xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar

Monday, December 31, 2012

တွေးမိတွေးရာ


ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်နေတယ်.....
စစ်သားတွေလဲ ဒီတိုက်ပွဲတွေမှာ ပါဝင်နေရတယ်.........
မြစ်ဆုံ ၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ၊ ဓါတ်ငွေ့ပိုက်လိုင်း ကိစ္စတွေမှာ တရုတ်တွေ ပြဿနာ တက်နေတယ်........
ရခိုင်မှာ ကတော့ ကုလားပြဿနာပေါ့ဗျာ.....
ဒီလိုစဉ်းစားလိုက်တော့ အဲဒီ ကချင် ၊ စစ်သား ၊ တရုတ် ၊ ကုလား ဆိုတာတွေ တစ်ပေါင်းတည်းပါနေတဲ့ စကားပုံလေးတစ်ခုကို ကြံကြံဖန်ဖန်သွားသတိရနေမိတယ်......

ကချင်သုံးတဲ့ "ကား"
စစ်သားသုံးတဲ့ "ဓါး"
တရုတ်သုံးတဲ့ "လား"
ကုလားသုံးတဲ့ " မယား"   နောက်လူသုံးမရဘူးတဲ့.........

ဆိတ်ဖွား
 

KIA အခြေအနေမကောင်းမှ ထုတ်ပြန်သော ၈၈ မျိုးဆက်၏ ကြေငြာချက်

ရထားလမ်း ၊ တံတား ၊ မိုင်းထောင် လူသတ် လူသစ်စု၊ ရိက္ခာပို့ယာဉ်တန်းများ ၊ ဓါတ်အားပေး တိုင်များ ဖေါက်ခွဲဖျက်ဆီး ၊ ရဲစခန်းဝင်စီး ၊တပ်မတော်စစ်ကြောင်းများအား အလစ်အငိုက်ဝင်တိုက်၍ တပ်မတော်သားများ ကျဆုံးခဲ့ စဉ်များက မည်သည့်အသံတစ်စုံတစ်ရာမှ မကြားရသော ၈၈ မျိုးဆက်ကျောင်းသားများသည် တပ်မတော်စစ်ကြောင်းများက ပြန်လည်တိုက်ခိုက်၍ KIA အခြေအနေမကောင်းတော့မှ အောက်ပါကြေငြာချက်ကို ထုတ်ပြန်လိုက်ကြောင်းသိရှိရပါသည် ။


Monday, December 24, 2012

ကမ္ဘာ့မြေဆွဲအားသုံးမီးလုံး ( GravityLight )




ကမ္ဘာ့မြေဆွဲအားကို အသုံးပြု ၍ မီးလင်းနိုင်သည့် မီးလုံးကို ဗြိတိန် ကုမ္ပဏီတစ်ခုက တီထွင်လိုက်ရာ ထို မီးလုံးကြောင့် ကမ္ဘာတစ်ဝန်းလျှပ်စစ် ဓာတ်အားကို လက်လှမ်းမမီ၍ လျှပ် စစ်မီးမထွန်းနိုင်သော လူသား သန်း ထောင့်ငါးရာကျော်ကို အလင်းပေး နိုင်တော့မည်ဖြစ်ကြောင်းသိရသည်။
ထိုမြေဆွဲအားသုံး အယ်လ် အီးဒီ မီးလုံးတွင် ကြိုးဖြင့် ချိတ် ထားသော သဲအိတ်ငယ်တစ်ခု ပါ ဝင်သည်။ ထိုသဲအိတ်ငယ်ကို မီးလုံး တွင်ပါသော ဒိုင်နမိုတွင် ကြိုးဖြင့် ချိတ်ဆက်ထားသည်။ မြေဆွဲအား ကြောင့် သဲအိတ်ငယ်သည် အောက် ကို တဖြည်းဖြည်းချင်း လျှောကျ သွား သည်တွင် ဒိုင်နမိုကို လှည့် ပေးသကဲ့သို့ ဖြစ်ပြီး လျှပ်စစ်ဓာတ် အား ထွက်လာကာ မီးလုံး လင်းလာ မည်ဖြစ်သည်။ သဲအိတ်ငယ် အောက် ဆုံးသို့ ရောက်ရှိသွားပါက အပေါ် ဆုံး ပြန်ရောက်အောင် သုံးစက္ကန့်ခန့် သာ ပြန်ရစ်တင်ရပြီး ပြန်လွှတ်ထား ပေးပါက နာရီဝက်ခန့်ထိ မီးလင်းနေ နိုင်စွမ်းရှိကြောင်းလည်း သိရသည်။ ထိုမီးလုံးကို GravityLight ဟု အမည် ပေးထားသည်။ ထိုမီးလုံးကို လန်ဒန် အခြေစိုက် Deciwatt.org ကတီထွင် ခြင်းဖြစ်သည်။
ထိုမီးလုံးသည် လျှပ်စစ် ဓာတ် အားရှိရန် မလိုအပ်ဘဲ မီးလင်းနိုင် မည်ဖြစ်သောကြောင့် ကမ္ဘာတစ်ဝန်း လျှပ်စစ်ဓာတ်အား လက်လှမ်းမမီ သော လူသား သန်းထောင့်ငါးရာ ကျော်ထံသို့ အလင်းရောင် ဆောင် ကြဉ်းပေးနိုင်မည် ဖြစ်သည်။

