် ဥပဒေများသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ် ခြင်းရှိ-မရှိစိစစ် ခြင်း။ ပြည်ထောင်စု၊ တိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့်ကိုယ်ပိုင်အုပ်ချုပ်မှုခွင့်ရစီရင်စုများ၏ အုပ်ချုပ်မှုဆိုင် ရာအာဏာပိုင်များ၏ဆောင်ရွက်ချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ညီညွတ်ခြင်းရှိ-မရှိစီစစ်ခြင်း။ ပြည်ထောင်စု၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုများအသီးသီးတို့ အကြားဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အငြင်းပွါးမှုများကိုဆုံးဖြတ်ခြင်း၊ စသည့်စသည့်ပေးအပ်ထားသည့် တာဝန်(၈)ရပ်အနက်မှ တာဝန်(၇) ရပ်ကို စီရင်ဆုံးဖြတ်ရာတွင်နောက်ဆုံးအဆုံးအဖြတ်စီရင်ပိုင်ခွင့် အာဏာရှိ တော့မည်မဟုတ်ပါ။ ထိုသို့ဖြစ်နေပါက အနာဂါတ်ကာလကျနော်တို့နိုင်ငံမှာ ပြတ်ပြတ်သားသားဆုံးဖြတ်နိုင်စွမ်း မရှိသော ဒိုင်လူကြီးတစ်ဦးကွပ်ကဲ သည့်ဘောလုံးပွဲတစ်ပွဲကဲ့သို့ အထိန်းအကွပ်မဲ့ကာဗရမ်းဗတာဖြစ်မှုများတိုး ပွါးလာပေလိမ့်မည်။

သို့ဖြစ်လျှင် မည်သည့်အဖွဲ့အစည်းက နောက်ဆုံး ဆုံးဖြတ်ချက်ချမှတ်ရာ အဖွဲ့အစည်းဖြစ်သည်ဆိုသည်ကို ရှင်းလင်းစွာဖေါ်ပြထားရန်သင့်ပေရ
ာ၊ ထိုသို့ဖေါ်ပြထားမှုလည်းမရှိပြန်ပါချေ။ သို့ဖြစ်ရာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဆုံးဖြတ်ချက်၏ အကျိုးသက်ရောက်မှုနှင့်ပတ်သက်၍ပြဌာန်းထားသည့် ခုံရုံး ဆုံးဖြတ်ချက်သည်အပြီးအပြတ်အတည်ဖြစ်သည်ဆိုသော ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၂၄ နှင့်လည်းညီညွတ် မှု မရှိတော့ပါချေ။ သို့ဖြစ်ရာ ယခုတင်သွင်းလာသော နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ပြင်ဆင် သည့်ဥပဒေကြမ်းမှာ အမေရိကန်ကွန်ဂရက်အတွင်းဥပဒေပြုရေး လုပ်ငန်းစဉ်များအရဆိုလျှင် floor ဟုခေါ်သောစုံညီအစည်းအဝေးများသို့ပင်ရောက်နိုင်စရာအကြောင်းမရှိဘဲ ကော်မတီအဆင့်တွင်ပင်ပယ်ချခြင်း ခံရမည်မှာမြေကြီးလက်ခတ်မလွဲဖြစ်ပါပေသည်။

ရဲထွန်း(သီပေါ)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ

Thursday, November 22, 2012

ဆေးလိပ်သမားများအတွက် ဆရာတင်မိုးရဲ့ကဗျာ ( လက်ရေးမူ )

မနေ့က ကွမ်းသမားတွေအတွက် ပို့စ်တခုတင်ခဲ့ပါတယ် ဒီနေ့တော့ဆေးလိပ်သမားတွေအတွက် တခုခုတင်ရင်ကောင်းမှာပဲလို့ တွေးမိတယ် ဒီလိုတွေးလိုက် ၊ စဉ်းစားလိုက်တိုင်း ဆရာတင်မိုးရဲ့ ကဗျာလောက်ကောင်းတာမတွေ့ဖူးဘူး..... တချို့ဆေးလိပ်နဲ့ပတ်သက်တဲ့ပညာပေးတွေကောင်းပါတယ် ဒါပေမယ့်စာရှည်တယ် .... ဆရာတင်မိုးကတော့ ၄ကြောင်းပဲရေးထားတယ် ထိတယ် ၊ လိုရင်းကိုမိမိရရရှိတယ် ဒါကြောင့် ဆရာ့ရဲ့လက်ရေးမူလေးကိုပဲ ပြန်တင်လိုက်ပါတယ်.....။

