xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: သည်းခံတာ အတိုင်းအတာရှိကြကြေးဆိုပါရင်

Tuesday, July 31, 2012

သည်းခံတာ အတိုင်းအတာရှိကြကြေးဆိုပါရင်

 
ဒီနေ့ သတင်းတွေမှာ The Voice Weekly နဲ့ Envoy ဂျာနယ်တွေအပိတ်ခံရတဲ့အကြောင်း သတင်းတွေ ဖတ်ရပါတယ် သာမန်အားဖြင့် ဒီလိုပိတ်တာကို ဆိတ်ဖွားလဲမကြိုက်ပါဘူး ဘာလို့လဲဆိုတော့ ဒီဂျာနယ်တွေဟာ လွတ်လွတ်လပ်လပ် နီးပါးလောက် ရေးခွင့်ရလာတာမကြာသေးလို့ပါဘဲ ၊ ဒီလိုမကြာသေးတော့ အကြောင်းအရာတစ်ခုပေါ်မှာ ရှုမြင်ပုံချင်းမတူဘူး  တစ်ဘက်ကအမှန်ထင်တာကို တစ်ဘက်က အမှားထင်နေမယ် ဒီတော့ညှိနှိုင်းဆောင်ရွက် ရမဲ့အချိန်လို့ထင်ပါတယ် ဒီလိုအချိန်မှာ အပိတ်ခံရတယ်ဆိုတာမျိုးက တစ်ဘက်နဲ့ တစ်ဘက် ကြားမှာ ပဋိက္ခအသွင်ဆောင်လာရာကနေ တိုက်ကြခိုက်ကြ ဆိုမကောင်းဘူးပေါ့ ဒီတော့ ပြေပြေလည်လည်နဲ့ ပြီးကြစေချင် အသားကျသွားစေချင်ပါတယ် ။


ဘာလို့အပိတ်ခံရတာလည်းလို့မေးကြည့်တော့  "၀န်ကြီးငါးဦး အပြောင်းအလဲ ကိစ္စသတင်း " ကြောင့်လို့သိရပါတယ် ၊ စာပေစိစစ်ရေးဘက်ကို မေးကြည့်တော့ ဒီသတင်းမထည့်ဘို့ သက်ဆိုင်ရာဂျာနယ်တိုက်အသီသီးကို ကြိုတင်အကြောင်းကြားထားပါတယ်လို့ ဆိုပါတယ် ၊  ဒီလိုအကြောင်းကြားထားပါရက်နဲ့ မျက်နှာဖုံးမှာတင်ပြီး ထုတ်ခဲ့တဲ့အတွက် အရေးယူတာပါလို့ ပြောပါတယ် ။


ဒီလိုအရေးယူခဲ့တဲ့အတွက် သက်ဆိုင်ရာဂျာနယ်တွေက တာဝန်ရှိသူတွေဟာ စာပေစီစစ်ရေးနဲ့ ပြန်ကြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေကို  ပြည်ပအသံလွှင့်ဌာနတွေ အပါအ၀င် လူမှုကွန်ယက်တွေကနေတစ်ဆင့် ပြင်းပြင်းထန်ထန် တုန့်ပြန်ခဲ့ပါတယ် ၊ တချို့အယ်ဒီတာတွေ သတင်းထောက်တွေဆိုရင် သူတို့ရဲ့ကိုယ်ပိုင် ဖေ့စ်ဘုတ်စာမျက်နှာတွေကနေ ပြောင်ပြောင်တင်းတင်းပဲ ဆဲဆို စိန်ခေါ်နေတာကိုတွေ့ရပါတယ် ၊ ဒီအထဲမှာပါတဲ့စကားရပ်တစ်ခုက " သည်းခံတာ အတိုင်းအတာတစ်ခုပဲရှိတယ်ကွ " ဆိုတဲ့စကားဖြစ်တယ်၊ ဒီစကားကို ကျုပ်ဘ၀င်မကျပါဘူး ။