Sunday, December 23, 2012

မြန်မာမီဒီယာတို့၏ မျှတသောစိတ်ထား

KIA က အစိုးရတပ်ကိုတိုက်ရင် ဒါ တော်လှန်ရေးလုပ်တာ  ကချင်လူမျိုးကောင်းစားရေးလုပ်တာ ......
အစိုးရတပ်က KIA ကိုတိုက်ရင် တိုင်းရင်းသားတွေကို အနိုင်ကျင့်တာ ၊  နှိပ်စက်တာ ။

မီဒီယာတွေက အစိုးရနဲ့ အစိုးရတာဝန်ရှိသူတွေကို ရေးရင် ပြောရင် ဒါ ပြည်သူ့ကိုယ်စား ထောက်ပြတာ မီဒီယာတာဝန်ကျေတာ.....
အစိုးရနဲ့ အစိုးရတာဝန်ရှိသူတွေက မီဒီယာကိုပြောရင် တော့ လွတ်လပ်စွာပြောဆိုခွင့်ကိုပိတ်တာ ၊ မီဒီယာ လွတ်လပ်ခွင့်ကိုထိပါးတာ ၊ စာပေလွတ်လပ်ခွင့်မရှိတာ ။

အစိုးရနဲ့မီဒီယာ တရားတဘောင်ဖြစ်လို့ မီဒီယာဘက်ကနိုင်ရင် ဒါ မှန်လို့ နိုင်တာ 
မီဒီယာဘက်ကရှုံးရင် တရားရေးမဏ္ဍိုင်ယိုင်တာ ။

တစုံတစ်ယောက်က အစိုးရနဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေကို တရားစွဲရင် ၊ဒါမှမဟုတ် ဆန့်ကျင်ရင် ဒါရဲရင့်တာ ၊ ဟုတ်တိုင်းမှန်ရာပြောဝံ့တာ....
အစိုးရနဲ့ ဌာနဆိုင်ရာတစ်ခုခုက တစုံတစ်ယောက်ကို တရားစွဲရင်တော့   ပြည်သူကိုအနိုင်ကျင့်တာ ၊အာဏာပြတာ ။

မြန်မာမီဒီယာတို့ရဲ့ မျှတသောစိတ်ထားလေးတွေထဲက အချို့ပါ.... ကြည်ညိုစရာကြီးနော်...

ဒေါက်တာဆိတ်ဖွား




Thursday, December 20, 2012

သေသောသူကိုလေးစားပါ၊အောက်ခံ၊အတွင်းခံ၊အဝတ်အစား အပြည့်အစုံဝတ်ကြပါ ။

ချစ်သူ၊ မုန်းသူ၊ ရန်သူ၊ ကိုယ်မသိသောသူ၊ ဘယ်သူပဲဖြစ်ဖြစ်,,အကြောင်းအမျိုးမျိုး၊ ပုံစံအမျိုးမျိုးနှင့်သေဆုံးနေသူများရဲ့ရုပ်အလောင်းဓာတ်ပုံများကို သတင်းတစ်ခုအနေဖြင့် လုံလောက်သော တင်ပြမှုထက်ကျော်လွန်ပြီး တစ်ခါတစ်ရံ လူသားဟုပင်ပုံဖော်ကြည့်ရန် ခက်ခဲသည့်ရုပ်အလောင်းများ ပါမချန် ကြော်ငြာကဲ့သို့ Public, သတင်းစာမျက်နှာတွေမှာ အကြိမ်ဖန်များစွာတင်ပြနေကြသူတွေရဲ့ ဦးနှောက် ၊နှလုံးသား နဲ့ရည်ရယ်ချက်တွေကို နားလည်လို့မရပါ၊၊ 

