xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: အမှန်ဘ၀မရောက်သူများ

Sunday, December 2, 2012

အမှန်ဘ၀မရောက်သူများ



၂.၁၂.၂၀၁၂ ထုတ်ကြေးမုံသတင်းစာပါ အမှန်ဘ၀ရောက်ပါစေ ဟူသော စာတည်းရှုထောင့်သည် ကျွန်ုပ်ကဲ့သို့ စာဂျီးများသူကိုပင် ဘ၀င်ခိုက်သွားစေလေ၏ ၊  ကြေးမုံသတင်းစာနဲ့အတူ ထိုသို့သော အယ်ဒီတာကောင်းများရှိနေခြင်းကိုလည်းဂုဏ်ယူရလေ၏ ။

ထိုအထဲတွင် " တရားကိုစောင့်ရှောက်ကြရာတွင် မှန်မှန်ကန်ကန် စောင့်ကြဖို့သာဖြစ်၏၊ လူတစ်ဦးသည်မိုက်မိုက်ကန်းကန်းဖြင့် ထင်ရာစိုင်းသဖြင့် လူအများကဲ့ရဲ့ခြင်းခံရသည်ထက် တရားကိုစောင့်ဟန်ပြုမမှန်ရာပြုသောသူသည် ကဲ့ရဲ့မှုပို၍ထိုက်ပေ၏ ။လူမိုက်သည် တစ်ကြိမ်တစ်ခါမိုက် အကြိမ်ကြိမ်မိုက်ရာမှ တရားချ တရားကျသဖြင့် လူကောင်းဘ၀သို့ပြန်ရောက်သွားနိုင်သော်လည်း တရားကိုဟန်ဆောင်စောင့်သူမှာမူ မည်သို့တရားချချ တရားပြပြ တရားမရနိုင်သည်မှာ အမှန်ဖြစ်၏ " ဆိုသောစာပိုဒ်ကို အကြိုက်ဆုံးဖြစ်လေ၏ ။

ဒေါက်တာဆိတ်ဖွား