ဒေါက်တာဆိတ်ဖွား


ကင်ဆာရောဂါကို နေ့စဉ်ဝယ်နေကြသူများ


မိမိ အာဟာရဖြစ်စေမည့် အစာကို ငွေဖြင့်မဝယ်ယူကြဘဲ မိမိခန္ဓာကိုယ်ကို လူရာမဝင်အောင် သေစေသော ကြောက်စရာကင်ဆာရောဂါဆိုးကို နေ့စဉ်ငွေပေး၍ စားသုံးမှီဝဲနေကြသည်။ လူမြင်ကွင်းဝယ် ခန္ဓာကိုယ်ကို အာဟာ ရဖြစ်စေသော အစာအာဟာရအဖြစ် အယောင်ဆောင်၍ နေ့စဉ် လွှမ်းမိုးနေ သည်။ နေ့စဉ်ငွေရာ ထောင်ချီ၍ ကုန်နေသည်။

ထိုသို့ ငွေကြေး အကုန်အကျခံ၍ နေ့စဉ်မှီဝဲသော အာဟာရအစာတစ်ခုက တစ်နေ့မိမိ၏ သေခြင်းကို ဖိတ်ခေါ်လာသူဖြစ်ကြောင်း စားသုံးမှီဝဲသူပင်မသိ။ ဘာသိဘာသာနေပြီး စားသုံးမှီဝဲနေကြသည်။ ရောင်းချသော ဈေးဆိုင် ကလေးများကလည်း လမ်းဘေးဝဲ၊ ယာတွင် အလွယ်တကူရနိုင်သည်။ ဝယ်နိုင်သည်။ ရထားပေါ်၊ ကားပေါ်၊ သင်္ဘောပေါ်တို့တွင် သူတို့နယ်မြေကြီးစိုးနေကြသည်။ အလွယ်တကူစားသုံးနိုင်အောင် ပလတ်စတစ်ထုပ် ကလေးများဖြင့် ထုပ်ထားသည်။ အလွယ်တကူ စားသုံးမှီဝဲလိုက်ကြသည်။ ထိုအရာကားအခြားမဟုတ် ''ကွမ်းယာ''။

ကွမ်းယာကို နိုင်ငံတစ်ဝန်းနေရာတိုင်း၊ အချိန်တိုင်းတွေ့ကြရသည်။ မှီဝဲစားသုံးကြရသည်။ မြို့နေ၊ တောနေလူဦးရေ၏ ထက်ဝက်ခန့်က ကွမ်းယာစားသုံးမှု အဖြစ် နေရာယူနေကြသည်။လူမှုရေးလောကဝတ်တွင် ကွမ်းစား၊ ဆေးသောက် ကိုရိုးရာ ဧည့်ဝတ်လုပ်ငန်းအဖြစ် ရှေးမြန်မာမင်းများ လက်ထက်ကပင် ခံယူဝတ်ပြု နေကြသည်ကတော့ မှန်ပါသည်။

သို့သော်...အစဉ်အလာမလုပ်သင့်ပါ။ ''စဉ်'' ထား၍ ''လာ''ကြခြင်း သာဖြစ်သည်။အစဉ်အလာ မလုပ်ဘဲ၊ဝတ္တရားဟူ၍ မသတ်မှတ်ဘဲရှောင်ကြဉ်ကြမည်ဆိုလျှင် တစ်နေ့တွင် ဒီဓလေ့စရိုက်ဆိုး ကလည်း ကွယ်ပျောက်သွားကြရမည်သာဖြစ်သည်။ ရှေးလူကြီးမင်းများ၊ တို့မိတို့ဖများ၊ တို့ဘိုးတို့ဘွားများက လက်ခံကျင့်သုံးခဲ့ကြ သော်လည်း ပယ်သင့်လျှင် ပယ်ကြရမည်။ ရှောင်သင့်လျှင် ရှောင်ကြရပေမည်။