အထူးသဖြင့် အဖြစ်ဆိုးနဲ့အပြစ်မဲ့စွာသေဆုံးရသူနှင့် သူ့၏ကျန်ရစ်သူမိသားစုတို့အပေါ် ထားသင့်တဲ့ ကိုယ်ချင်းစာတရားနှင့်လေးစားရမဲ့ကျင့်ဝတ်တွေကိုသူတို့ဘယ်ချောင်မှာသွားထားလဲမသိပါ၊ သေသူ ရုပ်အလောင်းနေရာမှာ ကိုယ်ဖြစ်နေမယ်ဆိုရင် ဒါမှမဟုတ်ကိုယ့်မိသားစုဝင် တစ်စုံတစ်ဦးဖြစ်နေမယ် ဆိုရင် အသက်တစ်ချောင်းကိုစွန့်လွှတ်ဆုံးရှုံးသွားလိုက်ရတဲ့အပြီး နောက်ထပ် အဲဒီလိုသေရပါတယ်ဆိုတဲ့ အဖြစ်ဆိုးကို ဆက်ပြီးအကျယ်တဝန့်ဖော်ပြခံချင်ပါသလားလို့မေးရင် Yes နဲ့ No အဖြေ ၂ ခုကိုရွေးကြည့်ပါ၊

ဒီရက်ပိုင်းလေးအတွင်း အမေရိကားမှာဖြစ်သွားတဲ့  စိတ်ဝေဒနာရှင်သေနတ်သမားကြောင့်သေဆုံး သွားကြရတဲ့ မူလတန်းခလေးငယ်လေးတွေရဲ့မမြင်ရက်စရာသွေးချောင်းစီးနေတဲ့ပုံတွေကို စိတ်အမှန်းနဲ့ ပဲကြည့်လို့ရပါမယ်၊ သတင်းတွေကိုရုပ်အလောင်းဓာတ်ပုံတွေနဲ့ ဖေါ်ပြမှုမရှိတာ သတိထားကြည့်နိုင်ပါတယ်၊ အခြားနိုင်ငံအတော်များများမှာလည်းလူသတ်မှု၊ မုဒိမ်းမှု ဘယ် accident နဲ့သေတဲ့သူပဲဖြစ်ဖြစ်၊ ပုလိပ်ကပစ်ဖမ်းလိုက်ရလို့အသေမိတဲ့လူသတ်သမားပဲဖြစ်ဖြစ် အနည်းဆုံးတော့ အဝတ်ဖြူ (သို့မဟုတ်) တစ်စုံတစ်ခုနှင့်ဖုံးလွှမ်းပြီးမှ သတင်းအဖြစ်တင်ပြလေ့ရှိတာတွေ့ရပါတယ်၊ ဓာတ်ပုံနဲ့တစ်ကွ သတင်းကိုဖော်ပြတယ်ဆိုရင်တောင် သူတို့သက်ရှိထင်ရှားရှိခဲ့စဉ်က ရိုက်ထားတဲ့ ပုံနဲ့သာပြလေ့ရှိပါတယ်၊ ဒါဘာကြောင့်လည်းဆိုတာ စဉ်းစားကြည့်ဖို့လိုပါလိမ့်မယ်၊ အများကြီး မတွေးကြည့်နိုင်ရင်တောင်မှ ဒါဟာလူသားအချင်းချင်းကြားမှာရှိတဲ့ စာနာထောက်ထားမှု ဆိုတဲ့ကျင့်ဝတ်ကိုစောင့်ထိန်းတဲ့ သူတို့ရဲ့ ယဉ်ကျေးမှုတစ်ရပ်ပဲလို့ တွေးမိမယ်ဆိုရင် မှားမယ်လို့မထင်ပါ။

