xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဗြိတိန်ဝန်ကြီးချုပ်တို့ နေပြည်တော်တွင် တွေ့ဆုံ

Friday, April 13, 2012

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဗြိတိန်ဝန်ကြီးချုပ်တို့ နေပြည်တော်တွင် တွေ့ဆုံ



 ဗြိတိန်ဝန်ကြီးချုပ် မစ္စတာ ဒေးဗစ်ကင်မရွန်းသည် မြန်မာနိုင်ငံသို့ ယနေ့ရောက်ရှိလာပြီး နေ့လည် ၁၂ နာရီခွဲတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် သမ္မတအိမ်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည် ၊ ညနေပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်မြို့တက္ကသိုလ် ရိပ်သာလမ်းရှိ သူမ၏နေအိမ်တွင် တွေ့ဆုံမည်ဖြစ်ပြီး ဆက်တိုက်ဆိုသလို သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည် ဖြစ်ကြောင်းလည်း သိရှိရပါသည် ။

မစ္စတာဒေးဗစ်ကင်မရွန်း၏ ယခု မြန်မာနိုင်ငံခရီးစဉ်သည် သမိုင်းဝင်ခရီးစဉ်တစ်ခုဖြစ်ပြီး လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင်ငံသို့ ပထမဦးဆုံးလာရောက်သော ဗြိတိန်ဝန်ကြီးချုပ်အဖြစ် မှတ်တမ်းဝင်သွားပြီဖြစ်သည် ။

Voice Of Myanmar