xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ဆရာကိုဆိတ်ဖွားပြောသော ဂျပန်မြန်မာ ဆက်ဆံရေးနှင့် rare earth ခေါ် ရှားပါးသတ္တုများအကြောင်း ( ၂ )

Sunday, April 22, 2012

ဆရာကိုဆိတ်ဖွားပြောသော ဂျပန်မြန်မာ ဆက်ဆံရေးနှင့် rare earth ခေါ် ရှားပါးသတ္တုများအကြောင်း ( ၂ )

( ယခုအောက်တွင် ဆက်လက်ဖေါ်ပြမည့်အကြောင်းအရာတို့မှာ ဆရာကိုဆိတ်ဖွားမှ ကျွန်တော့်အား ပြောပြသော rare earth ခေါ် ရှားပါးသတ္တုများအကြောင်းဖြစ်ပါသည် ၊  စာမလေးစေရန်အတွက် ဆရာကိုဆိတ်ဖွားပြောသည့်အထဲမှ အချို့ ပညာရပ်ဆိုင်ရာ အသုံးတစ်ချို့ကို အရပ်သုံး စကားတစ်ချို့ဖြင့် ပြင်ဆင်အစားထိုးခဲ့ခြင်း စာချောစေရန် အထားအသိုပြင်ဆင်ထားခြင်းများ မှအပ ဆရာကိုဆိတ်ဖွား၏ မူရင်းအာဘော်အတိုင်းသာ ဖြစ်ပါသည် ။ စာရေးသူ  )

Rare Earth Elements ဆိုသည်မှာ
 

Rare Earth Elements ဆိုတာကတော့ Periodic Table မှာ အနီရောင်နဲ့ ၀ိုင်းပြထားတဲ့ ဒြပ်စင်တွေ ကို ခေါ်တာပါဘဲ ၊ စုစုပေါင်း ၁၇ မျိုးရှိတယ် ၊ သဘာဝမှာတော့ ဒီ Elements တွေကို အခြားဒြပ်စင်တွေနဲ့ပေါင်းပြီး အောက်ဆိုဒ်တွေ  အဖြစ်နဲ့ တွေ့ရများတယ် စာတွေမှာတွေ့ရတဲ့ RE , REE ,REM စတာတွေဟာ ဒီရှားပါးသတ္တုတွေကို အတိုခေါ်ကြတာပါဘဲ
  • RE = rare earth
  • REM = rare earth metals
  • REE = rare earth elements
  • REO = rare earth oxides
  • REY = rare earth elements and yttrium
  • LREE = light rare earth elements
  • HREE = heavy rare earth elements


Rare Earth ၏အစနှင့် စိတ်ဝင်စားဘွယ်အမည်များ

ဖင်လန်နိုင်ငံသား ဓါတုဗေဒ နဲ့ တွင်းထွက်ဗေဒ ပညာရှင် Johan Gadolin ဟာ ၁၈၀၀ ခုနှစ်လောက်က သူ့နိုင်ငံ ထဲက Ytterby ဆိုတဲ့ရွာကလေး ( ယနေ့တွင် အဆိုပါရွာလေးသည် ဆွီဒင်နိုင်ငံ ပိုင်နက်ထဲတွင်ရှိပါသည် ) မှာ ဒီနေ့အခေါ် gadolinite ခေါ်တဲ့ တွင်းထွက်တစ်မျိုးကို စတွေ့ခဲ့တာကနေ ဒီနေ့ Rare Earth ရဲ့ သမိုင်းက စတယ်လို့ ပြောရမယ် သူ့အရင်တွေ့တဲ့လူအချို့ရှိပေမယ့် သူ့လို သိပ္ပံနည်းကျ မဖေါ်ထုတ်နိုင်ခဲ့ဘူး ။ဒီ Ytterby ဆိုတဲ့ရွာလေးဟာ rare earth သမိုင်းမှာ အတော်အရေးပါတယ်  ဘာလို့လဲဆိုတော့ ရှားပါးသတ္တုဒြပ်စဉ် ၁၇ မျိုးထဲက Yttrium ,Gadolinium , Terbium Ytterbium ဒြပ်စဉ်တွေဟာ ဒီရွာလေးကနေစတွေ့တာ ဖြစ်နေလို့ပါဘဲ ။

Rare Earth တွေရဲ့အမည်တွေဟာလည်း စိတ်ဝင်စားစရာကောင်းတယ် ဥပမာ အနေနဲ့ ပြောရရင် Yttrium , Ytterbium ဆိုတဲ့ elements  တွေရဲ့ အမည်တွေဟာ ကို သူတို့ကို စပြီး တွေ့ခဲ့တဲ့ Ytterby ဆိုတဲ့ရွာကလေး အမည်ကို အစွဲပြုပြီးခေါ်ထားတာ Gadolinium ဆိုရင်လဲ ဒီလိုပါဘဲ သူ့ကို အရင်က   Ytterby ရွာကလေးကတွေ့လို့ Ytterbite လို့ခေါ်ခဲ့ပြီးမှ နောက်ပိုင်းမှ သိပ္ပံ ပညာရှင်ကြီး Johan Gadolin ကိုဂုဏ်ပြုတဲ့အနေနဲ့ Gadolinium လို့ ပြောင်းခေါ်ခဲ့တာ ၊ Lanthanum ဆိုတဲ့ element ရဲ့ အမည်ကတော့ တစ်မျိုး ဖြစ်တယ် သူက ဂရိဘာသာစကား "lanthanein" ကနေလာတာ အင်္ဂလိပ်လိုတော့ Hidden လို့ အဓိပ္ပါယ်ရတယ် ။ Lutetium ဆိုတဲ့ရှားပါး Elements ကတော့ သူ့ကိုစတင်တွေ့ရှိရတဲ့ Lutetia ဆိုတဲ့ မြို့ကို အစွဲပြုပြီးခေါ်တာ အဲဒီ Lutetia ဆိုတဲ့မြို့ဟာ ဒီနေ့ ကမ္ဘာကျော်ပဲရစ်မြို့ကြီးပေါ့ ။ကျန်တဲ့ elements တွေမှာလည်း ဒီလို စိတ်ဝင်စားစရာ ကောင်းတဲ့ အမည်ဖြစ်ပေါ်လာပုံလေးတွေ ရှိသေးတယ် ။