လွန်ခဲ့တဲ့ ငါးလ,ခြောက်လလောက်က ရန်ကုန်မြို့ အတွင်းကတိုက်ခန်းအမြင့်တစ်ခုလို့ထင်ပါတယ် ၊ဆွေးနေတဲ့နောက်ဖေးလှေကားမှာဖုန်းထွက်ပြောရင်းလှေကားကျိုးပြီး နောက်ဖေးလမ်းကြားက အင်္ဂတေကျောက်ပြားပေါ်ကိုပြုတ်ကြပြီ့း ခွေခွေလေးသေဆုံးနေတဲ့,မိန်းခလေးငယ်တစ်ယောက်ရဲ့ ပုံနဲ့သတင်းကို သစ်ထူးလွင်ဆိုတဲ့ သတင်းဘလောခ့်တစ်ခုမှာတွေ့လိုက်ရပါတယ်၊ ငါ့ညီမလေးသာဆိုရင် ဆိုတဲ့အတွေးနဲ့  Public စာမျက်နှာပေါ်မှာ အဲဒီလိုပုံစံကြီးနဲ့ မြင်နေရတဲ့ ပုံကိုကြည့်ရင်း အတော်ကိုစိတ်ထိခိုက်လိုက်ရပါတယ်၊ အဲဒီပုံကိုပြပြီးသတင်းတင်တဲ့ သူကိုလည်းအတော်ကို စက်ဆုတ်ပြီး ဒေါသဖြစ်ခဲ့ရပါတယ်၊ သတင်းသမားတွေအတွက်ခုချိန်မှာဘယ်သတင်းမဆို ဖော်ပြနိုင်တဲ့
အခွင့်ရေးရှိကြပါတယ်၊ ဒါပေမဲ့ထိုက်သင့်တဲ့ တင်ပြမှုနှင့် အတိုင်းအတာ ယဉ်ကျေးမှုတစ်ခုတော့ ရှိသင့်ပါတယ်။

ဒီမိုကရေစီဆိုတာ အကုန်လွတ်လပ်ပြီးလုပ်ချင်တိုင်း လုပ်လို့ရတဲ့စံနစ်မဟုတ်ပါဘူး၊ ဒီမိုကရေစီနိုင်ငံကြီးတွေ မှာ တကယ်တော့သွးသံရဲရဲနဲ့သေနေတဲ့လူရဲ့ပုံတွေကိုပြလေ့မရှိပါဘူး,မမြင်သင့်မမြင်အပ်တဲ့အရာကို မပြဘူးဆိုတာ သေသူနဲ့ကျန်ရစ်တဲ့မိသားစုကိုသာမက ကြည့်မိသောသူ တွေ့မြင်နို်င်မဲ့သူ ကိုပါ လေးစားခြင်းပါ၊  ဒါဟာယဉ်ကျေးမှုတစ်ရပ်လို့ဆိုရပါလိမ့်မယ်၊ အဲဒီလိုအပိုင်းမှာယဉ်ကျေးမှု မရှိတဲ့ နိုင်ငံတွေအတော်များများရှိနေကြတဲ့အထဲမှာ မြန်မာနိုင်ငံကဘယ်အဆင့်မှာ လိုက်နေလဲ ဆိုတာတော့ မပြောတတ်ပါ။

 မြန်မာနိုင်ငံမှာအဖြစ်အပျက်တစ်ခုဖြစ်လေတိုင်း ဖြစ်တဲ့နေရာ၊ဖြစ်တဲ့အမှုနဲ့ပတ်သတ်ပြီးကိုင်တွယ်ရတဲ့ တာဝန်ရှိသူတွေမှာ အားနည်းချက်တွေရှိသလို၊ တစ်ချို့သတင်းသမားတွေအပိုင်းမှာလည်း သတင်းသမား တစ်ယောက်ရဲ့ စောင့်ထိန်းရမဲ့ ကျင့်ဝတ်တွေမရှိပဲ ဘောင်ကျော်ပြီး မျောက်တ္ပေ ကင်မရာ ကိုင်နေသလိုတွေ့နေရပါတယ်၊ ဖြစ်စဉ်တစ်ခုအတွင်း မပြောနိုင်,မဆိုနိုင်တော့တဲ့ ဒုက္ခသည် ကာယကံရှင် ရဲ့အရှက်နဲ့ဂုဏ်သိက္ခာကိုမငဲ့နိုင်၊ အကုန်ရိုက်၊အကုန်တင်၊သင့်၏မသင့်၏ Limite မရှိပါ။ တစ်ခုခုဆိုရင် အရေးပေါ်ကူညီနိုင်ဖို့ထက် မျောက်ပွဲလိုပြေးပြီးဘေးကရပ်ကြည့်တဲ့လူအုပ်က တပ်မတစ်ခုလောက်ဖြစ်နေ တတ်ပါသေးတယ်။ ဒါကတော့လူ့သဘာဝအရ စပ်စုတတ်ကြတော့ အပြစ်လို့ပြောလို့မရတဲ့ ဓလေ့ထုံးစံပါ၊ သူတို့ကလည်းပါလာတဲ့လက်ကိုင်ဖုန်းတွေနဲ့ ရိုက်ပြီး သတင်းဦး သတင်းထူး ဆိုပြီး facebook ပေါ်တင်ကြအုံးမှာပါ ။

