ချစ်သူ၊ မုန်းသူ၊ ရန်သူ၊ ကိုယ်မသိသောသူ၊
ဘယ်သူပဲဖြစ်ဖြစ်,,အကြောင်းအမျိုးမျိုး၊ ပုံစံအမျိုးမျိုးနှင့်သေဆုံးနေသူများရဲ့ရုပ်အလောင်းဓာတ်ပုံများကို
သတင်းတစ်ခုအနေဖြင့် လုံလောက်သော တင်ပြမှုထက်ကျော်လွန်ပြီး တစ်ခါတစ်ရံ
လူသားဟုပင်ပုံဖော်ကြည့်ရန် ခက်ခဲသည့်ရုပ်အလောင်းများ ပါမချန်
ကြော်ငြာကဲ့သို့ Public, သတင်းစာမျက်နှာတွေမှာ
အကြိမ်ဖန်များစွာတင်ပြနေကြသူတွေရဲ့ ဦးနှောက် ၊နှလုံးသား
နဲ့ရည်ရယ်ချက်တွေကို နားလည်လို့မရပါ၊၊
အထူးသဖြင့် အဖြစ်ဆိုးနဲ့အပြစ်မဲ့စွာသေဆုံးရသူနှင့်
သူ့၏ကျန်ရစ်သူမိသားစုတို့အပေါ်
ထားသင့်တဲ့ ကိုယ်ချင်းစာတရားနှင့်လေးစားရမဲ့ကျင့်ဝတ်တွေကိုသူတို့ဘယ်ချောင်မှာသွားထားလဲမသိပါ၊ သေသူ ရုပ်အလောင်းနေရာမှာ ကိုယ်ဖြစ်နေမယ်ဆိုရင် ဒါမှမဟုတ်ကိုယ့်မိသားစုဝင်
တစ်စုံတစ်ဦးဖြစ်နေမယ် ဆိုရင်
အသက်တစ်ချောင်းကိုစွန့်လွှတ်ဆုံးရှုံးသွားလိုက်ရတဲ့အပြီး နောက်ထပ်
အဲဒီလိုသေရပါတယ်ဆိုတဲ့ အဖြစ်ဆိုးကို
ဆက်ပြီးအကျယ်တဝန့်ဖော်ပြခံချင်ပါသလားလို့မေးရင် Yes နဲ့ No အဖြေ ၂
ခုကိုရွေးကြည့်ပါ၊
ဒီရက်ပိုင်းလေးအတွင်း အမေရိကားမှာဖြစ်သွားတဲ့
စိတ်ဝေဒနာရှင်သေနတ်သမားကြောင့်သေဆုံး သွားကြရတဲ့
မူလတန်းခလေးငယ်လေးတွေရဲ့မမြင်ရက်စရာသွေးချောင်းစီးနေတဲ့ပုံတွေကို
စိတ်အမှန်းနဲ့ ပဲကြည့်လို့ရပါမယ်၊ သတင်းတွေကိုရုပ်အလောင်းဓာတ်ပုံတွေနဲ့
ဖေါ်ပြမှုမရှိတာ သတိထားကြည့်နိုင်ပါတယ်၊
အခြားနိုင်ငံအတော်များများမှာလည်းလူသတ်မှု၊ မုဒိမ်းမှု ဘယ် accident
နဲ့သေတဲ့သူပဲဖြစ်ဖြစ်၊
ပုလိပ်ကပစ်ဖမ်းလိုက်ရလို့အသေမိတဲ့လူသတ်သမားပဲဖြစ်ဖြစ် အနည်းဆုံးတော့
အဝတ်ဖြူ (သို့မဟုတ်) တစ်စုံတစ်ခုနှင့်ဖုံးလွှမ်းပြီးမှ
သတင်းအဖြစ်တင်ပြလေ့ရှိတာတွေ့ရပါတယ်၊
ဓာတ်ပုံနဲ့တစ်ကွ သတင်းကိုဖော်ပြတယ်ဆိုရင်တောင်
သူတို့သက်ရှိထင်ရှားရှိခဲ့စဉ်က ရိုက်ထားတဲ့ ပုံနဲ့သာပြလေ့ရှိပါတယ်၊
ဒါဘာကြောင့်လည်းဆိုတာ စဉ်းစားကြည့်ဖို့လိုပါလိမ့်မယ်၊