 Rare Earth ၏အသုံးဝင်ပုံများ

 Rare Earth ရဲ့အသုံးဝင်ပုံတွေကို ပြောရမယ်ဆိုရင် များလွန်းလို့ ပြောမဆုံးပေါင် တောသုံးထောင် ဆိုတာလို ဖြစ်နေမှာမို့ အကျဉ်းလောက် ပြောချင်တယ် ... ၊ ဥပမာအနေနဲကပြောရရင် aerospace components လို့ခေါ်တဲ့ အာကသ သိပ္ပံဆိုင်ရာ ပစ္စည်းတွေ ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ aluminium-scandium alloy လို့ခေါ်တဲ့ သတ္တုစပ်တစ်မျိုးရဘို့ Scandium ဆိုတဲ့ Rare Earth Elements ဟာ မရှိမဖြစ်လိုတယ် ၊အလားတူပဲ နေ့စဉ်အများပြည်သူသုံးပစ္စည်းတွေ ဖြစ်တဲ့  ကွန်ပြူတာ memory တွေ ၊ Chip set တွေ ၊ DVD လေဆာ ပြားတွေ ၊ မိုဘိုင်းဖုန်းတွေ ၊ စမတ်ဖုန်းတွေရဲ့ Touch Screen တွေ LED TV တွေ  နာမည်ကျော် ipad  တို့လို Tablet တွေ ကင်မရာ LENS တွေ ကျန်းမာရေးကုထုံးတွေမှာ လိုတဲ့ လေဆာရောင်ခြည်ထုတ်လုပ်ရေးတွေ မှာ ဒီ Rare Earth Elements တွေဟာ တစ်ခုမဟုတ် တစ်ခု အဓိကလိုအပ်နေတယ် ။ Rare Earth Elements တွေမရှိရင် ဒါတွေမရှိတော့ဘူးပေါ့ ဒါဆိုရင် ကမ္ဘာသူကမ္ဘာသားတွေရဲ့ လူမှုရေး ကျန်းမာရေး စီးပွားရေးတွေ အားလုံးကို ရိုက်ခတ်လာတော့မယ် ။

ဒါ့အပြင် Rare Earth Elements စစ်ဘက်ဆိုင်ရာ လက်နက်ထုတ်လုပ်ရေးတွေမှာလည်း  မရှိမဖြစ်လိုနေတယ်Lanthanum ဟာ night-vision goggles လို့ခေါ်တဲ့ ညကြည့်မှန်ပြောင်းတွေ ၊ Neodymium  လို့ခေါ်တဲ့ Rare Earth Elements ဟာ  laser range-finders( လေဆာရောင်ခြည်သုံးပစ်မှတ်ရှာဖွေရေးစံနစ်), guidance systems (ဒုံးများကို ပစ်မှတ်ထိရောက်စေရန် လမ်းညွှန်ထိန်းချုပ်စံနစ် ), အခြားစစ်ဘက်သုံး အဆင့်မြင့်ဆက်သွယ်ရေးပစ္စည်းတွေ မှာ သူမပါရင် မဖြစ်တော့ဘူး ၊ အလားတူပဲ ပစ်မှတ်ကို အထူးတိတိကျကျ ထိရောက်အောင်ပစ်နိုင်တဲ့ precision-guided weapons တွေ အမေရိကန်တို့ရဲ့ နာမည်ကျော် ကိုယ်ပျောက်နည်းပညာ stealth technology တွေမှာ မဖြစ်မနေလိုအပ်တဲ့ "white noise" production တွေမှာ Samarium လို့ခေါ်တဲ့ Rare Earth Elements မပါရင် ဖြစ်ကိုမဖြစ်နိုင်လောက်အောင်ကို ဒီ  Rare Earth Elements တွေဟာ အရေးပါ အရာရောက်နေကြတယ်  ။


( Rare Earth Elements နှင့် ကမ္ဘာကြီး၏ ပြဿနာများ နောက်ဆုံးအခြေအနေ ၊ မြန်မာနိုင်ငံတွင် Rare Earth Elements များတွေ့ရှိနိုင်မှု ၊ ဂျပန် မြန်မာဆက်ဆံရေးတွင် Rare Earth Elements များ၏ အရေးပါပုံ နှင့် ဆရာကိုဆိတ်ဖွား၏ ခြုံငုံသုံးသပ်ချက်များကို မနက်ဖြန် တွင် ဆက်လက် ဖေါ်ပြပေးသွားပါမည် ။)

နေ၀င်း