Sunday, November 18, 2012

အိုဘားမားခရီးစဉ်ကြိုဆိုမှုတွင် လူထုအား အကုသိုလ်အပေးဆုံးဓါတ်ပုံ


မစ္စတာအိုဘားမား မြန်မာနိုင်ငံကို Myanmar ဟုသုံးနှုံးပြောဆို

အမေရိကန်သမ္မတ မစ္စတာအိုဘားမားဟာ သမ္မတဦးသိန်းစိန်နဲ့တွေ့ဆုံရာမှာ မြန်မာနိုင်ငံကို Myanmar ဟု သုံးနှုံးပြောဆိုသွားတာကိုတွေ့ရပါတယ် ။

Voice Of Myanmar

မစ္စတာအိုဘားမား မြန်မာပြည်ကိုရောက်ရှိ

အမေရိကန်သမ္မတ မစ္စတာအိုဘားမား မြန်မာပြည်ကိုရောက်ရှိလာတဲ့ပုံတွေထဲမှာ ဒီပုံလေးကိုကြိုက်ပါတယ်

ဒေါက်တာဆိတ်ဖွား

သမ္မတအိုဘားမားမရောက်မီတစ်ရက်အလိုတွင် ထုတ်ပြန်သော သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက် (၂/၂၀၁၂)

၁၃၇၄ ခုနှစ် တန်ဆောင်မုန်းလဆန်း ၅ ရက်
၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအနေနှင့် နိုင်ငံတကာစံနှုန်းများနှင့် အညီ ဖြစ်စေရန် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များတွင် နိုင်ငံသားများ၏ လူ့အခွင့်အရေးများ ကာကွယ်နိုင်စေရန်၊ ဒီမိုကရေစီအစိုးရတစ်ရပ်ဖြစ်ပေါ်လာစေရန် အောက်ပါကိစ္စများကို ဆောင်ရွက်သွားမည်ဖြစ်ပါသည် -


၁။လူ့အခွင့်အရေးကိစ္စများ
မြန်မာနိုင်ငံအစိုးရအနေနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (International Committee of the Red Cross- ICRC)နှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့အကြား ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်သွားမည် ဖြစ်ပါသည်။ ၂၀၁၁ ခုနှစ်မှစ၍ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီကို အကျဉ်းထောင်များအတွင်း သန့်ရှင်းသော မိလ္လာစနစ်များ၊ ရေနှင့်လျှပ်စစ်မီး ရရှိရေးတို့ကို ပြန်လည်ဆောင်ရွက်နိုင်ရန် ပြည်ထဲရေးဝန်ကြီးဌာနက ခွင့်ပြုခဲ့ရာ ယခုဆက်လက်၍ ဆေးဝါးကုသမှုနှင့် အကျဉ်းထောင်အတွင်း အကျဉ်းသား များ၏ လူမှုဖူလုံရေးကိစ္စများနှင့် နေရေးထိုင်ရေးကိစ္စများကို ကူညီခွင့်ပြုသွားမည် ဖြစ်သည်။

ပြည်ထောင်စုအစိုးရအနေဖြင့် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးခွဲကို မြန်မာနိုင်ငံတွင် စတင်ဖွင့်လှစ်နိုင်ရန် လိုအပ်သော ဆွေးနွေးညှိနှိုင်းမှုများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ပြည်ထောင်စုအစိုးရအနေနှင့် “နိုင်ငံရေးအရနာမည်ပျက်စာရင်း” ဟုခေါ်ဆိုသော ပုဂ္ဂိုလ် များစာရင်းကိုလည်း ပယ်ဖျက်ပေးထားပြီးဖြစ်သည့်အပြင် ယင်းကိစ္စများနှင့် စပ်လျဉ်း၍ ဖြေကြားပေးနိုင်ရန်လည်း သမ္မတရုံးတွင် ဆက်သွယ်ရေးတာဝန်ခံတစ်ဦးကို ခန့်ထားပြီး ဖြစ်ပါသည်။