ပြောရမယ်ဆိုရင် မြန်မာပြည်မှာ,တစ်စုံတစ်ခုအဖြစ်ဆိုးနဲ့ကြုံခဲ့ရင်,ကိုယ်သေပြီးနောက်ပိုင်းတောင်  မလွယ်လှပါလားလို့တွေးမိပါတယ်၊,ကိုယ့်ခန္ဓာကတွင်းထဲမှာ,,အရိုးကျနေရင်တောင်,,အသက်ထွက်ချိန်မှာ ပုံစံတစ်ခုခုနဲ့(မျက်စေ့ထွက်နေမယ်,ပါးစပ်ကြီးဟနေမယ်,ပြလို့ဘယ်လိုမှမြင်မကောင်း)တဲ့,,ကိုယ့်ဓာတ်ပုံဟာ စာနာမှုကင်းမဲ့တဲ့လူတွေရဲ့ အမျိုးမျိုးသောရည်ရွယ်ချက်နဲ့ သူတို့ရဲ့အတ္တအတွက် အချိန်အတော်ကြာ အသုံးချခံရနိုင်ဖွယ်ရှိပါတယ်၊ဒီတော့ အခြားနိုင်ငံမှာတွေထက် မြန်မာပြည်မှာသွားသတိ၊စားသတိအထူးရှိဖို့ လိုအပ်ပါလိမ့်မယ်၊ ကံတရားကိုမမြင်နိုင်တဲ့အတွက် အိမ်ကထွက်သွားပြီဆိုတာနဲ့ လမ်းမှာကိုယ်ဘာဖြစ်မယ် ဆိုတာကိုမသိနိုင်ပါဘူး ၊တစ်စုံတစ်ခုများဖြစ်ခဲ့ရင် စိန်မျောက်မျောက် သတင်းသမားတွေက သတင်းယူဖို့က အဆင်သင့်ပဲ၊ ဘေးများတွေ့ခဲ့ရင်သေ၊မသေတော့မသေချာဘူး၊ ဒါပေမဲ့ဘေးပရိသတ်နဲ့ သတင်းသမားတွေရဲ့ဓာတ်ပုံရိုက်ချက် ခံရဖို့ကတော့သေချာ ပါတယ်၊ ဒီမိုကရေစီအသွင်ကူးပြောင်းဖို့ အစပျိးနေတဲ့အချိန်လေးပဲဖြစ်နေသေးတာမို့ လောလောဆယ် အခြေအနရ ကောင်း/မကောင်း၊သင့်/မသင့် ဆိုတာတွေ၊ အရည်အချင်းထက်၊အရည်အတွက်ဆိုတာတွေက ပုံစံအမျိုးမျိုးနဲ့ ရောထွေးနေပါ တယ်၊ ကောင်းခြင်းဆိုးခြင်းတွေကို ကိုယ်သိထားသမျှ အပြုသဘော၊ မျှဝေတဲ့သဘောနဲ့ ဘယ်လိုပဲပြောပြော,, ပြောမိတဲ့သူမှာ အပြစ်ကျအဆဲခံနေရအုံးမဲ့အချိန်ပါ၊

ဒီတော့ အသွားမတော် တစ်လှမ်း ဒီမိုကရေစီအပြည့်အဝရှိတဲ့နိုင်ငံတွေကလို စံနှုန်းထားတွေ ယဉ်ကျေးမှုတွေ မထွန်းကားသေးတဲ့အတွက် တစ်စုံတစ်ခု အသက်ဘေး အန္တရယ်နဲ့ကြုံလို့ ကတော့ သေပင်သော်ငြား အနည်းဆုံး ကိုယ့်ယဉ်ကျေးမှုလေးနဲ့ကိုယ်ဖြစ်နေဖို့ အတွက် အောက်ခံ၊အတွင်းခံ၊အဝတ်အစား အပြည့်အစုံဝတ်ကြပါ၊  မိသားစုကိုဆက်သွယ်လို့ရမဲ့ ဖုန်းနံပါတ်နဲ့လိပ်စာတွေကို သွားလေရာကိုယ်နဲ့မကွာ ယူဆောင်သွားတဲ့ ဓလေ့ကိုလည်းကျင့်သုံးကြပါ၊ ကိုယ့်မိသားစုရောက်မလာမချင်း တာဝန်ရှိလူကြီးတွေကအစ မိမိရုပ်အလောင်းကောင်ကြီးကို ကြည့်ပျော်ရှုပျော် အနေအထား,ထားပေးနိုင်၊မနိုင် မသေချာပါ၊ဟိုလူကြည့်ဒီလူကြည့်နဲ့ ဓာတ်ပုံတွေ တစ်ဖျတ်ဖျတ်ရိုက်ကြရင်း မျေက်ပွဲကကြာနိုင်ပါတယ်။