အစိုးရသစ်လက်ထက်မှာ ခုထုတ်နေတဲ့သတင်းဂျာနယ်တွေကနေ အစိုးရကိုချည်းပဲ ဆော်နေတာတွေ့ပါတယ် ၊ပြည်သူ့အသံအကြောင်းပြ ၊ လွတ်လပ်စွာပြောဆိုခွင့်အကြောင်းပြ ၊ စတုတ္ထမဏ္ဍိုင်အကြောင်းပြနဲ့ သူတို့ကချည်း အစိုးရနဲ့ တာဝန်ရှိသူတွေကို ဆော်နေတာတွေ့ပါတယ် ၊  တစ်ချို့မထိတထိရေးတယ် ၊ ဆော်တယ်  ၊ တချို့ ပေါ်ပေါ်တင်တင်ဆော်တယ် ၊ အစိုးရက ဆော်ရတယ်လို့ကို မတွေ့ပါဘူး ပြောရရင် အသွင်ကူးပြောင်းရေးကာလမှာ တကယ်သည်းခံနေရတာက အစိုးရပါ ၊ မောင်ရင်တို့ ဘာမှသည်းခံမနေရပါဘူး ၊ ဒီခေတ်မှာမှ စောင်ရေတွေတက်ပြီး အပတ်စဉ် သန်းနဲ့ချီပြီးဝင်ငွေတွေရနေကြတာ လူတိုင်းသိပါတယ် ဒီလိုသည်းခံမှုမျိုးကိုယ်တော့ ဆိတ်ဖွားလဲခံလိုက်ချင်ပါတယ် ။


တစ်ခါတလေ အစိုးရဘက်က တရားစွဲတာလေးတစ်ခုနှစ်ခုတွေ့ပါတယ် တရားစွဲမယ်ဆိုတိုင်း  ဒီမီဒီယာသမားတွေစုပြီး ကျီးအာသလိုဝိုင်းအာပြီး အစိုးရကို ဆော်နေကြ တိုက်ခိုက်နေကြတာတွေ့ပါတယ် ဒါဘာကိုပြနေသလည်းဆိုရင် မီဒီယာသမားတွေဟာ တရားရုံးကိုရင်မဆိုင်ချင်ဘူးဖြစ်နေပါတယ်  ၊ တရားရင်ဆိုင်ရတာကိုပဲ တစ်ဘက်က ငါတို့ကို အနိုင်ယူတယ် လို့အထင်ရောက်နေပါတယ်၊ အမှန်က ဘာမှမဆိုင်ပါဘူး တရားရုံးဆိုတာနှစ်ဘက် အပြန်အလှန် သူမှန် ကိုယ်မှန် ရင်ဆိုင်ဖြေရှင်းရတဲ့ နေရာဖြစ်ပါတယ် ၊ မှန်နေတဲ့လူအဖို့ ကိုယ်မှန်ကြောင်း အများရှေ့မှာ မှတ်ကျောက်တင်နိုင်တဲ့ နေရာဖြစ်ပါတယ် ၊ ပြောရရင် တရားစွဲလေ မှန်တဲ့သူအဖို့ ကောင်းလေလေပါဘဲ ။


ခုဖြစ်တဲ့ ၀န်ကြီးအပြောင်းအလဲသတင်း ကိစ္စကို မေးလိုက်ရင် သတင်းဂျာနယ်သမားတွေက ဘာဖြေမလဲ "ဒါသတင်းဖြစ်လို့ ဖြစ်တဲ့အကြောင်းရေးတာပဲလေ ၊ တကယ်လဲသတင်းက ဖြစ်နေတာပဲ " ဆိုပြီး ပြောမှာပါဘဲ ဘယ်ကကြားသလဲဆိုရင် ပြောတဲ့လူကိုပဲ သတင်းသမားကျင့်ဝတ်အရမဖေါ်ချင်သလိုလို စကားမျိုးတွေ ပြောမှာပါဘဲ ဒါရိုးနေပါပြီ ဒီလိုလွယ်လွယ် စကားတွေ ပြောကြမှာပါဘဲ ...