၂။ အကျဉ်းသားများကိစ္စ
ပြည်ထောင်စုအစိုးရအနေနှင့် ကျန်ရှိနေသေးသော အကျဉ်းသားများကိစ္စကို ပြည်ထဲရေး ဝန်ကြီးဌာနနှင့်အခြားသက်ဆိုင်ရာအစိုးရဌာနများ နှင့် အဖွဲ့အစည်းများအကြား ယခုနှစ် ဒီဇင်ဘာလမကုန်မီ ညှိနှိုင်းဆွေးနွေးမှုများ စတင်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ နိုင်ငံတကာစံများ၊ ကျင့်ထုံးများနှင့်အညီ အကျဉ်းသားများ၏ ပြစ်မှုများ၊ ပြစ်ဒဏ်များကို ပြန်လည်စဉ်းစားသုံးသပ်နိုင်ရန် စီမံဆောင်ရွက်သွားမည်ဖြစ်ပါသည်။


၃။ ပဋိပက္ခများဖြေရှင်းရေးနှင့် အမျိုးသားသွေးစည်းညီညွတ်ရေး
ပြည်ထောင်စုအစိုးရအနေနှင့် တာဝန်ယူသည့်အချိန်မှစတင်၍ ငြိမ်းချမ်းရေးကိစ္စများကို အထူးအလေးထား ဆောင်ရွက်လာခဲ့ရာ ယခုအခါ အဓိကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁ဝ ဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး ရရှိပြီးဖြစ်သည့်အပြင် ဆက်လက်၍ နိုင်ငံရေးအရ ဆွေးနွေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ပြည်ထောင်စုအစိုးရအနေနှင့် ကချင် ပြည်နယ်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိနိုင်စေရန်နှင့် နိုင်ငံရေးအရ ဆွေးနွေးမှုများ ဖြစ်ပေါ်လာစေရန်လည်း ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ပါ သည်။ ထို့အပြင် ပြည်ထောင်စုအစိုးရအနေနှင့် ကောင်းမွန်သည့်အုပ်ချုပ်မှုနှင့် တိုင်းရင်းသားအခွင့်အရေးများကို ရေရှည်အာမခံချက်ပေးနိုင်ရန် နိုင်ငံရေးနည်းလမ်းများကို အသုံးပြု၍ လိုအပ်သည်များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

နိုင်ငံတော်သမ္မတကြီး၏ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ်ထံ ပေးပို့သော စာတွင် ဖော်ပြပါရှိသည့်အတိုင်း ရခိုင်ဒေသတွင် ပဋိပက္ခများ တစ်ကျော့ပြန်မဖြစ်ပွားစေရေးအတွက် လိုအပ်သည်များကို ထိရောက်စွာ ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှု ကျူးလွန်သူ များကိုလည်း ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ပါသည်။ ရခိုင်ဒေသခံ ပြည်သူများ လိုအပ်သော လူသားချင်းစာနာသည့် အထောက်အပံ့များ ရရှိရေးကိုလည်း နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် အတူလက်တွဲ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ လူမျိုးစုနှစ်ခုကြားရှိ အဓိကပြဿနာဖြစ်စေသည့် ရင်းမြစ်များကိုလည်း ကြိုးပမ်းဖြေရှင်း သွားမည်ဖြစ်ပြီး အိုးအိမ်စွန့်ခွာသူများ နေရပ်ပြန်နိုင်ရေးအစ နိုင်ငံသားဖြစ်မှုအဆုံး လိုအပ်သော နိုင်ငံရေးအရ ဖြေရှင်းမှုများကိုလည်း ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ပါသည်။
ပဋိပက္ခဖြစ်ပွားခဲ့သည့် နေရာများတွင် အခြားနိုင်ငံတကာလူသားချင်းစာနာသော အဖွဲ့ အစည်းများနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီတို့ ပူးပေါင်း၍ ပိုမိုကျယ်ပြန့်သော အကူအညီများ ကူညီထောက်ပံ့နိုင်ရန် ပြည်ထောင်စုအစိုးရက ညှိနှိုင်းဆောင်ရွက် ပေးသွားမည် ဖြစ်ပါသည်။