အများကြီး မတွေးကြည့်နိုင်ရင်တောင်မှ ဒါဟာလူသားအချင်းချင်းကြားမှာရှိတဲ့
စာနာထောက်ထားမှု ဆိုတဲ့ကျင့်ဝတ်ကိုစောင့်ထိန်းတဲ့
သူတို့ရဲ့ ယဉ်ကျေးမှုတစ်ရပ်ပဲလို့ တွေးမိမယ်ဆိုရင် မှားမယ်လို့မထင်ပါ။
လွန်ခဲ့တဲ့ ငါးလ,ခြောက်လလောက်က ရန်ကုန်မြို့
အတွင်းကတိုက်ခန်းအမြင့်တစ်ခုလို့ထင်ပါတယ် ၊ဆွေးနေတဲ့နောက်ဖေးလှေကားမှာဖုန်းထွက်ပြောရင်းလှေကားကျိုးပြီး
နောက်ဖေးလမ်းကြားက အင်္ဂတေကျောက်ပြားပေါ်ကိုပြုတ်ကြပြီ့း
ခွေခွေလေးသေဆုံးနေတဲ့,မိန်းခလေးငယ်တစ်ယောက်ရဲ့ ပုံနဲ့သတင်းကို
သစ်ထူးလွင်ဆိုတဲ့ သတင်းဘလောခ့်တစ်ခုမှာတွေ့လိုက်ရပါတယ်၊
ငါ့ညီမလေးသာဆိုရင် ဆိုတဲ့အတွေးနဲ့ Public စာမျက်နှာပေါ်မှာ
အဲဒီလိုပုံစံကြီးနဲ့
မြင်နေရတဲ့ ပုံကိုကြည့်ရင်း အတော်ကိုစိတ်ထိခိုက်လိုက်ရပါတယ်၊
အဲဒီပုံကိုပြပြီးသတင်းတင်တဲ့ သူကိုလည်းအတော်ကို စက်ဆုတ်ပြီး
ဒေါသဖြစ်ခဲ့ရပါတယ်၊ သတင်းသမားတွေအတွက်ခုချိန်မှာဘယ်သတင်းမဆို
ဖော်ပြနိုင်တဲ့
အခွင့်ရေးရှိကြပါတယ်၊ ဒါပေမဲ့ထိုက်သင့်တဲ့ တင်ပြမှုနှင့်
အတိုင်းအတာ ယဉ်ကျေးမှုတစ်ခုတော့ ရှိသင့်ပါတယ်။
ဒီမိုကရေစီဆိုတာ
အကုန်လွတ်လပ်ပြီးလုပ်ချင်တိုင်း လုပ်လို့ရတဲ့စံနစ်မဟုတ်ပါဘူး၊
ဒီမိုကရေစီနိုင်ငံကြီးတွေ မှာ တကယ်တော့သွးသံရဲရဲနဲ့သေနေတဲ့လူရဲ့ပုံတွေကိုပြလေ့မရှိပါဘူး,မမြင်သင့်မမြင်အပ်တဲ့အရာကို မပြဘူးဆိုတာ
သေသူနဲ့ကျန်ရစ်တဲ့မိသားစုကိုသာမက ကြည့်မိသောသူ
တွေ့မြင်နို်င်မဲ့သူ ကိုပါ လေးစားခြင်းပါ၊ ဒါဟာယဉ်ကျေးမှုတစ်ရပ်လို့ဆိုရပါလိမ့်မယ်၊
အဲဒီလိုအပိုင်းမှာယဉ်ကျေးမှု မရှိတဲ့
နိုင်ငံတွေအတော်များများရှိနေကြတဲ့အထဲမှာ မြန်မာနိုင်ငံကဘယ်အဆင့်မှာ
လိုက်နေလဲ ဆိုတာတော့ မပြောတတ်ပါ။
မြန်မာနိုင်ငံမှာအဖြစ်အပျက်တစ်ခုဖြစ်လေတိုင်း
ဖြစ်တဲ့နေရာ၊ဖြစ်တဲ့အမှုနဲ့ပတ်သတ်ပြီးကိုင်တွယ်ရတဲ့ တာဝန်ရှိသူတွေမှာ
အားနည်းချက်တွေရှိသလို၊ တစ်ချို့သတင်းသမားတွေအပိုင်းမှာလည်း