သူတို့ဒီသတင်းထည့်လိုက်တဲ့အတွက် တစ်ဘက်မှာ ပြင်းထန်တဲ့ရိုက်ခတ်မှုတွေ ဖြစ်တယ် ဆိုတာတွေးမိပုံမရဘူး ၊ တကယ်တော့ ၀န်ကြီးဌာနတစ်ခုမှာ လုပ်ပိုင်ခွင့်အရှိဆုံး အဆုံးအဖြတ် ပုဂ္ဂိုလ်ဟာ ၀န်ကြီးဖြစ်တယ် ၊ ခုလို နိုင်ငံရဲ့အခြေအနေမျိုးမှာ ပြည်ပကနေ ဘက်စုံဝင်လာနေတဲ့ စီးပွားရေးရင်းနှီးမြှုတ်နှံမှုတွေ ၊ နိုင်ငံအချင်းချင်းပူးပေါင်းဆောင်ရွက်မှုတွေ စတာစတာတွေဟာ ဒီဝန်ကြီးတွေနဲ့ လုပ်နေရတာဖြစ်တယ် ၊ တချို့လုပ်လက်စတွေ ၊ တချို့ MOU တွေဘာတွေထိုးပြီး လုပ်ငန်းအကောင်အထည်ဖေါ်ဘို့ ပြင်ဆင်လက်စတွေ ၊ တစ်ချို့ မူအားဖြင့်သဘောတူထားပြီး MOU လုပ်ဘို့အဆင့်တွေ အကုန်လုံး ယောက်ယက်ခတ်ကုန်တယ် ၊ ဒေါ်လာဘီလီယံနဲ့ချီပြီးအလုပ်လုပ်နေသူတွေဟာ ဒီအပြောင်းအလဲသတင်းကြောင့် စိုးရိမ်ကြောင့်ကြမှုတွေ ဖြစ်ကုန်တယ် ၊ အစိုးရအဖွဲ့အပေါ်ယုံကြည်မှုတွေ လျော့ပါးလာတယ် ၊ စိတ် ပျက်လွယ်တဲ့သူတွေဆို စိတ်ပျက်ကုန်တယ် ၊ လာလတံ္တသော ရင်းနှီးမြှုတ်နှံသူတွေဟာ စောင့်ကြည့်တဲ့အဆင့်ကို ပြန်ရောက်သွားတယ်  ၊ ဂျာနယ် ၂ စောင်ရဲ့ အဆင်အခြင်မဲ့လုပ်ရပ်ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနတွေဟာ တနေကုန်ဖုန်းတွေ ထိုင်ဖြေနေရတယ် ၊ ရှင်းနေရတယ် ၊ ဘယ်လောက်ပဲရှင်းရှင်း ယုံကြည်မှုတော့လျော့သွားတယ် ၊ နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအဟုန်ကို ထိခိုက်စေတယ် ။


ဒီလို တစ်တိုင်းတစ်ပြည်လုံးနဲ့ဆိုင်တဲ့ ကိစ္စတွေမှာထိခိုက်ကုန်မှာစိုးလို့ တာဝန်ရှိသူတွေက တားတာကို ထည့်တယ်ကွာဆိုပြီးထည့်တယ် စည်းကမ်အရအရေးယူတော့ သည်းခံနေတာအတိုင်းအတာ တခုပဲရှိတယ် ဘာညာနဲ့ နိုင်ငံ့ဝန်ထမ်းတွေကို ကြိမ်းလားမောင်းလားလုပ်တယ် ဒီတော့ ဒီလူတွေကို ပြောချင်တယ် မောင်ရင်တို့ သတ္တိရှိတယ် ဆိုတာ နိုင်ငံ့ဝန်ထမ်းတွေ အိပ်နေသလောက်ပဲရှိတယ် ကြိုက်တဲ့နေရာ ကြိုက်တဲ့အချိန် စမ်းလို့ရတယ် ကျုပ်ကတော့ ပြည်သူအများစုအထိအခိုက်မခံတဲ့ဘက်ကရပ်တယ် ၀န်ထမ်းတွေဘက်ကရပ်တယ် ...ဒါပဲ


ဒေါက်တာဆိတ်ဖွား