xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: NLD ၏ဆုံးဖြတ်ချက်ကို Voice Of Myanmar မှ လေးစား ၀မ်းမြောက်စွာကြိုဆို

Monday, April 30, 2012

NLD ၏ဆုံးဖြတ်ချက်ကို Voice Of Myanmar မှ လေးစား ၀မ်းမြောက်စွာကြိုဆို

 
ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစာရှင်းလင်းပွဲ ( အသံဖိုင်) 

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံရပြီး ဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ရွေးကောက်ခံ NLD အမတ်များ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုတော့မည် ဖြစ်ကြောင်း ဧပြီလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် NLD ရုံးချုပ်၌ ပြုလုပ်သော မီဒီယာများနှင့် တွေ့ဆုံပွဲတွင်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါသည်။

ဤလုပ်ဆောင်ချက်ဖြစ်ပေါ်လာအောင်အဓိကဆုံးဖြတ်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသူ အားလုံး ၊ နောက်ကွယ်မှကြိုးစားခဲ့ကြသူအားလုံး ၊ နိုင်ငံရေးပြဿနာအဖြစ်ကြီးထွားမလာစေအောင် ထိန်းသိမ်းဆောင်ရွက်ပေးခဲ့ကြသော မီဒီယာများအားလုံး ကို အထူးပင်လေးစားဂုဏ်ယူမိပါကြောင်းလေးလေးစားစား ဖေါ်ပြအပ်ပါသည် ။

Voice Of Myanmar