သတင်းသမား တစ်ယောက်ရဲ့ စောင့်ထိန်းရမဲ့ ကျင့်ဝတ်တွေမရှိပဲ ဘောင်ကျော်ပြီး
မျောက်တ္ပေ ကင်မရာ ကိုင်နေသလိုတွေ့နေရပါတယ်၊ ဖြစ်စဉ်တစ်ခုအတွင်း
မပြောနိုင်,မဆိုနိုင်တော့တဲ့ ဒုက္ခသည် ကာယကံရှင်
ရဲ့အရှက်နဲ့ဂုဏ်သိက္ခာကိုမငဲ့နိုင်၊ အကုန်ရိုက်၊အကုန်တင်၊သင့်၏မသင့်၏ Limite
မရှိပါ။ တစ်ခုခုဆိုရင် အရေးပေါ်ကူညီနိုင်ဖို့ထက်
မျောက်ပွဲလိုပြေးပြီးဘေးကရပ်ကြည့်တဲ့လူအုပ်က
တပ်မတစ်ခုလောက်ဖြစ်နေ တတ်ပါသေးတယ်။ ဒါကတော့လူ့သဘာဝအရ
စပ်စုတတ်ကြတော့ အပြစ်လို့ပြောလို့မရတဲ့
ဓလေ့ထုံးစံပါ၊ သူတို့ကလည်းပါလာတဲ့လက်ကိုင်ဖုန်းတွေနဲ့ ရိုက်ပြီး
သတင်းဦး သတင်းထူး ဆိုပြီး facebook ပေါ်တင်ကြအုံးမှာပါ ။
ပြောရမယ်ဆိုရင်
မြန်မာပြည်မှာ,တစ်စုံတစ်ခုအဖြစ်ဆိုးနဲ့ကြုံခဲ့ရင်,ကိုယ်သေပြီးနောက်ပိုင်းတောင် မလွယ်လှပါလားလို့တွေးမိပါတယ်၊,ကိုယ့်ခန္ဓာကတွင်းထဲမှာ,,အရိုးကျနေရင်တောင်,,အသက်ထွက်ချိန်မှာ ပုံစံတစ်ခုခုနဲ့(မျက်စေ့ထွက်နေမယ်,ပါးစပ်ကြီးဟနေမယ်,ပြလို့ဘယ်လိုမှမြင်မကောင်း)တဲ့,,ကိုယ့်ဓာတ်ပုံဟာ စာနာမှုကင်းမဲ့တဲ့လူတွေရဲ့ အမျိုးမျိုးသောရည်ရွယ်ချက်နဲ့ သူတို့ရဲ့အတ္တအတွက်
အချိန်အတော်ကြာ အသုံးချခံရနိုင်ဖွယ်ရှိပါတယ်၊ဒီတော့ အခြားနိုင်ငံမှာတွေထက်
မြန်မာပြည်မှာသွားသတိ၊စားသတိအထူးရှိဖို့ လိုအပ်ပါလိမ့်မယ်၊
ကံတရားကိုမမြင်နိုင်တဲ့အတွက်
အိမ်ကထွက်သွားပြီဆိုတာနဲ့ လမ်းမှာကိုယ်ဘာဖြစ်မယ် ဆိုတာကိုမသိနိုင်ပါဘူး
၊တစ်စုံတစ်ခုများဖြစ်ခဲ့ရင် စိန်မျောက်မျောက် သတင်းသမားတွေက
သတင်းယူဖို့က အဆင်သင့်ပဲ၊ ဘေးများတွေ့ခဲ့ရင်သေ၊မသေတော့မသေချာဘူး၊
ဒါပေမဲ့ဘေးပရိသတ်နဲ့ သတင်းသမားတွေရဲ့ဓာတ်ပုံရိုက်ချက် ခံရဖို့ကတော့သေချာ ပါတယ်၊ ဒီမိုကရေစီအသွင်ကူးပြောင်းဖို့
အစပျိးနေတဲ့အချိန်လေးပဲဖြစ်နေသေးတာမို့ လောလောဆယ် အခြေအနရ
ကောင်း/မကောင်း၊သင့်/မသင့် ဆိုတာတွေ၊ အရည်အချင်းထက်၊အရည်အတွက်ဆိုတာတွေက
ပုံစံအမျိုးမျိုးနဲ့ ရောထွေးနေပါ တယ်၊ ကောင်းခြင်းဆိုးခြင်းတွေကို