ဒီတော့အကောင်းဆုံးကတော့ မြန်မာပြည်မှာ အပြင်ထွက်ရင် သံဗုဒ္ဓေရွတ်ပါ၊ ကိုယ့်ကိုကိုယ်သရဏဂုံ တင်ပါ၊ ဖုန်းနဲ့,လိပ်စာ,အိပ်မှာချိတ်ပါ၊ ယောက်ကျား/မိန်းမ မဟူ အားလုံးသောသူတွေ အောက်ခံအတွင်းခံ အဝတ်အစား အပြည့်စုံဝတ်ကြပါ ဘယ်လိုမှအမှားမရှိဘူးလို့ဆိုချင်ပါတယ်။ ။ 

မှတ်ချက်။ ။ (သတင်းသမားစိန်မျောက်မျောက်တွေလို့ ဆိုရာမှာ သတင်းသမားကျင့်ဝတ်နှင့်ညီပြီး၊ ကိုယ်ချင်းစာတရားနှင့် အရည်အချင်းပြည့်ဝတဲ့ သတင်းသမားများလည်းရှိနေတဲ့အတွက် အားလုံးလို့ မဆိုလိုပါ၊ ဤရေးသားမှု၌ အသုဘရှု တရားသဘောနှင့်ရေးသားခြင်းမျိုးမဟုတ်ပါ၊ လူသားချင်းအတွင်း မှ လေးစားမှု၊ယဉ်ကျေးမှု၊ ရှု့ဒေါင့်နှင့် ကိုယ့်အမြင်ခံစားချက် ကို ဝေမျှခြင်းသာဖြစ်ပါတယ်၊ လူချင်းမတူကြ၍ အယူအဆလည်းကွဲပြားနိုင်ပါသည်၊ မည်သူနှင့်မျှအငြင်းမပွားလိုပါ၊။)
 
အချင်းချင်းမေတ္တာပွား၊ကိုယ်ချင်းစာတရားတွေထား၊ လေးစားမှုယဉ်ကျေးမှုတွေ ထွန်းကားပြီး အားလုံးဘေးရန်ကင်းကြပါစေ။ ကျေးဇူးတင်ပါသည်။


ဒါလီ,Darli
18-12-2012

Monday, December 17, 2012

စထရိတ်စ်တိုင်းမ်စ် သတင်းစာ၏ ၂၀၁၂ ခုနှစ်အတွက် ထူးချွန် ထင်ရှား အာရှသား အဖြစ် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ရွေးချယ်ခြင်း ခံရ


ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ဟာ အမေရိကန် နိုင်ငံရဲ့ သတင်းစာကြီး တစ်ခုဖြစ်တဲ့ စထရိတ်စ် တိုင်းမ် သတင်းစာရဲ့ ၂၀၁၂ ခုနှစ်အတွက် ထူးချွန် ထင်ရှား အာရှသား အဖြစ် ရွေးချယ်ခြင်း ခံရတယ်လို့ သိရပါတယ်။ နိုင်ငံတော် သမ္မတ အနေနဲ့ အခုလို ရွေးချယ်ခြင်း ခံရမှုဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ပြောင်းလဲမှုများကို ရှေ့တန်းမှ ဦးဆောင်သူ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အပေါ် နိုင်ငံ အများစုရဲ့ ရှုမြင် သုံးသပ်မှုများကို အပြောင်းအလဲ ဖြစ်စေခဲ့တဲ့ ခေါင်းဆောင် တစ်ဦး ဖြစ်ကြောင်းစတဲ့ အချက်တွေကြောင့် ပေးအပ်တာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အခုလို ပြောင်းလဲမှုများရဲ့ အကျိုးရလဒ် များဟာ ကမ္ဘာ တစ်ဝန်းလုံးကို အံ့အားသင့် စေခဲ့ပြီး သမ္မတရဲ့ ရိုးသားမှုကို ဒေါ်အောင်ဆန်းစုကြည် မှလည်း အသိအမှတ်ပြု ထောက်ခံ ခဲ့ကြောင်း၊ အနောက် နိုင်ငံများရဲ့ ပိတ်ဆို့ အရေးယူမှု များကို ဖယ်ရှားစေဖို့နဲ့ ကမ္ဘာတစ်ဝန်းက ရင်းနှီးမြှုပ်နှံ သူများက မြန်မာနိုင်ငံကို ပိုမိုစိတ်ဝင်စား စေရန် စွမ်းဆောင် နိုင်ခဲ့ကြောင်း အစရှိသဖြင့် ဖော်ပြပါရှိ ထားတာ ဖြစ်ပါတယ်။

