xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: မျက်ရည်နဲ့ ရေးတဲ့စာ....

Thursday, January 3, 2013

မျက်ရည်နဲ့ ရေးတဲ့စာ....


ကချင်အရေးနဲ့ပတ်သက်ပြီး မြန်မာမီဒီယာတွေရဲ့ရပ်တည်ချက်ဟာ မျှမျှတတမရှိဘူးဖြစ်နေတယ် ၊စစ်တပ်ကပဲ သူ့ဟာသူနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်လေးတွေကို မတရားလုပ်နေသလိုလို ၊ လေကြောင်းကနေပဲ အနိုင်ကျင့်နေသလိုလို သဘောမျိုးပါတဲ့ အရေးအသားတွေ ၊ စစ်တပ်ကလေယာဉ်ပျက်ကျရင်ပဲ ၀မ်းသာသလိုလို အပြောအဆိုတွေ ၊ အရေးအသားတွေ တွေ့နေရပါတယ် ၊ ဒီကြားထဲ ကုလားမြအေးကပါ လူတွင်ကျယ်ဝင်လုပ်နေတာတွေလည်း တွေ့နေရပါတယ် ။

အရေးအသားတွေက ဘယ်လိုဖြစ်နေလဲဆိုရင် KIA က တံတားလေး ၁၀၀ ကျော်လောက် နဲ့ ရထားနည်းနည်းပါးပါး ကို ဗုံးလေးနဲ့ ခွဲတာမိတာ စစ်တပ်က လေယာဉ်ကြီးနဲ့ ပစ်နေတယ်ဆိုတာမျိုးဖြစ်နေတယ် ။မီဒီယာတွေဟာ အရင် စစ်အစိုးရကိုမုန်းတီးတဲ့စိတ်အခြေခံနဲ့ စစ်တပ်ကခံရရင် ကောင်းတယ်ဆိုတာမျိုး လုပ်နေတာကိုသတိပြုမိတယ် ။ ဒီလိုလုပ်နေသ၍ စစ်တပ်နဲ့ လူထုဟာ ဘယ်တော့မှနီးစပ်တော့မှာမဟုတ်ဘူး ဝေးသည်ထက်ဝေးလာမယ် ၊ ခင်ဗျားတို့ရေးတဲ့သတင်းတွေကို ဖတ်ပြီးစစ်ဗိုလ်စစ်သားတွေဟာ အသားဆတ်ဆတ်တုန်အောင် နာကြတယ် ၊ခံပြင်းကြတယ် ။

ဥပမာတစ်ခုပြောပြမယ် KIA ကနေ စစ်တပ်က ရိက္ခာပို့ယာဉ်တန်းကို ခြုံခိုတိုက်လိုက်တာ တစ်နေရာတည်းမှာ အရာရှိ ၆ ဦးနဲ့ အခြားအဆင့်စစ်သည် ၄၂ ဦး ကျဆုံးသွားခဲ့တယ် ၊ အဲဒီတပ်နောက်တန်းမှာ ကျန်ခဲ့တဲ့ ကျန်ရစ်သူမိသားစုတွေ သူတို့နဲ့ ပတ်သက်နေတဲ့ မိဘဆွေမျိုးတွေ ရဲ့ ငိုကြွေးသံတွေဟာ ဘ၀ဂ်ညံသွားခဲ့တယ် ၊ အဲဒီ ငိုကြွေးသံတွေဟာ စစ်သားစိတ် ရှိတဲ့သူတိုင်းရဲ့နားတွေထဲကို သံရည်ပူတွေလောင်းထည့်သလို ခံစားလိုက်ရတယ် ၊ မောင်ရင်တို့ မီဒီယာတွေရဲ့ တစ်ဘက်ပိတ်နားတွေကတော့ ကြားနိုင်မှာမဟုတ်သလို ငရမန်ကန်းတွေမို့ မြင်နိုင်ကြမယ် လည်းမဟုတ်ပါဘူး.....။

 သူတို့တွေရဲ့နားရေးကို တစ်ယောက်စီမလုပ်နိုင်တော့လို့ ခမ်းမကြီးထဲမှာ ပေါင်းလုပ်လိုက်ရတဲ့ အဖြစ်ရောက်သွားတယ် ၊ ရေစက်ချတဲ့အချိန်က ရဲမေတွေရဲ့အမျှဝေသံ ၊ သာဓုခေါ်သံတွေကြောင့် တရားဟောစင်ပေါ်က ဆရာတော်ကိုယ်တိုင် မျက်ရည်ဖြိုင်ဖြိုင်ကျခဲ့ရတဲ့အထိဖြစ်ခဲ့တယ်... ဒီ့အတွက် ဘယ်သူမှမနာကြဘူး ၊ ဘယ်သူကမှအရေးတယူလုပ်ပြီး KIA ကိုမကန့်ကွက်ကြဘူး ၊ ဘယ်သကောင့်သားကမှ ဆူးလေဘုရားနားမှာ ဆန္ဒမဖေါ်ထုတ်ပေးကြဘူး ၊ ဘယ်မျိုးဆက်ကမှ ကြေငြာချက်မထုတ်ကြဘူး ၊ ဒီမျက်ရည်တွေအတွက် ဘယ်သူမှမခံစားပေးခဲ့ကြဘူး... ဒါပေမယ့် ကျဆုံးသွားတဲ့စစ်သည်တွေရဲ့ သွေးတွေဟာ ကျန်ရစ်တဲ့ တပ်မတော်သားတွေရဲ့ နှလုံးသားတွေဆီကိုစီးဆင်းသွားတယ် .......။တပ်မတော်သားတွေဆိုတဲ့အထဲမှာ ကာကွယ်ရေးဦးစီးချုပ်လဲ ပါမှာပဲ.....

တပ်မတော်သားတွေရဲ့ သစ္စာအဓိဌာန်ထဲမှာ ကျဆုံး လေပြီးသော တပ်မတော်သားတို့၏ သစ္စာကို စောင့်သိရိုသေပါမည်ဆိုတာ ပါတယ် ခု KIA ကိုပြန်တိုက်တယ် ... ဒါ ကချင်တွေမို့လို့ တိုက်နေတာမဟုတ်ဘူး ၊ တိုင်းရင်းသားတွေမို့ တိုက်နေတာမဟုတ်ဘူး ဗမာဗမာချင်းဆိုရင်လဲ တိုက်မှာပဲ၊ဒါဟာ ကျဆုံးသွားကြတဲ့ စစ်သည်တွေရဲ့ သစ္စာကို စောင့်သိနေတာပါဘဲ...... ဆက်ပြီးတော့လဲ စောင့်သိနေဦးမှာပါပဲ.....

ရဲဘော်တို့ ကောင်းရာသုဂတိလားပါစေ..................

ဒေါက်တာဆိတ်ဖွား