xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: check and balances

Wednesday, November 14, 2012

check and balances

check and balance
 ဒီရက်ပိုင်းအတွင်း ၀န်ကြီးဌာနအချို့ရဲ့  မှားယွင်းမှုနှင့် အလွဲသုံးစားလုပ်မှုတွေကို ပြည်ထောင်စု စာရင်းစစ်ချုပ်က ပြည်ထောင်စုလွှတ်တော်မှာ စာရင်းဇယားတွေ ကိန်းဂဏန်းတွေနဲ့ ထုတ်ပြောတယ်။ ဒါဆို ၀န်ကြီးဌာနတွေကလဲ စာရင်းစစ်အဖွဲ့ တွေရဲ့ လာဘ်စားမှုတွေကို ထုတ်ပြောသင့်တယ်။ ရောက်တဲ့အရပ်မှာ လာဘ်စားလွန်းလို့ စာရင်းစစ် လို့ ဘယ်သူမှမခေါ်တော့ပဲ " စားရင်းစစ် " လို့ပြောင်းခေါ်နေကြတာ တိုင်းသိပြည်သိဖြစ်တယ် ၊ " ဘူဘူချင်း တစ်လုပ် " ဆိုတဲ့စကားဟာ ဤကိစ္စမျိုးတွေမှာသုံးဘို့ထားတဲ့ မြန်မာစကားပုံ တစ်မျိုးပါလားလို့ တွေးနေမိတယ်......။
ဒီလူတွေကိုကျတော့ ဘယ်သူက check လုပ်ပြီး ဘယ်လို balance လုပ်ရင်ကောင်းမလဲ ဆိုတာစိတ်ဝင်စားစရာပါဘဲ....

ဒေါက်တာဆိတ်ဖွား