ဒါတင်မကဘဲ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ရဲ့ စွမ်းဆောင်ချက် များဟာ မြန်မာနိုင်ငံ အတွက် မဟာဗျူဟာ အခွင့်အလမ်းသစ် များကို ပေါ်ထွန်းစေပြီး အရှေ့တောင် အာရှအတွက် သာမက ထိုထက် ကျယ်ပြန့်တဲ့ အာရှတိုက် တစ်ဝန်းကို ကောင်းကျိုး သက်ရောက် စေနိုင်မယ့် လုပ်ငန်းများကို ဖော်ဆောင် နိုင်ခဲ့ကြောင်း စတဲ့ အချက်တွေကြောင့် ပေးအပ်တာ ဖြစ်တယ်လို့ သိရှိရပါတယ်။

အခုလို စထရိတ်စ် တိုင်းမ်စ် သတင်းစာရဲ့ တစ်နှစ်တာ ထူးချွန် ထင်ရှား အာရှသား ဆုကို နှစ်စဉ် ဒီဇင်ဘာ လတိုင်းမှာ ကြေညာလေ့ ရှိတာဖြစ်ပြီး အဆိုပါ ဆုဟာ မိမိရဲ့ နိုင်ငံ သို့မဟုတ် ပိုမို ကျယ်ပြန့်တဲ့ ဒေသမှ လူများရဲ့ ဘ၀များ ပိုမိုသာယာ လှစေဖို့ စွမ်းဆောင် ပေးနိုင်တဲ့ လူဂ္ဂိုလ် အဖွဲ့အစည်းများကို ချီးမြှင့်တဲ့ဆု ဖြစ်တယ်လို့ သိရပါတယ်။
MRTV 4

Tuesday, December 11, 2012

မန္တလေးမြို့ မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော် ဦးအရိယဝံသာဘိဝံသ ၏ မေတ္တာရပ်ခံစာ


၁။ ယနေ့အချိန်အခါသည် အမျိုးသားရင်ကြားစေ့ရေး (အချင်းချင်းယုံကြည်မှု ချစ်ခင်ကြင်နာမှု)တို့ကို တည်ဆောက်နေရသော အချိန် ကာလသမယဖြစ်ပါသည်။

၂။ နားလည်မှုကိုအခြေခံကာအပြန်အလှန် ခွင့်လွှတ်မှု သီးခံမှုတို့ဖြင့် စိတ်ကောင်းစေတနာ ကောင်းတို့ကို ထုတ်ဖေါ် ပြသရမည့်အချိန်အခါဖြစ်ပါသည်။

၃။ သို့ပါ၍ဟိုဘက်သည်ဘက် နှစ်ဘက်လုံးမှ တိုင်းပြည်ကိုထိခိုက်နစ်နာစေမည့်  အပြုအမူများကိုမပြုလုပ် ကြရန်နှင့်တိုင်းပြည်ညီညွတ်ရေးကိုအထောက် အကူပြုစေမည့်လုပ်ဆောင်မှုများကို စဉ်းစားလုပ်ဆောင်ကြရန် မေတ္တာရပ်ခံတိုက် တွန်းအပ်ပါသည်။


ဦးအရိယဝံသာဘိဝံသ
ပဓာနနာယကဆရာတော်
မြဝတီမင်းကြီးကျောင်းတိုက်
မန္တလေးမြို့။
ဖုန်း- ၀၉၉၁၀၄၁၀၄၆


တစ်ခွန်းသူ့ကိုပြောလိုက်ပါ


ငါ့သားများ ထောင်ထဲဝင်ရင်လေ
သူ့ကိုပြောလိုက်စမ်းပါကွာ.....

ထောင်ဆိုတာ
ကျန်ရစ်သူမိသားစုက 
မီဒီယာနဲ့သာအပိုင်ချိတ်ထားနိုင်ရင် 
တကယ့်သူရဲကောင်း ၊ လူစွမ်းကောင်းကြီးတွေ
ဖြစ်စေနိုင်တဲ့ ကျောင်းကြီးပေါ့.......