၎။ အဏုမြူမပြန့်ပွားရေး
ပြည်ထောင်စုအစိုးရအနေနှင့် နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ International Atomic Energy Agency ၏နောက်တိုးလိုက်နာရန်အချက်အလက်များ (Additional Protocol) ကို လက်မှတ်ရေးထိုးနိုင်ရန်နှင့် ၁၉၉၅ ခု Small Quantities Protocol ၏ ထပ်မံပြင်ဆင်ချက်ကို လက်ခံနိုင်ရန် နိုင်ငံတော်သမ္မတကြီးက အတည်ပြုပြီးဖြစ်ရာ လွှတ်တော်သို့ တင်ပြဆောင်ရွက်သွားမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံအနေဖြင့် IAEA စတင် ဖွဲ့စည်းသည့် ၁၉၅၇ခုနှစ်တည်းက အဖွဲ့ဝင်အဖြစ် ပါဝင် ခဲ့ပြီး ၁၉၉၂ခုနှစ် ဒီဇင်ဘာတွင် အဏုမြူလက်နက်မပြန့်ပွားရေးဆိုင်ရာစာချုပ် (Non-Proliferation Treaty, NPT) ကို လည်းကောင်း၊ ၁၉၉၅ခုနှစ်တွင် NPT ၏ နောက်တိုး သဘောတူညီချက် ဖြစ်သည့် Small Quantities Protocol စောင့်ကြည့်ထိန်းသိမ်းရေး စာချုပ်နှင့် အရှေ့တောင်အာရှ အဏုမြူလက်နက် ကင်းစင်ရေးစာချုပ် (Southeast Asian Nuclear-Weapon-Free Zone Treaty) များကိုလည်းကောင်း၊ ၁၉၉၆ခုနှစ် တွင် နျူကလီးယားစမ်းသပ်မှုတားဆီးရေး သဘောတူညီချက် (Comprehensive Nuclear Test Ban Treaty) တို့ကိုလည်းကောင်း လက်မှတ်ရေးထိုး ထားပြီး ဖြစ်ပါသည်။

ပြည်ထောင်စုအစိုးရအနေနှင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ ကုလ သမဂ္ဂလုံခြုံရေး ကောင်စီဆုံးဖြတ်ချက်အမှတ် ၁၈၇၄ ကို လိုက်နာဆောင်ရွက်ရန်လည်း အခိုင်အမာ ဆုံးဖြတ်ချက်ချထားပြီး ဖြစ်ပါသည်။


၅။ ပွင့်လင်းမြင်သာသည့်အစိုးရတစ်ရပ်ဖြစ်ပေါ်ရေး
ပြည်ထောင်စုအစိုးရအနေနှင့် ၂၀၁၆ တွင် Open Government Partnership (OGP) အဖွဲ့ဝင်ဖြစ်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်။ OGP အစီအစဉ်မှာ အစိုးရများ၏ ပွင့်လင်း မြင်သာမှုကို မြှင့်တင်ခြင်း၊ နိုင်ငံရေးဖြစ်စဉ်တွင် နိုင်ငံသားများ၏ပါဝင်မှုကို မြှင့်တင်ခြင်း၊ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကို ထိရောက်စေခြင်းနှင့် နည်းပညာကဏ္ဍကို မြှင့်တင် ပေးခြင်းတို့ဖြင့် ပိုမိုပွင့်လင်းမြင်သာ၍ တာဝန်ယူမှုရှိသော စွမ်းဆောင်ရည်မြင့် အစိုးရ ဖြစ်ပေါ်စေရန် နိုင်ငံစုံပူးပေါင်းပါဝင်သော အစီအစဉ်ဖြစ်ပါသည်။


၆။ လူကုန်ကူးမှုတိုက်ဖျက်ရေး
ပြည်ထောင်စုအစိုးရအနေနှင့် “လူကုန်ကူးမှုတိုက်ဖျက်ရေး အမေရိကန်-မြန်မာ ပူးပေါင်း အစီအစဉ်” တွင် ပါဝင်ဆောင်ရွက်ရန် သဘောတူညီပြီးဖြစ်သကဲ့သို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ILO နှင့်လည်းပူးပေါင်း၍ အဓမ္မခိုင်းစေမှုများ ပပျောက်စေရေး အစီအစဉ်များနှင့် “ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေသစ်”နှင့်အညီ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်များကို ဆက်လက်လုပ်ဆောင်သွား မည် ဖြစ်ပါသည်။ ယင်းစီမံချက်များတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအစိုးရ အနေဖြင့် အမေရိကန်ပြည်ထောင်စု၏ နည်းပညာပိုင်းဆိုင်ရာ အကူအညီများကိုလည်း ဝမ်းမြောက်စွာ ကြိုဆိုသွားမည်ဖြစ်ပါသည်။


(သတင်းထုတ်ပြန်ရေးအဖွဲ့)


WELCOME Barack Obama