xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ဘေးထိုင်ဘုပြော မီဒီယာသမားများနှင့် အနာဂတ်ပုဂ္ဂလိကသတင်းစာအလားအလာ

Tuesday, November 6, 2012

ဘေးထိုင်ဘုပြော မီဒီယာသမားများနှင့် အနာဂတ်ပုဂ္ဂလိကသတင်းစာအလားအလာ


ပုဂ္ဂလိက သတင်းစာများကို ထုတ်ဝေခွင့်ပေးရန် အစီအစဉ်ရှိသော်လည်း မည်သည့်အချိန်တွင် ထုတ်ဝေခွင့်ပေးမည်ကို ပြည်ထောင်စု အစိုးရအနေဖြင့် အတိအကျ ဆုံးဖြတ်ပေးနိုင်ခြင်း မရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအောင်ကြည်က ယမန်နေ့ ပြည်သူ့လွှတ်တော်တွင် ပြောကြားချက်ကို မီဒီယာသမားအချို့က ဝေဖန်သံများအတော်ပင်ထွက်ပေါ်လာခဲ့ရာ ထိုကိစ္စနှင့်ပတ်သက်၍ ဆရာကိုဆိတ်ဖွားကို တွေ့ဆုံမေးမြန်းခဲ့ပါသည် ။

မေး ။   ။ ဆရာကိုဆိတ်ဖွားခင်ဗျား မနေ့က လွှတ်တော်မှာ ပြန်ကြားရေးဝန်ကြီးဦးအောင်ကြည်က ဒီ..ပုဂ္ဂလိက သတင်းစာနဲကပတ်သက်ပြီး ထုတ်ဝေခွင့်ကို အချိန်အတိအကျ ထုတ်ဖေါ်ပြောကြားခြင်းမရှိတဲ့အပေါ် ပြည်တွင်းမီဒီယာသမား တွေကအတော်လေး ဝေဖန်သံတွေ ထွက်လာတာတွေ့ရပါတယ် ဒီအပေါ် ဆရာ့ရဲ့ သဘောထား အမြင်ကို ပြောပြပေးပါဦးဆရာ ..။

ဖြေ ။   ။ နိုင်ငံတကာမှာလည်း ဒီ ပုဂ္ဂလိကသတင်းစာဆိုတာရှိနေတာဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာလည်း ပုဂ္ဂလိက သတင်းစာဆိုတာရှိရမယ်ဆိုတာ ဒါ ဘာမှအထူးပြောနေစရာလိုမယ်မထင်ပါဘူး ဒီအခြေခံအချက်ကို ကိုယ်လဲ သဘောတူပါတယ် ၊ နောက်တစ်ခုက Time frame ပေါ့လေ ဒီအချိန်ကန့်သတ်ချက်ကိစ္စ ၊ ဒီနေရာမှာတော့ နှစ်ပိုင်းဖြေရမယ်ထင်တယ်  တစ်ပိုင်းက မီဒီယာသမားတွေဘက်က ၊ နောက်တစ်ပိုင်းက အစိုးရဘက်ကပေါ့....