ဒေါက်တာဆိတ်ဖွား

Monday, December 10, 2012

" ဖြေရှင်းခြင်း "

မီးပွားပုံနှိပ်တိုက်တွင်ပုံနှိပ်၍ ပြဿနာစာပေမှ တာဝန်ယူဖြန့်ချိသော စာရေးဆရာ ဒေါက်တာဆိတ်ဖွား၏ " မီဒီယာနွံထဲက နောက်အင်္ဂါယားနေကြသူများ" စာအုပ်မျက်နှာဖုံးတွင်ဖေါ်ပြပါရှိသည့် The Voice Weekly ဂျာနယ်မှ အယ်ဒီတာချုပ် ကျော်မင်းဆွေ၏ပုံမှာ စာအုပ်နှင့်မည်သို့မျှမသက်ဆိုင်ပါကြောင်းနှင့် ယင်းကဲ့သို့ထည့်သွင်းဖေါ်ပြမိသည့်အတွက် ကာယကံရှင်၏ မူလအလုပ်အကိုင်နှင့် တိုက်ဆိုင်သွားခြင်းအပေါ် အထူးစိတ်မကောင်း ၀မ်းနည်းပါကြောင်း ။

အယ်ဒီတာ

ကိုယ့်အလှည့်ကျတော့ " ဖြေရှင်းခြင်း " တဲ့လား The Voice Weekly ရယ်


ပတ်ဝန်းကျင်မှ တွေ့ရာ မိန်းကလေးများပုံကို ဓါတ်ပုံရိုက်ယူပြီး မကောင်းတာလုပ်စားတဲ့ (ဖာ) အသွင် ဖော်ပြချက်ကြောင့် The Voice Weekly တောင်းပန်ရ

The Voice Weekly ဂျာနယ် သည် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ထုတ် Vol 8,No 48 စာမျက်နှာ ၁၈ တွင်ဘဝနွံထဲက အကြွေပန်းလေးများ ဟုဆိုသော ခေါင်းစဉ်ဖြင့် လမ်းမကြီးဘေးတွင် မကောင်းတာလုပ်စားသော (ဖာ) ပြည့်တန်ဆာ အမျိုးသမီးများဘဝ အား ဆောင်းပါးတစ်ပုဒ်ဖော်ပြခဲ့ရာတွင် ထိုဆောင်းပါးတွင် ပါရှိသော ဓါတ်ပုံမှာ လမ်းဘေးတနေရာတွင်အမျိုးသမီးငယ်တစ်စု စုစည်းနေပုံကို ပိုင်ရှင်မသိပဲ ခိုးယူရိုက်ယူခဲ့ပြီး ဆောင်းပါးနဲ့ တွဲစပ်၍ ပြည့်တန်ဆာ(ဖာ)များအသွင် သရုပ်ဖော် ခဲ့ပါသည် ။ ထို့နောက် ယခုအခါထိုဓါတ်ပုံကြောင့် ပြဿနာများ ဖြစ်ပွါးလာပြီဖြစ်သောကြောင့် ဖြေရှင်းချက် ဟု ခေါင်းစဉ်တပ်ကာထိုအမျိုးသမီး၎ဦးမှာ ပြည့်တန်ဆာ(ဖာ)များမဟုတ်ကြောင်း ပြန်လည်ရေးသားသော် လည်း တောင်းပန်ခြင်း ဝန်ခံခြင်း အလျင်းမပြုလုပ်ပဲ ဝတ်ကျေတန်းကျေ ဖြေရှင်းချက်ဟု၍ ထုတ်ခဲ့ပါသည် ။

ထိုဓါတ်ပုံကြောင့် ဓါတ်ပုံတွင် ပါရှိလာသော အမျိုးသမီးတစ်ဦးဖြစ်သူ (ထဘီဝတ်ဆင်ထားသူ) မအေးအေးနွယ် (အမည်ပြောင်းထား) ဆိုသူ သည် စမ်းချောင်းမြို့နယ်ရှိ အိမ်ခြံမြေ ဝယ်/ရောင်း အကျိုးဆောင် ကုမ္မဏီတွင် အလုပ်လုပ်နေရာမှ နှူတ်ထွက်ခဲ့ရပြီး ပတ်ဝန်းကျင်တွင် အရှက်ကွဲကာ ယခုအခါဆေးခန်းတစ်ခုတွင် depression ခေါ် စိတ်ဓါတ်ကျဆင်းခြင်း ဖြစ်နေ၍ စိတ်ရောဂါကု ဆရာဝန်တစ်ဦးနှင့် ကုသနေရပါသည်။

online book club