xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ကိုယ့်အလှည့်ကျတော့ " ဖြေရှင်းခြင်း " တဲ့လား The Voice Weekly ရယ်

Monday, December 10, 2012

ကိုယ့်အလှည့်ကျတော့ " ဖြေရှင်းခြင်း " တဲ့လား The Voice Weekly ရယ်


ပတ်ဝန်းကျင်မှ တွေ့ရာ မိန်းကလေးများပုံကို ဓါတ်ပုံရိုက်ယူပြီး မကောင်းတာလုပ်စားတဲ့ (ဖာ) အသွင် ဖော်ပြချက်ကြောင့် The Voice Weekly တောင်းပန်ရ

The Voice Weekly ဂျာနယ် သည် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ထုတ် Vol 8,No 48 စာမျက်နှာ ၁၈ တွင်ဘဝနွံထဲက အကြွေပန်းလေးများ ဟုဆိုသော ခေါင်းစဉ်ဖြင့် လမ်းမကြီးဘေးတွင် မကောင်းတာလုပ်စားသော (ဖာ) ပြည့်တန်ဆာ အမျိုးသမီးများဘဝ အား ဆောင်းပါးတစ်ပုဒ်ဖော်ပြခဲ့ရာတွင် ထိုဆောင်းပါးတွင် ပါရှိသော ဓါတ်ပုံမှာ လမ်းဘေးတနေရာတွင်အမျိုးသမီးငယ်တစ်စု စုစည်းနေပုံကို ပိုင်ရှင်မသိပဲ ခိုးယူရိုက်ယူခဲ့ပြီး ဆောင်းပါးနဲ့ တွဲစပ်၍ ပြည့်တန်ဆာ(ဖာ)များအသွင် သရုပ်ဖော် ခဲ့ပါသည် ။ ထို့နောက် ယခုအခါထိုဓါတ်ပုံကြောင့် ပြဿနာများ ဖြစ်ပွါးလာပြီဖြစ်သောကြောင့် ဖြေရှင်းချက် ဟု ခေါင်းစဉ်တပ်ကာထိုအမျိုးသမီး၎ဦးမှာ ပြည့်တန်ဆာ(ဖာ)များမဟုတ်ကြောင်း ပြန်လည်ရေးသားသော် လည်း တောင်းပန်ခြင်း ဝန်ခံခြင်း အလျင်းမပြုလုပ်ပဲ ဝတ်ကျေတန်းကျေ ဖြေရှင်းချက်ဟု၍ ထုတ်ခဲ့ပါသည် ။

ထိုဓါတ်ပုံကြောင့် ဓါတ်ပုံတွင် ပါရှိလာသော အမျိုးသမီးတစ်ဦးဖြစ်သူ (ထဘီဝတ်ဆင်ထားသူ) မအေးအေးနွယ် (အမည်ပြောင်းထား) ဆိုသူ သည် စမ်းချောင်းမြို့နယ်ရှိ အိမ်ခြံမြေ ဝယ်/ရောင်း အကျိုးဆောင် ကုမ္မဏီတွင် အလုပ်လုပ်နေရာမှ နှူတ်ထွက်ခဲ့ရပြီး ပတ်ဝန်းကျင်တွင် အရှက်ကွဲကာ ယခုအခါဆေးခန်းတစ်ခုတွင် depression ခေါ် စိတ်ဓါတ်ကျဆင်းခြင်း ဖြစ်နေ၍ စိတ်ရောဂါကု ဆရာဝန်တစ်ဦးနှင့် ကုသနေရပါသည်။

online book club