ကိုယ်သိထားသမျှ အပြုသဘော၊ မျှဝေတဲ့သဘောနဲ့
ဘယ်လိုပဲပြောပြော,, ပြောမိတဲ့သူမှာ အပြစ်ကျအဆဲခံနေရအုံးမဲ့အချိန်ပါ၊
ဒီတော့ အသွားမတော် တစ်လှမ်း
ဒီမိုကရေစီအပြည့်အဝရှိတဲ့နိုင်ငံတွေကလို စံနှုန်းထားတွေ ယဉ်ကျေးမှုတွေ
မထွန်းကားသေးတဲ့အတွက် တစ်စုံတစ်ခု အသက်ဘေး အန္တရယ်နဲ့ကြုံလို့ ကတော့
သေပင်သော်ငြား အနည်းဆုံး ကိုယ့်ယဉ်ကျေးမှုလေးနဲ့ကိုယ်ဖြစ်နေဖို့ အတွက်
အောက်ခံ၊အတွင်းခံ၊အဝတ်အစား အပြည့်အစုံဝတ်ကြပါ၊
မိသားစုကိုဆက်သွယ်လို့ရမဲ့ ဖုန်းနံပါတ်နဲ့လိပ်စာတွေကို
သွားလေရာကိုယ်နဲ့မကွာ ယူဆောင်သွားတဲ့ ဓလေ့ကိုလည်းကျင့်သုံးကြပါ၊
ကိုယ့်မိသားစုရောက်မလာမချင်း တာဝန်ရှိလူကြီးတွေကအစ
မိမိရုပ်အလောင်းကောင်ကြီးကို ကြည့်ပျော်ရှုပျော် အနေအထား,ထားပေးနိုင်၊မနိုင်
မသေချာပါ၊ဟိုလူကြည့်ဒီလူကြည့်နဲ့
ဓာတ်ပုံတွေ တစ်ဖျတ်ဖျတ်ရိုက်ကြရင်း မျေက်ပွဲကကြာနိုင်ပါတယ်။
ဒီတော့အကောင်းဆုံးကတော့ မြန်မာပြည်မှာ အပြင်ထွက်ရင် သံဗုဒ္ဓေရွတ်ပါ၊
ကိုယ့်ကိုကိုယ်သရဏဂုံ တင်ပါ၊ ဖုန်းနဲ့,လိပ်စာ,အိပ်မှာချိတ်ပါ၊
ယောက်ကျား/မိန်းမ မဟူ အားလုံးသောသူတွေ အောက်ခံအတွင်းခံ
အဝတ်အစား အပြည့်စုံဝတ်ကြပါ ဘယ်လိုမှအမှားမရှိဘူးလို့ဆိုချင်ပါတယ်။ ။
မှတ်ချက်။ ။ (သတင်းသမားစိန်မျောက်မျောက်တွေလို့ ဆိုရာမှာ
သတင်းသမားကျင့်ဝတ်နှင့်ညီပြီး၊ ကိုယ်ချင်းစာတရားနှင့် အရည်အချင်းပြည့်ဝတဲ့
သတင်းသမားများလည်းရှိနေတဲ့အတွက် အားလုံးလို့ မဆိုလိုပါ၊ ဤရေးသားမှု၌ အသုဘရှု
တရားသဘောနှင့်ရေးသားခြင်းမျိုးမဟုတ်ပါ၊ လူသားချင်းအတွင်း မှ
လေးစားမှု၊ယဉ်ကျေးမှု၊ ရှု့ဒေါင့်နှင့် ကိုယ့်အမြင်ခံစားချက် ကို
ဝေမျှခြင်းသာဖြစ်ပါတယ်၊ လူချင်းမတူကြ၍ အယူအဆလည်းကွဲပြားနိုင်ပါသည်၊
မည်သူနှင့်မျှအငြင်းမပွားလိုပါ၊။)
အချင်းချင်းမေတ္တာပွား၊ကိုယ်ချင်းစာတရားတွေထား၊ လေးစားမှုယဉ်ကျေးမှုတွေ ထွန်းကားပြီး အားလုံးဘေးရန်ကင်းကြပါစေ။ ကျေးဇူးတင်ပါသည်။
ဒါလီ,Darli
18-12-2012