xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ပြောပြန်ရင်လဲဆိတ်ဖွားလွန်ရာကျမယ်

Sunday, December 2, 2012

ပြောပြန်ရင်လဲဆိတ်ဖွားလွန်ရာကျမယ်

တပ်ထဲမှာနေတုန်းကလည်းဘယ်သူနဲ့မှအဆင်မပြေ ၊ တပ်ကထွက်တော့ထောင်ကျ ၊ ထောင်ထဲရောက်တော့ ဟိုရောဂါဖြစ်သလို ဒီဝေဒနာခံစားရသလိုနဲ့ ပလီပြီး ၀ှီးချဲတွေဘာတွေနဲ့ ဇာတ်နာအောင်လုပ် ၊ ထောင်ကထွက်ပြီး တစ်ပတ်လောက်လဲကြာရော ထောင်ထဲကဝေဒနာတွေ ယူပစ်သလိုပျောက်ပြီး အကောင်းကြီးလျှောက်သွားနေထဲက ဒီနေမျိုးဇင်ဆိုတဲ့သကောင့်သားကို သတိပြုမိနေခဲ့တာပါ.... ဒီလောက်ကြောင်မှန်းတော့ခုမှသိရတာပါ.... 

ဒီကြားထဲဗီဒီယိုပြီးခါနီး လူတွေကြားထဲကို နာဂကိုယ်တော်ဝင်ပြီး တရားပြသွားလိုက်တာ ကြည်ညိုစရာကြီးနော်......
ဒီကိုယ်တော်ကို မြင်လိုက်မှပဲ ဓမ္မပဒ အဆုံးအမတွေထဲက အမှတ်စဉ် ၃၆၃ ကိုသွားသတိရမိတယ် ...

အကြင် ရဟန်းသည် နှုတ်ကို စောင့်စည်း၏။
ပညာဖြင့် ဆင်ခြင်၍ ပြောဆိုလေ့ရှိ၏။
မပျံ့လွင့်သော စိတ်ရှိ၏။
အနက်အဓိပ္ပါယ်ကို လည်းကောင်း၊ ပါဠိကို လည်းကောင်း ဟောပြတတ်၏။
ထိုရဟန်း ဟောပြသော စကားသည် ချိုမြိန် သာယာ၏.......တဲ့

ဦးတင်ပါတယ်ဖျာ့....
ဒေါက်တာဆိတ်ဖွား