xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: အိုဘားမားက မြန်မာပြည်ကိုလာတဲ့ ပထမဆုံးအမေရိကန် သမ္မတဟုတ်ရဲ့လား

Thursday, November 15, 2012

အိုဘားမားက မြန်မာပြည်ကိုလာတဲ့ ပထမဆုံးအမေရိကန် သမ္မတဟုတ်ရဲ့လား

ဒီရက်ပိုင်း သတင်းတွေဖတ်လိုက်ရင် အမေရိကန်သမ္မတကြီး မြန်မာပြည်လာမယ့်သတင်းက အတော်လေးရေပန်းစားနေတယ်ဘယ်နေရာကြည့်ကြည့် ဘယ်စာစောင်ဖတ်ဖတ် သမ္မတအိုဘားမား သတင်းတွေ ခရီးစဉ်အကြိုပြင်ဆင်မှုသတင်းတွေ နဲ့ ပြည့်နှက်နေပါတယ် .....ကမ္ဘာ့ထိပ်တန်းနိုင်ငံကြီးက သမ္မတကြီးပဲလေ ဒီလိုပဲဖြစ်ရမှာပေါ့.....

ဒါပေမယ့် သမ္မတအိုဘားမားရဲ့ သတင်းတွေကိုကြည့်လိုက်ရင် သတင်းတော်တော်များများမှာ အမေရိကန်သမ္မတတစ်ဦးရဲ့ မြန်မာပြည်ကိုပထမဆုံးလာတဲ့ သမိုင်းဝင်ခရီးဆိုပြီးဖေါ်ပြကြတယ် ၊ နှစ်ပေါင်းများစွာအတွင်းပထမဆုံးအကြိမ်လာတယ်ဆိုတာမျိုးတောင်မသုံးကြတာကို သတိပြုမိတယ် .....။

တကယ်တော့ ၁၉၅၃ ခုနှစ်လောက်က သမ္မတ ဒေါက်တာဘဦး လက်ထက်မှာ အမေရိကန်သမ္မတကြီး နစ်ဆင်ဟာ သူ့ဇနီးနဲ့အတူ မြန်မာပြည်ကို အလည်အပတ်လာရောက်ခဲ့ဘူးပါတယ် လာရုံတင်မကဘူး မြန်မာအမျိုးသားဝတ်စုံကိုတောင် သမ္မတကြီးနဲ့ ဇနီးက၀တ်ဆင်သွားပါသေးတယ် ...။


အခြားသတင်းအရင်းအမြစ်တွေမှာတော့ ၁၉၅၃ ခုနှစ်က ဒုသမ္မတအဖြစ်နဲ့လာရောက်ခဲ့တာဖြစ်ပြီး သမ္မတနစ်ဆင်ဟာ အငြိမ်းစားယူပြီး သမ္မတဦးစန်းယုလက်ထက်မှာ ဒုတိယအကြိမ်လာရောက်ခဲ့ကြောင်းလဲ သိရပါတယ် ဝေဖန်ဘို့နဲ့ စဉ်းစားနိုင်ဘို့ တင်ပြလိုက်ပါတယ် ။

ဒေါက်တာဆိတ်ဖွား