xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ကျားနဲ့သမင်

Monday, July 16, 2012

ကျားနဲ့သမင်

 
မေး ။     ။ ဆရာရဲ့ လွှတ်တော်၏အတွေးနှင့်လုပ်ဆောင်ချက်တို့ ပို၍လေးနက်စေချင် ဆိုတဲ့ဆောင်းပါးတင် လိုက်တော့ ဆရာ့ပရိတ်သတ်တချို့ဆီက ဆရာဟာ အမေရိကန် sanction မရုပ်သိမ်းရေးကို ထောက်ခံတဲ့သဘော လားလို့ မေးလာတဲ့သူတွေရှိတယ်ဆရာ ဒီအပေါ် ဆရာ့မှတ်ချက်ကလေး ပြောပေးပါဦး ..... ။

ဒေါက်တာဆိတ်ဖွား ။     ။ မုဆိုးပီသတဲ့ မုဆိုးတစ်ယောက်ဟာ တောလိုက်ထွက်တဲ့အခါ ကျားဆိုရင်ပစ်မယ် ၊ သမင်ကိုတော့ချမ်းသာပေးမယ် ၊ ယုန်ဆိုရင်တော့ မပစ်ဘူး ဒီလို သဘောမျိုးမရှိပါဘူး .. မျက်စိရှေ့ရောက်လာတဲ့သားကောင်ကို ကျားပဲ ဖြစ်ဖြစ် ၊ ၀က်ဝံပဲဖြစ်ဖြစ် ၊ သမင်ပဲဖြစ်ဖြစ် ပစ်ချလိုက်တာပါဘဲ ဒီလိုပစ်လိုက်တဲ့ သားကောင်နဲ့ မုဆိုးကြားမှာ ဘာရန်ငြိုးရန်စမှလည်းမရှိပါဘူး ၊ ဒီလိုပါဘဲ သတင်းသမားတစ်ယောက်ဟာလည်း အစိုးရဆိုရင်တော့ ဖားလိုက်မယ် ၊ NLD ကိုတော့ဆော်လိုက်မယ် လွှတ်တော်ကိုတော့ မသိချင်ယောင်ဆောင်နေမယ် ဒီသဘောမျိုးမရှိပါဘူး သူတို့နဲ့ ကိုယ့်ကြားမှာလည်း ဘာရန်ငြိုးရန်စမှ မရှိပါဘူးလေ..... ဒီတော့ ရေးစရာရှိတာကို ကိုယ်မြင်တဲ့ရှုထောင့်ကရေးချလိုက်တာပါဘဲ ..... ဒီလိုရေးလိုက်တဲ့အတွက် ကန့်ကွက်သူတွေရော ထောက်ခံသူတွေရောကို သတင်းသမားက ထူးပြီးမှတ်ချက်ပေးဘို့ မရှိပါဘူး.....စီးပွားရေးပိတ်ဆို့မှု ( sanction ) နဲ့ပတ်သက်လို့ ပြည်သူကိုမထိပါဘူးလို့ ရေးတဲ့ပြောတဲ့သူတွေ တွေ့ရင် ကိုယ်က ပြည်သူကိုထိပါတယ်ဆိုတဲ့ဘက်မှာ ရပ်မှာပါဘဲ ၊ ဒီ sanction ကိုပဲ ခလုပ်ပိတ်လိုက်သလို ရပ်ပေးပါဆိုပြီး တောင်းဆိုလာရင်လည်း မဖြစ်နိုင်တဲ့ဘက်က ရေးမှာပါဘဲ ......ဒါကလည်းမှန်တယ်မှားတယ်ဆိုတာထက် ကိုယ့်ရဲ့သီးသန့်အမြင်ပါဘဲ.....။

မေး ။     ။ ဒါပေမယ့်ဆရာရယ် ခုကိစ္စမှာကတော့ အမေရိကန်က သူတို့ကတော့ မြန်မာပြည်မှာ ရင်းနှီးမြှုတ်နှံမယ် ၊ မြန်မာတွေတော့သူတို့ဘက်ကလက်မခံဘူး ၊ မြန်မာပြည်ကထုတ်ကုန်တွေရောင်းဘို့ သူတို့ဈေးကွက်ကိုလည်းဖွင့်မပေးဘူးဆိုတော့ တဘက်သက်ဆန်မနေဘူးလား ၊ ဒီ့အတွက် ဒေါ်နန်းဝါနုက ဒါကိုမျှတအောင်လုပ်ဘို့တင်တာမဟုတ်ဘူးလားဆရာ ......


ဒေါက်တာဆိတ်ဖွား ။     ။ ဒါက ဘာနဲ့တူသလဲဆိုရင် ကျားက သမင်ကို စားတဲ့ကိစ္စမှာ ကျားကိုမတရားဘူးလို့ ပြောသလိုဖြစ်နေတယ် ၊ တခါတလေ လောကကြီးမှာ မတူတဲ့သဘာဝနှစ်ခုကို အတင်းတူအောင်လုပ်လို့မရနိုင်ဘူး သမင်ဖြစ်နေသ၍တော့ ကျားစားတာခံနေရမှာပဲ ... ကိုယ်ကစားတဲ့ဘက်မှာနေချင်လား ကျားဖြစ်အောင်လုပ် ဒါပဲရှိတယ်....၊ 

နောက်တစ်ခုက ခုဒေါ်နန်းဝါနုရဲ့ အဆိုက ကျားကို သက်သတ်လွတ်စားဘို့ အဆိုတင်သလို ဖြစ်နေတယ် ဒီ သက်သတ်လွတ်စားရေးအဆိုကို သမင်တွေဘယ်လောက်ထောက်ခံထောက်ခံ ကျားကန့်ကွက်နေသ၍ အကောင်အထည်ပေါ်လာမှာမဟုတ်ဘူး ၊ အဓိပ္ပါယ်လည်းမရှိဘူး ဒီသဘောကိုနားလည်ဘို့လိုတယ် ...တကယ်လို့ ကျားက သက်သတ်လွတ်စားပါ့မယ် ဆိုပြီးကတိပေး သဘောတူလာတယ်ဆိုရင်တောင် ယုံဘို့မဖြစ်နိုင်ပါဘူး....သတိလက်လွတ်နေလို့မရနိုင်ပါဘူး... ဒါပါဘဲ.....

Voice Of  Myanmar