မီဒီယာသမားတွေဘက်ကကြည့်ရင် ဒီ time frame ကအတော်အရေးကြီးတယ် ၊ ပြောရမယ်ဆိုရင် ဘယ်နေ့ဘယ်ရက်က စပြီး ပုဂ္ဂလိကသတင်းစာတွေကိုထုတ်ဝေခွင့်ပြုမယ် ဆိုတဲ့ အာမခံချက်ဟာ အတော်အရေးကြီးတယ် ၊ ဒီလိုအာမခံချက်တိတိပပမရှိပဲ ကြီးမားတဲ့ရင်းနှီးမြှုတ်နှံမှုတွေ လုပ်ဘို့ မလွယ်ကူလှဘူး ၊ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် ပုံနှိပ်စက်တွေပေါ့ အလယ်အလတ်တန်းအမျိုးအစားတစ်လုံးကို ခုခေတ်ဈေးနဲ့ ဒေါ်လာ ၂သန်းလောက်ကျမယ် ၊ ပုံနှိပ်စက်တွေက ခဏခဏ Error တက်တယ် ဒါမျိုးတစ်လုံးထဲထားလို့ မရဘူး တစ်နေရာမှာအနည်းဆုံးနှစ်လုံးလိုတယ် ၊ ဒါ့အပြင် မြန်မာတစ်ပြည်လုံးကိုနေ့စဉ်ရောက်ဘို့ဆိုတာက ကိုယ်ပွားပုံနှိပ်စက်တွေလိုဦးမယ် ဒီလိုတွက်လိုက်ရင် ပုဂ္ဂလိကသတင်းစာတစ်စောင်ဟာ ပုံနှိပ်စက်တန်ဘိုးတင် ဒေါ်လာ သန်း ၂၀လောက် ကျမယ် ၊ ဒီစက်တွေအတွက် မြေနေရာ အဆောက်အဦ ဒါတွေပါထည့်တွက်လိုက်ရင် နဲတဲ့ရင်းနှီးမြှုတ်နှံမှုတွေ မဟုတ်ဘူး ၊ နောက် သတင်းစာစက္ကူတွေ အတွက်နေရာတွေလိုလာမယ် ၊ လူသားအရင်းအမြစ်တွေ ၊ ဖြန့်ချိရေးတွေ ဒါတွေကြိုတင်ပြင်ရဆင်ရမယ် ၊ Training တွေလုပ်ရမယ် ၊ ဒါတွေအကုန်ပေါင်းလိုက်ရင် သတင်းစာတစ်စောင်ရဲ့ တန်ဘိုးဟာဘယ်လောက်ကျမယ် ၊ ဒါဆိုရင် ပြည်သူတွေနေ့စဉ်ဖတ်နိုင်ဘို့ဈေးနှုံးအရအခက်အခဲတွေရှိနိုင် မရှိနိုင် စီးပွားရေးအရ တွက်ချေကိုက်နိုင်မကိုက်နိုင် Marketing တွေ ဆင်းရပြုရမယ် ၊ ဒီ marketing အဖြေတွေအရ သတင်းစာကိုဘယ်လိုပုံစံ ၊ ဘယ်လိုနေရာတွေကနေ ဘယ်လိုစမယ် ဆိုတာမျိုးတွေ ဆုံးဖြတ်ရမယ် ၊ ဒီပေါ်မှာခုနရင်းနှီးမြှုတ်နှံမှုတွေ လုပ်ရမယ် ၊ ပူးပေါင်းလုပ်ဆောင်မယ့် ပါတနာတွေ ရှာရမယ် စသည်ဖြင့်ပေါ့လေ အများကြီးလုပ်ရမယ် ၊ ဒါတွေဟာ နေ့ချင်းညချင်းဆိုသလို လုပ်လို့ရတာမျိုးမဟုတ်လေတော့  ခုန Time frame ဟာ အရေးကြီးလာတယ် ၊ သူဟာအသက်ပဲ ဒါကြောင့် ၀န်ကြီးရဲ့ အချိန်အတိအကျ ဖြေကြားမသွားတဲ့အပေါ် မီဒီယာသမားတွေ ဘ၀င်မကျ ဖြစ်တာလို့ ကိုယ်တော့ထင်တယ် ...........။

အစိုးရဘက်ကကြည့်မယ်ဆိုရင်လည်း လက်ရှိက Media Law က ၁၉၆၂ ခုနှစ်ထဲကပြဌာန်းထားတာဆိုတော့ ဒီခေတ် မီဒီယာ environment နဲ့ ဘယ်လိုမှမကိုက်တော့ဘူး ဒီတော့ ခေတ်နဲ့ညီတဲ့ မီဒီယာပတ် ၀န်းကျင်အသစ်တစ်ရပ်ကို တည်ထောင်ဘို့ဆိုရင်  ကျင့်ဝတ်ဆိုင်ရာ အခြေခံမူ တွေ၊  လုပ်ငန်းစဉ် တွေ၊ Code of Ethic ရေးဆွဲတာတွေ၊ ကျင့်ဝတ်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ (Code of Conduct) ရေးဆွဲတာတွေ၊ သတင်းစာနယ်ဇင်း အဖွဲ့အစည်းဆိုင်ရာ စံနှုန်းထားတွေ  ၊ ဥပဒေကြောင်းဆိုင်ရာ ကိစ္စရပ်တွေ ကလည်း အတော်အရေးပါတယ် ဒါတွေမရှိပဲ ကြိုတင်ရင်းနှီးမြှုတ်နှံထားမယ်ဆိုရင် ရင်းနှီးမြှုတ်နှံသူတွေဘက်မှာ ကြီးမားတဲ့အဆုံးအရှုံးတွေ ရှိလာနိုင်တယ် ဒီ့အတွက် ၀န်ကြီးက ချင့်ချိန်ဖြေသွားတာလို့ ကိုယ်တော့ထင်တယ်၊

ဒီနေရာမှာပြောစရာရှိတာက  ဒီလုပ်ငန်းစဉ်တွေမြန်အောင်ဆိုပြီး အရင် ၀န်ကြီးဦးကျော်ဆန်းလက်ထက်က ၀န်ကြီးဌာနကကြီးကြပ်ပြီး ဆောင်ရွက်ခဲ့တာတွေရှိခဲ့တယ် အဲဒီတုန်းကလဲ ခုဝေဖန်နေတဲ့သူတွေပဲ Media Law ကိုဝန်ကြီးဌာနကပဲ အုပ်စီးပြီးလုပ်နေသလိုလို ၊ ဒီလောထွက်လာရင်ပဲ မီဒီယာသမားတွေကို နှိပ်ကွပ်တော့မှာလိုလိုနဲ့ ပြောဆို ဝေဖန်တာတွေလုပ်ခဲ့လို့ ခု ၀န်ကြီးဦးအောင်ကြည်လက်ထက်မှာ ဒါတွေလုပ်ဘို့ စာနယ်ဇင်းသမားတွေပါတဲ့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ ကို ဖွဲ့တယ် Media Law ထွက်ဘို့ စာနယ်ဇင်းသမားတွေကိုလည်း တကယ်တာဝန်ပေးရော ခုန ဘေးထိုင်ဘုပြောတွေ က ဘာမှဝင်မလုပ်တော့ဘူး ၊ သူတို့ရဲ့အလုပ်က လုပ်နေတဲ့သူတွေကို ဘေးကနေ အပြစ်ထိုင်ပြောတဲ့အလုပ်ပဲ မွေးရာပါအလုပ်လိုလုပ်နေတယ် ၊ Media သမားတွေထဲမှာ တကယ်လုပ်နေတဲ့သူတွေရှိပါတယ် သူတို့ကအသံမထွက်ဘူး ၊ ခုနဘေးထိုင်ဘုပြောတွေဆီကပဲ အသံတွေ ထွက်နေတယ် ......

မီဒီယာလော ထွက်ရင် သတင်းစာထုတ်မယ် ၊ ရောင်းစားမယ် ၊ စီးပွားဖြစ်မယ် ဒါလောက်တွေးနေတဲ့မောင်တွေဆီက အသံတွေ ကိုသိပ်နားထောင်မနေပါနဲ့ ကွာ...

နောက်ဆုံးတစ်ခုပြောချင်တာက ခုဝေဖန်နေတဲ့ အလဲဗင်းက သန်းထွဋ်အောင်တို့ ၊ ဟံသာဝတီဦးဝင်းတင် တို့ ၊ ဇော်သက်ထွေး တို့ထက်စာရင် ၀န်ကြီးဦးအောင်ကြည်ရဲ့ စာရိတ္တကိုပိုယုံတယ် ၊ သူ့သီလကိုပုံယုံတယ် .... သူ့ရဲ့တိုင်းပြည်အပေါ်မှာထားတဲ့ စေတနာကိုပိုယုံတယ်... ဒါပါပဲကွာ

မေး။   ။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဆရာ ...

Voice Of Myanmar